ဒို့အိမ်ချက်

ဒို့အိမ်ချက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဒို့အိမ်ချက်, Kitchen/Cooking, https://maps. app. goo. gl/3GWtCB7SjCwWET1Y 7, Al Nahda Second.

🍱 ဒီအပတ် Weekend မှာ မှာယူလို့ရမယ့် Menu များ🛵 နံနက် ၁၀ နာရီမှ ည ၁၀ နာရီအတွင်း Delivery ပါရှင့် 🙏🥣မုန့်ဟင်းခါး🍲အုန်းနို့...
01/05/2026

🍱 ဒီအပတ် Weekend မှာ မှာယူလို့ရမယ့် Menu များ

🛵 နံနက် ၁၀ နာရီမှ ည ၁၀ နာရီအတွင်း Delivery ပါရှင့် 🙏

🥣မုန့်ဟင်းခါး
🍲အုန်းနို့ခေါက်ဆွဲ
🍲 မွန်ကြက်သောက်ဆမ်း
🥗 မွန်သနပ်သုပ်
🍃 ထိုင်းဖက်ခဖေါင် (ကြက်ပင်စိမ်းကြော်)
🦐 ပုဇွန်မျှစ်ချဉ်ပေါင်ကြော်
🥩 အမဲသားကင်သုပ် (ထိုင်းစတိုင်)
🥓အခေါက်ကင် (ကြွတ်ကြွတ်ရွရွ)

💰 စျေးနှုန်းလေးကတော့ - ဘာစားစား 15/- AED သာ!
🛵 Delivery ဝန်ဆောင်မှု

📍 Al Nahda (Sharjah/Dubai) အနီးတစ်ဝိုက် - 💰30 AED ဖိုးနှင့်အထက်ဝယ်ယူရင် Free Delivery!

📍 ကျန်တဲ့နေရာများအတွက် - 💰100 AED ဖိုးနှင့်အထက်ဝယ်ယူရင် Free Delivery ရရှိပါမယ်ရှင်။

📞 မှာယူလိုပါက
☎️ 050 525 8257 ကို ဖုန်းဆက်၍ဖြစ်စေ၊
💬 WhatsApp ကနေ Message ပို့၍ဖြစ်စေ အခုပဲ မှာယူလိုက်တော့နော်။

#ဒို့အိမ်ချက် #မွန်သီးစုံသနပ် #မွန်ကြက်သောက်ဆမ်း #ချဥ်ပေါင်ကြော် #အုန်းနို့ခေါက်ဆွဲ #မုန့်ဟင်းခါး

💦  မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး အခါသမယမလေးပါ 💦  💦 မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကုန်ဆုံးလို့ ၁၃၈၈ ခုနှစ် သို့ ကူးပြောင်းမ...
13/04/2026

💦 မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး အခါသမယမလေးပါ 💦

💦 မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကုန်ဆုံးလို့ ၁၃၈၈ ခုနှစ် သို့ ကူးပြောင်းမယ့် အတာသင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိကြတဲ့ မြန်မာပြည်သူပြည်သားအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံကြပါစေကြောင်း "ဒို့အိမ်ချက်" မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🙏

💦 နှစ်ဟောင်းက အညစ်အကြေးတွေ၊ စိတ်ညစ်ညူးစရာတွေကို အတာရေအေးအေးနဲ့ ဆေးကြောသန့်စင်ရင်း...
နှစ်သစ်မှာ မိသားစုတိုင်း ဘေးဘယာဝေးကွာပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ သင်္ကြန်ရက်အတွင်းမှာလည်း မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ပျော်ရွှင်စွာရေကစားပြီး ကိုယ်နှစ်သက်တဲ့ အစားအစာလေးတွေ လုပ်စားရင်း ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးနိုင်ကြပါစေရှင် 💦

💦 ✨ ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူး ဖြစ်ပါစေ။ ✨ 💦

#ဒို့အိမ်ချက် #၁၃၈၈ခုနှစ် #သင်္ကြန်၂၀၂၆ # HappyThingyan #မြန်မာ့ရိုးရာ အတာသင်္ကြန်

အလုပ်လေးနည်းနည်းများနေလို့ ခဏနားထားတဲ့ ဒို့အိမ်ချက်ရဲ့ Kitchen လေးပြန်လာပါပြီနော်၊ အခု Weekend ကနေစပြီး အရင်လိုဟင်းကောင်...
10/04/2026

အလုပ်လေးနည်းနည်းများနေလို့ ခဏနားထားတဲ့ ဒို့အိမ်ချက်ရဲ့ Kitchen လေးပြန်လာပါပြီနော်၊ အခု Weekend ကနေစပြီး အရင်လိုဟင်းကောင်းလေးတွေကို စိတ်ကြိုက် ပြန်လည်မှာယူ အားပေးနိုင်ပါပြီရှင် 🙏

🍱 ဒီအပတ် Weekend မှာ မှာယူလို့ရမယ့် Menu များ

🥣မုန့်ဟင်းခါး
🍲အုန်းနို့ခေါက်ဆွဲ
🍲 မွန်ကြက်သောက်ဆမ်း
🥗 မွန်သနပ်သုပ်
🍃 ထိုင်းဖက်ခဖေါင် (ကြက်ပင်စိမ်းကြော်)
🦐 ပုဇွန်မျှစ်ချဉ်ပေါင်ကြော်
🥩 အမဲသားကင်သုပ် (ထိုင်းစတိုင်)
🥓အခေါက်ကင် (ကြွတ်ကြွတ်ရွရွ)

💰 စျေးနှုန်းလေးကတော့ - ဘာစားစား 15/- AED သာ!
🛵 Delivery ဝန်ဆောင်မှု

📍 Al Nahda (Sharjah/Dubai) အနီးတစ်ဝိုက် - 30 AED ဖိုးဝယ်ယူရင် Free Delivery!
📍 ကျန်တဲ့နေရာများအတွက် - 100 AED ဖိုး ဝယ်ယူရင် Free Delivery ရရှိပါမယ်ရှင်။

📞 မှာယူလိုပါက
☎️ 050 525 8257 ကို ဖုန်းဆက်၍ဖြစ်စေ၊
💬 WhatsApp ကနေ Message ပို့၍ဖြစ်စေ အခုပဲ မှာယူလိုက်တော့နော်။

#ဒို့အိမ်ချက် #မွန်သီးစုံသနပ် #မွန်ကြက်သောက်ဆမ်း #ချဥ်ပေါင်ကြော် #အုန်းနို့ခေါက်ဆွဲ #မုန့်ဟင်းခါး

✅ Gastronomy ဆိုတာဘာလဲ ? လူတော်တော်များများက Gastronomy ကို ဟင်းချက်တာ တစ်ခုတည်းလို့ ထင်တတ်ကြပေမဲ့ တကယ်တော့ သူက ပိုပြီးက...
19/03/2026

✅ Gastronomy ဆိုတာဘာလဲ ?

လူတော်တော်များများက Gastronomy ကို ဟင်းချက်တာ တစ်ခုတည်းလို့ ထင်တတ်ကြပေမဲ့ တကယ်တော့ သူက ပိုပြီးကျယ်ပြန့်ပါတယ်။ အစားအသောက်ရဲ့ အရသာ၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနဲ့ စားသုံးသူရဲ့ ခံစားချက်တို့ကို ပေါင်းစပ်လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။ Gastronomy ဆိုတာကို မြန်မာလို အလွယ်ဆုံးပြောရရင် "အစားအသောက်ဆိုင်ရာ အနုပညာနှင့် သိပ္ပံပညာ" လို့ အဓိပ္ပာယ်ရပါတယ်။

Gastronomy ရဲ့ အဓိက အချက်အလက်တွေကို အောက်ပါအတိုင်း ခွဲခြားကြည့်နိုင်ပါတယ်။

👉 ၁။ အစားအသောက်နှင့် ယဉ်ကျေးမှု (Food & Culture)
လူမျိုးတစ်မျိုးရဲ့ ဓလေ့ထုံးတမ်းတွေ၊ ကိုးကွယ်ယုံကြည်မှုတွေနဲ့ သူတို့စားသောက်တဲ့ ပုံစံတွေ ဘယ်လိုဆက်စပ်နေလဲဆိုတာကို လေ့လာတာပါ။ ဥပမာ - မြန်မာ့လက်ဖက်ရည်ကြမ်းဝိုင်း ယဉ်ကျေးမှု ဒါမှမဟုတ် ပြင်သစ်နိုင်ငံရဲ့ ဟင်းပွဲပြင်ဆင်မှု အနုပညာတွေဟာ Gastronomy ရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။

👉၂။ သိပ္ပံနည်းကျ လေ့လာမှု (The Science of Food)
အစားအသောက်တွေကို ချက်ပြုတ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ဓာတုဗေဒနဲ့ ရူပဗေဒဆိုင်ရာ ပြောင်းလဲမှုတွေကို လေ့လာတာပါ။ ဥပမာ - အပူချိန် ဘယ်လောက်မှာ အသားက ပိုနူးညံ့သွားသလဲ၊ ဘယ်လိုအရသာမျိုးတွေ ပေါင်းစပ်လိုက်ရင် လျှာပေါ်မှာ အကောင်းဆုံး ခံစားချက်ပေးစွမ်းနိုင်မလဲ ဆိုတာမျိုးတွေ ဖြစ်ပါတယ်။

👉၃။ အာရုံငါးပါးဖြင့် ခံစားခြင်း (Sensory Experience)
Gastronomy ဟာ ဗိုက်ဝဖို့တင် မဟုတ်ဘဲ အစားအသောက်ရဲ့ အနံ့၊ အမြင်၊ အထိအတွေ့နဲ့ အရသာ တို့ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးတာပါ။ ဟင်းပွဲတစ်ခုကို လှပအောင် ပြင်ဆင်တာ (Plating) ဟာလည်း ဒီပညာရပ်မှာ အရေးကြီးပါတယ်။

👉၄။ ပတ်ဝန်းကျင်နှင့် အစားအသောက် (Sustainability)
ခေတ်သစ် Gastronomy မှာ အစားအသောက်တွေ ဘယ်ကလာသလဲ၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ဘယ်လိုစိုက်ပျိုးထုတ်လုပ်သလဲ ဆိုတဲ့ အချက်တွေလည်း ပါဝင်လာပါတယ်။

အချုပ်အားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရရင်
Gastronomy ဆိုတာ ကောင်းမွန်တဲ့ အစားအသောက်ကို ဘယ်လိုရွေးချယ်ရမလဲ၊ ဘယ်လိုချက်ပြုတ်ရမလဲနဲ့ ဘယ်လိုအရသာခံ စားသုံးရမလဲဆိုတဲ့ "စားသောက်မှုဆိုင်ရာ အသိပညာရပ် ပဲ ဖြစ်ပါတယ်။

#ဒို့အိမ်ချက်

ဒီတစ်ပတ်ရဲ့ နွေးထွေးတဲ့ အိမ်ချက်လက်ရာလေးတွေနဲ့အတူ... အားလုံးပဲ Stay Safe ပါ! 🍲မင်္ဂလာပါရှင် 🙏 အခုလို စိတ်အနှောင့်အယှက်ဖြ...
13/03/2026

ဒီတစ်ပတ်ရဲ့ နွေးထွေးတဲ့ အိမ်ချက်လက်ရာလေးတွေနဲ့အတူ... အားလုံးပဲ Stay Safe ပါ! 🍲

မင်္ဂလာပါရှင် 🙏 အခုလို စိတ်အနှောင့်အယှက်ဖြစ်စရာလေးတွေနဲ့ ကြုံနေရတဲ့အချိန်မှာ အားလုံးပဲ စိတ်ဓာတ်မကျဘဲ အမြဲသတိနဲ့ နေထိုင်ကြဖို့ အားပေးပါရစေရှင်။ 💪

အခက်အခဲဆိုတာ ယာယီပါပဲ၊ ဒီအချိန်လေးတွေကို ကျော်ဖြတ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါဦး။ 🤝အလုပ်တွေရှုပ် စိတ်တွေပူပန်နေရတဲ့အချိန်တွေမှာ အချိန်မှန်မှန်စားဖို့ မမေ့ပါနဲ့နော်။ အိမ်မှာတင် ပူပူနွေးနွေး အရသာရှိတဲ့ ဟင်းလျာလေးတွေ စားရင်း အားအင်ဖြည့်ကြပါစို့။

ဒီတစ်ပတ်အတွက် Menu လေးတွေကတော့ -

• မုန့်ဟင်းခါး
• အုန်းနို့ခေါက်ဆွဲ
• ကြက်အချင်းတိုင် (တနင်္ဂနွေနေ့မှစရပါမယ်)
• မွန်ကြက်သောက်ဆမ်း
• မွန်သနပ်သုပ်
• ထိုင်းဖက်ခဖေါင် (ကြက်ပင်စိမ်းကြော်)
• ပုဇွန်မျှစ်ချဉ်ပေါင်ကြော်

💰 ဈေးနှုန်း - ဘာစားစား 15 AED သာဖြစ်ပါတယ်။

🛵 Delivery အစီအစဉ်
• Al Nahda (Sharjah/Dubai) အနီးတစ်ဝိုက် - Free Delivery!

• ကျန်နေရာများအတွက် - 100 AED ဖိုးနှင့်အထက် ဝယ်ယူပါက Free Delivery ရရှိပါမယ်ရှင်။

📞 Order တင်ရန် - 050 525 8257 သို့ ဖုန်းဆက် (သို့) WhatsApp မှတစ်ဆင့် အခုပဲ အော်ဒါတင်နိုင်ပါတယ်။

အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင်။ Stay Safe & Keep Smiling! ❤️

#ဒို့အိမ်ချက် #ကြက်အချင်းတိုင် #မွန်သီးစုံသနပ် #မွန်ကြက်သောက်စမ်း #ချဉ်ပေါင်ကြော် #အုန်းနို့ခေါက်ဆွဲ #မုန့်ဟင်းခါး

အားလပ်ရက်လေး ပြီးဆုံးသွားပြီဖြစ်လို့ ဒီတစ်ပတ် Weekend ကစပြီး ကျွန်မတို့ "ဒို့အိမ်ချက်" ရဲ့ Kitchen လေးကို ပြန်လည်ဖွင့်လှ...
26/02/2026

အားလပ်ရက်လေး ပြီးဆုံးသွားပြီဖြစ်လို့ ဒီတစ်ပတ် Weekend ကစပြီး ကျွန်မတို့ "ဒို့အိမ်ချက်" ရဲ့ Kitchen လေးကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီနော် … 😍

နားနေတဲ့အတောအတွင်း အားအင်တွေ အပြည့်အဝ ဖြည့်တင်းထားတာမို့ အရင်ကထက် ပိုမိုကောင်းမွန်တဲ့ အရသာ၊ ပိုမိုလတ်ဆတ်တဲ့ စေတနာတွေနဲ့ အိမ်ချက်လက်ရာစစ်စစ်တွေကို ပြန်လည်ချက်ပြုတ် ရောင်းချပေးဖို့ အသင့်ရှိနေပါပြီ …✨🥘

အခုပဲ အရင်လို ဟင်းကောင်းလေးတွေကို စိတ်ကြိုက် ပြန်လည်မှာယူ အားပေးနိုင်ပါပြီရှင်။ 🙏

🍱 ဒီအပတ်မှာ မှာယူလို့ရမယ့် Menu များ

🥣မုန့်ဟင်းခါး
🍲အုန်းနို့ခေါက်ဆွဲ
🍗 ကြက်အချင်းတိုင်
🍲 မွန်ကြက်သောက်ဆမ်း
🥗 မွန်သနပ်သုပ်
🍃 ထိုင်းဖက်ခဖေါင် (ကြက်ပင်စိမ်းကြော်)
🦐 ပုဇွန်မျှစ်ချဉ်ပေါင်ကြော်

💰 စျေးနှုန်းလေးကတော့ - ဘာစားစား 15/- AED သာ!
🛵 Delivery ဝန်ဆောင်မှု

📍 Al Nahda (Sharjah/Dubai) အနီးတစ်ဝိုက် - Free Delivery!
📍 ကျန်တဲ့နေရာများအတွက် - 100 AED ဖိုး ဝယ်ယူရင် Free Delivery ရရှိပါမယ်ရှင်။

📞 မှာယူလိုပါက
☎️ 050 525 8257 ကို ဖုန်းဆက်၍ဖြစ်စေ၊
💬 WhatsApp ကနေ Message ပို့၍ဖြစ်စေ အခုပဲ မှာယူလိုက်တော့နော်။

#ဒို့အိမ်ချက် #ကြက်အချင်းတိုင် #မွန်သီးစုံသနပ် #မွန်ကြက်သောက်ဆမ်း #ချဥ်ပေါင်ကြော် #အုန်းနို့ခေါက်ဆွဲ #မုန့်ဟင်းခါး

ဒီတစ်ပတ်မှာတော့ Vacation လေးရှိလို့ "ဒို့အိမ်ချက်" ရဲ့ Kitchen လေးကို ခဏအနားပေးပါရစေဦးနော် …. ♨️👨‍🍳🙏အားပေးနေကျ လက်ရာလေးတ...
13/02/2026

ဒီတစ်ပတ်မှာတော့ Vacation လေးရှိလို့ "ဒို့အိမ်ချက်" ရဲ့ Kitchen လေးကို ခဏအနားပေးပါရစေဦးနော် …. ♨️👨‍🍳🙏

အားပေးနေကျ လက်ရာလေးတွေကို ခဏလေး လွမ်းနေပေးပါဦး။ နောက်တစ်ပတ်မှာ အားအင်အပြည့်နဲ့ ပိုကောင်းတဲ့ လက်ရာတွေ ပြန်လည်ချက်ပြုတ် ရောင်းချပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးရှင်။ 🥰

#ဒို့အိမ်ချက်

🏠 ဒို့အိမ်ချက်ရဲ့ တစ်ပတ်တစ်ခါ လက်ရာကောင်းလေးတွေ ပြန်လာပါပြီရှင် 🧑‍🍳👨‍🍳🍽️ပြီးခဲ့တဲ့အပတ်က ဟင်းလေးတွေ စောစောကုန်သွားလို့ အာ...
06/02/2026

🏠 ဒို့အိမ်ချက်ရဲ့ တစ်ပတ်တစ်ခါ လက်ရာကောင်းလေးတွေ ပြန်လာပါပြီရှင် 🧑‍🍳👨‍🍳🍽️

ပြီးခဲ့တဲ့အပတ်က ဟင်းလေးတွေ စောစောကုန်သွားလို့ အားနာမိတာကြောင့် ဒီအပတ်မှာတော့ ပိုချက်ပေးထားပါမယ်နော်။ 🥰

ကြက်အချင်းတိုင်မဆလာဟင်းအတွက်ကလေ ဝယ်ရနည်းနည်းခက်လို့ ဒီအပတ် ပွဲရေအကန့်အကန့်အသတ်နဲ့ပဲ ချက်ပေးရတော့ စိတ်ချရအောင် အမြန်ဆုံး Pre-order လေး တင်ပေးထားကြပါဦးရှင်။ ⏳

ဒီတစ်ပတ်အတွက် အားပေးလို့ရမယ့် Menu လေးတွေကတော့... 👇

❇️ အုန်းနို့ခေါက်ဆွဲ 🍜
ရန်ကုန်အိမ်ချက်စစ်စစ် လက်ရာပါ။ ဘဲသွေး၊ ကြက်သား၊ ကြက်သွန်ဥ၊ ဘဲဥ၊ ငါးဖယ်၊ ပဲကပ်ကြော် အစုံအလင်နဲ့ အရသာ မွှေးမွှေးဆိမ့်ဆိမ့်လေးပါရှင့်။

✅ မုန့်ဟင်းခါး 🐟
ဘယ်အချိန်စားစား မရိုးတဲ့ အနံ့အရသာမွှေးမွှေးလေး။ အိုးဘဲဥ၊ ကြက်သွန်ဥ၊ ငါးဖယ်၊ ပဲကပ်ကြော်၊ ပဲသီး၊ နံနံပင် အစုံပါဝင်တဲ့ နံနက်စာ အိမ်ချက်လက်ရာလေးပါ။

❇️ ကြက်အချင်းတိုင် 🍛
မဆလာနံ့သင်းသင်းလေးနဲ့ အရသာကတော့ ရှယ်ပဲ။ ထမင်းပူပူလေးနဲ့ဆိုရင် ဟင်းအပိုတောင် မလိုတော့ဘူးနော်။

❇️ မွန်သနပ်သုပ် (Mon Style) 🥗
မွန်ပြည်နယ်ရဲ့ ရိုးရာအရသာစစ်စစ်ကို လွမ်းနေသူတွေအတွက် ငယ်ငယ်က အိမ်မှာစားရသလိုမျိုး သန့်သန့်ရှင်းရှင်းနဲ့ အရသာရှိရှိ သုပ်ပေးထားပါတယ်။

❇️ မွန်ရိုးရာ ကြက်သောက်ဆမ်း 🥣
အချို၊ အချဉ်၊ အစပ် အရသာပေါင်းစပ်ထားတဲ့ ရှူးရှူးရှဲရှဲ ဟင်းရည်ပူပူလေး။ ထမင်းမြိန်ဖို့အတွက် အကောင်းဆုံးပဲ။

❇️ ထိုင်းဖက်ခဖေါင် (ကြက်ပင်စိမ်းကြော်) 🍳
အနံ့ရော အရသာပါ ရှယ်ဖြစ်တဲ့ ထိုင်းလက်ရာထဲမှာ လူကြိုက်အများဆုံး Menu တစ်ခုမို့ မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။

❇️ မျှစ်ချဉ်ပေါင်ကြော် (ပုဇွန်) 🦐
ဒီတစ်ပတ်မှာတော့ Feedback လေးတွေအရ ပိုပြီး စပ်စပ်လေး ဖြစ်အောင် ပြင်ဆင်ချက်ပြုတ်ပေးထားလို့ ချှဉ်ချှဉ်စပ်စပ်လေးစားရပါတော့မယ်ရှင့်။

💰 ဈေးနှုန်းလေးတွေက - ဘာစားစား 15/- AED ပါ

📍 Delivery အတွက်
• Al Nahda (Sharjah/Dubai) အနီးတစ်ဝိုက် - Free Delivery! 🛵
• ကျန်တဲ့နေရာတွေအတွက် - 100 AED ဖိုး ဝယ်ယူရင် Free Delivery ရရှိပါမယ်ရှင်။

📞 Order တင်ဖို့ - 050 525 8257 ကို ဖုန်းဆက် (သို့) WhatsApp ကနေ Message ပို့ပေးပါနော်။

အပတ်စဉ် သောကြာနေ့တိုင်း ဟင်းပွဲလေးတွေတင်ပေးနေတာမို့ "ဒို့အိမ်ချက်" Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ ချစ်ခင်အားပေးကြတဲ့ မိတ်ဟောင်း၊ မိတ်သစ် တစ်ယောက်ချင်းစီကို ကျူးဇူးအထူးတင်ရှိပါတယ်ရှင်။ 🙏💞

#ဒို့အိမ်ချက် #မွန်သီးစုံသနပ် #ချဥ်ပေါင်ကြော်
#အုန်းနို့ခေါက်ဆွဲ #မုန့်ဟင်းခါး #မွန်ကြက်သောက်ဆမ်း #ချဉ်ပေါင်ကြော်



ပြီးခဲ့တဲ့ Weekend မှာ တစ်ခဲနက် အားပေးခဲ့ကြတဲ့ ချစ်မိတ်ဆွေများအားလုံးကို  အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏💖ဒီတစ်ပတ် Wee...
30/01/2026

ပြီးခဲ့တဲ့ Weekend မှာ တစ်ခဲနက် အားပေးခဲ့ကြတဲ့ ချစ်မိတ်ဆွေများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏💖

ဒီတစ်ပတ် Weekend အတွက် ထပ်တိုးထားတဲ့ Menu အသစ်တွေ ကတော့...

♨️ အုန်းနို့ခေါက်ဆွဲ (ရန်ကုန်အိမ်ချက်လက်ရာ စစ်စစ်)
♨️ ကြက်အချင်းတိုင် မဆလာဟင်း (အနံ့ရော အရသာပါ ရှယ်ပဲနော်) 🍛

ဒါ့အပြင် အရင် Menu ဟောင်းက ဟင်းလျာတွေပါတွဲပြီးမှာစားလို့ရပါတယ်နော်

❇️ မုန့်ဟင်းခါး 🍲
❇️ ထိုင်းဖက်ခဖေါင် 🍳
❇️ မျှစ်ချဉ်ပေါင်ကြော် (ပုဇွန်)🌿
❇️ မွန်ကြက်သောက်ဆမ်း🥣
❇️ မွန်သနပ်စုံသုပ် 🥗

✨ "ဒို့အိမ်ချက်" ရဲ့ ရည်ရွယ်ချက်ကတော့
UAE မှာရောက်နေတဲ့ မြန်မာမိသားစုတွေကို စျေးနှုန်းသက်သက်သာသာလေးနဲ့ စေတနာအပြည့်ပါတဲ့ "အိမ်ချက် မြန်မာစာစစ်စစ်" လေးတွေကို စားစေချင်လို့ မြန်မာပြည်က အိမ်ကို ပြန်ရောက်သွားသလို ခံစားရမယ့် အရသာမျိုးကို ဖန်တီးပေးထားပါတယ်ရှင်။

💰 ဈေးနှုန်း: ဘာပဲစားစား တစ်ပွဲကို 15 AED တည်းပါ!

📍 Delivery Service:

✅ Al Nahda (Sharjah/Dubai) အနီးတစ်ဝိုက် - Free Delivery 🛵💨

✅ အခြားနေရာများ - 100 AED ဖိုး ဝယ်ယူသူတိုင်းအတွက် Free Delivery ပေးနေပါပြီရှင်။

📣 ဘယ်လိုမှာယူမလဲ?

ကြားရက်တွေမှာတော့ အနည်းဆုံး (၁) ရက်ကြိုမှာပေးဖို့ လိုပါတယ်ရှင်။ Weekend အတွက်ဆိုရင်တော့ ကြော်ငြာထားတဲ့ Menu အကုန်ရပါတယ်နော်။

📲 Order တင်ရန်: Messenger သို့မဟုတ် WhatsApp: 050 525 8257 ကို အခုပဲ မက်ဆေ့လေး ပို့လိုက်တော့နော်! 🤗💞

နောက်ထပ် ဘာ Menu တွေ စားချင်လဲဆိုတာကိုလည်း Comment မှာ အကြံပေးခဲ့လို့ ရပါတယ်ရှင်။ Page လေးကိုလည်း Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်! ✨

#ဒို့အိမ်ချက်
#အုန်းနို့ခေါက်ဆွဲ
#မုန့်ဟင်းခါး
#ကြက်အချင်းတိုင်
#မွန်ကြက်သောက်ဆမ်း
#မွန်သီးစုံသနပ်
#ခါကြက်ဥသုပ်
#ချဥ်ပေါင်ကြော်






#ယူအေအီး
#ဒူဘိုင်း

😋 ဒီတစ်ပတ်မှာ ဘာဟင်း အသစ်တွေ စားရမလဲ?မင်္ဂလာပါရှင် 🙏 ... "ဒို့အိမ်ချက်" ရဲ့ အိမ်ချက်လက်ရာစစ်စစ်ကို စောင့်မျှော်နေကြတဲ့ ခ...
23/01/2026

😋 ဒီတစ်ပတ်မှာ ဘာဟင်း အသစ်တွေ စားရမလဲ?

မင်္ဂလာပါရှင် 🙏 ... "ဒို့အိမ်ချက်" ရဲ့ အိမ်ချက်လက်ရာစစ်စစ်ကို စောင့်မျှော်နေကြတဲ့ ချစ်မိတ်ဆွေတို့အတွက် ဒီတစ်ပတ်မှာ ထူးထူးခြားခြား Menu အသစ် (၃) မျိုး နဲ့ မိတ်ဆက်ပေးပါရစေ။

✨ Menu အသစ်များ 📝

✅ မွန်သနပ်သုပ် - မွန်ပြည်နယ်ရဲ့ ရိုးရာအရသာစစ်စစ်ကို လွမ်းနေသူတွေအတွက် ငယ်ငယ်က အိမ်မှာစားနေကျ အရသာအတိုင်း သန့်သန့်ရှင်းရှင်းလေး သုပ်ပေးထားပါတယ်။ 🥗

✅ မွန်ရိုးရာ ကြက်သောက်ဆမ်း - အချို၊ အချဉ်၊ အစပ် အရသာလေးတွေ ပေါင်းစပ်ထားပြီး ရှူးရှူးရှဲရှဲနဲ့ ထမင်းမြိန်စေမယ့် မွန်ရိုးရာ ကြက်သောက်ဆမ်း ဟင်းရည်ပူပူလေးလည်း ရပါပြီရှင်။ 🥣

✅ ထိုင်းဖက်ခဖေါင်း- ထိုင်းဟင်းလျာတွေထဲမှာ လူကြိုက်အများဆုံးနဲ့ အနံ့ရော အရသာပါ ရှယ်ဖြစ်တဲ့ ထိုင်လက်ရာ ကြက်ပင်စိမ်းကြော်ကိုလည်း မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ 🍳

ဒါ့အပြင် "ဒို့အိမ်ချက်" ရဲ့Signature ဟင်းလျာတွေဖြစ်တဲ့ မုန့်ဟင်းခါး နဲ့ မျှစ်ချဉ်ပေါင်ကြော်(ပုဇွန်) ကိုလည်း ပုံမှန်အတိုင်း မှာယူလို့ရနေဦးမှာပါနော်။

💰 ဈေးနှုန်း - ဘာပဲစားစား တစ်ပွဲကို 15 AED တည်းပါ။

အိမ်မှာ ကိုယ်တိုင်ချက်စားသလို စေတနာအပြည့်နဲ့ ချက်ပြုတ်ထားလို့ ဈေးနှုန်းသက်သာပြီး အရသာကတော့ အိမ်ပြန်ရောက်သွားသလို ခံစားရမှာပါ

📍 Al Nahda တစ်ဝိုက်က အားပေးကြတဲ့ မိတ်ဟောင်း၊ မိတ်သစ် မိတ်ဆွေတစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ လိုအပ်ချက်လေးတွေရှိရင်လည်း အပြုသဘောနဲ့ ဝေဖန်ပေးကြပါဦးနော်။ နောက်ထပ် ဘာ Menu တွေစားချင်လဲဆိုတာကိုလည်း Comment မှာ ပြောပြခဲ့လို့ ရပါတယ်ရှင်။

📢 Menu အသစ်လေးတွေ ပုံမှန်တင်ပေးသွားမှာမို့လို့ "ဒို့အိမ်ချက်" Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။

Phone 📱 # 050 525 8257 ကို သာ မက်ဆေ့ လေး ပို့လိုက် တော့နော် 🤗💞

Al Nahda Sharjah / Al Nahda Dubai အနီးတစ်ဝိုက်ကို free delivery ပါနော်

ကျန်တဲ့ နေရာတွေအတွက် ကတော့ AED 100ဖိုး ဝယ်သူတိုင်းအတွက် free delivery ပါရှင်။

#ဒို့အိမ်ချက်
#မွန်သီးစုံသနပ်
#ချဥ်ပေါင်ကြော်
#မုန့်ဟင်းခါး
#မွန်ကြက်သောက်ဆမ်း




Address

Https://maps. App. Goo. Gl/3GWtCB7SjCwWET1Y 7
Al Nahda Second

Telephone

+971505258257

Website

Alerts

Be the first to know and let us send you an email when ဒို့အိမ်ချက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဒို့အိမ်ချက်:

Share