Just Aye Being Aye

Just Aye Being Aye Chasing flavors,growing greens and exploring new scenes✨

🐟 Tajiri Fish Market (たじり漁港日曜朝市)Kansai Airport အနီးမှာရှိတဲ့ Tajiri Fish Market က တနင်္ဂနွေနေ့တစ်ရက်ထဲဖွင့်တဲ့မနက်ခင်းငါ...
14/06/2026

🐟 Tajiri Fish Market (たじり漁港日曜朝市)

Kansai Airport အနီးမှာရှိတဲ့ Tajiri Fish Market က တနင်္ဂနွေနေ့တစ်ရက်ထဲဖွင့်တဲ့မနက်ခင်းငါးဈေးတစ်ခုပါ။

ဖွင့်ချိန် ကတနင်္ဂနွေနေ့ မနက် 6:00 မှ 12:00 ထိပဲဖြစ်ပါတယ်

လတ်ဆတ်တဲ့ ငါး၊ ပုစွန်၊ ဂဏန်းနဲ့ ပင်လယ်စာမျိုးစုံကို ရရှိနိုင်ပြီး အနီးအနားက လူတွေတင်မက နိုင်ငံခြားခရီးသွား(တရုတ်၊ကိုရီးယား)တွေလည်း အများကြီးလာရောက်လည်ပတ်ကြပါတယ်

မနက်စောစောသွားရင် ပိုလတ်ဆတ်တဲ့ Seafood တွေ ရွေးချယ်နိုင်ပြီး စျေးကလည်း သက်သာတာကြောင့် Seafood Lovers တွေအတွက် နီးနေရင်
သွားကြည့်နော် 🥰

အက်ဒမင်က အမြဲသွားလေ့ရှိပြီး

တွေ့ခဲ့ရတဲ့ငါးနဲ့ရေထွက်သတ္တဝါပုံလေးတွေ

မျှဝေလိုက်ပါတယ်နော်😁

မမြင်ဖူးတာတွေများတော့
စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်

#ငါးစျေး

🌿 Osaka ရဲ့အပူရှောင်လို့ကောင်းတဲ့နေရာလေး 犬鳴山 (Inunakisan) 🏞️✨အခုတလောအရမ်းကိုပူလာလို့သဘာဝတရားကြားမှာ တိတ်တိတ်ဆိတ်ဆိတ် အနာ...
13/06/2026

🌿 Osaka ရဲ့အပူရှောင်လို့ကောင်းတဲ့နေရာလေး 犬鳴山 (Inunakisan) 🏞️✨

အခုတလောအရမ်းကိုပူလာလို့
သဘာဝတရားကြားမှာ တိတ်တိတ်ဆိတ်ဆိတ် အနားယူချင်သူတွေအတွက် 犬鳴山 (Inunakisan) က တကယ်သွားသင့်တဲ့နေရာလေးပါ။

စိမ်းလန်းတဲ့တောင်တန်းတွေနဲ့
စီးဆင်းနေတဲ့ေရေတံခွန်
သမိုင်းဝင်ဘုရားကျောင်း ⛩️နဲ့
ရေပူစမ်း♨️အားလုံးကို တနေရာထဲမှာပဲ ခံစားနိုင်ပါတယ်။

犬鳴山(Inunakisan) ဟာ တောင်တက်ဘုန်းကြီးတွေကျင့်စဉ် စတင်ခဲ့တဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး နှစ်ပေါင်း 1300 ကျော် သမိုင်းရှိပါတယ်။ နွေရာသီမှာ ချောင်းရေဘေးလမ်းလျှောက်ရတာ အေးမြပြီး Osaka မြို့ထဲက အပူဒဏ်ကို ခဏမေ့သွားစေမယ့် Healing Spot လေးပါ။ 🌿

အလွယ်ဆုံးNambaကနေ
သွားနည်းကိုလမ်းညွှန်ပေးပါမယ်
🚃 Namba ကနေ ဘယ်လိုသွားမလဲ?

① Nankai Namba ဘူတာကနေ

② Nankai Line နဲ့ Izumisano ဘူတာကို
(約35~40 မိနစ်)စီးပြီး

③ Izumisanoဘူတာကိုရောက်ရင်
Nankai Bus (犬鳴山行き)ကို
၃၅မိနစ်လောက်စီးလိုက်တာနဲ့
တောင်ခြေရောက်ပါပြီ
④ Inunakiyama Bus Stop မှာဆင်းရမှာပါ
#သတိထားရမှာက
ဒီဘတ်စ်ကားက ၁ နာရီမှာ
၁ စီးဝန်းကျင်ပဲ ပြေးဆွဲတာမို့
ကားလွတ်သွားရင် တစ်နာရီထပ်စောင့်ရမှာပါ
အက်ဒမင်တို့သွားတုန်းက
၂မိနစ်လောက်နောက်ကျသွားလို့
တစ်နာရီထပ်စောင့်လိုက်ရတယ်😖

Nambaကနေဆိုရင်
🚃 Train + Bus စုစုပေါင်း
1 နာရီ 15 မိနစ်ခန့်
💰 ရထားခနဲ့ Bus ကုန်ကျစရိတ် ¥1,200 ဝန်းကျင်နဲ့ အပူရှောင်လို့ရနိုင်မှာပါ
အက်ဒမင်ကတော့Izumisanoနားမှာနေလို့
Busကားခ 520နဲ့စားစရာဖိုးပဲကုန်ပါတယ်🤭
အပြန်မှာလည်းBus က တစ်နာရီတစ်စီးလောက်သာ ရှိတဲ့အတွက် အပြန်အချိန်ကို ရောက်ရောက်ချင်း စစ်ထားဖို့ အကြံပြုပါတယ်။ (တောင်ခြေမှာ busကားချိန်တွေ
ကပ်ထားပါတယ် google mapကနေလည်း ကြည့်လို့ရပါတယ်)

အရမ်းလည်းမဝေးပဲအေးအေးဆေးဆေး
နေ့ချင်းပြန်လည်လို့ရတဲ့နေရာလေးမလို့
အားလုံးပဲသွားလည်ကြည့်နော်
ရေတံခွန်ကအရမ်းပူတဲ့အခါ
တခါတလေ ရေမကျဘူးတဲ့
အက်ဒမင်တို့ကတော့ ကံကောင်းလို့
ရေတွေကျနေတာတွေ့ခဲ့တယ်
ရေတံခွန်နဲ့တောင်ထိပ်ဆိုပြီး
သွားလမ်း၂ခုရှိတာပါ
အက်ဒမင်သွားတုန်းကအသွားbusနောက်ကျမှစီးမိလိုက်လို့အပြန်မှောင်သွားမှာစိုးလို့
တောင်ထိပ်ကတော့မတက်ခဲ့ရဘူး

ရေတံခွန်နဲ့တင်သွားရတာအရမ်းတန်
တယ်လို့ခံစားရတယ်
တောင်ခြေကနေ ရေတံခွန်သွားတဲ့
၃၅မိနစ်လုံး အေးစိမ့်နေတာ
ရေတံခွန်သွားရင်အင်္ကျီတစ်စုံပိုထည့်သွားနော်🥰
ရေတွေစင်ပြီး အကုန်စိုကုန်တာမလို့

Izumisanoဆိုတာ Kansaiလေဆိပ်ကနေဆို ၂ဘူတာမြောက်ပါ (မသိသေးတဲ့သူတွေ မျက်လုံးထဲမြင်အောင်ရေးပေးတာနော်)🥰

📍 Address
Ogi, Izumisano City,
Osaka 598-0023, Japan
စားစရာတွေနဲ့ရေဝယ်သွားပါ
ဖြုတ်ကောင်လေးတွေရှိလို့
ဖြန်းဆေးလေးတွေယူသွားတာမမှားဘူး
ဘူတာရှေ့မှာ ၁၀၀တန်ဆိုင်နဲ့コンビニရှိပါတယ် ဦးထုပ် နေကာယူသွားပါ
အမှိုက်မချခဲ့ပါနဲ့ အပင်တွေနှုတ်တာ
မှိုတွေ့ရင်ခူးတာတွေမလုပ်နဲ့နော်
ဖမ်းခံရလိမ့်မယ်🫠🫢

Osaka မှာ လူများတဲ့နေရာတွေကနေ ထွက်ပြီး သဘာဝကြားမှာ တစ်နေ့တာ Healing လုပ်ချင်ရင် 犬鳴山 (Inunakisan)ကို Save ထားလိုက်တော့🌿💚🥰

#犬鳴山 #泉佐野 #泉佐野市

ချစ်စရာကောင်းတဲ့ပုံ၄ပုံပြမယ်🌿🍓🐈🍑
12/06/2026

ချစ်စရာကောင်းတဲ့ပုံ၄ပုံပြမယ်🌿🍓🐈🍑

ဂျပန်မှာ ဆိုင်သွားမစားခင်Reviewဖတ်တဲ့သူတွေရှိလား?နေရာတခုခု၊ဆိုင်တဆိုင်ဆိုင်ကိုမသွားခင် googleမှာReviewဖတ်ကြမယ်လို့ထင်မယ်...
10/06/2026

ဂျပန်မှာ ဆိုင်သွားမစားခင်
Reviewဖတ်တဲ့သူတွေရှိလား?

နေရာတခုခု၊ဆိုင်တဆိုင်ဆိုင်ကို
မသွားခင် googleမှာ
Reviewဖတ်ကြမယ်လို့ထင်မယ်နော်

အဲ့မှာများသောအားဖြင့်တွေ့ရတဲ့
ワンオペ (one ope)ဆိုတဲ့စကားလေးကို
ဒီနေ့အတွက်မျှဝေပေးချင်ပါတယ်

ワンオペ ဆိုတာ ဘာလဲ?
ワン = One +オペ = Operation
One-person operation
ဆိုလိုတာကလူတစ်ယောက်တည်းနဲ့
အလုပ်အားလုံးကို လုပ်ရတဲ့အခြေအနေ ကို ပြောတာပါ။🥲
(ဟင်းချက်၊အစားအသောက်ပို့၊ငွေရှင်း၊
Order လက်ခံတာနဲ့ စားပွဲသန့်ရှင်းရေးအားလုံးကိုလူတစ်ယောက်တည်း
လုပ်နေရတာပေါ့😵‍💫😭)

မကြာခဏတွေ့ရတဲ့အသုံးတွေကတော့

ランチタイムなのにワンオペで大変そうだった。
နေ့လယ်စာစားချိန် လူအရမ်းများနေတဲ့အချိန်တောင် ဝန်ထမ်းတစ်ယောက်တည်း အလုပ်အားလုံး လုပ်နေရလို့ တော်တော်ပင်ပန်းနေပုံရတယ်။

ワンオペなので少し待ちました。
ဝန်ထမ်းတစ်ယောက်တည်း လုပ်နေလို့ နည်းနည်းစောင့်ရတယ်။

ワンオペなのに提供が早い!
လူတစ်ယောက်တည်း လုပ်နေပေမယ့် အစားအသောက်လာချတာ မြန်တယ်။

昨日はワンオペで大変だった。
မနေ့က တစ်ယောက်တည်း လုပ်ရလို့ တော်တော်ပင်ပန်းခဲ့တယ်။

ဆိုင်အလုပ်အပြင်
တခြားအလုပ်တွေမှာလည်းသုံးကြပါတယ်။
今日はワンオペです。
ဒီနေ့ တစ်ယောက်တည်း အလုပ်လုပ်နေရတယ်။

ワンオペ育児
(わんおぺ いくじ)
One-person parenting
ဖခင်(သို့)မိခင် အလုပ်သွားနေချိန်
အိမ်မှာကျန်နေခဲ့တဲ့တစ်ယောက်က
ကလေးထိန်း၊ချက်ပြုတ်နဲ့ အိမ်သန့်ရှင်း
အားလုံး တစ်ယောက်တည်း
လုပ်ရတာကို ပြောပါတယ်။

အားလုံးရောワンオペမကြာခဏကြုံရပါသလား?
ဂျပန်စာစတင်လေ့လာနေသူများအတွက်
မျှဝေပေးတာဖြစ်လို့ သိသူများကျော်ပေးသွားပါနော်

စာနဲ့ပုံများcopyမယူပါနဲ့ရှင့်🙏
ပုံလေးတွေကနဲ့တင်ရင်လူပိုကြည့်လို့နဲ့
မြန်မာကနေဂျပန်လာဖို့လုပ်နေတဲ့
မရောက်သေးသူတွေအတွက်ဂျပန်
Izakayaကအမြည်းပုံလေးတွေ
တင်ပေးလိုက်ပါတယ်နော်🤭

စာကျက်ရတာပင်ပန်းနေရင်
ဒီအမြည်းတွေကြည့်ပြီး တနေ့စားရမယ်
ဆိုပြီးmanifest လုပ်ကြည့်နော်🤣
အက်ဒမင်တုန်းကလည်း
ဂျပန်ရောက်pageတွေကပုံတွေ
ကြည့်ရင်းmanifest လုပ်ခဲ့တာ🥳

ワンオペဆိုတဲ့စကားလုံးလေး
အားလုံးအတွက်အသုံးဝင်မယ်
ထင်ပါတယ်ရှင့် စာမေးပွဲမှာ
ထွက်ပေါ်လာမလားလည်း
မပြောတက်ဖူးနော် ?🫢🤔
ဒီcontentလေးသဘောကျရင်
Like and follow လေးလုပ်ပေးသွားပါဦး🤍ကျေးဇူးပါ❤️

#ဂျပန်စာ #ワンオペ #ဂျပန်မှာနေထိုင်ခြင်း

The taste of home, no matter how far away 🌿
09/06/2026

The taste of home, no matter how far away 🌿

အင်တာဗျူးဖြေတုန်းက တောင်တက်တာဝါသနာပါတယ်လို့ဖြေတော့ ဘာတောင်တွေတက်ဖူးလဲတဲ့အဲ့ချိန်မှာဒီတောင်နာမည်ကိုပြောချင်တာစိတ်လှုပ်ရှာ...
08/06/2026

အင်တာဗျူးဖြေတုန်းက
တောင်တက်တာဝါသနာပါတယ်လို့
ဖြေတော့ ဘာတောင်တွေတက်ဖူးလဲတဲ့

အဲ့ချိန်မှာဒီတောင်နာမည်ကိုပြောချင်တာ
စိတ်လှုပ်ရှားနေတော့ ခေါင်းထဲက
ဘယ်လိုနေနေထွက်ကိုမလာတာဟေ😆

ဖြေလိုက်တာကလည်း နှင်းကျရင်
နှင်းမြင်ရတဲ့တောင်တဲ့🤣🤣
မေးတဲ့သူကလည်း အယ် … နှင်းကျရင်
နှင်းမြင်ရတဲ့တောင်ကအများကြီးရှိတာတဲ့
ဟုတ်တယ်ဒါပေမဲ့ငါသွားထားတာ
နှင်းကျရင်အရမ်းလှတယ်တဲ့ထပ်ပြောတာ
နာမည်ကျ မမှတ်မိဘူး ဂွမ်း🤣🤣
ကိုယ့်ကိုကိုယ်ဘာတွေပြောမှန်းလဲမသိဘူး

ခုဓာတ်ပုံတွေပြန်ကြည့်ရင်းသတိရလာလို့
ပေရှည်လိုက်ဦးမယ် အဲ့တုန်းကသာ
သတိမရတာ နာမည်က金剛山(Mount Kongō)
အိုဆာကာတဝိုက်ကသူတွေအားလုံးလိုလို
သိကြတဲ့တောင်ပေါ့
၁,၁၂၅ မီတာ ရှိပြီး ပေနဲ့တွက်ရင် ၃,၆၉၁ ပေ မြင့်ပါတယ်။
အိုဆာကာ ပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ထိပ် ဖြစ်လို့ အိုဆာကာမှာ တောင်တက်မယ်ဆိုရင် ဒီတောင်ကနာမည်ကြီးသတဲ့ ကိုယ်လည်းအဲ့တုန်းကfbပေါ်ကအမတွေတင်ထားတာမြင်ပြီး
သွားတက်တာ🤍

ဘာလို့ ဒီလောက်တောင် နာမည်ကြီးတာလဲ?
အိုဆာကာမြို့ထဲမှာ နှင်းကျခဲပေမယ့်
ဒီတောင်ပေါ်မှာတော့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေဆိုရင်နှင်းကျလို့ ဆောင်းတွင်းဆို
လူကြိုက်အရမ်းများပါတယ်

အတက်ရော အဆင်းပါ စုစုပေါင်း ၃ နာရီကနေ ၄ နာရီဝန်းကျင် ပဲ ကြာပါတယ်။

ဒီတောင်မှာ ထူးခြားတာက တောင်
တက်ဝါသနာရှင်တွေအတွက် တောင်တက် အကြိမ်ရေ မှတ်တမ်းစနစ် (Stamp Card) ရှိတာပါ။ တောင်ထိပ်ရောက်တိုင်း တံဆိပ်တုံး ထုရပါတယ်။ အကြိမ် ၁၀၀၊ ၁၀၀၀ ပြည့်တဲ့သူတွေကို တောင်ထိပ်က ကတ်ပြားပေါ်မှာ နာမည်နဲ့တကွ ဂုဏ်ပြုချိတ်ဆွဲပေးထားလို့ ဂျပန်အဘိုးအဘွားတွေ ပြိုင်တက်ကြတဲ့ နာမည်ကြီး နေရာတစ်ခုပါ။ အဲ့တုန်းကမသိလို့မထုခဲ့ရဘူး
နောက်တခါနှင်းကျတဲ့အခါသွားပြီးထုဦးမှပဲ🤣 (အကြိမ်၁၀၀တော့ပြည့်အောင်တက်နိုင်မယ်မထင်)

အိုဆာကာ Namba ကနေ ရထား၊ ဘတ်စ်ကား ပြောင်းစီးပြီး စုစုပေါင်း ၁ နာရီခွဲလောက်ပဲ သွားရတာမို့ Day Tripပေါ့ပေါ့ပါးပါး သွားဖို့ အကောင်းဆုံး ဖြစ်နေလို့ပါပဲ။
နွေရာသီသွားလည်းတောင်ခိုးတွေဝေ့ပြီး
အေးမြနေတာ မတက်ရသေးရင်
စိတ်ပြေလက်ပျောက်သွားတက်လိုက်တော့

ဒီတောင်နာမည်ကြားတိုင်း
အက်ဒမင်ကတော့
အင်တာဗျူးဖြေတဲ့အချိန်ကို
သတိရနေမိမယ်ထင်တယ်🤣
အက်ဒမင့်လို့ အင်တာဗျူးမှာ
အလွဲတွေလုပ်ဖူးတဲ့သူရှိလား?😆

#金剛山 

07/06/2026

ဒီလိုမြင်ရဖို့ဆိုတာ မီးပန်းဖောက်နေတဲ့အချိန်
ရထားတစ်စီးကအမှတ်မထင်ဖြတ်သွားဦးမှ 😭

တကယ်တော့ ဘေးအိမ်က
ရန်ဖြစ်တယ်ထင်လို့
တံခါးဖွင့်လိုက်တာ😭
မနေ့ကမှမီးပန်းပွဲပြီးထားတော့ဒီနေ့ထပ်ဖောက်မယ်မထင်ထားဘူးလေ ဒါကဘယ်နားကဖောက်နေတာလဲမသိဘူး
Ghibli ထဲကscene လေးလိုပဲ အခုလေးတင်😭

I opened the window
and Japan romanticized itself again😭
Fireworks in the sky, a train passing by, and for a moment everything felt like a scene from a Ghibli movie🎆🚃✨OMG🤍

#花火 #夏の思い出

🌱 Life is better when you have tomatoes 🍅
05/06/2026

🌱 Life is better when you have tomatoes 🍅

🐱🇯🇵 ဂျပန်မှာ ကံကောင်းစေတဲ့ Mikeneko သုံးရောင်စပ်ကြောင်လေးအကြောင်း သိပြီးပြီလား?ဂျပန်မှာ အဖြူ၊ အမည်း၊ လိမ္မော်ရောင် (သို့...
04/06/2026

🐱🇯🇵 ဂျပန်မှာ ကံကောင်းစေတဲ့ Mikeneko သုံးရောင်စပ်ကြောင်လေးအကြောင်း သိပြီးပြီလား?

ဂျပန်မှာ အဖြူ၊ အမည်း၊ လိမ္မော်ရောင် (သို့) အဝါရောင် ၃ ရောင်ပေါင်းစပ်ထားတဲ့ ကြောင်လေးတွေကို 三毛猫(
みけねこ / Mikeneko) လို့ ခေါ်ကြပါတယ်။
三က သုံး၊ 毛က အမွေး၊ 猫က
ကြောင် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး
အမွေး၃ရောင်ရှိတဲ့ ကြောင်လို့ ဆိုလိုတာပါ။

စိတ်ဝင်စားစရာကောင်းတာကတော့ Mikeneko ကြောင်အများစုဟာ
အမကြောင်တွေ ဖြစ်ကြပြီး၊
အထီးဖြစ်ဖို့ဆိုတာ အလွန်ရှားတယ်တဲ့။

ဂျပန်လူမျိုးတွေကြားမှာတော့
三毛猫 ကို ကံကောင်းခြင်း၊
လာဘ်လာဘပွားများခြင်းနဲ့
ပျော်ရွှင်ခြင်းတွေကို ယူဆောင်လာပေးတဲ့ ကြောင်အဖြစ် ယုံကြည်ကြပါတယ်။

ဒါကြောင့် ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ တွေ့ရတတ်တဲ့
招き猫 (Maneki Neko) ခေါ်
လာဘ်ခေါ်ကံကောင်းကြောင်ရုပ်လေးတွေဟာလည်း 三毛猫 ပုံစံဖြစ်တာ များပါတယ်။
ဂျပန်မှာ လမ်းလျှောက်ရင်း သုံးရောင်စပ်ကြောင်လေးတစ်ကောင် တွေ့ရင်တော့ ဒီနေ့ ကံကောင်းတော့မယ်
ထင်တယ်ဆိုပြီး ပြုံးမိကြတဲ့သူတွေလည်း ရှိပါသတဲ့🥰🐾

ကျမအိမ်နားလေးကကြောင်ပန်းခြံလေးကိုသွားရင်း ညနေတိုင်းအစာလာကျွေးတဲ့
အန်တီကရှင်းပြလိုက်တာဖြစ်ပါတယ် ကြောင်မလေးနာမည်က
ミケဆိုလို့မေးကြည့်ရင်း
သိခဲ့ရတဲ့အကြောင်းလေးပေါ့🐾
ပုံထဲမှာဆို ဒုတိယပုံကမိခဲချန်ပေါ့🥰
နာမည်တွေလည်းအသီးသီးရှိပါ့😆
Shimajiroဆိုတဲ့ကြောင်လေးကပဲ
အမြဲအကိုင်ခံတယ် ညနေတိုင်းမှာ
ဒီလိုကြောင်လေးတွေမြင်နေရမယ်ဆို
အလုပ်ပင်ပန်းတာတွေပြေသွားရော😭🥰

ကြောင်မွေးချင်ပေမဲ့ မမွေးနိုင်သေးလို့
ပန်းခြံမှာသွားကြည့်နေရတယ်
ဒီပန်းခြံမှာတော့三毛猫(みけねこ)Mikenekoလေးတစ်ကောင်ပဲရှိတယ်
စုစုပေါင်း အကောင်၂၀လောက်ရှိတယ်
တစုတဝေးတည်းမတွေ့ရဘူး
ချစ်စရာအချေကြောင်လေးတွေ🐾

#ပုံနဲ့စာများcopyမယူပါနဲ့ရှင့်

住所

Gose-shi, Nara

ウェブサイト

アラート

Just Aye Being Ayeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する