Arts by Thu Rein

Arts by Thu Rein Welcome to my wall

Arts by Thu Rein ရဲ့ မင်မင် လေး ၁၁-၄-၂၀၂၆ ကနေ ၁၇-၄-၂၀၂၆ ( နှစ်ဆန်းတစ်ရက်နေ့) အထိ သသနာ့ဘောင် ဝင်ရောက်နေပါသဖြင့် အပ်ထည်လေး...
12/04/2026

Arts by Thu Rein ရဲ့ မင်မင် လေး ၁၁-၄-၂၀၂၆ ကနေ ၁၇-၄-၂၀၂၆ ( နှစ်ဆန်းတစ်ရက်နေ့) အထိ သသနာ့ဘောင် ဝင်ရောက်နေပါသဖြင့် အပ်ထည်လေး တွေ အပ်တဲ့ message လေးတွေ စာပြန်တာ နောက်ကျသွားရင် နားလည်ပေး ကြပါခင်ဗျာ။ ပြုသမျှကုသိုလ် အားလုံးကိုလည်း ထပ်တူ ရရှိနိုင်ကြပါစေ 🙏



နှစ်သစ်ကူးမယ့် April လလေးမှာတော့ ကျတော့်အတွက် အမှတ်တရ မှတ်တိုင်လေး တစ်ခုကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်ခင်ဗျာ။ ငယ်ငယ်ထည်းက ...
06/04/2026

နှစ်သစ်ကူးမယ့် April လလေးမှာတော့ ကျတော့်အတွက် အမှတ်တရ မှတ်တိုင်လေး တစ်ခုကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်ခင်ဗျာ။
ငယ်ငယ်ထည်းက လေယာဉ်စီးရင်း magazine ဖတ်ခဲ့တဲ့ အချိန်တိုင်း မက်ခဲ့ရတဲ့ အိပ်မက်လေးတစ်ခုပေါ့ဗျာ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျတော့် အကြောင်းလေးတွေကိုလည်း ဒီလို inflight magazine ကြီးတစ်ခုမှာ ပါချင်ခဲ့တာပေါ့☺️

ဒီလတော့ ကျတော့်ရဲ့ အိပ်မက်လေး ပြည့်ဝခဲ့ရတဲ့ အပြင် မြန်မာနိုင်ငံ က paper quilling ပညာရှင် တစ်ယောက် အနေနဲ့ မြန်မာ့ paper quilling အဆင့်အတန်း တစ်ခုကို ကမ္ဘာ ကသူတွေကိုပါ မြင်တွေ့ ရအောင် ချပြခွင့်လေး ရရှိခဲ့လို့ ဝမ်းသာ ဂုဏ်ယူမိပါတယ်ဗျ။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို paper quilling နဲ့ ပေါင်းစပ် ဖန်တီး နိုင်တယ်ဆိုတာလေးတွေကိုလည်း အမှတ်တရ ဖော်ပြ ပေးနိုင်ခဲ့ပါတယ်။

ကျတော့် ရဲ့ ဆရာ့ဆရာအပေါင်းနဲ့ အားပေးခဲ့ကြသူတွေ ကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့ ပြောပါရစေ 🙏
အထူးသဖြင့် ကျတော် ဘာလုပ်လုပ် အမြဲအားပေးတဲ့ ကျတော့် မိသားစုနဲ့ ညီလေး 👶တို့မိသားစု ကိုလည်း ကျေးဇူးပါ 🥰🥰

Paper quilling ပညာရပ်ကိုရော ကျတော့် လက်ရာ တွေကိုပါ အသိမှတ်ပြု ရွေးချယ်ပေးခဲ့တဲ့ MNA Inflight Magazine ရဲ့ team တစ်ဖွဲ့ လုံး ကိုလည်း အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ 🙏




April လရဲ့ အစလေးကိုတော့ logo ကားချပ် လှလှလေးနဲ့ အစပြုလိုက်ပါတယ် ခင်ဗျာ။ အစဉ်လာကြီးမားခဲ့တဲ့  MNA airline ရဲ့ inflight ma...
01/04/2026

April လရဲ့ အစလေးကိုတော့ logo ကားချပ် လှလှလေးနဲ့ အစပြုလိုက်ပါတယ် ခင်ဗျာ။ အစဉ်လာကြီးမားခဲ့တဲ့ MNA airline ရဲ့ inflight magazine logo ပုံစံလေးကို paper quilling နဲ့ အလှဆင် ပုံဖော်ထားပါတယ်ခင်ဗျာ 😊
ခမ်းနားခြင်း ထည်ဝါခြင်း တည်ငြိမ်ခြင်း တို့ကို ကိုယ်စားပြုတဲ့ အနက်ရောင် သီးသန့် နဲ့ ဖန်တီးပေးထားပါတယ် ဗျာ။
ခု လို logo လှလှလေးတွေ ကို paper quilling နဲ့ ဖန်တီးချင်ရင်တော့ ကျတော် Arts by Thu Rein ရှိနေပါတယ်ခင်ဗျာ။

(TR 025-26)



မတ် လလေး လည်း ကုန်ခဲ့ ပြီ ဆိုတော့ ကျတော် Arts by Thu Rein ရဲ့ တစ်လတာ အတွင်း ဖန်တီး ဖြစ်ခဲ့တဲ့ ကားချပ်လေး တွေကို အမှတ်တရ ...
01/04/2026

မတ် လလေး လည်း ကုန်ခဲ့ ပြီ ဆိုတော့ ကျတော် Arts by Thu Rein ရဲ့ တစ်လတာ အတွင်း ဖန်တီး ဖြစ်ခဲ့တဲ့ ကားချပ်လေး တွေကို အမှတ်တရ စုစည်း တင် ဆက်ပါရစေ။ မအားမလပ်အလုပ်များ တဲ့ ကြား ကနေ ကြိုးစား လုပ်ခဲ့ ရင်း paper quilling order ကားချပ်လေးတွေ အချပ် ၄၀ မြောက် အထိ ပြီးခဲ့ ပါပြီ။
အေးအေး ဆေးဆေး ပဲ အချိန် ယူ ဖန်တီး တတ် တဲ့ သူမို့ အချိန် ဘယ်လောက်ကြာကြာ စောင့်ပေးကြတဲ့ ကျတော့် customer တွေ ကိုလည်း ကျေးဇူး အထူးတင်ပါတယ်။
ဒီလမှာတော့ ကားချပ် ကြီးတွေ လည်း အများကြီး ဖန်တီး နိုင်ခဲ့တယ်။ လူ ကြီးမင်းတို့ရဲ့ အမှတ်တရ ဆိုတဲ့ အရာကို paper quilling နဲ့ ဖန်တီး ပုံဖော် ပေးခွင့် ရခဲ့ လို့ လည်း ကျေးဇူး အထူးတင်လျက်ပါ။
ကျန်နေတဲ့ ပုံလေး တွေ လည်း ဆက်တိုက် ကြိုးစားဖန်တီးပေး သွားပါအုံးမယ် ဗျ ☺️



ထူးချွန် ထက်မြက်တဲ့ သမီးငယ်လေးအတွက် ဂုဏ်ပြုလက်ဆောင်ပေးဖို့ order ကားချပ်လေးဖြစ်ပါတယ်ဗျ။ Arts by Thu Rein ရဲ့ ထုံစံ အတိုင...
25/03/2026

ထူးချွန် ထက်မြက်တဲ့ သမီးငယ်လေးအတွက် ဂုဏ်ပြုလက်ဆောင်ပေးဖို့ order ကားချပ်လေးဖြစ်ပါတယ်ဗျ။
Arts by Thu Rein ရဲ့ ထုံစံ အတိုင်း ဆံပင်တစ်ချောင်းချင်းကအစ အသေးစိပ် ဖန်တီးပေးထားပါတယ်ဗျ။
Paper quilling စလုပ်ထည်း က ဘာပဲ လိုလို အမြဲ အားပေးခဲ့တဲ့ အမကိုလည်း ကျေးဇူးအထူးပါ ခင်ဗျာ🙏
သင်ဆရာ မြင်ဆရာ အပေါင်း ရဲ့ ကျေးဇူးကို အဉ်သတိရလျက် ….
(TR 031-26)



ဆိုင်ဖွင့်ပွဲ အတွက် လက်ဆောင်ပေးဖို့ ဆိုပြီး အားပေးတော့လည်း ကျတော့်ရဲ့ တိုင်းရင်းသူ series ထဲက ရှမ်းမလေး ကိုလည်း ထပ်ပြီး ...
20/03/2026

ဆိုင်ဖွင့်ပွဲ အတွက် လက်ဆောင်ပေးဖို့ ဆိုပြီး အားပေးတော့လည်း ကျတော့်ရဲ့ တိုင်းရင်းသူ series ထဲက ရှမ်းမလေး ကိုလည်း ထပ်ပြီး ဖန်တီးပေးခဲ့ရ ပြန်တာပေါ့။
နေ့တိုင်း ကားချပ်လေးတွေ လုပ်ဖြစ်နေအောင် အမြဲ အားပေးကြတဲ့ ကျတော့်ရဲ့ ကျေးဇူးရှင် အပေါင်းကိုလည်း ကျေးဇူး အထူးပါ ခင်ဗျာ 🙏

(TR 033-26)


Follow The Hype အတွက် တတိယ မြောက် လုပ်ပေးဖြစ်တဲ့  logo ကားချပ်လေးပါ။ ဒီတစ်ခါတော့ အဆိုလည်းကောင်းသလို စေတနာ ကောင်းကောင်းနဲ...
20/03/2026

Follow The Hype အတွက် တတိယ မြောက် လုပ်ပေးဖြစ်တဲ့ logo ကားချပ်လေးပါ။
ဒီတစ်ခါတော့ အဆိုလည်းကောင်းသလို စေတနာ ကောင်းကောင်းနဲ့ ရေမွှေးတွေနဲ့ blind box လေးတွေ ရောင်းပေးနေတဲ့ follow the Hype ရဲ့ ပဲ့ကိုင်ရှင် ညီလေးရဲ့ ပုံကိုပါ chibi art လေးနဲ့ ပုံဖော် ဖန်တီးပေးထားပါတယ်ဗျ။ အမြဲ အားပေး လို့လည်း ကျေးဇူး အထူးပါဗျာ။
100% ရေမွှေး အစစ်တွေ နဲ့ blind box စစ်စစ်တွေ ကို စျေးနှုန်း မှန်ကန်စွာနဲ့ အားပေးချင်ကြသူများ ကျတော် mention ထားတဲ့ page လေးကနေ ဝယ်ယူအားပေးနိုင်ပါတယ် ခင်ဗျာ 😊😊😊
(TR 034-26)




ချစ်ဖို့ကောင်းတဲ့ မွေးနေ့ရှင် ညီမလေးကို သူ့ ကလေးလေး နဲ့ပါ အတူ တွဲဖက်ပြီး ဖန်တီး ပေးထားတဲ့ order ကားချပ်လေး ပဲဖြစ်ပါတယ်ဗျ...
18/03/2026

ချစ်ဖို့ကောင်းတဲ့ မွေးနေ့ရှင် ညီမလေးကို သူ့ ကလေးလေး နဲ့ပါ အတူ တွဲဖက်ပြီး ဖန်တီး ပေးထားတဲ့ order ကားချပ်လေး ပဲဖြစ်ပါတယ်ဗျ။
ပန်းပွင့်လေး တစ်ပွင့်ချင်း စီ က အစ အသေးစိပ် ဖန်တီးပေးထားခဲ့ တဲ့ paper quilling ကားချပ်လေးပဲ ဖြစ်ပါတယ်။ သတိတရ order အပ်ပေးခဲ့တဲ့ ညီမလေး နှင့် တကွ ကျေးဇူးရှင်အပေါင်းကို လည်း ကျေးဇူးအထူးပါ ခင်ဗျာ။

(TR 030-26)




Family 👩‍❤️‍👨👧👶ချစ်ဖို့ကောင်းတဲ့ မိသားစု ပုံလေးကို paper quilling နဲ့ ဖန်တီး ပေးဖြစ်တာလေးပါဗျ။ Arts by Thu Rein ရဲ့ ထုံး...
14/03/2026

Family 👩‍❤️‍👨👧👶

ချစ်ဖို့ကောင်းတဲ့ မိသားစု ပုံလေးကို paper quilling နဲ့ ဖန်တီး ပေးဖြစ်တာလေးပါဗျ။ Arts by Thu Rein ရဲ့ ထုံးစံ အတိုင်း detail ကျကျ ဖန်တီးပေးထားပြီး beach mood လေးကို ပိုရစေဖို့ ခရုခွံ အစစ်လေးတွေနဲ့ပါ ပေါင်းစပ် ဖန်တီးပေးထားပါတယ်ဗျ။ ခု ရက်ပိုင်းတော့ portrait လေးတွေ ပဲ ဆက်တိုက် ဖန်တီးပေးဖြစ် ပါမယ်ဗျာ။
ဝါသနာရှင်ကျတော့်ကို သတိတရ အားပေးခဲ့ကြသူအပေါင်းကိုလည်း ကျေးဇူး အထူးပါဗျ။ အေးအေး ဆေးဆေး အချိန်ယူပြီး ဖန်တီး ပေးတာကို စိတ်ရှည်ရှည်နဲ့ စောင့်ပေး ကြတဲ့ ကျေးဇူးရှင်အပေါင်းကိုလည်း ကျေးဇူးအထူးပါ ခင်ဗျာ။
(TR 029-26)




ဟင်းချက်တာကော မုန့်လုပ်တာပါ အရမ်းတော်တဲ့ ကျတော့် မကြီး Magyi San ရဲ့ page လေးဖြစ်တဲ့ San’s Kitchen  ရဲ့ logo လေးကို pape...
12/03/2026

ဟင်းချက်တာကော မုန့်လုပ်တာပါ အရမ်းတော်တဲ့ ကျတော့် မကြီး Magyi San ရဲ့ page လေးဖြစ်တဲ့ San’s Kitchen ရဲ့ logo လေးကို paper quilling နဲ့ အလှဆင် ဖန်တီးပေးထားပါတယ်ဗျ☺️
သူငယ် ချင်းတို့ စားချင်တဲ့မုန့်တွေရှိရင် တော့ ဒီ page ကနေလည်း Oder မှာလို့ ရပါတယ်နော် 😋
(TR 028-26)



ယနေ့ ကျရောက်တဲ့ ၃၃နှစ်ပြည့် Anniversary အတွက် လုပ်ပေးဖြစ်ခဲ့တဲ့ order ကားချပ်လေး 😍😍Arts by Thu Rein ရဲ့ ကိုယ် ပိုင် desi...
09/03/2026

ယနေ့ ကျရောက်တဲ့ ၃၃နှစ်ပြည့် Anniversary အတွက် လုပ်ပေးဖြစ်ခဲ့တဲ့ order ကားချပ်လေး 😍😍
Arts by Thu Rein ရဲ့ ကိုယ် ပိုင် design လေး ။
လူကြိုက်များတဲ့ design လေးကိုပဲ ထပ်မံ အားပေး ခဲ့လို့လည်း ကျေးဇူး အထူးပါခင်ဗျာ။ စိတ်ရှည်ရှည်နဲ့ အကြာကြီးစောင့်ပေးခဲ့လို့လည်း ကျေးဇူးပါနော်😊
Paper quilling ကို လက်ရာမြောက်စွာ ဖန်တီး နိုင်တဲ့ အမကိုယ်တိုင်က မှာခဲ့တာလေးမို့ ပိုလို့ ဝမ်းသာ ဂုဏ်ယူမိပါတယ်ဗျ😊
အကိုကြီး နဲ့ မကြီးတို့လည်း နောက် ထပ် anniversary ပေါင်းများစွာကို အတူ ဖြတ်သန်း နိုင်ကြပါစေလို့ လည်း ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ 🙏
(TR 027-26)




ဒီနေ့ကတော့ Luxury Diamond MDY ရဲ့ logo ကားချပ်လေးကို ဒုတိယ အကြိမ်မြောက် လုပ်ပေးဖြစ်ပါတယ်ခင်ဗျာ။ လှပပြီးခန့်ငြားပြီးသား l...
04/03/2026

ဒီနေ့ကတော့ Luxury Diamond MDY ရဲ့ logo ကားချပ်လေးကို ဒုတိယ အကြိမ်မြောက် လုပ်ပေးဖြစ်ပါတယ်ခင်ဗျာ။ လှပပြီးခန့်ငြားပြီးသား logo လေးကိုမှ ကျတော့်ရဲ့ paper quilling artwork လေးတွေနဲ့ ပေါင်းစပ် ပြီး အလှဆင်ဖန်တီးပေးထားပါတယ်ဗျ။
အမြဲ အားပေးလို့လည်း ကျေးဇူးအထူးပါဗျာ။ ဒီလို logo ကားချပ်လေးတွေကို paper quilling နဲ့ ဖန်တီးချင်ရင်တော့ ကျတော် Arts by Thu Rein ရှိပါတယ်ခင်ဗျာ။
(TR 026-26)




Address

Boyar Nyunt Street
Dagon

Telephone

+959750104682

Website

Alerts

Be the first to know and let us send you an email when Arts by Thu Rein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arts by Thu Rein:

Share