Myanmar Textile Creators’ MSMEs Network,Mandalay

Myanmar Textile Creators’ MSMEs Network,Mandalay မန္တလေးကွန်ရက်ကို မန္တလေးဒေသတွင်းမှ လက်မှုလုပ်ငန်း လုပ်ကိုင်သူ၊ဖန်တီးသူများ စုပေါင်း ပါဝင်ဖွဲ့စည်း ထားပါတယ်ရှင်။

“ရိုးရာအစဉ်အလာ ခေါင်းဆောင်မှု - ငါတို့၏ အရင်းအမြစ်နှင့် အင်အား” Workshopကို Myanmar Textile and Handcraft Creators’ MSME...
04/08/2026

“ရိုးရာအစဉ်အလာ ခေါင်းဆောင်မှု - ငါတို့၏ အရင်းအမြစ်နှင့် အင်အား” Workshopကို
Myanmar Textile and Handcraft Creators’ MSMEs Network - Amarapura
Myanmar Textile and Handcraft Creators' MSMEs Network , Meikhtilaတို့နှင့်အတူ မန္တလေးကွန်ရက်အဖွဲ့လည်း အတူပါဝင်တတ်ရောက်ခဲ့ပါတယ်။

ကွန်ရက်အချင်းချင်းချိတ်ဆက်နိုင်အောင် တွေ့ဆုံစီစဉ်ပေးတဲ့ မိတ်ဆွေစစ် Community Alliance Initiatives - CAI၊Sunflower teamsနှင့် မိတ်ဖက် အဖွဲ့စည်းများကိုလည်း ကျေးဇူးတင်ပါတယ်။

ဆရာမ နော်ဒီမိုနာခူး နဲ့ ဆရာမနိုင်ဂျူလိုင်တင်
တို့မှ
- လူမှုစီးပွါးစွမ်းဆောင်ရှင်များအတွက် စနစ်တကျ တွေးခေါ် မြော်မြင်ခြင်း
- DISC ခေါင်းဆောင်မှုဆိုင်ရာ ဆန်းစစ်လေ့လာခြင်း
- မျှော်မှန်းချက် မြေပုံ လက်တွေ့အလုပ်ခန်း - ငါ့ရဲ့ အနာဂတ်ခရီးစဉ်
- လုပ်ငန်းခွင်အတွင်း လူတိုင်းပါဝင်နိုင်မှုနှင့် ကျား/မ တန်းတူညီမျှမှု – အခြေခံနှင့် လက်တွေ့ကျင့်သုံးနည်း
- ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းခြင်းနှင့် ဈေးကွက်ချိတ်ဆက်မှု Ngyan Hubနှင့် မိတ်ဆက်ပေးခြင်း
- လုပ်ငန်းစီမံချက် ရေးဆွဲခြင်းတို့ကို မျှဝေပေးခဲဲ့ပြီး
ကွန်ရက်အဖွဲ့ဝင်အားလုံးလည်း တက်ကြွစွာ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

ကွန်ရက်အားလုံးတွက် ရှေ့ဆက်မယ့်လုပ်ငန်းစဉ်များမှာ အကျိုးဖြစ်ထွနါစေဖို့ အတွေ့ကြုံနှင့် ပညာရပ်
ဆိုင်ရာများကို မျှဝေပေးခဲ့ကြတဲ့ ဆရာမ နော်ဒီမိုနားခူးနှင့် ဆရာမနိုင်ဂျူလိုင်တင်တို့ကိုလည်းကွန်ရက်အားလုံးနှင့်အတူ မန္တလေးကွန်ရက်မှ ကျေးဇူးတင်ပါတယ်ရှင်။

#မန္တလေးကွန်ရက်

မန္တလေးကွန်ရက်နှင့် MYA NANDAR LEARNING ZONE ပူးပေါင်းပြီး 3ရက်တာ Ecoprint Workshop လေး ပြုလုပ်ဖြစ်ပါတယ်ပထမရက်မှာ ချည်ထည...
31/07/2026

မန္တလေးကွန်ရက်နှင့် MYA NANDAR LEARNING ZONE ပူးပေါင်းပြီး 3ရက်တာ Ecoprint Workshop လေး ပြုလုပ်ဖြစ်ပါတယ်

ပထမရက်မှာ ချည်ထည်သန့်စင်ခြင်း၊Mordant ပြုလုပ်နည်းများကို စာတွေ့၊လက်တွေ့ ပြသခဲ့ပါတယ်ရှင်။

#မန္တလေးကွန်ရက်

23/07/2026

မန္တလေးကွန်ရက် အဖွဲ့ဝင် မဧပရယ်မျိုးရဲ့
သဘာဝဖြစ် လက်မှုလုပ်ငန်း

Ecoprintအပါဝင် လက်မှုလုပ်ငန်း တော်တော်များများက teamworkကောင်းမှ တွင်ကျယ်နိုင်တာမျိုးပါ။မန္တလေးမှာ
မဧပရယ်မျိုးရဲ့ ရွှေလာဘ်Ecoprintလုပ်ငန်းက အိမ်တွင်းစီးပွါးရေး လုပ်ငန်းအဖြစ် မိသားစုဝင်တွေ တတ်ညီလက်ညီ လုပ်နိုင်ကြတာလည်း အားကျစရာ ကောင်းပါတယ်။
မန္တလေးကွန်ရက်ရဲ့ Ecoprint သင်တန်းတွေမှာလည်း
လိုအပ်တဲ့ Ecoprintဆက်စပ်ပစ္စည်း မှန်သမျှကို အဓိက တာဝန်ယူပေးနေပါတယ်။

ကွန်ရက်အဖွဲ့ဝင်တွေ မဆုံဖြစ်တာကြာပြီမို့ လူစုပြီးမနက်ပိုင်းမှာ လက်ရေး ပါတိတ်လေးတွေ စုပေါင်းဆွဲဖြစ်ကြပါတယ်။နေ့လည်ပိုင်းမှာ...
13/07/2026

ကွန်ရက်အဖွဲ့ဝင်တွေ မဆုံဖြစ်တာကြာပြီမို့ လူစုပြီး
မနက်ပိုင်းမှာ လက်ရေး ပါတိတ်လေးတွေ စုပေါင်း
ဆွဲဖြစ်ကြပါတယ်။
နေ့လည်ပိုင်းမှာတော့ မချောစုက ဦးဆောင်ပြီး
အဖွဲ့ဝင်တွေနဲ့ အတူ ပိတ်စပေါ်မှာ leaf bleaching လုပ်ဖြစ်ခဲ့ကြပါတယ်။

Leaf bleachingက chemical သုံးရတာဖြစ်လို့ maskနဲ့ လက်အိတ်လေးတွေ အသုံးပြုသင့်ပါတယ်။

#မန္တလေးကွန်ရက်

မန္တလေးကွန်ရက်အဖွဲ့အနေဖြင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖန်တီးပေးန...
17/06/2026

မန္တလေးကွန်ရက်အဖွဲ့အနေဖြင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးလုပ်ငန်းများမှာလည်း ပါဝင်အားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

FXB Myanmar၏ Ecoprintသင်တန်း ဒုတိယနေ့တွင် အမျိုးသမီးအဖွဲ့ဝင်များသည် ယခင်နေ့က လေ့လာသင်ယူခဲ့သည့် အခြေခံနည်းလမ်းများကို အခြေခံ၍ သစ်ရွက်၊သစ်ခေါက်၊ပန်းပွင့်လေးများနှင့် သဘာဝပစ္စည်းများကို အသုံးပြုကာ Ecoprint လက်ရာများကို ကိုယ်တိုင်ဖန်တီးခဲ့ကြပါသည်။

လက်တွေ့လုပ်ဆောင်ခြင်းများမှတစ်ဆင့် သဘာဝမှပေးသော အရောင်အသွေးများနှင့် သစ်ရွက်များကို ဒီဇိုင်းများ ပြုလုပ်ဖန်တီးနိုင်ခဲ့ကြပါသည်။

မန္တလေးကွန်ရက်အဖွဲ့အနေဖြင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးလုပ်ငန်းများမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

� #မန္တလေးကွန်ရက်

FXB Myanmar ၏ အမရပူရမြို့နယ်တွင် ကျင်ပပြုလုပ်ခဲ့သည့် နှစ်ရက်တာ Ecoprint သင်တန်းကို မန္တလေးကွန်ရက်မှ ပူးပေါင်းပါဝင်ခဲ့ပါသ...
17/06/2026

FXB Myanmar ၏ အမရပူရမြို့နယ်တွင် ကျင်ပပြုလုပ်ခဲ့သည့် နှစ်ရက်တာ Ecoprint သင်တန်းကို မန္တလေးကွန်ရက်မှ ပူးပေါင်းပါဝင်ခဲ့ပါသည်။

သင်တန်း၏ ပထမနေ့တွင် စင်တာရှိ အမျိုးသမီးအဖွဲ့ဝင်များအား ချည်ထည်အမျိုးအစားများနှင့် Ecoprint ပြုလုပ်ရာတွင် လိုအပ်သည့် အခြေခံလုပ်ငန်းစဉ်များကို မျှဝေပေးခဲ့ပြီး၊ ချည်ထည်သန့်စင်ခြင်း၊ ပိတ်စချုပ်ဆေးစိမ်ခြင်း စသည့် Ecoprint process ပြင်ဆင်မှုအဆင့်ဆင့်ကို အမျိုးသမီးအဖွဲ့ဝင်များနှင့်အတူ လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

အမျိုးသမီးအဖွဲ့ဝင်များနှင့် အတူ စင်တာအနီး
ဝန်းကျင်တွင် အရွက်ခူးထွက်ခဲ့ကြပြီး Ecoprintပြုလုပ်လို့ ရသည့် အရွက်အမျိုးစားများကို ကိုယ်တိုင်ရွေချယ်တတ်စေရန် ကွင်းဆင်းလေ့လာခဲ့ကြတဲ့ ပုံရိပ်များကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင်။



#မန္တလေးကွန်ရက်

Sunflower Natural Dye Textilesမှ စီစဉ်ကျင်းပတဲ့ပန်းချီဆရာခန့်အောင်ရဲ့ မူယာဟန်ချီ ပန်းချီပြပွဲလေးကို ကွန်ရက်အဖွဲ့ဝင်တဦးဖြ...
08/06/2026

Sunflower Natural Dye Textilesမှ စီစဉ်ကျင်းပတဲ့
ပန်းချီဆရာခန့်အောင်ရဲ့ မူယာဟန်ချီ ပန်းချီပြပွဲလေးကို ကွန်ရက်အဖွဲ့ဝင်တဦးဖြစ်တဲ့ မသဲစု
(အေးရိပ် Local Clothing Brand)မှ အဖွဲ့ဝင်များ ကိုယ်စား သွားရောက်ခဲ့ပါတယ်ရှင်။

ဆရာခန့်အောင်ရဲ့ "မူယာဟန်ချီ"ပန်းချီပြပွဲလေးမှာ
ပါတိတ်ပန်းချီလေးတွေ ပါဝင်ပြသထားပါတယ်။

ပန်းချီဆရာတဦးလည်း ဖြစ်ပြီး လက်ရေးပါတိတ်ကိုကိုယ်တိုင်ရေးဆွဲနေသူ တဦးလည်း ဖြစ်တာမို့
ရန်ကုန်မြို့ အနီးဝန်းကျင်မှာ နေထိုင်ပြီး ပါတိတ်ပန်းချီကို လေ့လာလိုတဲ့သူများအနေဖြင့် ဆရာခန့်အောင်နဲ့ ဆက်သွယ်ချိတ်ဆက်ပြီး လေ့လာလို့ရပါတယ်ရှင်။

#မန္တလေးကွန်ရက်

မန္တလေးကွန်ရက်ရဲ့ Ecoprint basic ဒုတိယအပတ်စဉ်လေးပါရှင်။ကျွန်မတို့ ကွန်ရက်လေးမှာ သင်တန်းလေးတွေ လုပ်ဖြစ်ခြင်းက သင်တန်းပေးခ...
07/06/2026

မန္တလေးကွန်ရက်ရဲ့ Ecoprint basic
ဒုတိယအပတ်စဉ်လေးပါရှင်။

ကျွန်မတို့ ကွန်ရက်လေးမှာ သင်တန်းလေးတွေ လုပ်ဖြစ်ခြင်းက သင်တန်းပေးခြင်းထက် ပျော်ရွှင်မှုနဲ့ ပညာရပ်တွေ ဖလှယ်ကြခြင်းပါ။

ကွန်ရက်မှာ ဦးဆောင်သူသဘောမရှိပဲ ပညာပေးနိုင်သူ၊ နေရာပေးနိုင်သူ၊ ငွေကြေး စီမံသူစသည်ဖြင့် ကွန်ရက်အဖွဲ့ဝင်အားလုံးကပဲ မိမိကျွမ်းကျင်ရာ နေရာကနေ တာဝန်ယူကြပါတယ်။

မန္တလေးကွန်ရက်အနေနဲ့ အဖွဲ့ဝင် ၆ဦး စုပေါင်းပြီး
Ecoprintနှင့် အခြားလက်မှု သင်တန်းလေးတွေ ဆက်လုပ်ဖြစ်သွားမှာပါ။

ရှေ့ဆက်ပြီးလည်း အခြားအဖွဲ့စည်းလေးတွေနဲ့ ချိတ်ဆက်ပြီး မန္တလေးကွန်ရက်အနေနဲ့ ပညာဒါန အတန်းလေးတွေလည်း လုပ်ဖို့ရှိပါတယ်။

Ecoprintသင်တန်းလေးတွေမှာတော့ သင်ကြားရေးပိုင်းကို ကွန်ရက်အဖွဲ့ဝင် ecoprintလုပ်ငန်းလုပ်ကိုင်သူ ၄ဦးဖြစ်တဲ့ -
မချောစုလှိုင်(ဝဿန် ecoprint)
မဧပရယ်မျိုး(ရွှေလာဘ် -Ecoprinted fabric)
မနဒီလင်း (ညိုချော Collection)
မရတနာမိုးမြင့် (Treasure’s Gallery)တို့က ကဏ္ဍခွဲပြီး စာတွေ့၊လက်တွေ့ တာဝန်ယူ သင်ကြားပေးပါတယ်ရှင်။

*နေရာပိုင်းကိုမစုမာ(မြန်မာချည်ထည်ဆိုင်)

*စာရင်းပိုင်းနဲ့ စီမံခန့်ခွဲ့ရေးအပိုင်းကို
မသဲစု(အေးရိပ် Collection )
တာဝန်ယူကြပါတယ်ရှင့်။

#မန္တလေးကွန်ရက်

Address

54st/33st, Chan Aye Thar Zan Township
Mandalay

Website

Alerts

Be the first to know and let us send you an email when Myanmar Textile Creators’ MSMEs Network,Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share