ညောင်ရမ်း မြန်မာ့ရိုးရာ လက်မှုထည်လုပ်ငန်း Nyaung Yan Arts & Crafts

  • Home
  • Myanmar
  • Mandalay
  • ညောင်ရမ်း မြန်မာ့ရိုးရာ လက်မှုထည်လုပ်ငန်း Nyaung Yan Arts & Crafts

ညောင်ရမ်း မြန်မာ့ရိုးရာ လက်မှုထည်လုပ်ငန်း Nyaung Yan Arts & Crafts Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ညောင်ရမ်း မြန်မာ့ရိုးရာ လက်မှုထည်လုပ်ငန်း Nyaung Yan Arts & Crafts, Arts & Crafts Store, Mandalay.

အန်ထိုးဗူး              အန်ထိုးဗူး​တွေကို အ​တွေ့အရမ်းနည်းလာတယ်။အ​ဟောင်းအစစ်ကို မမြင်ရ မ​တွေ့ရတာ ဆယ်စုနှစ်တစ်ခု​ကျော်ခဲ့ပ...
08/10/2025

အန်ထိုးဗူး

အန်ထိုးဗူး​တွေကို အ​တွေ့အရမ်းနည်းလာတယ်။အ​ဟောင်းအစစ်ကို မမြင်ရ မ​တွေ့ရတာ ဆယ်စုနှစ်တစ်ခု​ကျော်ခဲ့ပြီ အသစ်ကို​တောင် လုပ်တဲ့သူမရှိ လုပ်တတ်တဲ့လူမရှိ​တော့ မ​တွေ့ရ​တော့ဘူး။အန်ထိုးဗူးအ​ကြောင်း စဥ်းစားမိ​တော့ ၁၀ နှစ်​ကျော်​လောက်ကလုပ်ထားတဲ့ အန်ထိုးဗူး​လေး​တွေကို သတိရလို့ ပုံ​လေး​တွေတင်​ပေးလိုက်တယ်။ ဒီ​​နေ့​​​ခေတ်မှာ သစ်​စေး တစ်ပိသာကို ၁၄၀၀၀၀ ဟသာ်ပြဒါးတစ်ကျပ်သားကို၆၀၀၀၀​ရွှေတစ်ဆိုင်းက၄၅၀၀၀၀ဝန်းကျင်ဆို​တော့ အသစ်ပြန်လုပ်ဖို့ကလဲ မလွယ်​တော့ဘူး ဒီလိုနဲ့ပဲ ရိုးရာအ​မွေတစ်ခု တိမ်​ကောပ​ပျောက်သွား​တော့မယ်ထင်တယ်

ကျေးလက်အနုပညာ​လေးတစ်ခု     ​ရှေးမြန်မာလူမျိုး​တွေ ​သောက်​ရေခွက်​လေးတစ်ခုကို​တောင် အခုလိုအနုပညာ​မြောက်​အောင်လုပ်ခဲ့ကြတယ် ...
06/10/2025

ကျေးလက်အနုပညာ​လေးတစ်ခု

​ရှေးမြန်မာလူမျိုး​တွေ ​သောက်​ရေခွက်​လေးတစ်ခုကို​တောင် အခုလိုအနုပညာ​မြောက်​အောင်လုပ်ခဲ့ကြတယ် အဆင့်မြင့် အသုံး​ဆောင်မဟုတ်​ပေမဲ့ သူ့တန်ဖိုးနဲ့ သူ့အလှနဲ့ပါ

မောင်းထမ်း (သို့မဟုတ်) ခေါင််းလောင်းထမ်း“မောင်းထမ်း” လို့ အခေါ်များပေမယ့် တကယ်တော့ “ခေါင်းလောင်းထမ်း” အဖြစ်နဲ့သာ ဘုန်းကြ...
23/02/2025

မောင်းထမ်း (သို့မဟုတ်) ခေါင််းလောင်းထမ်း

“မောင်းထမ်း” လို့ အခေါ်များပေမယ့် တကယ်တော့ “ခေါင်းလောင်းထမ်း” အဖြစ်နဲ့သာ ဘုန်းကြီးကျောင်းတွေမှာ တွေ့ရတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကဒူးကနန်း ရောက်နေစဉ် ရှေးဟောင်း ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ ဆုံတုန်း မောင်းထမ်းတွေအကြောင်း ပြောဖြစ်ခဲ့တယ်။ သူပြောပြတဲ့ မောင်းထမ်းက အရမ်းကို ထူးဆန်းတယ်။ နဂါးက လူ့ ခန္ဓာကိုယ်ကို ပတ်ပြီး ပေါက်နေဟန်ကို မင်းသား ကဟန်ဖြင့် ရှောင်တိမ်းနေပုံ၊ နောက်တစ်ပုံက မိချောင်းက ခန္ဓာကိုယ်ကို ပတ်ပြီး လှမ်းဟပ်နေပုံလို့ ပြောပြတယ်။ စကြားဖူးတဲ့ အချိန်ကစပြီး အဲ့ဒီ မောင်းထမ်းကို လုပ်ချင်နေတာ အခုတော့ တစ်ပုံ စနိုင်ခဲ့ပြီ။ ဆေးခြယ်ဖို့ စိတ်ကူးမိပေမယ့် နဂါးကို အစိမ်းရောင် ခြယ်ရမှာ သိပ်မကြိုက်လို့ အဖြူထည် အဖြစ်နဲ့ပဲ ရှိနေသေးတယ်။ အကြားအာရုံ တစ်ခုကို စိတ်ကူးနဲ့ မှန်းပြီး ကြိုးစား ပုံ​ဖော်ထားပါတယ်။

ညောင်ရမ်း (မြန်မာ့ရိုးရာ လက်မှုထည်လုပ်ငန်း)

#မောင်းထမ်း #ခေါင်းလောင်းထမ်း #ညောင်ရမ်း #ပန်းပု

နန်းတွင်းသုံး ပန်းကန်စင်မြန်မာဘုရင်များ လက်ထက်ကတော့ ဒီပန်းကန်စင်မျိုးကို ဘုရင်နဲ့ ပတ်သတ်တဲ့ ဆွေတော်မျိုးတော်တွေသာ သုံးခွ...
17/02/2025

နန်းတွင်းသုံး ပန်းကန်စင်

မြန်မာဘုရင်များ လက်ထက်ကတော့ ဒီပန်းကန်စင်မျိုးကို ဘုရင်နဲ့ ပတ်သတ်တဲ့ ဆွေတော်မျိုးတော်တွေသာ သုံးခွင့်ရခဲ့တယ်။ ကိုလိုနီ နိုင်ငံဖြစ်သွားတော့ ဒီလို လက်မှုထည် လုပ်ငန်းမျိုးဟာ တဖြည်းဖြည်းနဲ့ မှေးမှိန် ပျောက်ကွယ်သွားခဲ့တယ်။ ဒါ့ကြောင့် နန်းတွင်းသုံး ပန်းကန်စင်တွေကို လေ့လာပြီး ဒီပန်းကန်စင်ကို လုပ်ဖြစ်ခဲ့တယ်။ တချို့တွေက ဒါကို ဘုရားစင်လို့ ထင်ကြတယ်။ ပြောရမယ်ဆိုရင် ဒီခေတ်လူတွေနဲ့ ဒီယဉ်ကျေးမှု လက်ရာမျိုးတွေက အထိအတွေ့ နည်းသွားပြီ။ ထုတ်ဖြစ်ခဲ့တဲ့ အကြောင်းတွေထဲမှာလည်း ဒီအချက်က တစ်ခုအပါပဲ။ မြန်မာ့လက်ရာ အဆင့်အတန်း မြင့်မားခဲ့တာကိုလည်း သိစေချင်လို့ ပြန်လည် ဖော်ထုတ်ခဲ့တာလည်း ပါတယ်။ ရိုးရာ ယဉ်ကျေးမှုကိုလည်း တန်ဖိုးထား မြတ်နိုးစေချင်တဲ့ စိတ်ဆန္ဒလည်း ရှိတယ်။ ပန်းကန်စင် အပြင် လိုက်ကာ၊ စာအုပ်စင်၊ ဘီရို၊ ကုလားထိုင် အစရှိတာတွေကို ဆက်လက် ကြိုးစားပြီး ထုတ်သွားပါမယ်။

ညောင်ရမ်း (မြန်မာ့ရိုးရာ လက်မှုထည် လုပ်ငန်း)

#နန်းတွင်းသုံးပန်းကန်စင် #ညောင်ရမ်း #ပန်းပု

လှည်းသား ငါးရာဇာတ်         ဒီဇာတ်ကို ​ညောင်ရမ်းမှ လွန်ခဲ့တဲ့ ၆ နှစ်ကျော် ၇ နှစ် ဝန်းကျင်က စတင် ထုလုပ်ခဲ့တယ်။ ကျွန်တော့်ရ...
11/02/2025

လှည်းသား ငါးရာဇာတ်

ဒီဇာတ်ကို ​ညောင်ရမ်းမှ လွန်ခဲ့တဲ့ ၆ နှစ်ကျော် ၇ နှစ် ဝန်းကျင်က စတင် ထုလုပ်ခဲ့တယ်။ ကျွန်တော့်ရဲ့ အကျင့်အတိုင်း အသစ်အသစ်သော အရာတွေ ပြုလုပ်ချင်တဲ့ စိတ်နဲ့ ခရီးဆက်ခဲ့တာ ၇ နှစ်ဝန်းကျင်တောင် ကြာခဲ့ပြီ။ ကျွန်တော်တို့ကသာ “လှည်းသား ငါးရာ” လို့ ခေါ်ပြီး တစ်ချို့ကတော့ “ခိုးသား ငါးရာ” လို့ ခေါ်ကြတယ်။ ကျွန်တော့်ရဲ့ ဒီ ဒီဇိုင်းကို ကူးယူပြီး ထုတ်လုပ်ခဲ့ကြတာ အောင်မြင်မှုက media ပေါ်ထိ ရောက်ခဲ့ကြတယ်။ Interview တွေမှာ “သူတို့ရဲ့ ကိုယ်ပိုင် ဒီဇိုင်း” ဆိုပြီး မေးမြန်းမှုတွေကို ဖြေကြားခဲ့တယ်။ အောင်မြင်မှုက ကြီးမားခဲ့တယ်။ ကြိုက်နှစ်သက်သူတွေ တော်တော်ကို များခဲ့တယ်။ ကိုယ့်ဒီဇိုင်း ဒီလို လုပ်ခံရတာ မတရားဘူးဆိုတာ သိပေမယ့် မတုံ့ပြန်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ရင်ဘတ်နဲ့ ဦးနှောက်ထဲမှာ ကောင်းမွန်တဲ့ ဇာတ်တော် အသစ်တွေ အများကြီး ရှိနေလို့ပါ။

ညောင်ရမ်း (မြန်မာ့ရိုးရာ လက်မှုထည် လုပ်ငန်း)

#လှည်းသားငါးရာဇာတ် #​ညောင်ရမ်း #ပန်းပု

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ညောင်ရမ်း မြန်မာ့ရိုးရာ လက်မှုထည်လုပ်ငန်း Nyaung Yan Arts & Crafts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share