30/01/2026
#ရေးမယ်
#၂ဝ၂၅မှာလုပ်နိုင်ခဲ့တဲ့အကျေနပ်ဆုံးအရာ
၂ဝ၂၅မှာလုပ်နိုင်ခဲ့တဲ့ .. အကျေနပ်ဆုံးအရာကတော့
🌹🌹🌹
ကျမ လေးစားရသော
မမကြည်ကြည် ပြောခဲ့သလို branding, networking, marketing တွေ
တတ်သလောက် လေ့လာပြင်ဆင်ကြိုးစားရင်း
၂ဝ၂၄ ကနဲ့စာရင် .. Social Network က အခုပိုမိုတိုးတက်လာလို့ ကိုယ့်ကိုကိုယ်ကျေနပ်ပါတယ်။
🌹🌹🌹
ကိုယ် အခုတတ်သလောက်လေးက
သိပြီးတတ်ပြီးသူတွေအတွက် ဘာမှမပြောပလောက်ပေမယ့် ကိုယ့်အတွက်ကတော့ ဘာမှမသိတာကနေပဲစခဲ့ရတာမို့ ဒီလောက်လမ်းပေါက်လာတာကိုပဲ ကျေနပ်ရပါတယ်။
ဘာမှသာ မလုပ်ခဲ့ရင် ဘာမှလည်းဖြစ်လာမှာမဟုတ်လို့
လုပ်ခဲ့မိတာပဲ ကျေဇူးတင်နေရပါတယ်။
🌹🌹🌹
နောက်တနှစ် .. ၂၀၂၆ မှာလည်း
ပညာ၊ ကုသိုလ်၊ ဥစ္စာတွေ
ဒီထက် .. ပိုမိုတိုးတက်ပြောင်းလဲလာဖို့
ထပ်မံ ကြိုးစားရအုံးမှာပေါ့ရှင် ။
Thanks a Lot❣
#ဘေဘီသျှံမေမေ
#ယာတောသူ
22Jan2026