01/09/2026
Admin ကစားစရာအသစ်တွေရောက်လာပါပြီ...
ဒါလေးတွေကရောင်းဖို့မဟုတ်ပါဘူး မင်လိုချင်လို့ဝယ်တာပါ 😁😁
Knitpro Mindful Petite Mini set
______________________________
2.0,2.25,2.5,2.75mm sizeသေး လေးမျိုးပါတဲ့setလေး...
5cm(2") နဲ့ 7.5cm(3") အရှည်နှစ်မျိုးနဲ့ တဆိုဒ် နှစ်စုံစီပါပါတယ်...
cableအတိုလေးတွေပဲပါလို့ cable အရှည်တွေပါတခါတည်းဝယ်လိုက်ပါတယ်ရှင် 😁
အပ်ဆိုဒ်အသေးလေးတွေက လိုရင်ရှာရခက်တာရော မင့်ဆီမှာမရှိတာရောကြောင့်ဝယ်လိုက်တာပါ...
Knitting needlesတွေကလေ setလိုက်ဝယ်ရင်ပိုတန်တယ်ထင်တာပဲ မင့်အမြင်ပေါ့နော်...
ဒီsetလေးကတော့ ဂျပန်ဘက်ကနေဝယ်ပါတယ်...
မင့်ဆီရှိတဲ့ တခြားsetတွေတော့ Julie's yarn shopက အစ်မဆီကဝယ်ခဲ့တာပါ...
Eucalan wool wash
___________________
သိုးမွှေးလို animals fiberတွေမှာ lanolinလို့ခေါ်တဲ့အဆီတမျိုးပါပြီး လူရဲ့ဆံပင်လိုမျိုးဖြစ်တာကြောင့် ရိုးရိုးအဝတ်လျှော်ဆပ်ပြာနဲ့လျှော်လို့မရပါဘူး...ကလေးရေချိုးဆပ်ပြာလို ဆပ်ပြာအပျော့လေးနဲ့လျှော်လို့ရပါတယ်...သူကတော့ဝယ်ရလွယ်ပြီး စျေးလည်းသက်သာတယ်...wool washကဝယ်ရခက်တယ် အဓိကကစျေးကြီးတယ်ပေါ့ 😁
Barber cord
____________
ဆွယ်တာ၊cardiganတွေကို လည်ပင်း or ကော်လာကနေစထိုးလို့ချိုင်းနားရောက်ရင် လက်သပ်သပ်၊ကိုယ်လုံးသပ်သပ်စီခွဲတဲ့အခါ မထိုးသေးတဲ့အပိုင်းကို ခဏရပ်ထားဖို့ဒီကြိုးလေးတွေကိုသုံးပါတယ်...knitting needlesထိပ်မှာတပ်ပြီးဆွဲယူလိုက်ရုံပဲမို့ လွယ်၊မြန်ပါပဲ 😁
မဖြစ်မနေလိုတာမျိုးမဟုတ်ပေမယ့် ရှိထားရင်တော့ကောင်းပါတယ်...မရှိလည်း ချည်အပိုသုံးပြီးholdထားလို့ရပါတယ်...
အမှန်က unboxing videoရိုက်တင်မလို့ပါပဲ...
unboxလုပ်ပြီးမှ videoရိုက်တာကိုမနှိပ်ထားမှန်းသိရတော့ အခုလိုစာအရှည်ကြီးရေးရတော့တာပါပဲ 😆
Adimရဲ့ဂယက်ထမှုလေးတဖြတ်ပေါ့ရှင်...
ဂျပန်ချည်တွေက တကယ်ထိုးကောင်းပါတယ်
စျေးသင့်ပြီး နှစ်ချောင်းထိုးသမားတွေတွက်ရှာရခက်တဲ့ချည်တွေကို မင်အဓိကထားပြီးရောင်းပါတယ်...
အားလုံးပဲ happy knitting,happy crocheting ❤❤❤