27/04/2026
The Sniff Witch ရဲ့ နှင်းဆီဖြူလေးနဲ့ တွေ့တဲ့နောက် . . .
𝗥𝗘𝗩𝗜𝗘𝗪 : 𝗛𝗲𝗿 𝟭 𝗪𝗵𝗶𝘁𝗲 𝗥𝗼𝘀𝗲 𝗯𝘆 𝗞𝗢𝗞𝗢 𝗛𝗼𝗺𝗲.
◽️ ဒါလေးက စမ်းဖူးသလောက် Local perfumeတွေထဲမှာ တကယ့်ကို Ultimate Girlfriend Scent ပါပဲ ယူတို့ရေ .. ကိုယ့်ကောင်လေးရဲ့ protecter instinct ကို လှုပ်နှိုးစေမယ့်အနံ့လေး...
◽️ ဖြူစင်မှု နူးညံ့မှု မိန်းမသားဆန်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ white rose ကို ချစ်စရာကောင်းအောင် ဖန်တီးပေးထားတာလေး ။
Soft Sweet Clean yet very Classy.
◽️ နှင်းဆီပန်းဖြူဖြူလေးတွေကို blackcurrentရဲ့အချိုပျပျလေး ရောထားတယ်။ Orrisက မဆိုစလောက်လေး powdery ဖြစ်စေတယ်လို့ တို့မြင်ပါတယ်။ ဒါပေမယ့် youthful ဖြစ်နေသေးအောင်လို့ lily of the valley အစရှိတဲ့ fresh notesတချို့ကို backdrop အနေနဲ့လည်း ထည့်ထားပါသေးတယ်။ Woody notesတွေက depth လေးတစ်ခု ပံ့ပိုးပေးထားတယ်။ Amber နဲ့ musk ကလည်း အတိုင်းတာတစ်ခုအထိ expensive smelling ဖြစ်စေပါတယ်။
💭 နူးညံ့တယ် နှင်းဆီနံ့ကို အနေတော်လေးချိုတယ် Airy ဖြစ်တယ် ပေါ့ပါးတယ် ယဥ်တယ် သင်းတယ်
◽️ အနံ့လေးရလိုက်တာနဲ့ ဖြူစင်မှုအပြည့်ရှိတဲ့ မိန်းမသားဆန်ဆန် အပြုံးချိုချို မိန်းကလေးတစ်ယောက်ကို မြင်ရသလိုပါပဲ။ မာယာများတဲ့လောကကြားမှာ ပင်ကိုယ်ကောင်းမွန်မှုလေး ပျောက်ဆုံးမသွားတဲ့ မိန်းကလေးပေါ့။ အဲ့ဒီကောင်မလေးသာ ကိုယ့် girlfriend လေးဖြစ်ရင် တယုတယနဲ့ ချစ်ကြင်နာပေးမယ်ဆိုတဲ့စိတ်မျိုး ဖြစ်လာချင်စရာအနံ့လေးပါ။
◽️ ရိုးရိုးသားသားပြောရရင် Chloe Signature နဲ့ ရနံ့လေးနဲ့ vibe လေး အနည်းငယ်ဆင်တယ်လို့ ခံစားရတယ်။ ဒါပေမယ့် Chloe က Rose + peony အဓိကရနံ့ဖြစ်ပြီးတော့ pinky vibe . Her 1 က white rose + blackcurrent + amber ကို white rose vibe ဆိုတော့ ကွာတာတော့ ကွာပါတယ်။ ဒါ ကြိုပြောထားတာ။ နောက် Versace Atelier line ထဲက Eclat de Rose နဲ့လည်း vibe ဆင်ပါတယ်။
◽️ Spray head ကောင်းတယ်။ ဖြန်းဖြန်းချင်း alcoholအနံ့မပြင်းဘူး။ Ingredient ကွာလတီကောင်းတာသုံးထားတယ်လို့ ယူဆရသလို perfumer ရဲ့ ဖော်စပ်မှုကလည်း smooth ဖြစ်တယ်လို့မြင်တယ်။
◽️ Longivity 7-8 hrs အသားပေါ်တစ်ချက် အဝတ်ပေါ်တချက် ဆွတ်တာ အသာလေးရတယ်။ After 5 hr မှာ Sillage လျော့တယ်။ အချက်ရေပိုဆွတ်ရင်တော့ မပြောတတ်။
◽️ Her 1 White Roseက Local Perfume ထဲမှာ KoKo Home ၁၀နှစ်ပြည့်အဖြစ်နဲ့ local perfumer မခင်ဆွေရဲ့ ကိုယ်တိုင်creationနဲ့ ထုတ်ထားတာလို့ သိရပါတယ်။ Inspired မဟုတ် Cloneမဟုတ်တာလေး။ တစ်သိန်းအောက်နဲ့ တကယ့်ကို Designer Brand မှီတဲ့ ကွာလတီပါ။
♦️ 𝘿𝙞𝙨𝙘𝙡𝙖𝙞𝙢𝙚𝙧 : 𝙂𝙞𝙛𝙩𝙚𝙙 𝙗𝙪𝙩 𝙄 𝙬𝙧𝙞𝙩𝙚 𝙬𝙝𝙖𝙩 𝙞 𝙛𝙚𝙚𝙡 𝙘𝙖𝙪𝙨𝙚 𝙬𝙝𝙮 𝙣𝙤𝙩? 😉
🤍 𝐋𝐨𝐯𝐞,
𝐓𝐡𝐞 𝐒𝐧𝐢𝐟𝐟 𝐖𝐢𝐭𝐜𝐡 .
#ကိုကို့အိမ်ဆိုင်ရန်ကုန် #ကိုကို့အိမ်ဆိုင်
#ရန်ကုန် #မန္တလေး
#သဘာဝထုတ်ကုန်အမွှေးရနံ့များ
#နံ့သာအမွှေးတိုင်
#အမွှေးဖယောင်းတိုင်
#ကားရေမွှေး #အိမ်ရေမွှေး
#တကိုယ်ရေသုံးရေမွှေး
#အိမ်သုံးအမွှေးအကြိုင်များ #မြန်မာ့ရနံ့များ
#ပြည်တွင်းဖြစ်လက်ဆောင်ပစ္စည်းအရောင်းဆိုင်
#မြန်မာပြည်တွင်ထုတ်လုပ်သည်
#ပြည်တွင်းဖြစ်ကိုအားပေးပါ