Galaxy Star Jewelry Pte Ltd

Galaxy Star Jewelry Pte Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Galaxy Star Jewelry Pte Ltd, Yangon.

21/02/2019
21/02/2019

“တရားမဝင် မြေချပါမစ်၊ မီတာ လေးမျိုးနှင့် ငလျင်ဒဏ်
စစ်ဆေးမှု သတင်းများ”

၁။ "မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဝန်ထမ်းများအနေဖြင့်
တရားမဝင်မြေချပါမစ် ထုတ်ပေးခြင်းများ ဆောင်ရွက်ခြင်း
တွေ့ရှိပါက စိစစ်အရေးယူ ဆောင်ရွက်သွားမည်"

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဝန်ထမ်းများအနေဖြင့်
တရားမဝင်မြေချပါမစ် ထုတ်ပေးခြင်းများ ဆောင်ရွက်ခြင်း
တွေ့ရှိပါက၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ လုပ်ထုံး
လုပ်နည်းနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ဒေါ်နီလာကျော် က ပြောကြားသည်။

ဖေဖော်ဝါ ရီ ၉ ရက်က တတိယအကြိမ်၊ ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန် အစည်းအဝေး (စတုတ္ထနေ့)
၌ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင် ၏မေးခွန်း
နှင့် ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းလွှတ်တော်အစည်းအဝေးတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)
မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ်
ဦးကျော်ကျော်မောင်၏ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ
ရပ်ကွက်အချို့တွင် ၂၀၁၇ ခုနှစ်အတွင်း မြေကွက်များစွာကို
မြို့ရွာနှင့်အိုးအိမ် ဌာနမှ မြေချပါမစ်များ ထုတ်ပေးထားပြီး
ယင်းမြေချပါမစ်များ ထုတ်ပေးထားခြင်းမှာ မှန်ကန်မှုမရှိ
သဖြင့် ပြန်လည်စိစစ်အရေးယူ ဆောင်ရွက်ရန် အစီအစဉ်
ရှိ၊မရှိ သိရှိလိုကြောင်း ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး
လျှပ်စစ်၊စက်မှုလက်မှု နှင့်လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး
ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်
ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မြေချပါမစ်ရရှိသူအချို့မှ မြို့ပြဖွံ့ဖြိုးမှု အားနည်းနေသည့်
နေရာများတွင် ၄င်းတို့ရရှိသည့် မြေကွက်များကို လက်ခံရယူ
အဆောက်အဦ ဆောက်လုပ်နေထိုင်ခြင်းမပြုဘဲ လက်လွှဲ
ရောင်းချမှုများအရ မြေယာဈေးကစားသူများ လက်ဝယ်
ရောက်ရှိပြီး အဆင့်ဆင့်ရောင်းဝယ်ခြင်း၊ လက်လွှဲခြင်း
ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြေနေရာလက်ရောက်ရယူမှုမရှိခြင်းနှင့် မြေချပါမစ်ကိုသာ
ရယူပြီး အဆင့်ဆင့်လက်လွှဲရောင်းချမှုများဆောင်ရွက်ခြင်း
တို့ကြောင့် မြေချပါမစ်အတုပြုလုပ်ရောင်းဝယ်ခြင်းများ
ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ၂၀၁၂ခုနှစ်မှ
စ၍ မြို့သစ်ရှိမြေကွက်များအား ဦးစီးဌာနအစီအစဉ်ဖြင့်
မြေချပါမစ် ထုတ်ပေးမှုလုပ်ငန်းကို ဆောင်ရွက်ခြင်းမရှိတော့
ပါကြောင်းနှင့် ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် တရားမဝင်
မြေချပါမစ်ထုတ်ပေးခြင်းများ ဆောင်ရွက်ခြင်းတွေ့ရှိပါက၊
ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ လုပ်ထုံးလုပ်နည်းနှင့်အညီ
စိစစ်အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု
ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ၂၀၁၂ခုနှစ်မှ
စ၍ ဦးစီးဌာနအစီအစဉ်ဖြင့် မြေချပါမစ်ထုတ်ပေးခြင်းလုပ်ငန်း
ကို ဆောင်ရွက်ခြင်းမပြုတော့ဘဲ ယင်းလုပ်ငန်းများမှာ
(က) ရန်ကုန်တိုင်းဒေသကြီးအဖွဲ့သို့ လွှဲအပ်ထားသည့်
အရန်မြေများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
ချထားပေးပြီး မြေချပါမစ် ထုတ်ပေးရန် ညွှန်ကြားလာပါက
မြေချပါမစ် ဆောင်ရွက်ပေးခြင်း၊
(ခ) ၁၉၈၈ ခုနှစ်နောက်ပိုင်း ဝန်ကြီးဌာနများ၊ အုပ်ချုပ်ရေး
အဖွဲ့အစည်းများမှ မြို့သစ်များသို့ပြောင်းရွှေ့ပေးရာတွင်
ထုတ်ပေးခဲ့သည့် မြေချစလစ်များအား မြေချပါမစ်ထုတ်
ပေးခြင်း၊
(ဂ) လုပ်သက် (၁၅)နှစ်အထက် ဝန်ထမ်းမြေကွက်ရရှိသူများ
နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိခိုက်ကျဆုံး ဒဏ်ရာရ
စစ်သည်များနှင့် ၄င်းတို့၏အမွေဆက်ဆံသူများအား ချပေး
ထားသည့်မြေကွက်များကို မြေချပါမစ်ထုတ်ပေးခြင်းတို့ကို
သာ ဆောင်ရွက်ပေးလျက်ရှိပြီး အထက်အပိုဒ်ပါ ကိစ္စရပ်များ
အတွက် မြေချပါမစ်ပြုလုပ်ပေးပြီးပါက အဆိုပါမြေချပါမစ်များ
အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့
ဆက်လက် လွှဲပြောင်းပေးလျက် ရှိကြောင်း
ဆက်လက်ပြောကြားသည်။

ဝန်ကြီးကဖြေကြားရာတွင်
“မြေချပါမစ်ဆိုသည်မှာ စည်ပင်မှုမရှိသည့် မြို့သစ်ဒေသများ
တွင် အိမ်ရာဆောက်လုပ်ဖို့် အတွက် စည်းကမ်းချက်တွေ
သတ်မှတ်များ ချပေးထားခြင်း ဖြစ်ပါတယ်။
မြေချပါမစ်များကို သတ်မှတ်စည်းကမ်းချက်များအရ၊
တဆင့်ရောင်းဝယ်ခြင်း၊ လက်လွှဲခြင်းမပြုနိုင်ပါ။
အိမ်ရာအဆောက်အဦ ဆောက်လုပ်ပြီးပါက မြေငှားစာချုပ်
လျှောက်ထားရန်ဖြစ်တယ်။
မြေချပါမစ်ရရှိသူများက မြေချပါမစ်ရရှိပြီးပါက မြေလက်ရောက်
ယူပြီး အိမ်ရာဆောက်လုပ်ရန် တာဝန်ရှိပါတယ်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေနဲ့ ရန်ကုန်စည်ပင်
သာယာရေးနယ်နိမိတ်အတွင်း မြေယာစီမံခန့်ခွဲမှု လုပ်ငန်း
များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့
၁၉၉၂ ခုနှစ်မှ ၂၀၀၄ အထိ လွှဲပြောင်းပေးခဲ့ပြီး၊
၂၀၁၂ခုနှစ်မှ ယနေ့အထိ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများအား
လွှဲပြောင်းပေးလျက်ရှိရာ ဆောင်ရွက်ဆဲ အိမ်ရာ စီမံကိန်း
အချို့သာ ကျန်ရှိပြီး ၉၅% ခန့် လွှဲပြောင်း ပေးပြီး ဖြစ်ပါတယ်။
ကျန်ရှိအိမ်ရာစီမံကိန်းများကိုလည်း အပြီးသတ် လွှဲပြောင်းရန်
ဆောင်ရွက်လျက်ရှိပါတယ်။ ”ဟုဆက်လက်
ဖြေကြားခဲ့သည်။

*****

၂။ "သုံးစွဲမှု အနည်းအများပေါ် မူတည်ပြီး မီတာခ ကောက်ခံ
နိုင်ရန် မီတာတပ်ဆင်မှုကို အမျိုးအစားလေးခု ဆောင်ရွက်မည်
ဖြစ်ပြီး မီတာခနှုန်းထားကိုလည်း ပြင်ဆင်မည်ဟုဆို"

လျှပ်စစ်သုံးစွဲမှုနည်းသော ပြည်သူများ ပိုမိုအဆင်ပြေစေရန်
နှင့် လျှပ်စစ်သုံးစွဲမှု အနည်းအများအပေါ် မူတည်ပြီး မီတာခ
ကောက်ခံနိုင်ရန်အတွက် မီတာလေးမျိုး
(Four Meter System) ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မီတာခ
ကိုလည်း ပြင်ဆင်သတ်မှတ်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ
၈ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel တွင် ပြုလုပ်သည့်
Myanmar-Korea Investment Promotion Seminar
အခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ
လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောကြားသည်။

“မီတာလေးမျိုးရှိတယ်။
အဲဒီမီတာလေးမျိုးမှာ သာမာန်ပြည်သူတွေသုံးတဲ့ မီတာမျိုး
နောက်ထပ် ဒီထက်ပိုပြီး ယူနစ်များများသုံးချင်တဲ့ လူမျိုး
အတွက် ပုံစံတစ်မျိုး သူ့ဂရိတ်တွေတော့ ရှိတာပေါ့။
အသေးစိတ်ကိုတော့ ကျွန်တော်အကုန်လုံး အလွတ်မရဘူး။
ဒီလိုလေးမျိုး ပြန်လည်တက်ဆင်ဖို့ ရှိတယ်။
အဲဒီလိုမျိုး ပြန်လည်တပ်ဆင်တဲ့ အခါမှာလည်း ဘာလို့
မီတာခ အနည်းဆုံးနဲ့ တပ်ဆင်ဖို့ရှိတယ်ဆိုတာ ပြည်သူတွေ
အနည်းဆုံး သုံးနိုင်တဲ့ ပြည်သူတွေရှိတယ်။
အဲဒီလိုမျိုး တပ်ဆင်တဲ့အခါမှာ အရင်တုန်းက မီတာတစ်မျိုးထဲ
နှစ်မျိုးထဲပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ မီတာတပ်ဆင်တဲ့အခါမှာ
နည်းနည်းလေးသုံးတဲ့သူလည်း အများကြီး ပေးရတယ်။
အခုက နည်းနည်းသုံးတဲ့သူလည်း တပ်ဆင်ခ နည်းနည်းပဲ
ပေးရတဲ့စနစ်မျိုးကို ပြောင်းမယ်။
အဓိကတော့ အနည်းလေးသုံးတဲ့ ပြည်သူတွေကို သက်သာ
စေချင်လို့” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ
လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မီတာခ ပြန်လည်ပြင်ဆင်ရန် အတွက်
လက်ရှိမီတာခနှုန်းထားများကို ပြန်လည်သုံးသပ် တွက်ချက်မှုများ
ဆောင်ရွက်နေပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊
ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ လွှတ်တော်တို့မှ
အားလုံးသဘောတူညီမှု ရရှိမှုဖြင့်သာ ပြောင်းလဲ ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း သိရသည်။

“မီတာလေးမျိုးပုံစံနဲ့ ထုတ်ပြန်မယ်ဆိုတာ ဟုတ်တယ်။
မီတာခက ဘယ်လိုပြင်ဆင် သတ်မှတ်မလဲ ဆိုတာကတော့
ဒါက အခုမှ ဈေးနှုန်းကို ပြန်လည်သုံးသပ်နေတုန်းပဲ
ရှိပါတယ်။
ဈေးနှုန်းပြန်လည် သုံးသပ်ရတဲ့ နေရာမှာလည်း ပြန်လည်
တွက်ချက်ရတာ ရှိပါတယ်။
ပြီးရင်လည်း သက်ဆိုက်ရာ ၀န်ကြီးဌာနတွေ ပြည်နယ်နဲ့
တိုင်းအစိုးရတွေ လွှတ်တော်တို့ အဲ့ဒါတွေ အကုန်လုံး
သဘောတူပြီး အခြေနေရောက်တော့မှာမှ ပြုပြင်ပြောင်းလဲ
မှာ ဘယ်တော့ပြုပြင် ပြောင်းလဲမှာလည်း ဆိုတာက
လောလောဆယ်မှာ ပြောလို့မရသေးဘူး” ဟု ဦးမင်းမင်းဦး
က ပြောကြားသည်။

လက်ရှိအချိန်တွင် မီတာတပ်ဆင်မှုမှာ အိမ်သုံးမီတာနှင့်
လုပ်ငန်းသုံး (ပါဝါ) မီတာ နှစ်မျိုးသာရှိသည်။ ထို့ကြောင့်
မီတာသုံးစွဲသည့်ပြည်သူများ မီတာခ သက်သာစေရန်
မီတာအသုံးပြုသည့် နှုန်းထားအပေါ် လိုက်ကာ အဆင့်
လေးဆင့် သတ်မှတ်ပြီး မီတာတပ်ဆင်မှု ပုံစံလေးမျိုး ခွဲခြား
သွားရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“Four meter system လုပ်မယ်။
လူထုရွေးချယ်စရာရှိတယ်။ ရွေးချယ်ခွင့်ရှိတယ်။
ဈေးလည်းတော်တော် သက်သာသွားမယ်။
ဆိုလိုတာကတော့ နှစ်သောင်းခွဲ သုံးသောင်း ၀န်ကျင်
လောက်ပေါ့။
လူထုအတွက် မီတာနဲ့ ပတ်သက်လို့ အတော်လေး
အဆင်ပြေသွားမယ်” ဟု လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးသုံးစွဲသူ ၁၀ ဒသမ ၈၇၇ သန်း
အနက် ၄ ဒသမ၂၈၉ သန်း (၃၉ ဒသမ ၄ ရာခိုင်နှုန်း)
လျှပ်စစ်မီးရရှိပြီး ဖြစ်ကာ ၆ ဒသမ ၅၈၈ သန်း လျှပ်စစ်မီး
ရရှိရန် ကျန်ရှိနေသေးကြောင်း၊
မြို့နယ်အားဖြင့် ၄၈၂ မြို့အနက် ဓာတ်အားစနစ်ကို
မြို့ပေါင်း ၃၅၀ မှ ရရှိပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်
ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် လျှပ်စစ်ဓာတ်အား သုံးစွဲမှု
နှုန်းထားသည် ၁၅ ရာခိုင်နှုန်းရှိပြီး ယင်းတိုးတက်မှု နှုန်းများ
အရ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၄၅၃၁ မဂ္ဂါဝပ်
အထိ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။

(ဇေယျာငြိမ်း)

*****

၃။ "ငလျင်ဒဏ် စစ်ဆေးမှု ရန်ကုန်မြို့တွင်း မြို့နယ်
ငါးမြို့နယ်၌ ပြီးစီးဟု ဆို"

ရန်ကုန်မြို့ရှိ Down Town ခြောက် မြို့နယ်မှ
အဆောက်အအုံများကို ငလျင်ဒဏ် ခံနိုင်မှု ၂ဝ၁၆ ခုနှစ်က
စတင်စစ်ဆေးခဲ့ရာ လက်ရှိ ငါးမြို့နယ် ပြီးစီးသွားကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
အင်ဂျင်နီယာဌာန အဆောက်အအုံမှ သိရသည်။

မြို့တွင်းရှိပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊
လသာနှင့် လမ်းမတော်မြို့နယ် များရှိ အဆောက်အအုံများ
ကို မျက်မြင်အခြေအနေ အရ
Grean (ပြုပြင်ရန်မလိုအပ်)၊
Yellow (ပြုပြင်သင့် အခြေအနေ) နှင့်
Red (နက်နက် ရှိုင်းရှိုင်း ပြုပြင်ရန် လိုအပ်) ဟူ၍
အရောင်သုံးမျိုး ခွဲ၍ စစ်တမ်းကာက်ယူ ခဲ့သည်။

ရန်ကုန်မြို့ရှိ အဆောက်အအုံများသည် ရစ်ခ်ျစတာစကေး
၆ ခန့်ရှိသည့် ငလျင်လှုပ်ပါက ပြိုကျနိုင်ခြေရှိကြောင်း
''နေရာအကွာအဝေးနဲ့ ဇောက်အတိမ်အနက်ပေါ်လည်း
မူတည်ပါတယ်။
သက်ရောက်တဲ့နေရာမှာရှိတဲ့ မြေအမျိုးအစားညံ့ရင်တော့
ပိုထိခိုက်တယ်။
မြန်မာနိုင်ငံ ငလျင်အသင်းက ပြောတာလည်း မှန်ပါတယ်။
ရစ်ခ်ျစတာစကေး ၆ လောက်ဆိုရင် ပြိုမယ်ဆိုတာ
အကြမ်းဖျဉ်း ယေဘုယျ အခြေအနေကိုပြောတာပါ။
အဲဒါကို မှားတယ်လို့ မဆိုလိုပါဘူး'' ဟု ရန်ကုန်မြို့တော်
စည်ပင်သာရေး ကော်မတီအင်ဂျင်နီယာဌာန အဆောက်အအုံ
မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယခင် ၂ဝ၁၃ ခုနှစ် ရှေ့ပိုင်းတွင် တည်ဆောက်သည့်
အဆောက် အအုံများသည် ငလျင်ဒဏ်ခံနိုင်ရည်ရှိရန်
ထည့်သွင်းတွက်ချက်ထားခြင်း မရှိသည့်အတွက် စည်ပင်က
ပြန်လည်စစ်ဆေးခြင်းဖြစ်ပြီး တွေ့ရှိချက်များကို စိစစ်နေဆဲ
ဖြစ်ပြီး ၎င်းလုပ်ငန်းများ ပြီးစီးပါက စည်ပင်က အဆောက်
အအုံပိုင်ရှင်များကို အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း
အဆိုပါ ဌာနက သိရသည်။

အင်ဂျင်နီယာဌာနအဆောက်အအုံ က ရန်ကုန်မြို့ရှိမြေများ
ကို A, B, C, D, E, F ဟူ၍ အဆင့်အလိုက် မြေအမျိုးအစား
ကောင်း သည်၊ ညံ့သည်ကို သတ်မှတ်ထားကြောင်း
သိရသည်။

(လူလေး)

credit - Xinhua Myanmar / Eleven Media Group
& The Myanmar Times

**********

“အိမ်ခြံမြေ လမ်းဆုံ” မိတ်ဆွေများခင်ဗျာ -
------------------------------------------------

အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ကြော်ငြာများအား
အောက်ပါ link ကိုနှိပ်၍ လေ့လာနိုင်ပါတယ်။

https://www.facebook.com/permalink.php?story_fbid=1183546585087612&id=726764717432470&substory_index=0

**********

“အိမ်ခြံမြေ လမ်းဆုံ” မှတင်သော post များကို
ဆက်လက် ဖတ်ရှုလိုပါလျှင်
ဤ post ထိပ်ဆုံးမှ “အိမ်ခြံမြေ လမ်းဆုံ” နေရာကိုနှိပ်ပါ။
“အိမ်ခြံမြေ လမ်းဆုံ” page ရောက်လျှင်
ဦးဆုံးတွေ့သည့် “Like” ကို နှိပ်ထားလိုက်ပါ။

21/02/2019

ဟိန်းစည်ရဲ့ Japan Corporation အတွက် ဆွဲထားတဲ့ ဒီဇိုင်း
အလုပ်ရရင် ပေ ၁၅၀၀၀ လောက် လုပ်ရမယ့်အလုပ် ဈေးနှူန်း quotation ကတော့ အလုပ်ပြီးမှတင်တော့မယ်

Address

Yangon

Alerts

Be the first to know and let us send you an email when Galaxy Star Jewelry Pte Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Galaxy Star Jewelry Pte Ltd:

Share