S' Knots Gallery

S' Knots Gallery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from S' Knots Gallery, No.207, Parami Road, South Okkalapa Township, Yangon.
(Opposite of Shwe Man Thu, Yangon.

"ငယ်ငယ်က အမေ့ဈေးခြင်းလေးထဲမှာ ဘာတွေပါလာမလဲဆိုပြီး ရင်ခုန်ခဲ့ရတဲ့ အချိန်တွေကို မှတ်မိသေးရဲ့လား?"အသားငါး၊ အသီးအရွက်တွေတင်မ...
07/02/2026

"ငယ်ငယ်က အမေ့ဈေးခြင်းလေးထဲမှာ ဘာတွေပါလာမလဲဆိုပြီး ရင်ခုန်ခဲ့ရတဲ့ အချိန်တွေကို မှတ်မိသေးရဲ့လား?"
အသားငါး၊ အသီးအရွက်တွေတင်မကဘဲ သားသမီး‌တွေအတွက် ကစားစရာတွေ ကလစ်‌လေးတွေကအစ ပါလာတတ်တဲ့ အမေ့ရဲ့ ဂရုစိုက်မှု၊ နွေးထွေးမှုတွေကို Canvas ပေါ်မှာ Macrame ကြိုးလေးတွေနဲ့ ပြန်လည်အသက်သွင်းထားတာပါ။
ဒီ 'ဈေးခြင်းလေး' ဆိုတဲ့ wall decor လေးက သင့်အိမ်ရဲ့ နံရံပေါ်မှာ မိသားစုချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုတွေကို အမြဲတမ်း သတိရ‌နေစေမယ့် အနုပညာလက်ရာလေးတစ်ခု ဖြစ်ပါတယ်🖤

ဈေးခြင်းလေး
01/02/2026

ဈေးခြင်းလေး

ပျိုမေတိုင်း တစ်ခုတော့ ရှိထားသင့်တဲ့ ချည်ခါးပတ်လေး
29/01/2026

ပျိုမေတိုင်း တစ်ခုတော့ ရှိထားသင့်တဲ့ ချည်ခါးပတ်လေး

ဈေးခြင်းလေးနှလုံးသားဆီကိုအမြန်ဆုံးရောက်နိုင်မယ့် တစ်ခုတည်းသောလမ်းက အစာအိမ်ကနေပါတဲ့! ဒါကြောင့်လည်း ချစ်ရတဲ့သူတွေစားဖို့ ပ...
25/01/2026

ဈေးခြင်းလေး

နှလုံးသားဆီကိုအမြန်ဆုံးရောက်နိုင်မယ့် တစ်ခုတည်းသောလမ်းက အစာအိမ်ကနေပါတဲ့!
ဒါကြောင့်လည်း ချစ်ရတဲ့သူတွေစားဖို့ ပြင်ဆင်ချက်ပြုတ်ပေးတာ၊ အရေးပါတဲ့စကားတွေကိုစားသောက်ရင်းပြောကြတာပေါ့လေ၊

အစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်ပေးတာဟာ စိတ်အာရုံတွေကိုဖမ်းစားနိုင်ဖို့၊ နှလုံးသားတွေနွေးထွေးပျော်ရွှင်ဖို့ ၊ ကျန်းမာသန်စွမ်းဖို့ပါ၊

အိမ်မှာတော့ ဝယ်ခြမ်းချက်ပြုတ်တာဟာ အချက်အပြုတ်ဝါသနာပါတဲ့အမေတာဝန်ယူတာပါ၊ ချက်ပြုတ်ဖို့ ပထမအဆင့်ကတော့ ဈေးခြင်းလေးဆွဲပြီးဈေးဝယ်ရတာပေါ့၊

အမေ့ဈေးခြင်းလေးထဲမှာ အသား၊ငါး၊ အသီးအရွက်၊ သစ်သီးနဲ့ သွားရည်စာမုန့်လေးတွေအပြင် သမီးတွေအတွက် ကလစ်ပိစိလေးတွေကလည်းပါလာတတ်သေးတယ်၊

ငယ်ဘဝတုန်းက အမေ့ဈေးခြင်းလေးထဲက ပစ္စည်းတစ်ခုစီထုတ်တာကိုထိုင်ကြည့်တဲ့အရွယ်ကနေ အိမ်ရှေ့ကနေစောင့်ကြိုပြီး ဈေးခြင်းလေးကူဆွဲ‌သယ်ပေးတဲ့အရွယ်၊ဈေးခြင်းလေးကိုင်ပြီး ဈေးအတူတူသွားတဲ့ အရွယ်၊ကိုယ်တိုင်ဈေးခြင်းကိုင်ပြီးဈေးသွား ချက်ပြုတ်တတ်တဲ့အရွယ်ထိ ဈေးခြင်းတောင်းလေးတွေ အစုံကိုင်ရတာပေါ့၊

ဈေးခြင်းတောင်းလေးတွေပြောင်းသွားပေမယ့် အမေ့လက်ရာထမင်းဟင်း‌တွေနဲ့ ထမင်းဝိုင်းလေးရဲ့ နွေးထွေးပျော်ရွှင်မှုတွေကတော့ အရင်အတိုင်းပါပဲ၊

ဈေးကနေ ထမင်းစားပွဲပေါ်ထိ ဈေးခြင်းတောင်းလေးက ပစ္စည်းတွေသယ်ပေးတဲ့ခြင်းလေးတစ်လုံးမကပါဘူး
မိသားစုချစ်ခြင်းမေတ္တာ၊ နွေးထွေးမှု၊ ‌ကျန်းမာပျော်ရွှင်မှု၊ စည်းလုံးမှုတွေပြည့်နေတဲ့ ထမင်းဝိုင်းလေးရဲ့ ကနဦးအစပျိုးရာကတော့ အမေ့ရဲ့ဈေးခြင်းတောင်းလေးပါပဲ၊

အိမ်နဲ့အဝေးနေရသူ‌အတွက် ဈေးခြင်းတောင်းလေးက သယ်ပေးခဲ့တဲ့အမေ့လက်ရာ ထမင်းဟင်းတွေ၊ မိသားစုထမင်းဝိုင်းရဲ့ နွေးထွေးပျော်ရွှင်မှုတွေကို လွမ်းဆွတ်ရင်း ဈေးခြင်းလေး‌တွေကို သတိရမိလို့ ဒီ wall hanging လေးကို ဖန်တီးဖြစ်ခဲ့ပါတယ်၊

အိမ်တိုင်းအိမ်တိုင်းမှာလည်း ဒီလို ပလတ်စတစ်‌ရောင်စုံနဲ့ယက်ထားတဲ့ ခြင်းလေးတစ်လုံးစီတော့ရှိမယ်ထင်ပါတယ်၊

ဈေးခြင်းလေးလို့အမည်ပေးဖြစ်တဲ့ Wall decor လေးကိုတော့ canvas ပေါ်မှာ macrame ကြိုးလေးတွေယက်ပြီး ဖန်တီးထားတာပါ၊

ကြိုက်နှစ်သက်တယ်ဆို page messenger မှာ စုံစမ်းမှာယူနိုင်ပါတယ်ရှင်!

Product Detail
Materials: 100% macrame cotton cord၊ canvas
Size: 10"×12"
Color: customization available

S' Knots ရဲ့ boho wall hanging လေးနဲ့ ပြီးပြည့်စုံနေတဲ့ ဧည့်ခန်းလေးရဲ့အလှ
23/01/2026

S' Knots ရဲ့ boho wall hanging လေးနဲ့ ပြီးပြည့်စုံနေတဲ့ ဧည့်ခန်းလေးရဲ့အလှ

ဦးထုပ်လေးတွေကို  S' Knots က Macrame hat hanger လေးနဲ့ စတိုင်ကျကျ လှလှပပလေးသိမ်းရအောင်နော်
22/01/2026

ဦးထုပ်လေးတွေကို S' Knots က Macrame hat hanger လေးနဲ့ စတိုင်ကျကျ လှလှပပလေးသိမ်းရအောင်နော်


Macrame coaster: Functional art for everyday life
18/01/2026

Macrame coaster: Functional art for everyday life

S' Knots ရဲ့ coaster လေးတွေကအပူ/အအေးခံ၊ စားပွဲကိုအပွန်းအပဲ့ နည်းစေတဲ့အပြင် 100% cotton နဲ့ ဖန်တီးထားတာကြောင့် ပြန်လျှော်...
16/01/2026

S' Knots ရဲ့ coaster လေးတွေက
အပူ/အအေးခံ၊ စားပွဲကိုအပွန်းအပဲ့ နည်းစေတဲ့အပြင် 100% cotton နဲ့ ဖန်တီးထားတာကြောင့် ပြန်လျှော်ပြီးအသုံးပြုလို့ရတဲ့ eco-friendly product လေးဖြစ်တာမလို့ သဘာဝပတ်ဝန်းကျင်ကိုအလေးထားသူတွေအတွက် ရှိသင့်တဲ့ပစ္စည်းလေးတစ်ခုပေါ့ရှင်

Macrame coaster လေးတွေက S' Knots မှာ customer တွေအမှာအများဆုံး decor လေးတွေထဲက တစ်ခုပါရှင်

မိမိစိတ်ကြိုက်အရောင်နဲ့ sizeကို ဖန်တီးပေးတာမို့ ကြိုက်နှစ်သက်တယ်ဆို page messenger မှာ မှာယူနိုင်ပါတယ်ရှင် 🖤

Still hereStill knotting
28/12/2025

Still here
Still knotting

Art on denim
21/12/2025

Art on denim


15/12/2025

S' Knots is here
Coffee.Denim.Dreams

-Jeans your future

Address

No.207, Parami Road, South Okkalapa Township, Yangon. (Opposite Of Shwe Man Thu
Yangon
11091

Website

Alerts

Be the first to know and let us send you an email when S' Knots Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to S' Knots Gallery:

Share