21/08/2026
ဧရာဝတီတိုင်းအတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒုက္ခကို ရင်ဆိုင်နေရသော ပြည်သူများအတွက် BENEVOLENCE မိသားစုမှ စာနာမှုဖြင့် ကူညီလှူဒါန်းခဲ့ပါသည်။
ယခုလို အခက်အခဲနှင့် စိန်ခေါ်မှုများကြားတွင် ရေဘေးသင့်မိသားစုများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရန်နှင့် အားပေးဖေးမနိုင်ရန် ရည်ရွယ်၍ ပါဝင်လှူဒါန်းခြင်း ဖြစ်ပါသည်။
လှူဒါန်းမှုသည် ပမာဏမည်မျှပင်ဖြစ်စေ၊ စေတနာနှင့်အတူ ပေါင်းစည်းလိုက်သောအခါ အားတစ်ခု ဖြစ်လာနိုင်ပါသည်။
ရေဘေးသင့်ပြည်သူများအားလုံး ဘေးအန္တရာယ်များမှ အမြန်ဆုံးကျော်လွှားနိုင်ကြပြီး မိသားစုများနှင့်အတူ အေးချမ်းလုံခြုံစွာ ပြန်လည်ရပ်တည်နိုင်ကြပါစေကြောင်း BENEVOLENCE မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🤍
BENEVOLENCE
With Compassion, We Care.
-----------------------------------
🤍 BENEVOLENCE Family Stands with the Flood-Affected Communities of Ayeyarwady Region
In response to the severe flooding in Ayeyarwady Region, the BENEVOLENCE Perfume Family has made a donation with heartfelt compassion and solidarity to support those affected by the disaster.
During times of hardship and uncertainty, we believe that every act of kindness can make a difference.
This contribution is our small way of extending support, comfort, and encouragement to families who are facing difficult circumstances.
No matter how small a contribution may seem, when it comes from a sincere heart and comes together with the kindness of others, it can become a meaningful source of strength.
We sincerely hope that all those affected by the floods will overcome these difficult days soon and return to safe, peaceful, and stable lives with their loved ones.
With heartfelt compassion,
BENEVOLENCE Perfume Family 🤍
With Compassion, We Care.