𝕄𝕠𝕟'𝕤 ℍ𝕒𝕟𝕕𝕞𝕒𝕕𝕖

𝕄𝕠𝕟'𝕤 ℍ𝕒𝕟𝕕𝕞𝕒𝕕𝕖 100% Hanmade Crochlet

Hello Hello 💓Mon's Handamade မင်မင်အသစ်လေးနဲ့အတူ Weekly Crochet Bowl လေးနဲ့မိတ်ဆက်ပေးပါရစေ .. 🎉ချစ်ရတဲ့သူငယ်ချင်းချစ်သူ ...
12/02/2022

Hello Hello 💓

Mon's Handamade မင်မင်အသစ်လေးနဲ့အတူ Weekly Crochet Bowl လေးနဲ့
မိတ်ဆက်ပေးပါရစေ .. 🎉

ချစ်ရတဲ့သူငယ်ချင်း
ချစ်သူ မိတ်ဆွေ မမ တို့ကို
နေ့စဉ် Handmade Bowl လေးတွေ
မြင်တိုင်း သတိတစ်ရရှိစေဖို့အတွက်

"Weekly Crochet Bowl" လေးကို
Admin Team ကနေ
စတင်မိတ်ဆက်လိုက်ပါတယ်

ကြိုက်နှစ်သက်ရာ ကာလာလေးတွေနဲ့
တစ်မျိုးစီမှာလို့ရသလို
တစ်ပတ်စာအတွက်
ကာလာစုံလေးလည်း
မှာယူလို့ရပါတယ်ရှင့်

၃ ခုဆိုတာနဲ့ packel ဘူးလှလှလေးနဲ့ အတူ သင့်ရဲ့ချစ်ရသူလေးဆီ
အရောက်ပို့ပေးဖို့အတွက်
မင္မင်တို့က ဖန်တီးပေးမှာမို့
Chatbox ကနေ Order တင်လို့ရပါပီရှင့်🎁🎁

Handmade ချည်ထိုးလေးမို့
Waiting Time လေးတော့ရှိပါမယ်နော်




Crochet 💓🥰
05/02/2022

Crochet 💓🥰

Crochet(တစ်ချောင်းထိုး)ဆိုတာဘာလဲ?

🧶Crochet (တစ်ချောင်းထိုး)ဆိုတာ "သေးငယ်သောချိတ်နှင့် ချည်ကို အသုံးပြုပြီး Pattern ပေါ်လာအောင် စီမံရသော လက်မှုပညာတမျိုး" လို့ခေါ်ပါတယ်။ သူ့ရဲ့မြန်မာပြန် အဓိပ္ပါယ်က သွေဖည်လို့မရအောင်ကို ရှည်လျားတာကြောင့် "Crochet ထိုးခြင်း" လို့ပဲ မြန်မာမှုပြုပြီး ခေါ်တွင်လိုက်ရတယ်လို့ ယူဆမိပါတယ်ရှင်။

Crochet(တစ်ချောင်းထိုး)က ဘယ်ကနေစခဲ့တာလဲ?

🧶အပ်ကိုအသုံးပြုပြီး ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တိုင်းမှာ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံးနဲ့ စွန့်ဦးတီထွင်နိုင်သူဆိုရင်လည်း မမှားပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ... တရုတ်ပြည်ရဲ့ Needlework တမျိုးဟာ ၁၇၀၀ခုနှစ် ဝန်းကျင်ပိုင်းလောက်မှာ ဥရောပတိုက်ကိုရောက်ရှိခဲ့ပြီး ... ထိုမှတဆင့် ပြစ်သစ်ဘာသာဖြင့် "Tambuoring " ဆိုသော "ချည်ပန်းထိုးခြင်း (embroidery)" ကို အစွဲပြု၍ "Tambour/ drum" လို့ ခေါ်ဆိုခဲ့ကြတယ်တဲ့လေ...။

🧶 ပြင်သစ်နိုင်ငံကနေ Crochet နည်းပညာ အစပျိုးလာပြီးနောက်ပိုင်းမှာ.. တူရကီ၊ အိန္ဒိယ၊ ပါရှားနဲ့ မြောက်အာဖရိက နိုင်ငံတွေအပြင် ယနေ့ခေတ်မှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာထိအောင် ဆက်လက်ထွန်းကားလာတာပေါ့...။

ချည်ထိုးတာက ကျန်မာရေးအရ ဘာတွေသက်ရောက်စေလဲ?

🧶ချည်ထိုးခြင်းက အထူးသဖြင့် Mental Healing ဘက်ကို ပိုပြီး အကျိုးသက်ရောက်ပါတယ်။ စိတ်ခံစားချက်တွေ တဖြည်းဖြည်း ကျန်းမာ ကောင်းမွန်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာလည်း ကြည်လင် ကောင်းမွန်လာတာကို သတိထားမိကြမယ် ထင်တယ်နော်။ ချည်ထိုးခြင်းဟာ တနည်းအားဖြင့် Meditation (တရားထိုင်ခြင်း) နဲ့လည်း အလားသဏ္ဌန် တူပါသေးတယ်တဲ့ရှင်။

🧶ချည်ထိုးခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ခြင်း၊ အာရုံစူးစိုက်မှု အားကောင်းစေခြင်း၊ စိတ်အပန်းပြေစေခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်း... အစရှိတဲ့ ဦးနှောက်အတွက် အာဟာရဖြစ်စေမယ့် အကျိုးကျေးဇူးများစွာကို တိုက်ရိုက် ရရှိနိုင်တာဖြစ်တာကြောင့် ဆေးဘက်ဆိုင်ရာ ကုသမှုတွေမှာတောင် ထည့်သွင်းအသုံးပြုတတ်ကြပါသေးတယ်နော်။ ဥပမာ - ပန်းနာရင်ကြပ်နှင့် စိတ်ကျရောဂါလိုမျိုး စိတ်ရောဂါတွေအတွက်လည်း လူနာကို ချည်ထိုးစေခြင်းဖြင့် ကုသလာကြပါတယ်တဲ့ရှင်။

🧶ဒါ့အပြင် သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိပေးတာကြောင့် ချည်ထိုးခြင်းဟာ နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တယ်ဆိုတာ မှားဖွယ်ရာမရှိဘူးနော်။

🧶ကိုယ့်လက်ကဖန်တီးလိုက်တဲ့ ချည်မျှင်လေးတွေကနေ Project တခုဖြစ်လာတဲ့အခါမှာလည်း အတိုင်းမသိတဲ့ ပီတိလေးကို ချည်ချစ်သူအားလုံး ခံစားဖူးကြတယ်မလားလို့။

🧶ထပ်ဆောင်း လေ့လာတွေ့ရှိချက်တွေအရ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်နေထိုင်ဖို့ ခက်ခဲနေတဲ့လူတွေအတွက်လည်း ချည်ထိုး‌စေခြင်းအားဖြင့် လူမှုဆက်ဆံရေးအရ ပိုမိုကောင်းမွန်လာတာကို တွေ့ရှိရပါတယ်တဲ့။ (Itae Won Class ထဲက မင်းသမီး ဂင်ဒါမီလိုမျိုး ချစ်သောတွေရှိရင်လည်း စမ်းကြည့်လို့ရတယ်နော်။ သူကတော့ မင်းသမီးမို့ ရုပ်ရှင်ထဲမှာ လုံးဝမိမိုက်နေပေမယ့် တကယ့်အပြင်လောကမှာကျတာ့ မအေးအေးဝင်းစီစဉ်တာမှမဟုတ်တာလို့🤧)

🧶ကဲ...ဒီလောက်ဆိုရင် ချစ်သောတို့လည်း Crochetနဲ့ပက်သက်တာလေးတွေကို အကြမ်းဖျင်းတော့ သိသွားလောက်ပြီပေါ့နော်...။

🧶Bizzy Beeကလည်း သိသလောက်မျှဝေပေးပြီးပြီမို့ ချစ်သောတို့ရော Crochetနဲ့ပက်သက်ပြီး ပါဝင်ဆွေးနွှေးပေးလို့ရသလို.. ချည်ထိုးရတာကို နှစ်သက်ကြရဲ့လား .... ဘာလို့ နှစ်သက်ရတာလဲဆိုတာလေးတွေ ပြောပြပေးခဲ့ကြပါဦးရှင့်...။

နှလုံးသားကို ကြိုးလေးများနဲ့ချည်မည့်

ချစ်စရာ Kitty လေးနဲ့Collar လေး တစ်အားချစ်ဖို့ကောင်းလို့ တင်လိုက်ပါပီ 🥰😍
30/01/2022

ချစ်စရာ Kitty လေးနဲ့
Collar လေး

တစ်အားချစ်ဖို့ကောင်းလို့
တင်လိုက်ပါပီ 🥰😍

28/01/2022

Good Morning ☕
Happy Friday လေးဖြစ်ပါစေရှင့်

ချစ်စရာကောင်းပြီး အပြုံးချိုတဲ့
မီးမီးလေးအတွက် Slipper Pompom Design အသစ်လေး
ဖန်တီးထားပါတယ် 💓💓

မီးမီးလေး အမြဲပျော်ရွင်ပါစေ 💛




Handmade အထည်လေးတွေလျှော်နည်းလေးပါ ❤️
11/01/2022

Handmade အထည်လေးတွေ
လျှော်နည်းလေးပါ ❤️

Dear Santa 🙏🥺Photo. Crd
25/12/2021

Dear Santa 🙏🥺

Photo. Crd

25/12/2021

Merry Christmas Day 🎅🎅

Christmas Gift ခေါင်းစည်းလေး
Packaing Video လေးနဲ့အတူ
Mon's Handmade Page လေးကိုပြန်လာပါပြီ 👸

လက်ဆောင်ပေးဖို့
အရောင်စုံလေးမှာယူတဲ့
မမကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်

ခရစ်စမတ်မှာ အားလုံးဘေးရန်ကင်းပြီး
လိုချင်တဲ့ပန်းတိုင်လေးကို
အမြန်ဆုံးရရှိပါစေလို့လည်း
ဆုမွန်ကောင်း တောင်းလိုက်ပါတယ် 🙆



07/12/2021

ချစ်ရတဲ့ Mon's Handmade
Customer လေးတို့ရေ

ခွင့်တိုင်ချင်လို့ပါ ...

ဒီရက်ပိုင်းလည်း
ဝမ်းနည်းစရာ သတင်းလေးတွေ
စိတ်နာကျင်စရာလေးတွေကြောင့်
ပင်ပန်းနေကြပီထင်တယ်

မင္မင် ကိုယ်တိုင်လည်း
စိတ်အဆင်မပြေတာမို့
post လေးတွေ Video လေးတွေ
တင်တာ ယာယီရပ်နားပါမယ်

ဒီလထဲ Handmade Items
အသစ်လေးတွေထုတ်ဖို့လည်း
ရက်နောက်ဆုတ်ထားပါတယ်

အားလုံးလည်း
နေကောင်းအောင်နေကြပါ
ကျန်းမာရေးအထူးဂရုစိုက်ပါ
အတူတူအားတင်းပြီး
ရှေ့ဆက်ကြပါမယ်

With Love 💛💗
Mon's Handmade Team

How Sweet 😍😍အရမ်းချစ်စရာကောင်းသောPuppy Collar လေးနဲ့ မော်ဒယ်လေးပါ 😚😚အိုက်တင်တွေလန်းလို့ဒီက ကြွေနေရပါပီနော် ... ပုံလေးအသု...
01/12/2021

How Sweet 😍😍

အရမ်းချစ်စရာကောင်းသော
Puppy Collar လေးနဲ့
မော်ဒယ်လေးပါ 😚😚

အိုက်တင်တွေလန်းလို့
ဒီက ကြွေနေရပါပီနော် ...

ပုံလေးအသုံးပြုခွင့်ပေးတဲ့
ညီမလေးကိုလည်း
ကျေးဇူးတင်ရှိပါတယ်

ခွင့်ပြုချက်တောင်းထားတာမို့
ပုံလေးကူးယူသုံးခြင်း
သည်းခံပါရှင့် 🙇‍♀️





Address

North Dagon
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959775461751

Website

Alerts

Be the first to know and let us send you an email when 𝕄𝕠𝕟'𝕤 ℍ𝕒𝕟𝕕𝕞𝕒𝕕𝕖 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share