20/08/2026
🏡 အိမ်ဆောက်ပြီး သော့လက်ခံယူတော့မယ်ဆိုရင် မမေ့သင့်တဲ့ (၅) ချက်
________________________
1️⃣ ရေချိုးခန်း၊ အမိုးတို့ကို ရေများများလောင်းပြီး ရေဆင်းကောင်း မကောင်း စစ်ကြည့်ပါ။
✅ Slab မိုးဘဲ ဖြစ်ဖြစ်
✅ သွပ်မိုးဘဲ ဖြစ်ဖြစ် ရေလုံမလုံစစ်ကြည့်ပါ။
✅ ရေချိုးခန်း၊အိမ်သာရေလုံ၊ မလုံစစ်ကြည့်ပါ
________________________
2️⃣ နံရံထဲက ရေလိုင်း၊ မီးလိုင်း စသည့် (MEP System) ပုံတွေ တောင်းထားပါ။
နောင် နံရံမှာ စင်တပ်တာ၊ သံရိုက်တာမျိုး လုပ်ရင် ရေပိုက်နဲ့ လျှပ်စစ်ကြိုး၊ Network ကြိုး မထိစေဖို့ ကန်ထရိုက်တာဆီက နံရံအတွင်းမြှုပ်ထားတဲ့ ပိုက်လိုင်းဓာတ်ပုံတွေကို အရင်တောင်းထားတာ အကောင်းဆုံးပါ။
________________________
3️⃣ Main Switch (၂) ခုက ဘယ်မှာလဲ၊ ဘယ်ဟာလဲဆိုတာ မေးထားပါ။
⚡ Main Breaker (မီးမိန်းခလုတ်)
💧 Main Water Valve (ရေမိန်းဗား)
🔌 ပလပ်ပေါက်တိုင်းကို ဖုန်းအားသွင်းကြိုး (သို့) လျှပ်စစ်ပစ္စည်းတစ်ခုနဲ့ စမ်းကြည့်ပါ။
အရေးပေါ်အခြေအနေဖြစ်လာရင် ချက်ချင်း ပိတ်နိုင်ဖို့ ဘယ်နေရာမှာရှိလဲဆိုတာ မေးမြန်းပြီး မှတ်ထားဖို့ မမေ့ပါနဲ့။
________________________
4️⃣ ပရိဘောဂနှင့် အသုံးအဆောင်များ နေရာမချခင် Deep Cleaning အရင်လုပ်လိုက်ပါ။
အိမ်ထဲကို ပရိဘောဂတွေ မသွင်းခင် သန့်ရှင်းရေးအရင်လုပ်ထားရင် နောက်မှ ပစ္စည်းတွေရွှေ့ပြီး ရှင်းရတာထက် အများကြီး ပိုလွယ်ပြီး အချိန်လည်း သက်သာပါတယ်။
________________________
5️⃣ နောက်ဆုံးအရေးအကြီးဆုံး အချက်အနေနဲ့ Archi. & Structure Drawing တောင်းထားပါ။
သို့မှသာ အိမ်ကိုပြန်လည် Maintenance ပြုလုပ်တဲ့အခါ ဘယ်အရာကို လုပ်ဆောင်သင့်/မသင့် သေချာဆုံးဖြတ်နိုင်မှာဘဲ ဖြစ်ပါတယ်
________________________
အိမ်၊ ဆိုင်ခန်း၊ တိုက်ခန်း အသစ်ဆောက်ဆောက်၊ Renovation လုပ်လုပ်၊ ဘာပဲလိုလို Before, During, After Project သော့လက်ခံယူပြီးတဲ့ အထိ လှည့်ကြည့်စရာမလိုအောင် ဝန်ဆောင်မှုအပြည့်ရယူချင်တယ်ဆိုရင်တော့ 𝐂𝐒 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧𝐬 & 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 (𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐒𝐢𝐠𝐧𝐚𝐭𝐮𝐫𝐞) နဲ့အတူ ယုံကြည်စိတ်ချစွာ ဖော်ဆောင်လိုက်နော်။ 🤗
𝐘𝐨𝐮𝐫 𝐇𝐨𝐦𝐞 - 𝐎𝐮𝐫 𝐃𝐫𝐞𝐚𝐦
📫 𝐍𝐨.𝟏𝟗𝟔, 𝟐-𝐁,𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚
☎️ 𝟎𝟗-𝟒𝟒𝟕𝟐𝟐𝟎𝟎𝟎𝟓 (𝐕𝐢𝐛𝐞𝐫)