Aju Lay's Kitchen

Aju Lay's Kitchen Ju ရဲ့ဟင်းချက်နည်းတွေမျှဝေမယ်

20/11/2024

ဟော ဒီက လွယ်ကူမြန်ဆန် #ပဲပြားသုပ်😁

 #ငါးကျီးခြောက်ငပိချက်ပါဗျို့ပါဝင်ပစ္စည်းများငါးကျီးခြောက် ခရမ်းချဉ်သီးငရုတ်သီးစိမ်းကြက်သွန်ဖြူငပိချက်နည်း👇👉ငါးကျီးခြောက...
18/08/2024

#ငါးကျီးခြောက်ငပိချက်ပါဗျို့

ပါဝင်ပစ္စည်းများ
ငါးကျီးခြောက်
ခရမ်းချဉ်သီး
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ငပိ

ချက်နည်း👇
👉ငါးကျီးခြောက်လေး ရေစိမ်ပြီး အသားနွှာပါ။ခေါင်းဖြုတ်ပါ။အလယ်ရိုးထွင်ပါ
👉ခရမ်းချဉ်းသီးလှီးပြီး ငပိ၊အရသာမှုန်၊ဆား၊ဆနွင်း၊ဆီ ထည့်ပြီး(ရေလုံးဝမထည့်သေးဘဲ) လုံးတည်ပါမယ်။ ဆီမသတ်ပါဘူးရှင့်
👉ခရမ်းချဉ်သီးလေး အိအောင် ကျေအောင် မကြာခဏမွှေခေါက်ပေးပါ။ခရမ်းချဉ်သီး မနှစ်ကျေပါက ရေလေးအနည်းငယ်ထည့်ပေးပါ။
👉 ငါးကျီးခြောက်အသားနွှာရယ်၊ ငရုတ်သီးစိမ်း‌ရယ်၊ကြက်သွန်ဖြူဓားပြားရိုက်ရယ် ကို တခါထဲရော ထည့်လိုက်ပါ့မယ်
ငါးကျီးအစိမ်းကြော်တာမကြိုက်ပေမဲ့ ငါးကျီးခြောက်ကတော့ အနံ့နဲ့တင် အတော်ဆွဲဆောင်မှုရှိပါတယ်ရှင်။
ဟင်းချက်ချိန်လည်း သိပ်မပေးရဘဲ မွှေးမွှေးလေးလေးစပ်စပ်လေး ရှယ်ကောင်းပါတယ်ဗျို့

ဒီနေ့လက်ရာကတော့  #အမဲငရုတ်စပ်စပ်ပါပါဝင်ပစ္စည်းများအမဲသားခရမ်းချဉ်သီးငပိငရုတ်သီး၊ကြက်သွန်ဖြူငရုတ်ပွ၊နံနံပင်❗အမဲငရုတ်ချက်ရ...
05/08/2024

ဒီနေ့လက်ရာကတော့ #အမဲငရုတ်စပ်စပ်ပါ

ပါဝင်ပစ္စည်းများ
အမဲသား
ခရမ်းချဉ်သီး
ငပိ
ငရုတ်သီး၊ကြက်သွန်ဖြူ
ငရုတ်ပွ၊နံနံပင်
❗အမဲငရုတ်ချက်ရင် အသားသက်သက်ထက် အသားစလေးတွေက ပိုစားကောင်းပါတယ်။ဈေးထဲမှာ အမဲသားစ၊ဆိတ်သားစ လို့ဝယ်လို့ရပါတယ်ရှင့်၊ဈေးလည်းပိုသက်သာတော့ စားလို့လည်းကောင်း၊Budget လည်းချွေရာရောက်တာပေါ့
ချက်နည်းလေးကတော့ 👇
(၁) အမဲသားကို စင်အောင်ဆေး၊ ‌ဆား၊ဆနွင်း၊အရသာမှုန့် နဲ့နယ်ပြီး ကြိုပြီးနှပ်ထားပါ။

(၂) ခရမ်းချဉ်သီးလှီး၊ ဆား၊ဆနွင်း၊(အရောင်ကြိုက်ရင်အရောင်တင်မှုန့်) အရသာမှုန့်၊ငပိ၊ ဆီ တခါထဲထညိ့ပြီးလုံးချက်ပါမယ်။။❗ရေလူံးဝမထည့်‌သေးပါ

(၃) ခရမ်းချဉ်သီး အိလာပြီဆိုမှ နယ်ထားတဲ့ အမဲသားထည့်ပြီးလုံးပါမယ်။❗အသားတင်းတင်းလေးရတဲ့အထိ ရေလုံးဝမထည့်ပါနဲ့အုံး။ အသားလေး တင်းပြီဆိုမှ ရေနွေးထည့်ပါမယ်။။ ဟင်းတွေချက်ရာမှာ ရေစိမ်းထည့်ထာထက် ရေနွေးထည့်ချက်တာ ပိုကောင်းတယ်ထင်တယ်ရှင့်

(၄)အမဲသားက ကိုယ်စားချင်သလောက်နူးတဲ့အနေအထားရရင် ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ ထောင်းထားတာ ထည့်ပြီး ထပ်လှိမ့်ပါမယ်။။ ရေခပ်စပ်စပ်စားချင်ရင် ရေနွေးစွက်ပါ။

(၅) ချခါနီး အလိုလောက်မှ ငရုတ်ပွနဲ့ နံနံပင်ထည့်ပါ။ ငရုတ်ပွက အကြာကြီးတည်ရင်ပျော့သွားပြီး စားမကောင်းလို့ပါ။။။

ကောင်းမှကောင်း အသားစငရုတ်ပွချက်ရပါပြီ။။ ချက်စားကြည့်ပါ။ ထမင်းမြိန်မှာပါရှင်။
မဂျူ ပုံရိုက်တာ လိုအပ်နေလို့သာ ရုပ်ထွက်မလှတာ။ရှယ်စားကောင်း🤤🤤🤤

ကြက်သားအပ်မှိုရှူးရှဲ ချက်
02/04/2024

ကြက်သားအပ်မှိုရှူးရှဲ ချက်

ရိုးရိုးရှင်းရှင်း နဲ့စားမြိန်သော နေ့လည်စာပါရှင်။ #ငပိရည်ကျို  #ပဲသီးသုပ် လွယ်ကူသော ချက်ပြုတ်နည်းများ👇👇👉ငပိရည်ကို ဆနွင်း...
12/11/2023

ရိုးရိုးရှင်းရှင်း နဲ့စားမြိန်သော နေ့လည်စာပါရှင်။
#ငပိရည်ကျို
#ပဲသီးသုပ်

လွယ်ကူသော ချက်ပြုတ်နည်းများ👇👇

👉ငပိရည်ကို ဆနွင်းအနည်းငယ်ထည့်၍ကျိုပါ။လိုချင်တဲ့ အပျစ် အကျဲအနေအထားရလျှင် အရိုးမပါအောင်စစ်ထားပါ။
👉-ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူအား မီးကင်ပါ(သို့)လှော်ပါ။ အအေးခံပြီး ထို အရော အား ထောင်းထားပါ။

ပြင်ဆင်ပုံ

👉ငပိရည်ကျိုပန်းကန်ထဲသို့ ငရုတ်သီး၊ကြက်သွန်ဖြူထောင်းအားထည့်ပါ။ငရုတ်လှော်မှုန့် ကြိုက်နှစ်သက်လျှင်အနည်းငယ် ထပ်ထည့်ပါ။အရောင်လည်း ပိုလှပါတယ်ရှင့်။ ပုဇွန်ခြောက်မှုန့် ရှိပါက ထပ်ထည့်နိုင်ပါသည်။။ အချိုမှုန့် ထည့်ဖို့မလိုအပ်ပါ။

*ပဲသီးသုပ်*
👉ပဲသီးကို ပြုတ်ပါ။
👉 မြေပဲလှော်(သို့)မြေပဲကြော်အား ထောင်းထားပါ။
👉 ကြက်သွန်နီဆီချက် ချက်ထားပါ။

ပြင်ဆင်ပုံ

ပဲသီးပြုတ်၊မြေပဲထောင်း၊ပဲမှုန့်အနည်းငယ်၊ကြက်သွန်စိမ်း(မပါလည်းစိမ့်စိမ့်လေးနဲ့စား‌ကောင်းပါတယ်)၊ဆီချက်၊အရသာမှုန့်၊ဆား ရောနယ်ယုံပါပဲရှင်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Aju Lay's Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share