Thai Princess

Thai Princess Business

12/05/2026
11/05/2026
09/05/2026

$

07/05/2026

ကျနော်က အရမ်းအလှကြိုက်တယ်။
မှန်လည်းအရမ်းကြိုက်တယ်။
အိပ်ယာနိုးရင် မှန်အရင်ကြည့်တာပေါ့။ ရုပ်ပိုင်းဆိုင်ရာလှချင်တာကိုး။
တစ်ခါတည်းစိတ်ကိုပါကြည့်တတ်အောင် ကြိုးစားထားရတယ်။ စိတ်မကြည်ရင် ရုပ်ပါကျတယ်လေ။ စိတ်ဆိုတာ ရေမြောင်းတစ်ခုလိုပဲ ကြာလာရင် ပုပ်လာတတ်တယ်။ လောဘ ဒေါသ မောဟ တွေနဲ့အနည်ထိုင်ပြီး ပုပ်လာတာကိုး။ စီးနေတဲ့ရေမြောင်းကတော့ မပုပ်ဘူးပေါ့။
ပုပ်တဲ့ရေမြောင်းကတော့ အနံ့ပါထွက်လာတယ်။ စိတ်ရဲ့ မကြည်လင်မှု ပူလောင်မှုက မျက်နှာပေါ် ရုပ်ကိုပါ ပေါ်လာတာမျိုးလေ။ တစ်ချို့ဆို မြင်လိုက်တာနဲ့ စိတ်ငြီးငြူပြီး ပူလောင်တာကို ခံစားလိုက်မိတာမျိုးလေ ။လွယ်လွယ်ပြောရရင် အကြည်ဓာတ်မရှိတာ။ကိုယ့်ကိုယ်ပါ ကူးစက်တတ်စေပါတယ်။ တစ်ချို့ သူ့ကိုမြင်တာနဲ့ကို အေးချမ်းသွားတာ ။ကျက်သရေရှိလိုက်တာပေါ့။ အသားရေတွေအရမ်းလှပြီး ရုပ်ချောပေမယ့် အကြည်ဓာတ်မရှိတဲ့သူတွေဆို သူ့ရဲ့energy တွေကပါ ပတ်ဝန်းကျင်ကို ကူးစက်စေပါတယ်။
စိတ်ကြည်ဖို့ဆိုတာကလည်း သူ့အလိုလိုမွေးရာပါ စိတ်ထားတတ်တာလည်း ပါသလို ပြုပြင်ပြီးကြိုးစားယူရတာပါ။ မှန်ကြည့်ပြီး ရုပ်အလှရောစိတ်အလှရောပြင်ပါ။

07/05/2026

ပစ္စုပန်မှာ နေတတ်အောင်ကျင့်ပါ။
လူ့ဘဝက တကယ်တိုတိုလေးပါ။
အခက်အခဲတွေ မသေချာမရေရာတဲ့ အခြေအနေတွေ ဖြတ်ကျော်ခဲ့ပြီး ပိုနေတတ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် သိမြင်လာတယ်။
အတိတ်မှာလည်း မပိတ်မိနေဖို့ ကြိုးစားသလို အနာဂတ်အတွက်လည်း လိုတာထက်ပို အစိုးရိမ် မလွန်အောင် ထိန်းတတ်လာတယ်။ လက်ရှိအခြေအနေ အနေအထား ရောက်တဲ့နေရာမှာ ရှင်သန်နိုင်ဖို့ ပျော်နိုင်ဖို့ အရေးကြီးပါတယ်။
လောဘလည်းအရမ်းမကြီးဘူး။
ဘဝက နေတတ်ဖို့နဲ့ မပူလောင်ဖို့အရမ်းအရေးကြီးပါတယ်။ သေတတ်ဖို့အတွက် နေတတ်ဖို့ကို အရင် လေ့ကျင့်ရပါမယ်။
ကျနော်ကတော့ ဘဝရဲ့ လွတ်လပ်မှုနဲ့ အဓိပ္ပာယ်ကို ရှာဖွေဖြတ်သန်းရင်း သေတတ်
အောင် ကြိုးစားနေတယ်။
ကျနော့်ရဲ့ ပါတနာကို ပြောထားပါတယ်။ တစ်ယောက်ယောက်ကတော့ အရင်သေမှာပဲ။ သတ္တဝါတိုင်းက ရှင်ကွဲ သို့မဟုတ် သေကွဲ ကွဲကြရမှာပါပဲ။
ကျနော်တို့ဟာ ဒဏ်ရာတွေများတယ်။ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတယ်။ ကြိုးစားထားတာတွေလည်း ပစ်ချခဲ့ရဖူးတယ်။ လောကမှာ ဘယ်အရာမှမမြဲပါ။ လက်ရှိအချိန်ကို အကောင်းဆုံးဖြတ်သန်းဖို့ အမြဲကြိုးစားရပါတယ်။ အချိန်တွေ အရမ်းမြန်ပါတယ်။အဓိပ္ပာယ်ရှိတဲ့ ဘဝကို ကြိုးစားရယူနိုင်ကြပါစေ။
ပုံကတော့ တည့်နေတဲ့ အချိန်လေး ရိုက်ထားတာ😀

ပြီးခဲ့တဲ့အပတ်တုန်းကပေါ့... အိမ်က အဖွားတစ်ယောက်ဟာ ဝမ်းချုပ်တဲ့ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ အရင်ကဆိုရင် မနက်တိုင်း ပုံမှန်ဝ...
06/05/2026

ပြီးခဲ့တဲ့အပတ်တုန်းကပေါ့... အိမ်က အဖွားတစ်ယောက်ဟာ ဝမ်းချုပ်တဲ့ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ အရင်ကဆိုရင် မနက်တိုင်း ပုံမှန်ဝမ်းသွားတတ်ပေမဲ့ အခုတော့ နှစ်ရက်နေမှ တစ်ခါလောက်ပဲ သွားနိုင်ပါတော့တယ်။ စားသမျှ အစားအစာတွေကလည်း ဗိုက်ထဲမှာ အနည်ထိုင်ပြီး စုပုံလာတာပေါ့။ တစ်နေ့တော့ သူဟာ နည်းလမ်းကောင်းလေးတစ်ခုကို သိလိုက်ရလို့ လက်တွေ့စမ်းကြည့်လိုက်ပါတယ်။ သောက်ပြီး တစ်နာရီတောင် မပြည့်သေးဘူး၊ တကယ်ကို လက်ငင်းကြီး အစွမ်းပြခဲ့တာပါ။ ဗိုက်ထဲမှာ အောင်းနေသမျှ အညစ်အကြေးတွေအားလုံး အိမ်သာထဲမှာ အကုန်အစင် ထွက်သွားပါတော့တယ်။
ဒီနည်းလမ်းလေးကတော့.....
သစ်ကြံပိုးခေါက် တစ်ချောင်းကို ရေတစ်ဝက်လီတာ (၅၀၀ မီလီလီတာ) ထဲထည့်၊ ဆား လက်ဖက်ရည်ဇွန်း အဖျားလေးတင်ထည့်ပြီး ၁၀ မိနစ်လောက် ဆူအောင် တည်ပေးရုံပါပဲ။

ပြီးရင်တော့ ခွက်ထဲငှဲ့ပြီး ခပ်နွေးနွေးလေးဖြစ်အောင် ခဏစောင့်၊ သံပရာသီး တစ်ခြမ်းလောက် ညှစ်ထည့်ပြီး သောက်လိုက်ရုံပါပဲ။

တကယ်ကို လွယ်ကူလွန်းပါတယ်နော်။ ဒါပေမဲ့... သံပရာသီးအစား ရှောက်သီးကို သုံးမယ်ဆိုရင်တော့ ပိုပြီးတောင် အစွမ်းထက်ပါသေးတယ်။

ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ သင်ခန်းစာကတော့ မခက်ခဲတဲ့အရာတွေကို စမ်းကြည့်ဖို့ မကြောက်ပါနဲ့ဆိုတာပါပဲ။ တစ်ခါလောက်ပဲ စမ်းကြည့်လိုက်ပါ၊ တစ်ခါတည်းနဲ့တင် ထူးခြားမှုကို သိသာစေမှာပါ။

ပြီးခဲ့တဲ့အပတ်တုန်းကပေါ့... အိမ်က အဖွားတစ်ယောက်ဟာ ဝမ်းချုပ်တဲ့ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ အရင်ကဆိုရင် မနက်တိုင်း ပုံမှန်ဝမ်းသွားတတ်ပေမဲ့ အခုတော့ နှစ်ရက်နေမှ တစ်ခါလောက်ပဲ သွားနိုင်ပါတော့တယ်။ စားသမျှ အစားအစာတွေကလည်း ဗိုက်ထဲမှာ အနည်ထိုင်ပြီး စုပုံလာတာပေါ့။ တစ်နေ့တော့ သူဟာ နည်းလမ်းကောင်းလေးတစ်ခုကို သိလိုက်ရလို့ လက်တွေ့စမ်းကြည့်လိုက်ပါတယ်။ သောက်ပြီး တစ်နာရီတောင် မပြည့်သေးဘူး၊ တကယ်ကို လက်ငင်းကြီး အစွမ်းပြခဲ့တာပါ။ ဗိုက်ထဲမှာ အောင်းနေသမျှ အညစ်အကြေးတွေအားလုံး အိမ်သာထဲမှာ အကုန်အစင် ထွက်သွားပါတော့တယ်။

ခရိုနီ စစ်တပ်အသိုင်းအဝိုင်း နဲ့ဆက်နွယ်နေကြတဲ့ သူငယ်ချင်း ၂ဦး
06/05/2026

ခရိုနီ စစ်တပ်အသိုင်းအဝိုင်း နဲ့ဆက်နွယ်နေကြတဲ့ သူငယ်ချင်း ၂ဦး

Address

Yangon

Telephone

+959458833861

Website

Alerts

Be the first to know and let us send you an email when Thai Princess posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share