KiMo Textile & Crafts

KiMo Textile & Crafts We create coz We care ⛰️

✨ Are You Ready for Tomorrow? ✨ သူမလက်ရာအဖွဲ့ဝင်တွေကတော့ ပြင်ဆင်ပြီးလို့ Ready ဖြစ်နေပါပြီ ရှင်…မနက်ဖြန် Create to Conne...
28/08/2026

✨ Are You Ready for Tomorrow? ✨ သူမလက်ရာအဖွဲ့ဝင်တွေကတော့ ပြင်ဆင်ပြီးလို့ Ready ဖြစ်နေပါပြီ ရှင်…

မနက်ဖြန် Create to Connect: Monsoon Market မှာ ဆုံကြမယ်နော် 🌧️🤍

Yangon Thanlwin Hotel မှာ အေးဆေးလေး ဈေးဝယ်ရင်း၊ Wai Wai's Noodle Place ရဲ့ ခေါက်ဆွဲလေးရယ်၊ ElePlants ရဲ့ Kombucha ရယ်၊ Hotel က စားကောင်းတာလေးတွေရယ် စားသောက်ရင်း၊ ဖန်တီးမှုတွေကို ခံစားပြီး အမှတ်တရကောင်းတွေ ဖန်တီးဖို့ အဆင်သင့်ဖြစ်ပြီလား?

🗓️ 29–30 August 2026
⏰ 10:00 AM – 6:00 PM
📍 Yangon ThanLwin Hotel Ballroom
🎟️ Free Entry

See you tomorrow. ☁️✨

Main Information Post
https://www.facebook.com/share/p/1K3fQRVhhC/?mibextid=wwXIfr

Workshop Announcement
https://www.facebook.com/share/p/1KV78W7Mao/?mibextid=wwXIfr

​

ဆရာစံ ကြိုးပေးခံရလို့    ကွယ်လွန်သွားခဲ့တာ နှစ် (၉၀) ကျော်သွားခဲ့ပြီ    ဖြစ်ပါတယ်။ ဆရာစံ တော်လှန်ခဲ့စဉ်က အသုံးပြုခဲ့တဲ့ ...
24/08/2026

ဆရာစံ ကြိုးပေးခံရလို့
ကွယ်လွန်သွားခဲ့တာ နှစ် (၉၀) ကျော်သွားခဲ့ပြီ
ဖြစ်ပါတယ်။

ဆရာစံ တော်လှန်ခဲ့စဉ်က အသုံးပြုခဲ့တဲ့
ပစ္စည်းများဖြစ်တဲ့ ဓား၊လှံ၊သေနတ်၊အလံ၊
အိုးစည်ဗုံမောင်း၊အင်းအိုင်လက်ဖွဲ့များကို
ဗြိတိသျှအစိုးရတို့ဟာ အင်းစိန် စုံထောက်
ကျောင်းရဲ့ စုံထောက်ပြတိုက်မှာ ထားရှိ
ခဲ့ပါသေးတယ်။



ဆရာစံ တော်လှန်ခဲ့စဉ်က အသုံးပြုခဲ့တဲ့
ပစ္စည်းများဖြစ်တဲ့ ဓား၊လှံ၊သေနတ်၊အလံ၊
အိုးစည်ဗုံမောင်း၊အင်းအိုင်လက်ဖွဲ့များကို
ဗြိတိသျှအစိုးရတို့ဟာ အင်းစိန် စုံထောက်
ကျောင်းရဲ့ စုံထောက်ပြတိုက်မှာ ထားရှိ
ခဲ့ပါသေးတယ်။

နောက်တော့ စစ်ကြီးဖြစ်လို့ ပြတိုက်က
ပစ္စည်းတွေဟာလည်း ပျက်စီးပျောက်ဆုံး
ကုန်ကြတယ်ထင်ပါတယ်။

သိမ်းထားတာ အဖမ်းမခံရခင်က
ဝတ်ဆင်ခဲ့တဲ့တိုက်ပုံအင်္ကျီ

အောက်ပါပုံကတော့ အင်းစိန် စုံထောက်
ပြတိုက်မှာ ထားရှိပြသခဲ့တဲ့ ဆရာစံရဲ့
ပစ္စည်းများ (၁၉၃၆ - ခုနှစ်တုန်းကဓာတ်ပုံ)
ဖြစ်ပါတယ်။

crd-to-owner
#နော်ဂဲလယ်ထူး ( စာပေပရဟိတ )

မှတ်ချက် ။ အဝတ်အထည်နှင့်သက်ဆိုင်သော ဗဟုသုတအတွက်

ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒေသခံတိုင်းရင်းသားများရဲ့ အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုရင်း ချင်းတိုင်းရင်းသားတို့ရဲ့ ရိ...
09/08/2026

ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒေသခံတိုင်းရင်းသားများရဲ့ အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုရင်း ချင်းတိုင်းရင်းသားတို့ရဲ့ ရိုးရာ ယဥ်ကျေးမှု့နှင့် အလေ့အထများကိုဖော်ပြလိုက်ပါတယ်နော်။

​ဂျပ်ခုတ်ရက်ကန်းပညာ (Backstrap Loom Weaving):

ချင်းတိုင်းရင်းသားတို့ရဲ့ အဝတ်အထည်များကို ချင်းတိုင်းရင်းသားတို့ကိုယ်တိုင်ယက်လုပ်လေ့ ရှိကြပါတယ်။ ခါးတွင် ပုဝါပိုင်းကိုပတ်ပြီး ခြေဆင်းကာ တနိုင်တပိုင်ယက်လုပ်သော ဂျက်ခုတ် ယက်ကန်းပညာသည် ချင်းတိုင်းရင်းသားတို့နှင့် ခွဲခြားမရနိုင်သကဲ့သို့ ယခုအခါ တန်းဖိုးမြင့်မားသော အထည်များအဖြစ် သမိုင်းအမွေအနှစ်ဖြစ်လာပြီဖြစ်သည်။ချင်းတိုင်းရင်းသားတို့၏ အထည်အလိပ်များသည် ဆန်းပြားသော သရုပ်ဖော်ပုံများနှင့် တောက်ပြောင်လှပသော အရောင်အသွေးဖန်တီးမှုများကြောင့် ကျော်ကြားပါသည်။
ချင်းစောင်၊ ချင်းတဘက်၊ ချည်လုံခြည်များကို မြန်မာတိုင်းရင်းသားများသာမက ပြည်ပနိုင်ငံသားများပင်တန်ဖိုးထားဝယ်ယူကြပါသည်။

​ပါးရိုးရာထိုးကွင်း/ပါးမင်မင် (Hmuhmei): ချင်းပြည်နယ်တောင်ပိုင်းရှိ သက်ကြီးရွယ်အို အမျိုးသမီးကြီးများ (မနူ၊ ဒိုင် နှင့် လေးတူ မျိုးနွယ်စုများကဲ့သို့) သည် ထူးခြားသော မျက်နှာအပြည့် ဂျီဩမေတြီပုံစံ ပါးမင်များ ထိုးနှံထားကြသည်။ မူလက မျိုးနွယ်စုအထောက်အထားကို ခွဲခြားရန်နှင့် အမျိုးသမီးများကို ကာကွယ်ရန် စတင်ခဲ့သော ရိုးရာကျင့်သုံးမှုဖြစ်ပြီး ယခုခေတ်တွင် ရပ်တန့်သွားခဲ့ပြီဖြစ်၍ လက်ရှိကျန်ရှိနေသော သက်ကြီးရွယ်အိုများသည် ရှားပါးသောအမွေအနှစ်များကို ထိန်းသိမ်းထားသည့် သက်ရှိပြတိုက်ကြီးများ ဖြစ်ကြသည်။

​အောက်ချင်းငှက်တောင်နှင့် ခေါင်းပေါင်း: အောက်ချင်းငှက် (Rung-ku) သည် ချင်းယဉ်ကျေးမှုတွင် သစ္စာရှိမှုနှင့် ရဲရင့်မှုကို ကိုယ်စားပြုသော မြင့်မြတ်သည့် သင်္ကေတဖြစ်သည်။ အောက်ချင်းငှက်တောင်၊ ငွေပုတီးများနှင့် ကြေးထည်အဆင်တန်ဆာများဖြင့် ပြုလုပ်ထားသော မင်္ဂလာခေါင်းပေါင်းများကို အဓိက ယဉ်ကျေးမှုအခမ်းအနားပွဲများတွင် ဝတ်ဆင်ကြသည်။

​ပွဲတော်များနှင့် ဝါးညှပ်အက: Khuado Pawi (ကောက်သစ်စားပွဲတော်) ကဲ့သို့သော အခမ်းအနားများတွင် ရိုးရာဧည့်ခံပွဲများ၊ ပါးစပ်ရာဇဝင် ပုံပြင်ပြောခြင်းများနှင့် Cheraw (ဝါးညှပ်အက) ကဲ့သို့ တက်ကြွသော စုပေါင်းအကများ ပါဝင်သည်။ ဝါးညှပ်အကတွင် ကချေသည်များသည် ရိုးရာဗုံသံများနှင့်အညီ လှုပ်ရှားနေသော ဝါးလုံးများကြားထဲ၌ စိတိဝင်စားဖွယ် စည်းဝါးကျကျ ကခုန်ကြသည်။

Chin Cultural Traditions and Heritage

​"Honoring the International Day of the World's Indigenous Peoples today, we are proud to highlight the traditional culture and customs of the Chin people.

​Backstrap Loom Weaving:
The Chin people weave their own traditional textiles. The art of backstrap loom weaving—where weavers sit with legs extended, securing the loom frame around their waist to craft intricate fabrics—is inextricably bound to Chin identity. Today, these textiles have evolved into highly valued heritage pieces. Chin textiles are renowned for their intricate designs and vibrant color harmonies. The traditional Chin blankets, shawls, and sarongs are cherished and collected not only by Myanmar locals but also by people around the world."

​Facial Tattooing (Hmuhmei): Elder women in southern Chin State (such as the M'uun, Dai, and Laytu groups) carry distinct full-face geometric tattoos. Originally created to distinguish clan identities and protect women, this centuries-old practice has ceased in modern times, making the surviving elders living custodians of a rare heritage.

​Hornbill Feathers & Headwear: The Great Hornbill (Rung-ku) holds sacred symbolism in Chin culture representing loyalty and courage. Ceremonial headdresses crafted with hornbill feathers, silver beads, and brass ornaments are worn during major cultural gatherings.

​Festivals & Bamboo Dance: Celebrations like Khuado Pawi (harvest festival) feature traditional feasts, oral storytelling, and energetic group dances such as the Cheraw (bamboo dance), where dancers step between moving bamboo poles in rhythm with traditional drums.

25/07/2026

ဒီနေ့ ပန်းချီပြခန်းလေးရောက်တုန်း မင်းသမီးဝတ်မှုန်ရွှေရည်စုဆောင်းထားတဲ့ ပန်းချီကားလေးတွေကြည့်ခွင့်ရခဲ့တယ်။

မင်းသမီးဆိုတော့ မင်းသမီးပန်းချီကားလေးတွေ စုဆောင်းထားတာလဲ သဘာဝကျလှတာပေါ့ ။

မင်းသမီးကတော့ မင်းသမီးပါပဲ မင်းသမီးရယ်။

အထည်အလိပ် ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင်နဲ့ အလုပ်သင်တွေ ပြုပြင်မွမ်းမံခဲ့ကြတဲ့ ဗမာ၊ ရှမ်း၊ လာအိုနဲ့ ထိုင်း ပေပုရပိုက်မ...
03/07/2026

အထည်အလိပ် ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင်နဲ့ အလုပ်သင်တွေ ပြုပြင်မွမ်းမံခဲ့ကြတဲ့ ဗမာ၊ ရှမ်း၊ လာအိုနဲ့ ထိုင်း ပေပုရပိုက်မူရင်းများကို စနစ်တကျထိမ်းသိမ်းထားခြင်းကိုလေ့လာခြင်း။

ဗြိတိသျှစာကြည့်တိုက်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးဗဟိုဌာန (Conservation Centre) မှာရှိတဲ့ ပေပုရပိုက်မူကဲ့သို့သော အထည်အလိပ်တွင် စာလုံးစာပေထည့်သွင်းရက်လုပ်ခြင်း၊ စနစ်တကျ ထိမ်းသိမ်းခြင်း ပညာကို တွေ့ရှိခဲ့ရပါသည်။

photo credit : Jana Igunma

Paper Quilling Basic Training - 1 အမှတ်တရ ပုံရိပ်များ ​"Today, KiMO BRAND hosted a Paper Quilling Basic Training course ...
13/06/2026

Paper Quilling Basic Training - 1

အမှတ်တရ ပုံရိပ်များ

​"Today, KiMO BRAND hosted a Paper Quilling Basic Training course for the amazing young participants of the She connects program to share our craft and knowledge!"

13/06/2026

KiMo X Lavender

Changing address -13 ရက်နေ့မှာ ပြုလုပ်မည့် KiMo Textile & Craft ရဲ့ Paper Quilling Basic ( sec 1) သင်တန်းလေးလူပြည့်သွားပ...
07/06/2026

Changing address -

13 ရက်နေ့မှာ ပြုလုပ်မည့် KiMo Textile & Craft ရဲ့ Paper Quilling Basic ( sec 1) သင်တန်းလေးလူပြည့်သွားပါပြီ။

သင်တန်းလေးကို သင်တန်းသူများ သွားလာရပိုမိုလွယ်ကူစေရန် နေရာပြောင်းလဲ သတ်မှတ်ထားပါတယ်။

Delta Plaza , ဗန်ဒါပင်မှတ်တိုင် အနီး။ ဗဟန်းမြို့။

အသေးစိတ်ကို

viber : 09950903968

ph 09950903968 / 09663308929

Hello , KiMo တို့ရေ မျှော်နေတဲ့ Paper Quilling Art Basic course ရဲ့ အချိန်ဇယားလေးထွက်လာပါပြီ။      she connects program ...
02/06/2026

Hello , KiMo တို့ရေ မျှော်နေတဲ့ Paper Quilling Art Basic course ရဲ့ အချိန်ဇယားလေးထွက်လာပါပြီ။
she connects program မှာ ပါဝင်တဲ့ KiMo team members များနှင့်လည်းအတူသင်ကြားခွင့်ရမယ် ။

သင်တန်းပြီးသွားရင်လည်း မိမိကိုယ်တိုင်လုပ်ထားတဲ့ Bookmark နှင့် postcard လေးများကို လက်ဆောင်အဖြစ်ပြန်ယူဆောင်ခွင့် ရမှာပါနော်။

ကုန်ကြမ်းဝယ်ယူရရှိနိုင်တဲ့ နေရာများကိုလဲ ညွှန်းပေးပြီး စျေးသက်သာစွာ ဝယ်ယူနိုင်တဲ့နည်းလမ်းများကိုလည်းသင်ယူလေ့လာခွင့်ရရှိမှာပါ။

Date : 13.06.2026

Time : 1:30 - 2:30PM

Location : မြေနီကုန်း ( she creates show room ကယာယီသတ်မှတ်ထားပါတယ်။)

ဒီနေ့မှာတော့ KiMo တို့က she connect အဖွဲ့သားများနှင့်အတူ ဆရာမ မွန်ဟောစီရဲ့ Art of Storytelling ပွဲလေးမှာ လိုက်ပါစီးမျောခ...
30/05/2026

ဒီနေ့မှာတော့ KiMo တို့က she connect အဖွဲ့သားများနှင့်အတူ ဆရာမ မွန်ဟောစီရဲ့ Art of Storytelling ပွဲလေးမှာ လိုက်ပါစီးမျောခဲ့ကြပါတယ်။ ✨

☕️🌿​Brand တစ်ခုရဲ့ နောက်ကွယ်က ဖြစ်တည်မှုကို အနုပညာဆန်ဆန် ပြန်ပြောင်းပြောပြကြတဲ့အခါ Product တစ်ခုချင်းစီရဲ့ ရာဇဝင် (Story) တွေဟာ ဘယ်လိုဖြစ်တည်လာသလဲဆိုတာ စိတ်ဝင်စားစရာ အပြည့်ပါပဲ။

​ဒီပွဲလေးကနေ ရရှိလိုက်တဲ့ အဓိက Key Points လေးတွေကို KiMo တို့က ပြန်လည်မျှဝေပေးချင်ပါတယ် -

☕️🌿​Authenticity (စစ်မှန်မှု): Brand တစ်ခု၊ Product တစ်ခုမှာ ကိုယ်ပိုင်အမှတ်အသားနဲ့ စစ်မှန်မှုရှိဖို့က ဘယ်လောက်အရေးကြီးကြောင်း။

☕️🌿​Work-Life Boundary: လုပ်ငန်းခွင် အလုပ်တွေနဲ့ ကိုယ်ပိုင်ဘဝ (Personal life) ကြားမှာ ကျန်းမာတဲ့ အတိုင်းအတာတစ်ခု (Boundary) ထားရှိဖို့ လိုအပ်ပုံတို့ကို ​ဆရာမက အမေး၊ အဖြေပုံစံလေးနဲ့ ရင်းရင်းနှီးနှီး၊ အပြန်အလှန် ဆွေးနွေးပြောပြသွားတာမို့ တကယ့်ကို အကျိုးရှိပြီး စိတ်ခွန်အားရစေတဲ့ ပွဲလေးတစ်ပွဲ ဖြစ်ခဲ့ပါတယ်။
​ #ပြင်သစ်ယဉ်ကျေးမှုဌာန #မွန်ဟောစီ

🐞🐞  ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေကို လက်တွေ့မှာ ချက်ချင်းအကောင်အထည်ဖော်ဖို့ တွေးရင်း အချိန်ကုန်နေတယ်လို့ ခံစားနေရပြီလား ...
29/05/2026

🐞🐞 ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေကို လက်တွေ့မှာ ချက်ချင်းအကောင်အထည်ဖော်ဖို့ တွေးရင်း အချိန်ကုန်နေတယ်လို့ ခံစားနေရပြီလား

​ကိုယ်ပိုင် ကိုယ်တိုင် ဆန်းသစ်တီထွင်ပြီး မိမိအနုပညာတွေကို စျေးကွက်မှာ ချပြနိုင်ဖို့ Paper Quilling (စက္ကူလိပ်ပန်းချီ) အခြေခံသင်တန်းလေး လာပါပြီ! 🌸

မိမိရဲ့ တနေ့တာ အချိန်တွေကို ပေးဆပ်ပြီး ဘာတွေ သင်ယူခွင့် ရမှာ လဲ 🤔

​လှပဆန်းပြားတဲ့ လက်လုပ် စက္ကူညှပ်စာညှပ် (Bookmarks) လေးတွေနဲ့ ရာသီအလိုက်စျေးကွက်ဝင်နေအုံးမယ် လက်ဆောင် Post Card လှလှလေးတွေ ချက်ချင်းလုပ်မယ်။

​ဒီ အကောင်းဆုံး အခွင့်အရေးက ဘယ်မှာ ရမှာလဲ ?🤔

🛠️ ​KiMo Textile & Crafts မှ Paper Quilling အခြေခံ သင်တန်းလေး ကို ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။

အခြေခံ Level - 1 ( Basic course ) ကစပြီး စနစ်တကျ သင်ကြားပေးသွားမှာမို့လို့ လုံးဝ မလုပ်ဖူးသေးတဲ့ အစပျိုးသူတွေအတွက်လည်း အဆင်ပြေစေမယ့် အလုပ်ရုံဆွေးနွေးပွဲ (Workshop) လေးတစ်ခု ဖြစ်ပါတယ်။
​🛠 ​သင်တန်းသူ/သားတစ်ဦးချင်းစီအတွက် စာညှပ် (Bookmark) ဒီဇိုင်းတစ်ခု နှင့် ပို့စကတ် (Post Card) ဒီဇိုင်းတစ်ခုစီ ကိုယ်တိုင် လက်တွေ့ ဖန်တီးပြုလုပ်မယ်။

​📌 သင်တန်းဘယ်တော့ စမှာလဲ
​သင်တန်းစတင်မည့်အချိန်: ၂၀၂၆ ခုနှစ်၊ ဇွန်လလယ်ပိုင်းတွင် စတင်ပါမည်။
​နေရာ: လူဦးရေ ကန့်သတ်ထားပါသဖြင့် (Limited Seats) စောစောစီးစီး စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်နော်။
​
​သင်တန်းရက်အချိန်ဇယားအသေးစိတ်နှင့် အပ်ဒိတ်များကို သိရှိနိုင်ရန်အတွက် KiMo Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။ 🥰
​
စိတ်ဝင်စားနိုင်မယ့် သူငယ်ချင်းတွေကိုလည်း ဒီ Post လေးကို မျှဝေ (Share) ပေးပြီး အတူတူ ဖန်တီးလိုက်ရအောင်။ 🎨✂️
​(Note: စာရင်းပေးသွင်းရန် သို့မဟုတ် အသေးစိတ်သိရှိလိုပါက Messenger ကနေ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါတယ်!)

သင်တန်းကြေး ။ ၅၀,၀၀၀ကျပ် တစ်ဦး

Free Paper Quilling Basic Training Class! 🌸

​Calling all creative souls!

Always wanted to learn the art of creating stunning paper filigree like these beautiful handmade bookmarks?

​Now is your chance!

We're hosting a Paper Quilling Basic Training Class. This beginner-friendly workshop will guide you through the essentials of paper quilling.

​In this hands-on class, you will learn:

​The basic quilling shapes

​The essential tools and techniques of paper quilling

​How to create simple and beautiful designs such as Book mark and post card.

​
​Join us for this exciting workshop and discover the joy of paper quilling!

​The class will be start soon on mid of june 2026.

​Don't forget to like and follow our page for updates and to get notified when the class goes and details schedule.

We can't wait to craft with you! Share this post with your friends who might be interested! Let's get creative together!

Course fees : 50,000ks per person

Address

Yangon

Alerts

Be the first to know and let us send you an email when KiMo Textile & Crafts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share