Monica’s Floral Lab

Monica’s Floral Lab Join me for recipes, travel tips and little moments of inspiration! ✨

Monica Floral Lab ဆိုပြီးဖြစ်လာတဲ့ အကြောင်းလေးတစ်ဖြတ်ပေါ့ 💐2019 February ဝန်းကျင်လောက်ကစမယ် အဲ့အချိန်မှာ ကိုယ့်ရဲ့ရည်းစာ...
08/09/2024

Monica Floral Lab ဆိုပြီးဖြစ်လာတဲ့ အကြောင်းလေးတစ်ဖြတ်ပေါ့ 💐

2019 February ဝန်းကျင်လောက်ကစမယ် အဲ့အချိန်မှာ ကိုယ့်ရဲ့ရည်းစားလေးနဲ့ စတွဲတဲ့အချိန်ပေါ့ သူကဘွဲ့ယူမယ်ဆိုတော့ ကိုယ်က ပန်းစည်းပေးချင်တာ 🤭 ပန်းစည်းကိုလဲ သူများနားကမှာတာထက် ကိုယ်တိုင်စည်းပေးချင်တာ အမှတ်တရဖြစ်အောင်ဆိုပြီးတော့ပေါ့ (ပန်းတောင်နေကြာပန်းပေးချင်တာ) ကိုယ့်နားမှာနေတာကြာအောင် 🤫 စတာပါ

နေကြာပန်းဆိုတာ ဂုဏ်ပြုတဲ့ သဘောလို့တော့ Google မှာဖတ်ရတာပဲ (မှန်မမှန်မသိ)

ကိုယ်ဆိုတာလဲ ပန်းစည်းဆိုတာကို တစ်ခါမှမစည်းဖူး ပန်းဆိုတာလဲ ဘယ်နားရှာဝယ်ရမလဲမသိ 🙂‍↕️
အဲ့တာနဲ့ ဇွဲမလျော့ဘူး ရှာဝယ်မယ်ကွာပေါ့ စည်းကြည့်မယ်ဆိုပြီး လိုက်ရှာဝယ် တကယ်မောနေရောပဲ (တစ်ခါမှမလုပ်ဖူးတာကိုး)

မှတ်မှတ်ရရ အဲ့ဘွဲ့ယူတဲ့နေ့က Work from home ရက် ဒါမဲ့ကိုယ်ကပန်းလဲစည်းရမယ် သူနဲ့လဲဓါတ်ပုံရိုက်မယ်ဆိုတော့ ခွင့်ယူလိုက်တယ် 📸👨‍🎓(ဤကား စကားချပ်)

အဲ့နေ့မှာ ဝတ်တဲ့ထမီကလဲ မေမေငယ်ငယ်ကဝတ်တဲ့ ကီမိုနိုလေး အရင်ခေတ်ဒီဇိုင်းပေါ့ အဲ့တာလေးကိုကိုယ့်အတိုင်းနဲ့ ပြန်ပြင်ပြီး ဝတ်ထားတာ အရမ်းကြိုက်လို့ဆို ဒါကိုလဲ ကိုယ်ကအမှတ်တရဝတ်ချင်တာ ♥️

ပွဲနေ့ဆိုတော့လဲ လူတွေကများ ဓါတ်ပုံရိုက်ပေးမဲ့သူကလဲမရှိပေါ့ အဲ့လိုနဲ့ပဲ ၂ ယောက်ပုံက ဖြတ်သွားတဲ့အစ်ကိုတစ်ယောက်ကို ရိုက်ခိုင်းခဲ့တာ အခုထိဒီပုံလေးကို အကြိုက်ဆုံးပေါ့ အသက်ဝင်လို့ 🥰

ဒီလိုနဲ့ပဲ ပန်းစည်းရရင်ပျော်လာတယ် သူငယ်ချင်းမွေးနေ့ဆိုလဲ ကိုယ်ကစည်းပေး ရုံးကလူကြီးမွေးနေ့ဆိုလဲ ကိုယ်ကအရင်းအတိုင်းပဲ အမြတ်ဆိုတာ မယူခဲ့ (ကိုယ်စည်းတာ လူတွေ သဘောမကျမှာစိုးခဲ့တာ) တစ်ခါတစ်လေအိတ်စိုက်ပြီး ရှုံးတောင်ရှုံးတယ် 😆

အခုထိလဲ ပန်းစည်းလေးတွေကို စျေးအသင့်တင့်နဲ့ လှတောင် အမြဲစည်းပေးဖြစ်တယ် (စီးပွါးရေးလုပ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်တော့)

ဒီလိုနဲ့ပဲ ဒီ Monica Floral Lab လေးက ရပ်လိုက်လုပ်လိုက်နဲ့ ၅ နှစ်လောက်ရှိခဲ့ပြီပေါ့ 🎉

အခုထိလဲ YouTube ကပဲလေ့လာပြီးစည်းပေးဖြစ်နေတုန်းပါပဲ လိုအပ်ချက်တွေရှိပေမဲ့ ယုံယုံကြည်ကြည်နဲ့ မှာပေးတဲ့သူတွေကိုလဲ ကျေးဇူးပါရှင့် ♥️

Page လေး Active မဖြစ်တာကြာပြီမို့ စာအရှည်ကြီးရေးလိုက်ပါတယ် 😘

မင်မင်က ဟာသတွေပြောပြီးမွေးရာပါမျက်နှာမာပေမဲ့ သဘောကောင်းပါတယ်လို့…

Page

ဒီနေ့အတွက် ပိတောက်ပန်းစည်းလေးတွေ ရပါမယ် ကုန်တာမြန်လို့ မြန်မြန်မှာမှရမယ်နော်
24/03/2024

ဒီနေ့အတွက် ပိတောက်ပန်းစည်းလေးတွေ ရပါမယ်

ကုန်တာမြန်လို့ မြန်မြန်မှာမှရမယ်နော်


မိုးလေးဖွဲတုန်း သတိရတယ် ☔️အကြိုမိုးလေးတွေလဲ ရောက်လာပြီဆိုတော့ ပိတောက်ပန်းလေးတွေလဲ ပွင့်တော့မယ်နော် 🥰ကိုယ်ချစ်ရတဲ့သူအတွက်...
17/03/2024

မိုးလေးဖွဲတုန်း သတိရတယ် ☔️

အကြိုမိုးလေးတွေလဲ ရောက်လာပြီဆိုတော့ ပိတောက်ပန်းလေးတွေလဲ ပွင့်တော့မယ်နော် 🥰

ကိုယ်ချစ်ရတဲ့သူအတွက်ပေးချင်ရင်တော့ အခုပဲ ကြိုမှာထားလိုက်တော့နော် 🌼

📞 09259355770
📢 ဘရဏီလမ်း တောင်ဥက္ကလာပမြို့နယ် ရန်ကုန်မြို့

🎄🥰Merry Christmas to you All 🎅Jingle Bell Jingle Bell Jingle All the way 🎼🎶
25/12/2023

🎄🥰Merry Christmas to you All 🎅

Jingle Bell Jingle Bell Jingle All the way 🎼🎶

Monica’s creation in AI vibe♥️
20/08/2023

Monica’s creation in AI vibe♥️

ပန်းကြိုက်တဲ့ ချစ်သူတို့ရေ 🥰ပန်းတော့ပေးချင်တယ် စျေးလေးကိုလဲ ပေးရတာနဲ့ တန်အောင် ဖြစ်ချင်တယ် 💕 ပန်းစည်းလို့ပြောလိုက်တာနဲ့ ...
06/08/2023

ပန်းကြိုက်တဲ့ ချစ်သူတို့ရေ 🥰

ပန်းတော့ပေးချင်တယ် စျေးလေးကိုလဲ ပေးရတာနဲ့ တန်အောင် ဖြစ်ချင်တယ် 💕

ပန်းစည်းလို့ပြောလိုက်တာနဲ့ စျေးကြီးတာကို စိတ်ပူစရာမလိုဘဲ ကိုယ့်သုံးချင်တဲ့ Budget ပေါ်မှာ အတတ်နိုင်ဆုံး လှအောင် စည်းပေးတဲ့ Monica’s Floral Lab ကိုသတိရလိုက်နော် 🥳

သဲလေးတို့ ၂ ရက်တော့ ကြိုမှာပေးနော် ♥️

လိပ်စာ - ၁၀ ရပ်ကွက်စျေး ဘရဏီလမ်း တောင်ဥက္ကလာပမြို့နယ်
ဖုန်းနံပါတ် - 09259355770

ကဲ ပိတောက်ပန်း ချစ်တဲ့ ချစ်သူလေးတွေအတွက် Monica’s Floral Lab ကအချိန်မှီလေးရောက်လာပါပြီ 🥰Instock ပန်းလေးတွေမို့ လက်တော့သွ...
13/05/2023

ကဲ ပိတောက်ပန်း ချစ်တဲ့ ချစ်သူလေးတွေအတွက်

Monica’s Floral Lab ကအချိန်မှီလေးရောက်လာပါပြီ 🥰

Instock ပန်းလေးတွေမို့ လက်တော့သွက်ဖို့လိုမယ်နော် ✨♥️

စျေးလေးတွေကလဲ အဆင်ပြေအောင်လုပ်ထားပေးတာမို့ အခုပဲ မှာလိုက်နော် 🥳

☎️09259355770
📮တောင်ဥက္ကလာ ၅ ရပ်ကွက် သုမင်္ဂလာလမ်း

📢Hello Hello !!!ဒီနေ့မှာတော့ 💐Monica's Floral Lab💐ကနေ Orderအများဆုံးရသလို လူကြိုက်များတဲ့🌻နေကြာပန်း Bouquet🌻လေးတွေအကြောင...
26/04/2023

📢Hello Hello !!!

ဒီနေ့မှာတော့ 💐Monica's Floral Lab💐ကနေ Orderအများဆုံးရသလို လူကြိုက်များတဲ့
🌻နေကြာပန်း Bouquet🌻လေးတွေအကြောင်းပြောပြချင်ပါတယ် 💕🙈

🌻မင်မင်တို့ဆီကနေကြာလေးတွေက အပွင့်တွေကြီးပြီး တာရှည်ခံတာကြောင့် “နေကြာပန်းလေးတွေကအတုလား? ” ဆိုတဲ့ မေးခွန်းလေးတွေလဲမကြာခဏရရှိပါတယ် 🤔🤫💕

🌻မင်မင်က ဒီ‌နေကြာပန်းလေးတွေမှမဟုတ်ပဲ Bouquetတိုင်းရဲ့ အဓိက‌ဇာတ်ဆောင်ပန်းလေးတွေအတွက် အကောင်းဆုံး အပွင့်အလှဆုံးတွေကိုပဲ ကိုယ်တိုင်သေချာရွေးပြီး ချစ်တို့ဆီအရောက်ပို့ပေးတာမို့ Qualityပိုင်းကိုတော့ 100%အာမခံပါတယ်ရှင်🙋🏻‍♀️❣️

Monica's Floral Labမှာ 🎂Birthday, 💕Anniversary, for any occasionအတွက် 🌻Sunflower Bouquets
🍫🌹အပွင့်ရေ 30,50,60,100 Roses Bouquets
🍫💐Chocolate Bouquets
🍫💐Chocolate and Bouquets Gift Set
ဆိုတဲ့ Orderတွေအပြင် ချစ်တို့စိတ်တိုင်းကျOrderများကိုမှာယူရရှိနေပြီမို့ အမြန်ဆုံးorderတင်ထားဖို့တော့လိုမယ်နော်💕🙊

🎀ချစ်တို့စိတ်တိုင်းကျorderများကို Quality & Serviceပိုင်းကိုစိတ်ပူစရာမလိုတဲ့ဝန်ဆောင်မှုမျိုးနဲ့ Monica's Floral Labကအမြဲအသင့်ရှိနေပါတယ်ရှင်🎀

Ph Number : 09259355770
Place : South Oakalapa Township , Yangon

သဲလေးတို့ မျှော်နေတဲ့ ရက်လေးကို ရောက်လာပါပြီ 💓👋💐✨Monica Floral Lab လေးကို ပြန်ပြီးစတင်တဲ့အနေနဲ့ အရောင်းရဆုံး limited Ite...
04/02/2023

သဲလေးတို့ မျှော်နေတဲ့ ရက်လေးကို ရောက်လာပါပြီ 💓👋💐
✨Monica Floral Lab လေးကို ပြန်ပြီးစတင်တဲ့အနေနဲ့ အရောင်းရဆုံး limited Item လေးကို Valentines Day အမှီပြန်ထုတ်လိုက်ပါပြီ 🥳✨

💐ကိုယ့်ရဲ့ ချစ်ရတဲ့သူကို ပေးဖို့ ခေါင်းစားမနေနဲ့တော့နော် 🤩

ဘူးလေးထဲက ပန်းလေးကိုလဲ အသေးစိတ်သေချာစည်းပြီး အကုန်လုံးကို Handmade နဲ့ လုပ်ထားတာမို့ လက်ဆောင်ပေးဖို့ အသင့်တော်ဆုံးနော် 🥰🫶🏻

ပန်းလေးကလဲ အကြာကြီး ထားခံပြီး ညှိုးမသွားလို့ စားပွဲပေါ်အလှထားရင် အရမ်းကို လှသောနော်❤️

လုပ်ရတာလက်ဝင်တဲ့ အတွက် အရေအတွက်လေးတော့ ကန့်သတ်ထားပါတယ် 🤗

Limited stocks လေးဖြစ်လို့ လက်သွက်ဖို့တော့လိုမယ် ကိုကို မောင်မောင်တို့ရေ 🧐

💬Page Message box
☎️ 09259355770

Hello!!!!!Who's already exciting for 🍫Valentine's Day🍫?မတွေ့ရတာကြာပြီဖြစ်တဲ့ lovelies တို့ရေ🙆🏻‍♀️❤️ဒီနှစ်မှာလဲ တောင်းဆို...
12/02/2022

Hello!!!!!
Who's already exciting for 🍫Valentine's Day🍫?

မတွေ့ရတာကြာပြီဖြစ်တဲ့ lovelies တို့ရေ🙆🏻‍♀️❤️
ဒီနှစ်မှာလဲ တောင်းဆိုတဲ့အချစ်လေးတွေများနေတာမို့ Monica တို့က V'Day Limited Edition Set 💐🎂🍫လေးကို Snack Box နဲ့ Collaboration V'Dayအမှီ အကောင်ထည်ဖော်လိုက်ပါပြီနော်👀❤️🙊

🍫နှစ်တစ်နှစ်ရဲ့ လူတိုင်း အထူးသဖြင့် ကိုယ့်အချစ်တွေကို သေချာဖော်ပြလို့ရနေတဲ့ ဒီလိုလလေးမှာ အိမ်ကနေပြီး 📳ဖုန်းတစ်ချက်ဆက် 💬စာလေးတစ်ကြောင်းပို့လိုက်ရုံနဲ့ မင်မင်တို့က ယူတို့ချစ်ရသူလေးတွေ မျက်နှာမှာ အပြုံးတွေဝေစေဖို့ တာဝန်ယူပါရစေ..🥺😍

အများကြီးလဲ တွေးစရာမလို တစ်နေရာထဲမှာလဲ Snack box ရော ပန်းဗူးရော တစ်ခါတည်းရနိုင်မယ့် Monica's Floral Lab က 🎀Limited Edition🎀 တွေကို မှာယူချင်တယ်ဆိုရင်တော့ Page Message Box ခုပဲ Hi ထားလိုက်တော့နော်❤️😻

💐ပုလင်းလေးထဲမှာပါတဲ့ Baby Breathပန်း‌လေးတွေက ပန်းအစစ်ဖြစ်တဲ့အပြင် ကြာရှည်ခံပြီး အလှမပျက်တဲ့အမျိုးအစားလေးတွေမို့

💐Mini Bouquet Bottle လေးသတ်သတ်ပဲလက်ဆောင်ပေးမလား 🎁Suprise Gift Box လေးတွေမှာပဲထည့်ပေးမလား အကုန်အဆင်ပြေတဲ့အပြင် အထဲမှာလဲမီးကြိုးလေးတွေနဲ့အလှဆင်ထားတာမို့ တော်တော်လေးကိုတန်နေပြီနော် 😍✨

Snack box သီးသန့်လိုချင်ရင်လဲ စီစဉ်ပေးပါတယ် 😻

💌Limited Edition💌 ဖြစ်တာမို့ ကိုယ့်ချစ်သူလေးပျော်စေဖို့ မြန်မြန်လေးလှုပ်ရှားလိုက်ပါတော့ 🙏🏻🍫❤️

💬Page Message Box
📳 09259355770

Address

Yangon
120103

Website

Alerts

Be the first to know and let us send you an email when Monica’s Floral Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share