သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင်

  • Home
  • Myanmar
  • Yangon
  • သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင်

သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင် နိဗ္ဗာန်ကုန်ဆိုင်

29/05/2026

စီးပွားရေး အဆင်မပြေဖြစ်နေသူ များ၊ အ ကြွေး ပတ်လည်ဝိုင်းနေသူများ၊ အလုပ်မှာ အဆင်မပြေသူများ၊အိမ်ထောင်ရေး နေ့နံမတည့် အဆင်မပြေသူများ၊ သောကဝေပြီးဘာဆက်လုပ်ရမှန်းမသိ လမ်းပျောက်နေသူများ #ဦးရွှေအိုးဘုရားကို ယုံကြည်စွာ ပူဇော်ခြင်းဖြင့် အကျိုးထူးများကိုရရှိစေပါသည်။

မိမိတို့နှင့်ကိုက်ညီသော သစ်အမျိုးအစားများကို အသုံးပြု၍ ထုလုပ် ပူဇော်ခြင်းက သာလွန်၍ ကောင်းမွန်သော အကျိုးများစွါကိုရရှိကြကြောင်း ကိုယ်တွေ့နှင့်တကွ ပူဇော်ကြသူတိုင်း အတွေ့အကြုံများရှိပါသည်။

မိမိတို့နှင့်ကိုက်ညီသော အသားများကို ရွေးချယ်ပေးမှု၌လဲ မည်သူနှင့်မျှ မတူညီသော နည်းစနစ်များဖြင့် ဆရာ့ဆရာများနှင့်တိုင်ပင်ဆွေးနွေးခြင်းအပြင် အတွေ့အကြုံပေါင်းများစွါကို အခြေခံ၍ ထောက်ဆ ချိန်ညှိခြင်း ပူဇော်သူအတွက်တသက်တာလုံး အကျိုးပေးသန်စေရန် အထောက်အပံ့ကောင်းများစွါ ရယူခြင်းဖြင့် တမူထူးခြားစွါ ဆောင်ရွက်ပေးမှုကြောင့် ယနေ့အချိန်ထိ ပူဇော်သူတွေ အကျိုးထူးတွေရရှိကြောင်း လာပြောနေကြပါပြီ။

"နေ့နံသားဆို သူရိယဝံသကို ပြေးသာသတိရ ထာဝရ စိတ်ချအမှန်ကြီးပွါးရန်"

သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင်ဖုန်း09406309022

ဦးရွှေအိုးဘုရားဆိုတာ ဘာလဲ???

"ဦးရွှေအိုးဘုရားသမိုင်း"

ဦးရွှေအိုးဘုရား1998 ခုနှစ်မှာ မိ သားစု စီးပွားရေး ကျခဲ့တယ်။ အ ကြွေးတွေတင်ခဲ့တယ်။အ ကြွေး တင်တာ က အ ကြောင်းမဟုတ် ။ တစ်လ တစ်လ ပေးနေရတဲ့အတိုးက မသေး ။လကုန်ရင်အတိုး ပေး ဖို့ စိတ်ပူနေရပြီ ။ ကြုံဖူးသူများသိမှာ ပါ ။ အဲဒီ ဒုက္ခကို ။ တကယ်စိတ်ဆင်း ရဲစ ရာကောင်းပါသည်

အဲဒါနဲ့ 1999 မှာ အဘဆရာကြီး မင်းသိင်္ခရေးတဲ့ ဝါစိမ်းနီ ဦးရွှေအိုးဘုရားအကြောင်းဖတ်လိုက်ရသည်။ အဲဒါနဲ့ အဲဒီ ဘုရား ထုပြီး ကိုးကွယ်ခဲ့သည်။အဘမင်းသိင်္ခ၏ အကြွေးကြေမယ် ယတြာများလုပ်ခဲ့သည် ။တိုတိုနဲ့လိုရင်းပြောရရင် ၃ လနေတော့ အကြွေးတစ်၀က်ကြေသွားသည်။၆လ နေ တော့ အကြွေးလုံး၀ရှင်းသွားသည်။ ၃ နှစ်နေတော့ အိမ်ပိုင်ဝိုင်းပိုင် ကားပိုင် ဖြစ်ခဲ့ရသည် ။ ထို့ နောက်မှ ဗေဒင် ယတြာကို ယုံ ကြည်ပြီးဗေဒင်လောကထဲရောက် လာခဲ့ရပါတော့သည်။အဲဒီဘုရားကိုးကွယ်ခိုင်းခဲ့သော မိတ်ဆွေများလည်း အကြွေးကြေ စီး ပွားဖြစ်ကြတာကို တွေ့ ရှိရပါတယ်။ ထို့ကြောင့် အဲဒီ ဘုရားအကြောင်းကိုမျှဝေပေးလိုက် ရပါတော့သည် ။ ယုံလျှင်ကြည်ပါလိမ့်မည်။ မယုံလျှင်မလုပ်ပါနဲ့ ။ကျွန်တော့်တုန်းကတော့ မယုံပါ ။ ဒီဘုရားကိုး ကွယ်ယုံ နဲ့ အဆင်ပြေမယ် ဆိုတာ မယုံပဲ လုပ်စရာ မရှိလို့ စမ်းကြည့်လိုက်တာပါ။ အ ဆင်ပြေသွားတယ်။အဘမင်းသိင်္ခ၏ မနောမယလက် ဆောင်ပေါင်းချုပ်စာ အုပ်တွင်ရေး သားထားပါသည်။အင်းဝခေတ် က ဖြစ်ပါသည်။မင်း ဆရာဗားမဲ့ဆရာတော်သည်လော ကီပညာများကို တတ်ကျွမ်းပါ သည် ။

အင်း၀ မန်ကျဉ်းတန်းနေ ဦးရွှေအိုးဆိုသော သူဆင်းရဲကြီးတစ်ဦးသည် ဆရာတော်ကျောင်းသို့ အ စဉ်သဖြင့် သွားရောက်၍ ဆ ရာတော် ကိုနင်းနိတ်ပေးနေလေသည် ကြာသောအခါ ဦးရွှေအိုး၏ တံ တောင်သည် ကျွဲပခုံးများ ထ၍နေပေတော့၏။တနေ့သ၌ မင်းသားတစ်ပါးသည် ဆရာတော်ထံသို့ရောက်လာပြီးလျှင် ဆရာတော်ဘုရား အခုအခါမှာ နယ်စားကြီးရာထူး လစ်လပ်နေပါတယ်။ တ ပည့်တော်တို့မင်း သားက သုံးပါးရှိပါတယ်။ အဲဒီနေရာကို တပည့် တော် လိုချင်ပါတယ်ဘုရားဟု လျှောက်ထားလိုက်လျှင် ကောင်းပြီ ဒကာဟု ဆိုကာ ကွမ်းရွက်ပေါ်တွင် ထုံးဖြင့် စမရေး၍ ထိုမင်း သား အားပေးလိုက် လေ၏။ထို သို့ပေးပြီနောက် “သုံးရက်အတွင်း ဒကာလိုချင်တဲ့ ရာထူးကိုရလိမ့်မယ်” ဟုလည်း မိန့်မှာတော်မူလိုက်လေ၏။ထိုနောက် အမတ်တဦး ရောက် လာပြန်၏။ ထိုအ မတ်ကလည်း ဆရာတော်ဘုရား အမတ်ချုပ်ရာထူး လစ်လပ်နေပါပြီ။

တပည့်တော်တို့ငါးဦးဟာ အဲဒီနေ ရာကို ချိန်ရွယ် နေကြပါတယ်ဘု ရား။ တပည့်တော်ဟာ အဲဒီနေရာကို အလွန်ပဲ လိုချင်ပါတယ်ဘုရား ”ဟု လျောက်ထားလျှင် ဆရာ တော်သည် ထိုအမတ်အား သပြေညွန့်ခုနှစ်ညွန်က်ို ဂါထာခုနှစ်အုပ် စုပ်၍ ပေးလိုက်၏။ ထို့ နောက် “ဒါယကာအမတ် ငါးရက်အတွင်း အမတ်ချုပ်ရာထူးရလိမ့်မယ်။ သွား ပေတော့” ဟု ပြောလိုက်လေ ၏။မကြာမီ၌ပင် ကုန်သည်တစ်ဦး ရောက်လာလေ၏။ ထိုကုန်သည်သည်လည်း ဆရာတော်အား “ဆ ရာတော်ဘုရား တ ပည့်တော်ဟာ ကုန်သည်လေးဖြစ်ပါတယ်ဘု ရား ။ တပည့်တော်ဟာ လုံးလဝီရိယလည်းရှိပါတယ်။ကုန် သည်ကြီး ဖြစ်လိုလို့ဆ ရာတော်ဘုရား ကယ်မတော်မူပါ” ဟုလျောက်ထားပြန်လေ၏။ ဆ ရာတော်ကထိုကုန်သည်အားအင်း တစ်ချပ် ချီးမြင့်လိုက်ပြီးလျှင် “ကဲ ကုန်သည် ဒါယကာလေးရေ ဒီတပတ်အတွင်းမှာပဲ ကုန်တွေ အဆမတန်မြတ်စွန်းပြီးကုန် သည် ကြီးဖြစ်သွားလိမ့်မယ်”ဟု မိန့်မှာတော်မူကာ လွတ်လိုက်လေ၏။ ကုန် သည်လေးသည် ၀မ်းမြောက် ၀မ်းသာနှင့် ပြန်သွားလေ၏။ရက် မကြာမီ၌မင်းသားသည်လည်း ကောင်းအမတ်သည်လည်း ကောင်း ကုန်သည်သည်လည်း ကောင်း လှူဖွယ်ပစ္စည်းအ စုစုဖြင့် ဗားမဲ့ ဆရာတော်ကျေင်းသို့ပြန် လည်ရောက်ရှိလာကြလေ၏မင်း သားကလည်း နယ်စား ကြီးဖြစ် ကြောင်း အမတ်ကလည်း အမတ်ချုပ်ဖြစ်သွာပြီဖြစ် ကြောင်း ကုန် သည်လေးကလည်း ဆရာတော် ပြောသည့်အတိုင်း တစ်ခေါက်ထဲ ၌ပင် ကုန်သည်ကြီးဘ၀သို့ရောက်သွားပြီ ဖြစ် ကြောင်းပြောလေ ၏။ထို့ နောက် ဆရာတော်အား ကန် တော့၍ ပြန် သွားကြလေ ၏။ထိုအခါ ဆရာတော်၏ကျောကို တတောင်ဖြင့် ကျိတ်ပေးနေသော ဦးရွှေအိုးက “အရှင်ဘုရားကို တတောင်နဲ့ကျိတ်ပေးလို့ တ ပည့်တော် တံတောင်ဟာ ကျွဲပုခုံးတွေ ဖြစ်နေပါပြီ။ တပည့်တော်လောက် ဆင်းရဲတဲ့ လူဟာ အင်း၀ တစ်ပြည်လုံးမှာတောင် မဟုတ်ဘူး။ မန်ကျည်းတန်း တစ်တန်းလုံးမှာလည်း တပည့်တော် အ ဆင်းရဲဆုံးပါပဲ။ဆန်ကွဲနဲ့မန် ကျည်း ရွက်နဲ့ ပြုတ်သောက်နေ ရတာကြာပါပြီဘုရား။ တ ပည့်တော်ကို ကြီးပွားချမ်းသာအောင် ဘာလို့ မလုပ် ပေးတာလဲဘု ရား ”ဟု ရဲဝံ့ပြတ်သားစွာ လျှေက်တင်လေ၏။ထိုအခါ ဗားမဲ့ဆရာတော်က " နင် ငါ့ဆီမှာ ဘယ်နှစ်ခါများ တောင်းဖူးသလဲ။နင့်ဟာနင်နင်း ပေးတယ်။ နှိပ်ပေးတယ်။ အဲဒီအတွက်နင် ကု သိုလ်တွေ ရနေပြီပဲ ။တို့လော ကီပညာက မတောင်းရင် မပေးရဘူး။ နင် မတောင်းတော့ ငါက မပေးဘူးပေါ့။ ”ဟု မိန့်လိုက်လျင် ဦးရွှေအိုးက“တောင်း မှ ပေးမယ်ဆိုရင်လည်း အခုပေးပါ။ တ ပည့်တော် သူဌေးဖြစ်ချင်ပါတယ် ဘု ရား”ပြောလေ၏။ ထိုအခါ ဗားမဲ့ဆရာတော်က ပြဲုးရယ်လျက် “အေးအေး နင့်ဘု ရားစင်မှာ ကျွန်းသားနဲ့ ဘုရားဆင်း တုတော်ထုပါ။ အနည်းဆုံး၆ လက် မ ရှိရမယ်။ အဲ ဒီ ဆင်း တုတော်မှာ သင်္ကန်းတော်ကို အနီရဲရဲ ဆေးပြန်ချယ်။ ပလ္လင်တော်ကိုတော့ အစိမ်းရောင်တောက် တောက် ဆေးချယ်ခေါင်း တော်မျက်နှာတော် လက်ဝါးတော်ကိုတော့ တတ်နိုင်ရင် ရွှေချ။မ တတ် နိုင်ရင်အဝါရောင်တောက် တောက် ကို ချယ် ။ပြီးတော့{ ဧဝံ အစိန္တိယာ ဗုဒ္ဓါ ၊ ဗုဒ္ဓ ဂုဏာ အစိန္တိယာအစိန္တိယေ ပသန္နနံ ၊ ဝိပါကော ဟောတု မမ အစိန္တိယော။}ဒီဂါထာနဲ့ နေ့စဉ်ရေချမ်း ဆွမ်းတော် အမွှေး ပန်း စသည်တို့ကို ကပ်လှူပြီး ချမ်းသာအောင်ဆုတောင်းပေတော့ဟု မိန့်လိုက်လေ ၏။ ဦးရွှေအိုးလည်း ထိုစကားကိုကြားလျှင် ဆရာတော်အား ကန် တော့ဦးချ၍ အိမ်သို့ပြန်ပြေးလေ ၏။ အိမ်သို့ပြန်ရောက်လျင် ဆ ရာတော်မှာ လိုက်သည့်အတိုင်း အဝါ ၊ အစိမ်း ၊ အနီတိုကို ချယ်ရန် ဆေးချယ်တတ်သူထံသို့ သွားရောက်၍ အကူအညီတောင်းလေ၏။ဆေးချယ်တတ်သူလည်း ဦးရွှေအိုးအားသ နား၍ အခမဲ့ ချယ်သပေးလိုက်လေ၏။ထိုနေ့မှစ၍ ဦးရွှေအိုးသည် ဆ ရာတော်မှာသည့် အတိုင်းပြုလုပ်၍ ဆင်း တုတော်ကို ကိုးကွယ်ခဲ့လေသည်။ တစ်ပါတ်မျှကြာသော အခါ မည်သို့ဖြစ်သည်မသိ။ ငွေ ကြေးရှိသူတို့သည် ဦးရွှေအိုးကြီးအား ယုံကြည် စိတ်ချရသည်ဆိုကာ ငွေများပေး၍ အလုပ်များစေခိုင်းကြလေ၏။ ဤသို့နှင့်ပင် ဦးရွှေအိုးကြီးသည် အလုပ်နှင့်ငွေများ ရရှိလာလေ၏။ အကျိုးပေးကား မြန်လှ၏။ သုံးနှစ်မျှ ကြာသော အခါ အင်း၀မန်ကျည်းတန်းတွင် ဆန်ကွဲကြို၍ သောက်နေရသော သူဆင်းရဲကြီးငရွှေအိုးအား သူ ကြွယ်ကြီး ဦးရွှေအိုးဘွဲ့ကို အင်း ၀ဘုရင်ကိုယ်တိုင် ချီးမြင့်ခဲ့လေ ၏။ ဦးရွှေအိုးမှ ဆင်းသက်သော မျိုးဆက်ခုနှစ်ဆက်တိုင်တိုင် ထိုဆင်းတုတော်ကို ကိုး ကွယ်ခဲကြလေ၏။ ထိုခုနှစ်ဆက်လုံးအားလည်း ဘုရင်မင်းမြတ် သည် သူကြွယ်ဘွဲ့ကို ချီးမြင့်ခဲ့ရသည်ချည်းဖြစ်၏။
Crd

ဦးရွှေအိုးဘုရား ခေါ် ဝါစိမ်းနီ လာဘမုနိ ကို မိမိတို့နှင့်ကိုက်ညီသော သစ်အမျိုးအစားအလိုက် ထုလုပ်ပူဇော်နိုင်ရန် 'သူရိယဝံသ နိဗ္ဗာန်ကုန် ဆိုင်'ကို သတိရလိုက်ပါ။

ဘုရားများကို မှာယူပူဇော်လိုပါက Viber / Messenger မှ တဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင်
09406309022

✔️✔️Kpay/Wave moneyဖြင့်ငွေလွှဲမည်ဆိုပါက
ဖုန်း09406309022 (Aye Thida Thein)

https://m.facebook.com/story.php?story_fbid=207610370839140&id=102599731340205

သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင်
ဖုန်း 09406309022

ယခုပို့စ်၏ ကံထူးရှင်ပါ။ page messenger မှတဆင့်ဆက်သွယ်ပေးပါ။သူရိယမှ ဘုရားမဲပေါက်သူများကို မင်မင်တို့၏ဆိုင်ဖုန်း ➡️☎️09406...
26/04/2026

ယခုပို့စ်၏ ကံထူးရှင်ပါ။ page messenger မှတဆင့်ဆက်သွယ်ပေးပါ။

သူရိယမှ ဘုရားမဲပေါက်သူများကို မင်မင်တို့၏ဆိုင်ဖုန်း
➡️☎️09406309022
➡️Viber ဖုန်း📱 09406309022ဖြင့်သော်လည်းကောင်း ၊
➡️📨page messenger မှ သော်လည်းကောင်း ထို၃နည်းဖြင့်သာ ဆက်သွယ်ပါမည်။ 👌

❌အခြား အခြား မည်သည့် ဖုန်းနံပါတ်ဖြင့် ခေါ်ဆိုအကြောင်းကြားလိမ့်မည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။❌

ဆိုင်နာမည်ကိုအသုံးပြု၍ မလိုလားအပ်သော ဘုရားမဲ ပေါက် လိမ်လည်ခြင်းမျိုးမရှိစေလိုပါသဖြင့် အခါခါ အသိပေးအကြောင်းကြားထားခြင်းဖြစ်ပါသည်။

အလှူတခု ဖြစ်မြောက်ဖို့ ဝန်းရံပြီး ကံစမ်းပေးကြသူ အလှူခံပုဂ္ဂိုလ် တဦးတယောက်ခြင်းစီကို ရင်ထဲမှ လေးလေးနက်နက် ကျေးဇူးတင်ရှိပါသည်။🙏🙏🙏

ကုသိုလ်အရေး အကျိုးဆောင်တံတားကြီးအဖြစ်ပါဝင်ခွင့်‌ရလို့လည်း အလှူရှင်မိသားစုကို ကျေးဇူး အထူးတင်ရှိပါသည်။🙏🙏🙏

https://www.facebook.com/share/1ArM9ZrZsM/

သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင်
ဖုန်း 09406309022
#သူရိယ
#မဟာဒုတ်
#ဘုရား
#ကံထူးရှင်

🙏မွေးနေ့ကုသိုလ်တော်🙏အလှူရှင်ကိုယ်စား လှူပေးပါမည်။သင့်၏shareတချက်ဖြင့်ပါဝင်ကုသိုလ်ယူပေးကြပါ။📢📢အမည်၊လိပ်စာ၊ဖုန်းအတိအကျဖြင့...
23/04/2026

🙏မွေးနေ့ကုသိုလ်တော်🙏

အလှူရှင်ကိုယ်စား လှူပေးပါမည်။သင့်၏shareတချက်ဖြင့်ပါဝင်ကုသိုလ်ယူပေးကြပါ။
📢📢အမည်၊လိပ်စာ၊ဖုန်းအတိအကျဖြင့်ပါဝင်ကံစမ်းပေးကြပါရှင့်။

🙏🙏🙏အလှူရှင်

အနန္တော အနန္တ ငါးပါး ဦးထိပ်ထား၍
မွေးနေ့ရှင်

မသူ့ထက်သူဇော်




🎂 ၂၄-၄-၂၀၂၆ တွင် ကျရောက်မည့် မွေးနေ့ရက်မြတ်အလှူတော်🎂
အဖြစ်

၉လက်မ ပန်းပေါင်းစုံ ဦးရွှေအိုးဘုရား ၃ဆူ ကိုကုသိုလ်ပြု လှူပေးထားပါသည် 🙏🙏🙏

🙏🙏🙏မွေးနေ့ရှင် မသူ့ထက်သူ‌ဇော်၏ မွေးနေ့ ရက်မြတ်မှ စ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ၍ အလုပ်အကိုင် အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ။လိုအင်ဆန္ဒ ဟူသမျှ ပြည့်ဝပါစေ။ကြံစည် လုပ်ကိုင်သမျှ တို့သည် လွယ်ကူ လျင်မြန်စွါ အောင်မြင် ၍ ဥစ္စာ ဓန ပေါကြွယ်ဝပါစေ။ အလှူရေစက်လက်နှင့်မကွါ ပြုနိုင်ပြီး သာသနာ့အကျိုး ဆထက်တပိုးသယ်ပိုးဆောင်ရွက်နိုင်ပါစေ။🙏🙏🙏

မနက်ဖြန် ည ၉နာရီတွင် မဲဖေါက်ပေးပါမယ်။အလှူရှင်အတွက်ဆုတောင်းစကားပြောခဲ့ကြပါအုံးနော်။

အမည်၊လိပ်စာ၊ဖုန်းအတိအကျဖြင့်ပါဝင်ကံစမ်းပေးပါ။မဲပေါက်ကြောင်းကို ဆိုင်၏ဖုန်းနံပါတ်ဖြင့်သာ အကြောင်းကြားပေးပါမည်။တခြားဖုန်းနံပါတ်ဖြင့် သူရိယအမည်သုံးပြီး မဲပေါက်ကြောင်းပြောလာပါက ဆိုင်သို့ အသိပေးကြပါရန် မေတ္တာရပ်ခံပါသည်။

ကုသိုလ်ပြု ဘုရားလှူဒါန်းလိုသူများလည်းဆက်သွယ်နိုင်ပါသည်။

သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင်
ဖုန်း09406309022
#သူရိယ
#မဟာဒုတ်
#ဘုရား
#နိဗ္ဗာန်ကုန်
#အလှူ

🙏မွေးနေ့ကုသိုလ်တော်🙏အလှူရှင်ကိုယ်စား လှူပေးပါမည်။သင့်၏shareတချက်ဖြင့်ပါဝင်ကုသိုလ်ယူပေးကြပါ။📢📢အမည်၊လိပ်စာ၊ဖုန်းအတိအကျဖြင့...
23/04/2026

🙏မွေးနေ့ကုသိုလ်တော်🙏

အလှူရှင်ကိုယ်စား လှူပေးပါမည်။သင့်၏shareတချက်ဖြင့်ပါဝင်ကုသိုလ်ယူပေးကြပါ။
📢📢အမည်၊လိပ်စာ၊ဖုန်းအတိအကျဖြင့်ပါဝင်ကံစမ်းပေးကြပါရှင့်။

🙏🙏🙏အလှူရှင်

အနန္တော အနန္တ ငါးပါး ဦးထိပ်ထား၍
မွေးနေ့ရှင်

မသိမ့်သိမ့်လှိုင်




🎂 ၂၆-၄-၂၀၂၆ တွင် ကျရောက်မည့် မွေးနေ့ရက်မြတ်အလှူတော်🎂
အဖြစ်

၉လက်မ ပန်းပေါင်းစုံ ဦးရွှေအိုးဘုရား ၃ဆူ
၉လက်မ ပန်းပေါင်းစုံ အောင်တော်မူဗောဓိ၃ဆူ ကိုကုသိုလ်ပြု လှူပေးထားပါသည် 🙏🙏🙏

🙏🙏🙏မွေးနေ့ရှင် မသိမ့်သိမ့်လှိုင်၏ မွေးနေ့ ရက်မြတ်မှ စ၍ စိတ္တသုခ၊ ကာယသုခ နှစ်ဖြာပြည့်စုံ ၍ အလုပ်အကိုင် အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ။လိုအင်ဆန္ဒ ပြည့်ဝပါစေ။ကြံစည် လုပ်ကိုင်သမျှ တို့သည် လွယ်ကူ လျင်မြန်စွါ အောင်မြင် ၍ ဥစ္စာ ဓန ပေါကြွယ်ဝပါစေ။ အလှူရေစက်လက်နှင့်မကွါ ပြုနိုင်ပြီး သာသနာ့အကျိုး ဆထက်တပိုးသယ်ပိုးဆောင်ရွက်နိုင်ပါစေ။🙏🙏🙏

၂၆-၄-၂၀၂၆ ည ၉နာရီတွင် မဲဖေါက်ပေးပါမယ်။အလှူရှင်အတွက်ဆုတောင်းစကားပြောခဲ့ကြပါအုံးနော်။

အမည်၊လိပ်စာ၊ဖုန်းအတိအကျဖြင့်ပါဝင်ကံစမ်းပေးပါ။မဲပေါက်ကြောင်းကို ဆိုင်၏ဖုန်းနံပါတ်ဖြင့်သာ အကြောင်းကြားပေးပါမည်။တခြားဖုန်းနံပါတ်ဖြင့် သူရိယအမည်သုံးပြီး မဲပေါက်ကြောင်းပြောလာပါက ဆိုင်သို့ အသိပေးကြပါရန် မေတ္တာရပ်ခံပါသည်။

ကုသိုလ်ပြု ဘုရားလှူဒါန်းလိုသူများလည်းဆက်သွယ်နိုင်ပါသည်။

သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင်
ဖုန်း09406309022
#သူရိယ
#မဟာဒုတ်
#ဘုရား
#နိဗ္ဗာန်ကုန်
#အလှူ

"မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး အခါသမယမှာ လူကြီးမင်းနှင့်တကွ မိသားစုဝင်များအားလုံး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွား...
13/04/2026

"မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူး အခါသမယမှာ လူကြီးမင်းနှင့်တကွ မိသားစုဝင်များအားလုံး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေ။ လုပ်ငန်းဆောင်တာအဝဝ အောင်မြင်ချောမွေ့ပြီး နှစ်သစ်မှာ ပိုမိုကောင်းမွန်သော အခွင့်အလမ်းသစ်များကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။"🙏🙏🙏

သူရိယဝံသနိဗ္ဗာန်ကုန်ဆိုင်
09406309022

☸️ဓမ္မစကြာတရားတော် ☸️သည် မြတ်စွာဘုရားရှင်၏ ကမ္ဘာလောကကြီးအတွက် ပထမဦးဆုံး ပေးသနားတော်မူခဲ့သော 'တရားဦး' ဖြစ်ပြီး၊ ဆင်းရဲခြင...
29/03/2026

☸️ဓမ္မစကြာတရားတော် ☸️သည် မြတ်စွာဘုရားရှင်၏ ကမ္ဘာလောကကြီးအတွက် ပထမဦးဆုံး ပေးသနားတော်မူခဲ့သော 'တရားဦး' ဖြစ်ပြီး၊ ဆင်းရဲခြင်းမှ လွတ်မြောက်ရာ သစ္စာလေးပါး လမ်းညွှန်ချက်များ ပါဝင်သည့် အနှစ်သာရအရှိဆုံး တရားတော်ဖြစ်ပါသည်။ဗုဒ္ဓဘာသာဝင်များအဖို့ အလွန်ထူးခြား မွန်မြတ်သော တရားတော်လည်း ဖြစ်ပါတယ်။

ဓမ္မစကြာတရားတော်ကို အဘယ်ကြောင့် ရွတ်ဖတ်သင့်သနည်း

တရားဦးဖြစ်ခြင်း👉မြတ်စွာဘုရားရှင် သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီးနောက် ပထမဆုံး ဟောကြားခဲ့သည့် "တရားဦး" ဖြစ်သောကြောင့် ဗုဒ္ဓသာသနာ၏ အနှစ်သာရကို ခံယူလို၍ ရွတ်ဖတ်ကြခြင်း ဖြစ်သည်။

လမ်းစဉ်မှန်ကို သိရှိခြင်း👉အစွန်းနှစ်ပါး (ကာမသုခလ္လိကာနုယောဂ နှင့် အတ္တကိလမထာနုယောဂ) ကို ရှောင်ကြဉ်ပြီး မဇ္ဈိမပဋိပဒါ ခေါ် အလယ်အလတ်လမ်းစဉ် (မဂ္ဂင်ရှစ်ပါး) ကို ကျင့်ကြံနိုင်ရန် လမ်းညွှန်ချက်များ ပါဝင်သည်။

နတ်ဗြဟ္မာများ သာဓုခေါ်ခြင်း👉ဤတရားတော်ကို ဟောကြားစဉ်က လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည့်အတွက် ရွတ်ဖတ်သူ၏ ဘေးပတ်ဝန်းကျင်ရှိ နတ်ကောင်းနတ်မြတ်များကပါ ချစ်ခင်ကြည်ညိုကြသည်

🙏ရွတ်ဖတ်ပူဇော်ခြင်း၏ အကျိုးကျေးဇူးများ🙏
ဓမ္မစကြာတရားတော်ကို သဒ္ဓါကြည်လင်စွာဖြင့် ရွတ်ဖတ်ပါက အောက်ပါအကျိုးထူးများကို ခံစားရရှိနိုင်ပါသည် -

ဘေးအန္တရာယ် ကင်းဝေးခြင်း: ရန်သူမျိုးငါးပါးနှင့် မကောင်းသော ဘေးဥပဒ်အန္တရာယ်များမှ ကာကွယ်ပေးသည်။

စိတ်နှလုံး အေးချမ်းခြင်း: စိုးရိမ်ပူပန်မှုများ လျော့ပါးစေပြီး စိတ်ကြည်လင် အေးချမ်းမှုကို ရရှိစေသည်။

စီးပွားလာဘ်လာဘ ပွင့်လန်းခြင်း: မိမိ၏ လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝစေသည်။

နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ခြင်း: ဓမ္မစကြာတရားသည် နတ်ဗြဟ္မာများ အလွန်နှစ်သက်သော တရားဖြစ်၍ ရွတ်ဖတ်သူအား နတ်ကောင်းနတ်မြတ်များက ဝိုင်းဝန်းစောင့်ရှောက်တတ်ကြသည်။

ဉာဏ်ပညာ ထက်မြက်ခြင်း: သစ္စာလေးပါး တရားတော်၏ အခြေခံသဘောကို သိရှိနားလည်စေသဖြင့် သံသရာမှ လွတ်မြောက်ကြောင်း ဉာဏ်ပညာကို ရရှိစေနိုင်သည်။

🙏နေ့စဉ် ပုံမှန် မရွတ်ဖတ်နိုင်လျှင်တောင်မှ အပတ်စဉ် ဥပုသ်နေ့များ သို့မဟုတ် မိမိမွေးနေ့နံ နေ့ရက်များတွင်
ရွတ်ဖတ်ပူဇော်သင့်ပါ။

ဓမ္မမိတ်ဆွေများ ရွတ်ဖတ်ပူဇော်နိုင်ရန် မျှဝေပေးလိုက်ပါတယ်။
ဓါတ်ပုံများကို dhamma cariya မှ လေးစားစွါ crd ပေး၍ ထုတ်ယူဖေါ်ပြပေးလိုက်ပါတယ်။

☀️သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင်☀️
09406309022

#သူရိယဝံသ
#နိဗ္ဗာန်ကုန်ဆိုင် #သစ်သားပန်းပု #ဗုဒ္ဓရုပ်ပွားတော် #ဗုဒ္ဓ #မုဒြာ #ဓမ္မ #တရား #ဗဟုသုတ

28/03/2026

🌼ဓမ္မစကြာ မုဒြာ🌼

🙏ဓမ္မစကြာမုဒြာ ဆိုသည်မှာ မြတ်စွာဘုရားရှင်က တရားဦးဟောကြားနေဟန်ကို ကိုယ်စားပြုတဲ့ လက်ဟန်ဖြစ်ပါတယ်။ ပါဠိလို "ဓမ္မစက္ကပဝတ္တန" (တရားတော်တည်းဟူသော စက်ဝန်းကို စတင်လည်ပတ်ခြင်း) ဟု အဓိပ္ပာယ်ရပါတယ်။
ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ လက်ဟန်တော်တွေထဲမှာ "ဓမ္မစကြာမုဒြာ" ဟာ အလွန်ထူးခြားပြီး မင်္ဂလာအရှိဆုံး လက်ဟန်တစ်ခုလို့ ဆိုနိုင်ပါတယ်။

🙏လက်ဟန်အနေနဲ့ ပြောရမယ်ဆိုရင် လက်ယာဘက်လက်မနှင့် လက်ညှိုးတို့ကို လက်ဝဲလက်မ လက်ညှိုးတို့နှင့် ထိထားကာ လက်ယာလက်က စက်ဝိုင်းလှည်းဘီးတခုကို လည်ပတ် လှည့်ပေးတော့မည့်ဟန်မျိုးဖြင့် ရှိသည်။ လက်နှစ်ဖက်ကို ရင်ညွန့် နားလောက်ရောက်အောင် မြှင့်တင်ထားသည်။

🙏ဂေါတမမြတ်စွာဘုရားရှင်သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီရဟန်းများအား ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောကြားနေဟန် သရုပ်ဖေါ်ပြခြင်းဖြစ်သည်။ တရားဦးဟောဟန်ဖြစ်၍ အဦးအစမွန်မြတ်၍ မင်္ဂလာရှိသည်ဟု ယုံကြည်ကိုးကွယ်ကြသည်။

🙏ဒီလက်ဟန်ဟာ မြတ်စွာဘုရားရှင် တရားဦးဟောကြားချိန်မှာ အသုံးပြုခဲ့တဲ့ လက်ဟန်ဖြစ်ပြီး အမှောင်ထုထဲမှာ အလင်းရောင် စတင်ထွန်းညှိသလို၊ အမှန်တရားရဲ့ စက်ဝန်းကို စတင်လည်ပတ်ပေးတဲ့ "အောင်မြင်သော အစပြုခြင်း" ကို ကိုယ်စားပြုပါတယ်။

🙏လက်မနဲ့ လက်ညှိုးကို ထိထားတဲ့ ပုံစံဟာ "တရားလှည်းဘီး" ကို လှည့်ပေးနေတာဖြစ်ပြီး၊ ဒါဟာ ဗဟုသုတနဲ့ ဉာဏ်ပညာကို စဉ်ဆက်မပြတ် စီးဆင်းစေပါတယ်။ ဒါကြောင့် ပညာရေးနဲ့ စီးပွားရေးမှာ အကြံသစ်၊ ဉာဏ်သစ်တွေ လိုချင်သူတွေအတွက် အလွန်အားကိုးထိုက်တဲ့ မုဒြာဖြစ်ပါတယ်။

🙏ဒီမုဒြာကို မြင်ရရုံနဲ့ စိတ်နှလုံးကို အေးချမ်းစေတဲ့ သန္တရသ (Peacefulness) ကို ခံစားရစေပါတယ်။ လောကီဆင်းရဲဒုက္ခတွေကနေ လွတ်မြောက်ဖို့ လမ်းစကို ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။

🙏ကိုးကွယ်သူအတွက် ရရှိနိုင်တဲ့ အကျိုးထူးများ👇👇👇

🙏ဓမ္မစကြာမုဒြာပါသော ရုပ်ပွားဆင်းတုကို ကိုးကွယ်ပူ‌ဇော်သူသည်
🌼တရားထူးကိုရရှိခြင်း

🌼ဥာဏ်ပညာ ထွန်းကားတိုးတက်ခြင်း

🌼အမှန်တရားကို သိလွယ်မြင်လွယ်ခြင်း

🌼ယုံမှားသံသယ ကင်းရှင်းခြင်း

🌼သိဒ္ဓိ အမျိုးမျိုး ပြီးပြည့်စုံခြင်း

🌼ရာထူးဌာနန္တရ တိုးတက်ကြီးပွားခြင်း

🌼ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ငြိမ်းချမ်းသာခြင်း

🌼ရန်သူများ၏ အကြံအစည် အဖျက်အဆီးတို့ကို လွှမ်းမိုးကျော်လွားနိုင်ခြင်း

🌼တန်ခိုးအာဏာစက်ပြင်းပြခြင်း

🌼တိုင်းပြည်နိုင်ငံ သာယာဝပြောခြင်း

စသော အကျိုးထူးများကို ရရှိနိုင်သည်ဟု ဝဇီရာယာနကျမ်းဂန်များ၌ အကျယ်တဝင့် ဖွင့်ဆိုထားလေသည်။

အသုံးများသော မုဒြာနဲ့ ပုံတော်များကို အပိုင်းဆက်လေးတွေခွဲပြီး တင်ပြသွါးပါမယ်။ ဆက်လက် ဖတ်ရှူ့ ချင်သူများ page လေးကို like and follow လုပ်ထားပေးကြပါအုံးနော်

သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင်
09406309022
#သူရိယဝံသ
#နိဗ္ဗာန်ကုန်
#ဓမ္မစကြာ
#တရား
#ဗဟုသုတ
#ဗုဒ္ဓ
#မုဒြာ

ဗုဒ္ဓဆင်းတုတော်များ၏ လက်ဟန် (မုဒြာ) နှင့် အဓိပ္ပါယ်များမြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအနေဖြင့် မိမိတို့၏ နေအိမ်ဂေဟာမှာ ကျ...
26/03/2026

ဗုဒ္ဓဆင်းတုတော်များ၏ လက်ဟန် (မုဒြာ) နှင့် အဓိပ္ပါယ်များ

မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအနေဖြင့် မိမိတို့၏ နေအိမ်ဂေဟာမှာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေရန် မြတ်စွာဘုရားရှင်၏ ပုံတော်များကို ပူဇော်ကြလေ့ရှိပါတယ်။ ထိုသို့ ပူဇော်ရာတွင် ဘုရားရှင်၏ ဂုဏ်တော်များကို ရည်မှန်းပြီး ထုလုပ်ကိုးကွယ်ကြတဲ့အခါ ဆင်းတုတော်များရဲ့ လက်ဟန် (မုဒြာ - Mudra) အနေအထားအလိုက် အခေါ်အဝေါ်နှင့် အဓိပ္ပါယ်များ ကွဲပြားခြားနားမှုကို တွေ့ရှိရမှာဖြစ်ပါတယ်။

"မုဒြာ" (Mudra) ဆိုသည်မှာ...
သက္ကတဘာသာဖြင့် "မုဒြာ"၊ ပါဠိဘာသာဖြင့် "မုဒ္ဒ" ဟု ခေါ်ဆိုပြီး အလွန်နက်နဲသိမ်မွေ့သော အတွင်းသဘောတရားများကို လက်ဟန်အမူအရာဖြင့် ဖော်ဆောင်ခြင်းပင် ဖြစ်ပါတယ်။ အချို့မုဒြာများသည် လက်တစ်ဖက်တည်းဖြင့် ပြသလေ့ရှိပြီး၊ အချို့မှာမူ လက်နှစ်ဖက် (သို့မဟုတ်) ထို့ထက်မကသော အမူအရာများဖြင့် ဟောကြားညွှန်ပြလိုသည့် သဘောတရားကို ဖော်ဆောင်ထားခြင်း ဖြစ်ပါတယ်။

ရှေးဟောင်းကျမ်းဂန်များအရ မုဒြာများကို အဓိကအားဖြင့် ကဏ္ဍ (၃) ခု ခွဲခြားထားပါတယ် -
၁။ ဗေဒင်ကျမ်းဂန်ဆိုင်ရာ မုဒြာများ
၂။ တန္တရာယာနဆိုင်ရာ မုဒြာများ (၁၀၈ မျိုး)
၃။ လောကီယအနုပညာဆိုင်ရာ မုဒြာများ (၆၄ မျိုး)

ယေဘုယျအားဖြင့် ပါမောက္ခပိုဒုဝါလ်၏ အဆိုအရ အသုံးအများဆုံး မုဒြာ (၄၅) မျိုးရှိသော်လည်း၊ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော မုဒြာပေါင်း (၂၄) မျိုးအထိ ရှိကြောင်း လေ့လာသိရှိရပါတယ်။

အသုံးအများဆုံး မုဒြာ (၄၅) မျိုးစာရင်းကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
၁။ အဉ္ဇလီ
၂။ ဝန္ဒနီ
၃။ ယောနိ
၄။ ဝေနာယကီ
၅။ ဟဒယ
၆။ သိရသ
၇။ သိခါ
၈။ ကဝစ
၉။အသတြ
၁၀။ နေတ္တ (ဒွယ-တယ)
၁၁။ ဂရုဠ
၁၂။ ဂလိနီ
၁၃။ သုရသိ
၁၄။ အဘိဝါဟိနီ
၁၅။ ဌာပိနီ
၁၆။ သန္နိဓာပဏိ
၁၇။ သမ္မုနီ
၁၈။အဝကုဏ္ဍနီ
၁၉။ ဝါသာဒနိ
၂၀။ သန္နိရောဓိနီ
၂၁။ သင်္ခ
၂၂။ ဂဒါ
၂၃။ပဒုမ
၂၄။ ဖရသု
၂၅။ ဟရိဏ
၂၆။ အဘယ
၂၇။ဝရဒ
၂၈။ သူလ
၂၉။ ကပါလ
၃၀။စက္က
၃၁။ ပါဏဟုတိ
၃၂။ အပါန
၃၃။သမာန
၃၄။ ဥဒါန
၃၅။ ဗျာန
၃၆။သရ
၃၇။ စာပ
၃၈။ ကုမ္မ
၃၉။ ဇလ
၄၀။ ဂန္ဓ
၄၁။ ပုပ္ဖ
၄၂။ ဓူမ
၄၃။ ဒီပ
၄၄။ နိဝေဇ္ဇ
၄၅။ မစ္ဆ

သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင် မှ ဓမ္မမိတ်ဆွေများအတွက် မုဒြာအမျိုးမျိုးနှင့် ၎င်းတို့၏ ထူးခြားချက်များကို အပိုင်းလိုက်ခွဲခြား၍ ဆက်လက်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

မိမိတို့အိမ်မှာ ပူဇော်မယ့် ဆင်းတုတော်ရဲ့ မုဒြာအဓိပ္ပါယ်ကို သေချာစွာ သိရှိပူဇော်နိုင်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ Page ကို Like and Follow လုပ်ထားပေးကြပါဦးနော်။

"ဓမ္မမိတ်ဆွေတို့ရဲ့ အိမ်ဂေဟာမှာရော ဘယ်လိုလက်ဟန် (မုဒြာ) နဲ့ ဆင်းတုတော်မျိုးကို အဓိကထား ပူဇော်ထားပါသလဲရှင့်? သိချင်လို့ Comment မှာ ဓာတ်ပုံလေးတွေနဲ့တကွ ဝေမျှပေးခဲ့ကြပါဦးနော် 😍"

သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင်
09406309022

#သူရိယဝံသ #နိဗ္ဗာန်ကုန်ဆိုင် #နိဗ္ဗာန်ကုန် #မြန်မာ့ရိုးရာ
#ဗုဒ္ဓ #မုဒြာ #ဗုဒ္ဓရုပ်ပွားတော် #သစ်သားပန်းပု #မြန်မာ့အနုပညာ #သူရိယဝံသ #နိဗ္ဗာန်ကုန်ဆိုင်

Address

Tarmwe
Yangon
11211

Website

Alerts

Be the first to know and let us send you an email when သူရိယဝံသ နိဗ္ဗာန်ကုန်ဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share