10/05/2026
ရွှေမန္တလေးမြို့က Logo Keychains (100) အော်ဒါလေးဖြစ်ပါတယ်ရှင် ~ 🌼🌿
ဒီကာကာက သူ့ဖောက်သည်လေးတွေ ပိုအဆင်ပြေစေဖို့ သော့ချိတ်ကွင်းကို ကွင်းအထူပိုကောင်းတာလေး ချိတ်ပေးစေခဲ့ပါသတဲ့! 😍
စာသားလေးတွေနဲ့ ပိတောက်ပန်းလေးကို နေရာချထားမှုမှာလည်း ကာကာစိတ်တိုင်းကျ မင်တို့က ပြုလုပ်ပေးခဲ့ပါတယ် ✨️
Logo မှာပါတဲ့ စာသားလေးတချို့က သေးမှိန်လွန်းနေတော့ ဆင်တူတဲ့ Font ကို ကိုယ့်ဘာသာရှာထည့်ပြီး Edit ပေးလိုက်ရတာရယ်၊ Sticker ၂မျိုး တွဲသုံးပေးလိုက်ရတာလေးရယ်က အမှတ်တရဂယက်လေးတချို့ပါပေါ့🤭 ...
နောက်ပိုင်းမှာ Logo Keychain လာအပ်သူလေးတွေကို မှာချင်တာလေးက...
Jpeg ထက်စာရင် မူလဒီဇိုင်နာဆီက ရရှိထားတဲ့ Ai (adobe illustrator), PNG, EPS file လေးတွေ ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲလို့ !
မင်တို့ကလည်း ပိုအရည်အသွေးကောင်းတဲ့ရုပ်ထွက်နဲ့ ဖန်တီးပေးချင်တဲ့သူတွေမို့ပါရှင် 💌
ဟန်းမိတ်လို့ဆိုလည်းပဲ Graphic Design ပညာပိုင်းမှာ အခြေခံ Knowledge လေးလောက်မှမရှိရင် ရပ်တည်ဖို့မလွယ်ပါဘူး...
ဒီတော့ Resin ဟန်းမိတ်လောကကို စဝင်တော့မယ့် Beginner လေးတွေကို အကြံပေးချင်တာလေးတစ်ခုက
"လေ့ကျင့်မှုများစွာနဲ့အတူ Graphic Design ပညာရပ်ကိုလည်း တွဲဖက်လေ့လာကြပါ" ဆိုတာလေးပါပဲ ...
အနည်းဆုံးတော့ ဟိုပြင်ဒီပြင်လေး လွယ်ကူသွားတာပေါ့ ..☑️☑️
#ပြန်ကမ်း
#မင်္ဂလာပြန်ကမ်း
🌿🌿 မြန်မာ့ပိတောက်ပန်းအစစ်ဖြင့် ဂုဏ်ယူစွာပြုလုပ်သော Muze Craft ၏ လက်မှုပစ္စည်းလေးများဖြစ်ပါသည်။