AIM Construction & Decoration Co.,Ltd

AIM Construction & Decoration Co.,Ltd Construction & Interior Design and Decoration Company

22/08/2026

အိမ်တစ်အိမ်ရဲ့ လုံခြုံမှုနဲ့ ကျက်သရေဟာ ခိုင်ခံ့လှပတဲ့
ခြံစည်းရိုးတစ်ခုကနေ စတင်ပါတယ်🏡

အပြင်ကနေ ကြည့်လိုက်တာနဲ့ “ဒီအိမ်လေးကတော့ တကယ့်ကို သေသပ်စနစ်ကျတာပဲ” လို့ မြင်သူတိုင်း ငေးမောအားကျသွားစေဖို့ဆိုရင် အသေးစိတ် လက်ရာတွေက အဓိကပါပဲ။

အခု လက်ရှိ မြင်တွေ့နေရတဲ့ Site လေးမှာဆိုရင်တော့
🧱 မျဉ်းတည့်တည့်၊ အကွာအဝေးမှန်မှန်နဲ့ သေသပ်လှပစွာ စီတန်းထားခြင်း
🪵 ခြေခံခိုင်မာပြီး ပုံစံကျနအောင် အဆင့်ဆင့် ပါရာပေးချိန်ညှိဆောင်ရွက်ခြင်း

🏖️ ရေရှည်ခိုင်ခံ့မှုနဲ့ Finishing အချောလှပစေဖို့ သဲဆေးသန့်စင်ခြင်း အဆင့်တိုင်းကို ဂရုတစိုက် ပြုလုပ်ထားခြင်း

ခြံစည်းရိုးလေးတစ်ခု လုပ်တာဖြစ်ပေမဲ့ အဆောက်အဦးကြီးတစ်ခုလုံးကို တည်ဆောက်သလို စံချိန်စံညွှန်း အပြည့်နဲ့ စနစ်တကျ လက်ရာမြောက်အောင် ဖန်တီးပေးထားတာပါ🏗️

လူကြီးမင်းတို့ရဲ့ အိမ်မက်ရပ်ဝန်းလေးကို စိတ်ချလက်ချနဲ့ အလှပဆုံး ပုံဖော်တည်ဆောက်ချင်တယ်ဆိုရင်တော့ AIM Construction ရဲ့ လက်တစ်စုံကို အမြန်ဆုံး လှမ်းကိုင်လိုက်တော့နော်🤗✨

•••••••••••••••••••••
လူကြီးမင်းတို့ နေထိုင်ရာရပ်‌‌၀န်းလေးသာမက လုပ်ငန်းခွင်တွေထိပါ စနစ်တကျ အဆင့်မြှင့်တင်ဖို့ စဉ်းစားထားပြီဆိုရင် 💭
Budget ပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်း💲
Structure work, Exterior & Interior Design များကို စနစ်တကျ တာဝန်ယူ ဆောင်ရွက်ပေးခြင်း
📞 Mobile: 09-43158624, 09-953472815
📧 Email: [email protected]
🏠 Address: No.80, Mingalar Thiri Street, Myo Thit Quarter, Dawbon Township, Yangon

18/08/2026

Lightning မှန်ဖို့လည်းအရေးကြီးတယ်နော် 🪟
စိတ်၀င်စားဖွယ်ကောင်းတဲ့ home decor idea အတွက် follow လုပ်ထားခဲ့နော်🥰

✊🏻ကတိတစ်ခုအတွက် ဘယ်လိုအတားအဆီးကိုမဆို ကျော်ဖြတ်ဖို့အသင့်ပါအိမ်တစ်လုံးတည်ဆောက်တဲ့နေရာမှာ အိမ်ရှင်တွေဘက်က အလိုချင်ဆုံးအရာဟ...
16/08/2026

✊🏻ကတိတစ်ခုအတွက် ဘယ်လိုအတားအဆီးကိုမဆို ကျော်ဖြတ်ဖို့အသင့်ပါ

အိမ်တစ်လုံးတည်ဆောက်တဲ့နေရာမှာ အိမ်ရှင်တွေဘက်က
အလိုချင်ဆုံးအရာဟာ
"ယုံကြည်စိတ်ချရမှု နဲ့ အချိန်မီပြီးစီးမှု" ပဲမဟုတ်လား❓

𝐀𝐈𝐌 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 အတွက်ကတော့ Customer တွေကို
ပေးထားတဲ့ ကတိစကားတစ်ခုချင်းစီတိုင်းဟာ
အသက်တမျှ တန်ဖိုးထားရတဲ့ အရာတွေဖြစ်ပါတယ် 💯။

၂၀၂၅ ခုနှစ် မကုန်ခင် ပထမစလပ်လောင်းဖို့ အိမ်ရှင်ကို ကတိပေးထားတဲ့အတိုင်း
အချိန်ကိုက်ဖြစ်အောင် လူအား၊ စက်အား၊ ပစ္စည်းအား
အပြည့်နဲ့ တောက်လျှောက်ရုန်းခဲ့ကြပါတယ် 👩‍👷‍♂️💪။

၂၀၂၅ ခုနှစ်ရဲ့ နှစ်ကုန်ရက်လေးမှာပဲ Close Supervision သေချာဝင်ပြီး

စနစ်တကျနဲ့ Casting လုပ်နိုင်ခဲ့တဲ့ 𝐀𝐈𝐌 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 🏗️

မိသားစုရဲ့ ကြိုးစားအားထုတ်မှု ပုံရိပ်တွေကိုဂုဏ်ယူစွာနဲ့ တွေ့မြင်နိုင်ပါတယ် 🌝🌝။

လုပ်ငန်းတစ်ခုကို စေတနာထားပြီး စနစ်တကျ စစ်ဆေးဆောင်ရွက်ပေးနေတဲ့ 𝐀𝐈𝐌 နဲ့ လက်တွဲမယ်ဆိုရင်တော့ လူကြီးမင်းတို့ရဲ့ အိမ်မက်ရပ်ဝန်းလေး အချိန်မီ ရုပ်လုံးပေါ်လာဖို့ ရာခိုင်နှုန်းပြည့် အာမခံပါတယ်နော် 🥰။
•••••••••••••••••••••
လူကြီးမင်းတို့ နေထိုင်ရာရပ်‌‌၀န်းလေးသာမက လုပ်ငန်းခွင်တွေထိပါ တိုးတက်ပြောင်းလဲဖို့ စဉ်းစားထားပြီဆိုရင်
💭 Budget ပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်း
💲 Design ပိုင်းတင်မက 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐰𝐨𝐫𝐤၊ 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧 ကိုလည်း စနစ်တကျဆောင်ရွက်ဖို့အသင့်ရှိတာမို့
📞mobile: 09-43158624, 09-953472815
📧email : [email protected]
🏠 No.80 , Mingalar Thiri Street, Myo Thit Quatar , Dawbon Township, Yangon သို့ဥတုရာသီမရွေး ဆက်သွယ်နိုင်ပါပြီ။
#ကတိ

အိမ်ရှင် လူကြီးမင်းရဲ့ ယုံကြည်မှုတွေနဲ့အတူ ဒဂုံဆိပ်ကမ်းမြို့နယ်က (ပေ ၄၀ x ၆၀) အကျယ်အဝန်းရှိတဲ့ မြေကွက်ပေါ်မှာ ဆောက်လုပ်ရ...
12/08/2026

အိမ်ရှင် လူကြီးမင်းရဲ့ ယုံကြည်မှုတွေနဲ့အတူ

ဒဂုံဆိပ်ကမ်းမြို့နယ်က (ပေ ၄၀ x ၆၀) အကျယ်အဝန်းရှိတဲ့ မြေကွက်ပေါ်မှာ
ဆောက်လုပ်ရေးလုပ်ငန်းစဉ်ကြီးကို တရားဝင် စတင်လိုက်ပြီပဲ ဖြစ်ပါတယ် 👷🏻‍♂️🏗️။

မြန်မာတို့ရဲ့ ချစ်စရာကောင်းမြတ်တဲ့ အစဉ်အလာနဲ့အညီ ဆရာတော်သံဃာတော်များကို ပင့်ဖိတ်၊ ပရိတ်တရားတော်များ နာယူပြီး ပန္နက်တင်မင်္ဂလာကို
ကျက်သရေရှိစွာ ဆင်ယင်ကျင်းပခဲ့ပါတယ် 🙏🏻။

စေတနာ၊ အနုပညာ နဲ့ ကျွမ်းကျင်မှုတွေ ပေါင်းစပ်ပြီး ဖန်တီးတည်ဆောက်ပေးသွားမှာမို့ မကြာခင်မှာ ရင်သပ်ရှုမောဖွယ် အိမ်ဂေဟာလေးတစ်ခု ပေါ်ထွက်လာတော့မှာ အသေအချာပါပဲ 🤩။

အခုလို အောင်မြင်စွာ စတင်နိုင်ခဲ့တဲ့ ကြည်နူးဖွယ် ပန္နက်တင်မင်္ဂလာ မြင်ကွင်းမှတ်တမ်းလေးတွေကို ပီတိဖြစ်ဖွယ်မျှ‌‌ေ၀လိုက်ပါတယ်ရှင်
•••••••••••••••••••••
လူကြီးမင်းတို့ နေထိုင်ရာရပ်‌‌၀န်းလေးသာမက လုပ်ငန်းခွင်တွေထိပါ တိုးတက်ပြောင်းလဲဖို့ စဉ်းစားထားပြီဆိုရင် 💭 Budget ပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်း💲 Design ပိုင်းတင်မက 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐰𝐨𝐫𝐤၊ 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧 ကိုလည်း စနစ်တကျ ဆောင်ရွက်ဖို့အသင့်ရှိတာမို့
📞mobile: 09-43158624, 09-953472815
📧email : [email protected]
🏠 No.80 , Mingalar Thiri Street, Myo Thit Quatar , Dawbon Township, Yangon သို့ ဥတုရာသီမရွေး ဆက်သွယ်နိုင်ပါပြီ။

🥰အရက်ရောဆုံး လူမျိုးတွေလို့လက်ညိုးထိုးဆို ဟောဒီက ကျွန်မတို့ မြန်မာလူမျိုးတွေပါလို့ အခုလည်းကြည့်နော်ဒေါပုံမှာရှိတဲ့ site ...
11/08/2026

🥰အရက်ရောဆုံး လူမျိုးတွေလို့လက်ညိုးထိုးဆို ဟောဒီက
ကျွန်မတို့ မြန်မာလူမျိုးတွေပါလို့

အခုလည်းကြည့်နော်

ဒေါပုံမှာရှိတဲ့ site လေးတစ်ခုမှာ အိမ်ရှင်ကိုယ်တိုင်က‌နေ ယုံကြည်မှုရှိရှိနဲ့
ပထမဆုံးစလပ်လောင်းတဲ့နေ့မှာတင်

လက်သမား၊ သံသမား၊ ကျောက်လောင်းအဖွဲ့က မောင်လေးတွေကို
သဒ္ဒါတရားထက်သန်စွာနဲ့ ပုဆိုးထည်များလှူဒါန်းခဲ့ကြပါတယ်🫶

AIM Interior Design & Decoration Co.Ltd မိသားစုမှ စိတ်နှလုံးအေးချမ်းပြီး
ဒီထက်မက ပွားများလှူဒါန်းနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်🙏

အခုဆို site ကမောင်လေးတွေလည်း ခွန်အားအပြည့်နဲ့ အကောင်းဆုံးလက်ရာတွေဖြစ်ဖို့ အားသွန်ခွန်စိုက်နေကြပါပြီ။

#အလှူဒါန #- #သာကေတ

မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ ဒီလိုမိုးရာသီမှာ ကိုယ့်ရဲ့ ရပ်ဝန်းလေးကို ဘယ်လိုကာကွယ်မလဲ? 🌧️ (အိမ်ရှင်တိုင်...
10/08/2026

မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ ဒီလိုမိုးရာသီမှာ ကိုယ့်ရဲ့ ရပ်ဝန်းလေးကို ဘယ်လိုကာကွယ်မလဲ?
🌧️
(အိမ်ရှင်တိုင်း မဖြစ်မနေသိထားရမယ့် အချက် ၄ ချက်)

အချိန်မီ မပြင်ဆင်ထားရင် ပိုက်ပိုက်တွေ အများကြီး ထပ်ကုန်နိုင်ရုံသာမက အသက်အန္တရာယ်အထိပါ ထိခိုက်နိုင်တာမို့

သေချာလေး ဂရုစိုက်ဖို့လိုပါတယ်။

၁။ ရေစီးရေလာစနစ်နှင့် နောက်ဖေးလမ်းကြား ရှင်းလင်းရေး (Drainage & Back Alleys Management)

ရန်ကုန်ရဲ့ ရေမြောင်းစနစ်တို့ နောက်ဖေးလမ်းကြားရဲ့အခြေနေဆိုတာအများသိတဲ့အတိုင်းပါ ။

ဒီလိုကနေ ရေဝပ်ခြင်းကြောင့် သွေးလွန်တုပ်ကွေး (Dengue) ဖြစ်စေတဲ့ ခြင်ကျားများ ပေါက်ဖွားနိုင်ချေနဲ့ အိမ်ခြေဆီ ရေဝင်ရောက်ပါက အိမ်၏ အောက်ခြေ (Foundation) ကို ထိခိုက်စေပြီး ရေရှည်တွင် အက်ကြောင်းများ ဖြစ်လာနိုင်ခြင်းတို့ ဖြစ်ပွားစေနိုင်ပါတယ်.

ဒါကြောင့် နောက်ဖေးလမ်းကြားများရှိ အမှိုက်များကို ရှင်းလင်းထားရန် လိုအပ်ပြီး ရေဝပ်နိုင်သော ချိုင့်ခွက်များကို မြေဖို့ထားသင့်ပါတယ်။(လမ်းကြားတစ်ခုလုံးထက် ကိုယ့်ရဲ့တစ်အိမ်စာ၀န်းကျင်ဆိုအဆင်ပြေပါတယ်)

၂။ အမိုး၊ ရေတံလျှောက်နှင့် အဆောက်အအုံ ယိုစိမ့်မှု စစ်ဆေးခြင်း (Roof & Gutter Maintenance)

မိုးရာသီ လေပြင်းတိုက်ခတ်မှုများကြောင့် သွပ်မိုးလန်ခြင်း၊ အမိုးသံမှိုများ ဆွေးမြေ့ချောင်ထွက်ခြင်းများ အဖြစ်များပါတယ်။

ရေတံလျှောက် (Gutters) တွေမှာ သစ်ရွက်ခြောက်များနှင့် အမှိုက်များ ပိတ်ဆို့နေပါက ရေလျှံကျပြီး မျက်နှာကြက်များ ပျက်စီးခြင်းနှင့် အက်ကြောင်းများမှတစ်ဆင့်

ရေယိုစိမ့်ကာ အိမ်တွင်းရှိ ပရိဘောဂများနှင့် လျှပ်စစ်ပစ္စည်းများ ရေစိုပျက်စီးခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ အမိုးမှာ အမိုးသံမှိုချောင်နေပါက ပြန်လည်တပ်ဆင်ခြင်း၊ ရေယိုစိမ့်နိုင်သော အက်ကြောင်းများကို Waterproofing Paint သို့မဟုတ် Silicone သုံး၍ ဖာထေးခြင်း၊ ရေတံလျှောက်များကို ပုံမှန် ရှင်းလင်းပေးခြင်းများ အချိန်မှီလုပ်ဆောင်သင့်ပါတယ်။

၃။ လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်ရေး (Electrical Safety in Damp/Flood Conditions)

မိုးရာသီ ရေကြီးရေလျှံချိန်တွင် လျှပ်စစ်ရှော့ခ်ဖြစ်ပြီး အသက်ဆုံးရှုံးရမှု (Electrocution) များ နှစ်စဉ် ကြုံတွေ့ရလေ့ရှိပါတယ်။

အိမ်အများစုမှာ Ground ဝိုင်ယာကြိုး စနစ်တကျ မတပ်ဆင်ထားခြင်းက အန္တရာယ်ပိုများစေပါတယ်။
ပေါက်ပြဲနေသော ဝိုင်ယာကြိုးဟောင်းများနှင့် ထိတွေ့မိပါက အသက်အန္တရာယ် ရှိနိုင်ခြင်းနှင့်

ရေဝင်ရောက်လေ့ရှိသော အောက်ထပ်ရှိ ပလပ်ပေါက်များ ရေနစ်မြုပ်ပါက
တစ်အိမ်လုံး ရှော့ခ်ဖြစ်နိုင်ခြင်းတို့ ရှိပါတယ်။

ရေဝင်နိုင်မဲ့ အမြင့်တွင်ရှိသော ပလပ်ပေါက်များကို ယာယီပိတ်ထားတာ မဟုတ်ရင် အပေါ်သို့ ရွှေ့ပြောင်းတပ်ဆင်ခြင်း လုပ်ရပါမယ်။

Main Switch ကို လိုအပ်ရင် ချက်ချင်းပိတ်နိုင်အောင် ပြင်ဆင်ထားသင့်ပြီး ဝိုင်ယာကြိုးဟောင်းများကို မိုးမကျမီ စစ်ဆေးလဲလှယ်ရပါမယ်။

၄။ စိုထိုင်းဆကြောင့်ဖြစ်သော မှိုအန္တရာယ်နှင့် လေဝင်လေထွက် စီမံခြင်း (Mold Prevention & Ventilation)

ပူအိုက်စိုစွတ်တဲ့ မြန်မာပြည်အတွက် အိမ်တွင်း လေဝင်လေထွက် မကောင်းရင် မှို (Mold and Mildew) အလွယ်တကူ တက်လေ့ရှိပါတယ်။

အိမ်တွင်းရှိ နံရံများ၊ အဝတ်အစားများနှင့် သစ်သားပရိဘောဂများ ပျက်စီးခြင်းအပြင် မှိုစပိုး (Mold Spores) များကြောင့်

အိမ်သားများတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ဓာတ်မတည့်မှု (Allergies) များ ဖြစ်ပွားနိုင်ခြင်းတို့ ဖြစ်စေပါတယ်။

မိုးတိတ်ပြီး နေသာသည့်အချိန်များတွင် ပြတင်းပေါက်များ ဖွင့်ကာ လေဝင်လေထွက်နှင့် နေရောင်ခြည် ရရှိအောင် ပြုလုပ်ပေးရမည်။

အလုံပိတ်ထားသော ဗီရိုများ၊ အခန်းထောင့်များတွင် အစိုဓာတ်စုပ်ယူနိုင်သော မီးသွေးခဲ (သို့မဟုတ်) ထုံး (Lime) ထုပ်များ ထားရှိပေးနိုင်ပါတယ်။

ကလိုင်းရန့်တို့ရဲ့ အိမ်မက်ရပ်ဝန်းလေးတွေ ဘေးဥပဒ်ကင်းဝေးပြီး လှပခိုင်မာနေစေဖို့ 𝐀𝐈𝐌 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 ရဲ့ လက်တစ်စုံက အမြဲတမ်း အသင့်ရှိနေပါတယ်နော် 🥰
•••••••••••••••••••••
လူကြီးမင်းတို့ရဲ့ ရပ်၀န်းလေးကို အဆင့်မြင့်တင်တော့မယ်လို့ စိတ်ကူးထားပြီဆိုရင် 👉🏻 Budget ပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်း 💲 Design ပိုင်းတင်မက 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐰𝐨𝐫𝐤၊ 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧 ကိုလည်း စနစ်တကျ ဆောင်ရွက် ဖို့အသင့်ရှိတာမို့ 📞 mobile: 09-43158624, 09-953472815
📧 email : [email protected]
🏠 No.80 , Mingalar Thiri Street, Myo Thit Quatar , Dawbon Township, Yangon သို့ အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်ဗျာ 🌟

05/08/2026

⭕️အပူစာတွေနဲ့ ၀မ်းဖြည့်နေကြတဲ့ခေတ်ပျက်ကြီးမှာ

သမာအာဇီ၀နဲ့ တိုင်းတစ်ပါးမှာ ပင်ပန်းကြီးစွာ ရုန်းကန်ပြီး စုဆောင်းထားရတဲ့ တန်ဖိုးတွေကို ကောင်းကောင်းကြီး နားလည်မိတာပေါ့ဗျာ။

AIM Construction ရဲ့ Founder ကိုယ်တိုင်လည်း ပြည်ပမှာ သွားရောက်လုပ်ကိုင်ဖူးသူမို့ ...

ကိုယ့်ရဲ့ Clients တွေ စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ထိုက်တန်တဲ့ ပိုကောင်းတဲ့ အသွင်ပြင်၊ ပိုမိုခိုင်မာတဲ့ ရပ်ဝန်းလေးတစ်ခုမှာ

စိတ်ချမ်းချမ်းသာသာ နေထိုင်စေချင်တဲ့
စေတနာနဲ့ ဒီ RC (၂) ထပ်ခွဲ အဆောက်အဦး Project လေးကို တာဝန်ယူ တည်ဆောက်ပေးခဲ့တာပါ 🏗️✨

အိမ်မက်တွေ ရုပ်လုံးဖော်ပေးထားတဲ့ Space အကြောင်းလေးကတော့ -

🟡၄၀' x ၆၀' မြေကွက်ပေါ်မှာ အိမ်အကျယ် ၂၀​​ပေ ×၆၀​ပေ ၃ထပ်ခွဲ RC အ​ဆောက်ဦး ဖြစ်ပြီး/ လုံခြုံစိတ်ချရတဲ့ ကားပါကင် Space နဲ့ အတူ စနစ်တကျနဲ့ ခိုင်ခံ့လှပ​အောင် တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။

⚪️အိမ်​လေးအတွင်းကိုမှာလည်း ​နွေး​ထွေးတဲ့ mood ​လေးရ​အောင် Interior Design ပိုင်းကိုပါ ပုံ​ဖော်​ပေးထားပြီး Aluminium Glass Window အကြီးကြီး​တွေနဲ့ အထာကျကျ ပုံ​ဖော်တည်​ဆောက်​ပေးထားပါတယ်..

🟡​မြေညီထပ်မှာဆိုရင်​တော့ Living Space, Master Bedroom, Kitchen, Dining Area နဲ့ Common Bath 2 W.C. တို့ကို သေချာ ဖွဲ့စည်းထားပါတယ်။

⚪️ပထမထပ်မှာတော့ စိတ်အေးချမ်းရာ ကျယ်၀န်းတဲ့ ဘုရားခန်း၊ Living Space၊ Master Bedroom (၁) ခန်း၊ Single Bedroom (၁) ခန်း၊ Common Bath & WC နဲ့ ​ဘေး၀ရံတာနဲ့ ​နောက်၀ရံတာ​လေးလည်း ပါရှိပါတယ်။

🟡Roof Top မှာဆိုရင်​တော့ တော့ Bedroom Space/ Storage Space နဲ့ ​ကျယ်၀န်းတဲ့ နောက်၀ရံတာ နဲ့ အ​ရှေ့၀ရံတာလည်းပါတဲ့ အတွက် မိသားစု​ကောင်း​ကောင်းအနားယူလို့ရတဲ့အတွက် အသုံးဝင်စေပါတယ်။

⚪️ကျော့ရှင်းလှပတဲ့ Warm Tone Interior Design ပုံစံလေးနဲ့ Aluminum Glass Window ကြီးတွေကို အသုံးပြုထားတာမို့ နွေးထွေး အေးချမ်းတဲ့ အိမ်အပြင်အဆင် Mood လေးကို အပြည့်အဝ ဖန်တီးပေးထားပါတယ် 🌿🪟

ဒီလို AIM ရဲ့ Professional Team နဲ့ Clients အိမ်ရှင်တို့ရဲ့ ယုံကြည်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ၊ စိစစ်သေသပ်ပြီး အရည်အသွေးပြည့်မှီတဲ့
ရပ်ဝန်းလေးတစ်ခုကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပါပြီ 🌟

••••••••••••••••••••
လူကြီးမင်းတို့ နေထိုင်ရာရပ်ဝန်းလေးသာမက လုပ်ငန်းခွင်တွေထိပါ တိုးတက်ပြောင်းလဲဖို့ စဉ်းစားထားပြီဆိုရင် 💭

Budget ပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်း💲

Design ပိုင်းတင်မက Structure work, Interior Design ကိုလည်း စနစ်တကျ ဆောင်ရွက်ပေးဖို့ အသင့်ရှိတာမို့
📞 mobile: 09-43158624, 09-953472815
📧 email: [email protected]
🏠 No.80, Mingalar Thiri Street, Myo Thit Quarter, Dawbon Township, Yangon သို့ ဥတုရာသီမရွေး ဆက်သွယ်နိုင်ပါပြီ။

02/08/2026

“ငါတို့ မျက်ကွယ်မှာမို့ ဖြစ်သလို လုပ်သွားကြမလား❓ “

“ပိုက်ဆံ ကုန်ရမကျိုးနပ်ဘဲ အဖတ်မတင် ဖြစ်ကျန်ခဲ့မလား❓”

“တစ်ခါတလေကျရင်လည်း အမိမြေနဲ့ ဝေးရာမှာ သွားပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာ…

ကိုယ့်အတွက်ထက် မိသားစုကို ပိုဦးစားပေးခဲ့ကြတာ မဟုတ်လားဗျာ❓”

စင်ကာပူရဲ့ အလုပ်ခွင်တွေထဲ နေ့မအား ညမအား၊ စာရင်းဇယားတွေ၊ လူမျိုးစုံ ရုန်းကန်မှုတွေကြားထဲမှာ...

ကိုယ့်မျက်စိရှေ့တင် မဟုတ်ဘဲ အမိမြေက မိဘတွေ၊ မိသားစုတွေ နွေးနွေးထွေးထွေး နေထိုင်နိုင်မယ့် အိမ်လေးတစ်လုံး ပိုင်ဆိုင်ခွင့်ရဖို့ ချွေးဒေါက်ဒေါက်
ကျအောင် စုဆောင်းခဲ့ကြရတာပါ။

အဲဒီလို ပင်ပင်ပန်းပန်း ရှားဖွေထားရတဲ့ ငွေကြေးတွေမို့ အိမ်ဆောက်မယ်၊ အိမ်ပြင်မယ် ဆိုတဲ့အခါမှာလည်း တခြားသူတွေထက် အတွေးပေါင်းစုံနဲ့ ပိုပြီးတော့ ရင်တထိတ်ထိတ် ဖြစ်ရတာ သဘာဝပါပဲနော်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စင်ကာပူကနေ AIM ကို အစအဆုံး ယုံကြည်မှု အပြည့်နဲ့ လှမ်းအပ်နှံခဲ့တဲ့ Client ရဲ့ Project လေးကို ပြီးပြည့်စုံတဲ့ အသွင်ပြင်နဲ့ အောင်မြင်စွာ အပ်နှံပေးနိုင်ခဲ့ပါတယ်🫶🤝။

အိမ်ရှင်က အိမ်အပ်ခါနီးမှ မြန်မာပြည်ကို ပြန်လာနိုင်ခဲ့တာပါ။

ဒါပေမဲ့ မျက်ကွယ်မှာ ရှိနေတဲ့ လပိုင်းတစ်လျှောက်လုံး AIM ဘက်က Service အပြည့် ပေးခဲ့ပါတယ်။

Site ထဲက MEP work တွေ၊ ကြွေပြား၊ မျက်နှာကျက် အခြေအနေ Update တိုင်းကို Group ထဲမှာ ဓာတ်ပုံ၊ Record တွေနဲ့ စက္ကန့်မလပ် အမြဲပို့ပြီး ပွင့်လင်းမြင်သာစွာ ချပြပေးခဲ့တာပါ📸🛠။

ဒါကြောင့် အိမ်ရှင်ကိုယ်တိုင် ပြန်ရောက်လို့ အိမ်တံခါး ဖွင့်လိုက်တဲ့အချိန်မှာ…

စာတစ်ရွက်ပေါ်က Design ထက် ပိုမိုလှပပြီး Luxury ဆန်ဆန် နွေးထွေးတဲ့ အိမ်မက်အစစ်ကြီးကို မြင်လိုက်ရလို့ အထူးပဲ နှစ်သက်သဘောကျခဲ့ရပါတယ်☺️

ရင့်ရင့်သီးသီး ကျေနပ်ပီတိဖြစ်ရတဲ့ အခိုက်အတန့်လေးပေါ့ဗျာ။

Client တို့ရဲ့ ပင်ပန်းရကျိုးနပ်ပြီး တန်ရာတန်ကြေးထက် ပိုမိုထိုက်တန်တဲ့ အိမ်မက်ရပ်ဝန်းလေး ဖြစ်လာစေဖို့...

သဲအလိမ်းလိမ်း ဖုန်အလူးလူးကြားထဲကနေ AIM အဖွဲ့သားတွေ အိပ်ပျက်ညပေါင်းများစွာ ကြံ့ကြံ့ခံပြီး လက်ရာတစ်ခုချင်းစီကို အနုစိတ် ပုံဖော်ခဲ့ကြတာပါ 🌄❤️။

ဒီလို ယုံကြည်မှု ဝေါဟာရလေးတစ်ခု ရဖို့အတွက် အချိန်နဲ့ အရင်းအနှီးပေါင်းများစွာ ပေးဆပ်ခဲ့ရတာမို့ ပေးအပ်လာတဲ့ Project တိုင်းကို Full Quality နဲ့ အကောင်းဆုံး ကြိုးစားဖန်တီးပေးလျက် ရှိနေပါတယ်ဗျာ🥰။

အိမ်ဝေးမြေဝေးကနေ မိသားစုအတွက် အဖိုးတန်ဆုံး လက်ဆောင်တစ်ခု ဖန်တီးတော့မယ်လို့ စိတ်ကူးထားပြီဆိုရင်

👉🏻 Budget အလိုက် စနစ်တကျ ညှိနှိုင်းဆွေးနွေးပေးခြင်း
💲 Design ပိုင်းတင်မက Structure Work၊ Interior Design ကိုပါ ဥတုရာသီမရွေး တာဝန်ယူပေးဖို့ AIM Construction က အမြဲရှိနေမှာမို့ အမြန်ဆုံး ဆက်
သွယ်လိုက်တော့နော် 🌟

📞 Contact Us 09-43158624, 09-768824683, 09-953472815 📧 email : [email protected] 🏠 No.80, Mingalar thiri Street, Dawbon.

"ပစ္စည်းကို ဒီနေရာမှာပဲထားတာ ပြန်ကြည့်လိုက်တော့မရှိတော့ဘူး" ဆိုသူတွေအတွက်  နေရာကျဉ်းလို့ပဲဖြစ်ဖြစ်၊ စနစ်တကျ Storage Desi...
23/07/2026

"ပစ္စည်းကို ဒီနေရာမှာပဲထားတာ ပြန်ကြည့်လိုက်တော့မရှိတော့ဘူး" ဆိုသူတွေအတွက်


နေရာကျဉ်းလို့ပဲဖြစ်ဖြစ်၊ စနစ်တကျ Storage Design မလုပ်ထားလို့ပဲဖြစ်ဖြစ်
TV Cabinet နဲ့ Wardrobe Interior Layout လေးတွေကို နည်းမှန်လမ်းမှန် ပြင်ဆင်လိုက်တာနဲ့
ရှုတ်ပွတာ သက်သာပြီး အခန်းလေး လှပသပ်ရပ်သွားစေမဲ့ လျှို့ဝှက်ချက်တွေကို AIM က မျှဝေပေးလိုက်ပါတယ်နော်💯

📺 TV Cabinet / Unit Storage ပြင်ဆင်နည်း
▪️ Display & Closed Storage တွဲဖက်သုံးပါ
Photo frame၊ အပင်လေးတွေနဲ့ စာအုပ်/Decor တွေကို Open shelf မှာ အလှပြထားပြီး ရှုတ်ပွလွယ်တဲ့ Entertainment essentials တွေကို Closed cabinet ထဲ စနစ်တကျ ဖုံးအုပ်သိမ်းဆည်းပါ။

▪️ All-in-one Entertainment System
TV၊ Game Consoles၊ Router၊ Remotes နဲ့ DVDs တွေကို တစ်နေရာတည်းမှာ Organize လုပ်ပေးနိုင်တဲ့ Wall system ရွေးချယ်တာက ဧည့်ခန်းကျယ်ပြီး Device များသူတွေအတွက် ရိုးရိုး TV stand ထက် Storage ပိုရစေပါတယ်။

▪️ Cable & Accessory Concealment
ရှုတ်ပွနေတတ်တဲ့ Cable ကြိုးတွေ၊ Chargers၊ Game pads နဲ့ Speakers တွေကို စနစ်တကျ ဖုံးကွယ်ပေးထားလို့ Living room Look ကို Clean & Inviting Atmosphere ဖြစ်စေပါတယ်။

▪️ Form & Function မျှတအောင် စီစဉ်ပါ
ပစ္စည်းအသုံးပြုမှု အလေ့အထပေါ် မူတည်ပြီး Open section နဲ့ Closed section ကို အချိုးကျ ခွဲခြားပေးခြင်းဖြင့် အခန်းရဲ့ အလှကိုော၊ Storage Capacity ကိုပါ တစ်ပြိုင်နက် ရရှိစေမှာပါ။

👗 Wardrobe Interior Layout Storage Maximizing

▪️ Zoning & Double-Hanging Rails – Hanging, Shelves နဲ့ Drawers ဆိုပြီး အပိုင်းလိုက် ခွဲခြားပါ။ အပေါ်/အောက် Double-hanging rails သုံးရင် Hanging capacity ၂ ဆ ရလာမှာဖြစ်သလို Corner/L-shape depth နေရာတွေမှာ Continuous curved rail သုံးရင် Hanger တွေ လှည့်ရလွယ်ကူစေပါတယ်။

▪️ Shelf Depth & Column Design Shelves အနက်ကို နက်လွန်းအောင် မထားပါနဲ့ (နက်လွန်းရင် ပစ္စည်းတွေ နောက်ဆုံးရောက်ပြီး မမြင်ရတော့လို့ပါ)။ Hanging space ဘေးမှာ Shelf column လေး ထပ်ထည့်ပေးရင် Bookcase ပုံစံ လှပသွားပြီး Storage လည်း ပိုရစေပါတယ်။

▪️ Regular Use vs Seasonal Placement

မကြာခဏ သုံးတဲ့ အဝတ်အစားတွေကို Eye-level/Easy reach မှာထားပြီး ရာသီပေါ် အဝတ်အထည်/စောင်တွေကို Top shelves ပေါ် တင်ပါ။ ဖိနပ်တွေကိုတော့ Pull-out shoe racks သီးသန့်ထားပါ။

▪️ Smart Organizers & Space Maximizers

Drawer dividers, Pull-out trays, S hooks, Wonder hangers, Labelling နဲ့ Colour coding တွေကို အသုံးပြုပြီး Wardrobe space တစ်ခုလုံးကို အကျိုးရှိရှိ Maximize လုပ်ပါ။💡 စနစ်ကျတဲ့ Storage တွေကြောင့် ရရှိလာမဲ့ အကျိုးကျေးဇူးများ

• Stress Relief & Mental Clarity
အိမ်လေးက ရှင်းလင်းနေတဲ့အတွက် စိတ်ဖိစီးတာတွေ၊ ဒေါသထွက်လွယ်တာတွေကို လျှော့ကျစေပြီး စိတ်အေးချမ်းမှု၊ Sleep quality၊ Focus နဲ့ Productivity ကို တိုးတက်စေပါတယ်။

• Time & Space Saving

ဖိုင်/အဝတ်/Remote တွေမှာ သတ်သတ်မှတ်မှတ်နေရာလေး သီးသန့်ရှိသွားလို့ လိုချင်တာကို အချိန်ကုန်ခံ ရှာစရာမလိုတော့သလို Smart storage solutions တွေကြောင့် Room size အလိုက် Space ပိုထွက်လာပါတယ်။

• Money Saving & Safety
ရှိပြီးသား ပစ္စည်းတွေကို မြင်သာနေလို့ ထပ်မဝယ်မိတော့သလို ခြေထောက် ခလုတ်တိုက်မိမဲ့ အန္တရာယ်တွေကို လျှော့ချပေးပြီး အိမ်အတွင်းပိုင်းလေးကို သပ်သပ်ရပ်ရပ်နဲ့ ဧည့်သည်တွေကို အမြဲဖိတ်ခေါ်စေမဲ့ အိမ်လေးဖြစ်လာမှာပါ။

မိမိတို့ရဲ့ ရပ်ဝန်းလေးကို ရှုတ်ပွမှုကင်းပြီး သပ်ရပ်ဆန်းသစ်အောင် ပြင်ဆင်ချင်တယ်ဆိုရင် ဒီ post လေးကို Save/Share ထားပြီး AIM Interior နဲ့အတူ လက်တွဲလိုက်တော့နော်🤗❤️

••••••••••••••••••••
လူကြီးမင်းတို့ နေထိုင်ရာရပ်ဝန်းလေးသာမက လုပ်ငန်းခွင်တွေထိပါ တိုးတက်ပြောင်းလဲဖို့ စဉ်းစားထားပြီဆိုရင် 💭 Budget ပိုင်းဆိုင်ရာ ဆွေးနွေးပေးခြင်း💲 Design ပိုင်းတင်မက 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐰𝐨𝐫𝐤၊ 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧 ကိုလည်း စနစ်တကျ ဆောင်ရွက်ဖို့အသင့်ရှိတာမို့
📞mobile: 09-43158624, 09-953472815
📧email : [email protected]
🏠 No.80 , Mingalar Thiri Street, Myo Thit Quatar , Dawbon Township, Yangon သို့ ဥတုရာသီမရွေး ဆက်သွယ်နိုင်ပါပြီ။

Address

Yangon

Telephone

+95943158624

Website

Alerts

Be the first to know and let us send you an email when AIM Construction & Decoration Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AIM Construction & Decoration Co.,Ltd:

Shortcuts

Share

Category