Mal Htaw’s Craft

Mal Htaw’s Craft Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mal Htaw’s Craft, Arts & Crafts Store, Yangon.

18/07/2026

** Meow Cat Pencil Case **

မယ်ထော့်ရဲ့ တီချယ် 2026 အတွက် ပေးထားတဲ့ ပညာဒါနအိတ်လေးပါ။ 15 ရက်နေ့အပြီး အိမ်စာထပ်ရမှာ အိမ်စာ မပြနိုင်ရင် Group ထဲကထုတ်မယ်ဆိုလို့ စည်းကမ်းထုတ်ထားတဲ့အတွက် အမြန်ချုပ်ဖြစ်တာလေးပါ။ ကိုယ်က Patchwork ဘက်ကိုသွားနေတာဖြစ်တဲ့အတွက် ဘာလေးဘဲချုပ်ချုပ် ပိတ်လေးဆက်ပြီးချုပ် လိုက်ရမှ အံဝင်ခွင်ကျဖြစ်တယ်လို့ ခံစားရတဲ့အတွက် ဒီအိတ်လေးကိုလည်း ပိတ်လေးဆက်ပြီးချုပ်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ခုက ဒီယက်ကမ်းပိတ်လေးတွေ ဝယ်ထားတာကြာပြီဖြစ်တဲ့အတွက် မချုပ်ဖြစ်ဘဲ သိမ်းထားမဲ့အတူတူ ဒီပိတ်လေးကိုထုတ်ပြီးချုပ်လိုက်တော့ အမြင်လေးလည်းဆန်းသွားတာပေါ့။ ဒီအိတ်လေးကလေ ကြိုးရှည်လးနဲ့ချိတ်ပြီး လွယ်ရင် ကလေးလေးတွေ လည်းလွယ်လို့ရပါတယ်။ အခုတစ် ခေါက်ကတော့ တီချယ်သင်ပေးထားတဲ့အတိုင်း ချုပ်လိုက်တယ်။ နောက်တစ်ခေါက် ကြိုးရှည်လေးနဲ့ လွယ်လို့ရအောင် ချုပ်ကြည့်ရမယ်။ ဖုန်းတစ်လုံးကတော့ ကောင်းကောင်းကြီးဆံ့ တယ်လို့ပြောရမယ်။
#လက်မှုပညာ_ပိတ်ဆက်အိတ်

16/07/2026



Sg ကညီမလေးတစ်ယောက်အော်ဒါလေးပါ။ အော်ဒါ

ကတော့ပုံမှန်အတိုင်း ကြာနေပါပြီ ပြီးခဲ့တဲ့အပတ်ကမှ

ပို့ပေးလိုက်တာပါ ဒီအိတ်မှာ ပုံမှန်ချုပ်နေကျအတိုင်းမ

ချုပ်ဘဲ တစ်မျိုးဆန်းချုပ်ပေးဖြစ်လိုက်တယ် ဘာ

လဲဆိုတော့ ဆက်ထားတဲ့ပိတ်အောက်ကနေ ပိတ်ပါး

တစ်ခုခံပြီး အပေါ်ကနေ Big Sitich လိုက်ပေးထားတာ

ပါ။ အတွင်းအိတ်ထဲမှာ ဖုန်း(သို့) သော့ ထည့်ဖို့အတွက်

အိတ်ကပ်လေးတစ်ခုထည့်ချုပ်ပေးထားပါသေးတယ်။

ပေးရမဲ့ ရက်ချိန်း နောက်ကျသွားပေမဲ့ အိတ်ကို

အလွယ်တကူ ပြီးစလွယ် မလုပ်ဘဲ၊ စိတ်ရှည်

လက်ရှည်နဲ့ သေသေချာချာ ချုပ်ပေးထားပါတယ်။

ပိတ်သေးသေးလေးတွေကို သေချာဆက်ပြီး အပေါ်က

နေ လက်ချုပ်ရိုးနဲ့ အသေးစိတ် စိတ်ကြိုက်ပုံဖော်ပြီး

ချုပ်ပေးထားတဲ့အတွက်ကြောင့်​ အိတ်ပိုင်ရှင် ညီမလေး

လည်း ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်ရှင်။

မိုးတွင်းဖြစ်တာကတစ်ကြောင်း ၊ deli အချိန်မှီပေးရမှာ

ကြောင့် တစ်ကြောင်း လောနေတာနဲ့ ဓာတ်ပုံရိုက်တာမှာ

လိုအပ်ချက်လေးတွေရှိသွားပါတယ်ရှင်။

အခုလက်ရှိ ဒီအိတ်နဲ့ဦးထုပ်အတွဲလေးချုပ်နေပါတယ်ရှင်။ Page လေးကိုနည်းနည်း အသက်ပြန်သွင်း တဲ့အနေနဲ့ ပို့စ်လေးတွေ ပြန်တင်ဖြစ်ပါ...
27/06/2026

အခုလက်ရှိ ဒီအိတ်နဲ့ဦးထုပ်အတွဲလေးချုပ်နေပါ

တယ်ရှင်။ Page လေးကိုနည်းနည်း အသက်ပြန်သွင်း

တဲ့အနေနဲ့ ပို့စ်လေးတွေ ပြန်တင်ဖြစ်ပါမယ်ရှင် 🥰

Jan လက အော်ဒါအပ်ထားတဲ့ Mini Drawstring bag လေးပါ။ အော်ဒါလေးက တော်တော်ကြာနေပြီ ချုပ်ပြီး အော်ဒါအပ်ပေးဖြစ်တာက ပြီးခဲ့တဲ့အပ...
27/06/2026

Jan လက အော်ဒါအပ်ထားတဲ့ Mini Drawstring bag

လေးပါ။ အော်ဒါလေးက တော်တော်ကြာနေပြီ

ချုပ်ပြီး အော်ဒါအပ်ပေးဖြစ်တာက ပြီးခဲ့တဲ့အပတ်က

ပါ။ တကယ်ကိုလိုချင်လို့သာ အခုလို အကြာကြီးစောင့်

ပေးကြတာလို့ထင်ပါတယ်။ ကြိုတင်ငွေလည်းမ

ယူထားဖြစ်ဘူး။ ဘာလို့ဆို အိတ်ပြီးမဲ့ရက်ကို ကြိုတင်

ပြီး မသတ်မှတ်ပေးနိုင်သလို အာမလည်းမခံနိုင်တဲ့

အတွက်ကြောင့်ပါ။

ဦးထုပ်လေးနှစ်လုံးလည်းချုပ်ဖြစ်သေးတယ်။ မအားတဲ့ ကြားက အိပဲ့ အိပဲ့ နဲ့တော့ချုပ်နေတာဘဲ ပို့စ်သာမတင်ဖြစ်တာပါ။ ပို့စ်မတင်ဖြစ်တ...
27/06/2026

ဦးထုပ်လေးနှစ်လုံးလည်းချုပ်ဖြစ်သေးတယ်။ မအား

တဲ့ ကြားက အိပဲ့ အိပဲ့ နဲ့တော့ချုပ်နေတာဘဲ ပို့စ်သာမ

တင်ဖြစ်တာပါ။ ပို့စ်မတင်ဖြစ်တဲ့ကြားထဲမှ အော်ဒါ

လေးတွေလည်း လာအပ်ကြတဲ့အတွက် ကျေးဇူးလည်း

တင်ပါတယ်။

Sue’s Purse အညိုရောင်လေး သူလေးလည်းချစ်ဖို့ကောင်းတယ်။ ပုံတွေအများကြီးမရိုက်ထားမိလိုက်ဘူး။ မတင်တာကြာလို့ ဖြစ်ညှစ်ပြီး ပို့...
27/06/2026

Sue’s Purse အညိုရောင်လေး သူလေးလည်း

ချစ်ဖို့ကောင်းတယ်။ ပုံတွေအများကြီးမရိုက်ထားမိ

လိုက်ဘူး။ မတင်တာကြာလို့ ဖြစ်ညှစ်ပြီး ပို့စ်တင်လိုက်

ပါပြီ🥰

တရုတ်ယက်ကန်းပိတ်နဲ့ပထမဆုံးချုပ်ဖြစ်တဲ့ Sue’s purse လေးပါ။ အိတ်လေးကတော့ customer လက်ထဲရောက်သွားတာကြာပါပြီ အခုမှဘဲပုံတင်ဖြ...
27/06/2026

တရုတ်ယက်ကန်းပိတ်နဲ့ပထမဆုံးချုပ်ဖြစ်တဲ့ Sue’s purse လေးပါ။ အိတ်လေးကတော့ customer လက်ထဲရောက်သွားတာကြာပါပြီ အခုမှဘဲပုံတင်ဖြစ်လို့ပါ။

13/05/2026

မယ်ထော်ပျောက်နေရတဲ့အကြောင်းအရင်းကတော့ Video ကိုသာကြည့်ပါတော့ရှင်။ ကျောင်းပိတ်ရက် သမီးလေးကိုရေကူးသင်တန်းပို့ရင်းနဲ့ သူ့ကိုထိုင်စောင့်နေရမဲ့အတူတူ မယ်ထော်ပါသင်တန်းလိုက်တက်နေလို့ပါ။ ထိုင်စောင့်နေရင်းနဲ့ ကိုယ်ချုပ်ရမဲ့ဟာ ယူသွားပြီးချုပ်ဆိုရအောင်ကလည်း ထိုင်စောင့်နေရတဲ့နေရာက outdoor နေကလည်းအရမ်းပူ လက်ကချွေးထွက်ရင် အပ်ကလည်းချောဆိုတော့ ပိတ်စကလည်းသိတဲ့အတိုင်းချွေးထွက်ရင် စွန်းထင်းမှာဆိုတော့ ထိုင်စောင့်နေရမဲ့အတူ မထူးတော့ပါဘူးဆိုပြီး သင်ဖြစ်သွားတာပါ။ ကလေးတွေကြားထဲမှာ မရှက်ဘူးလားဆိုတော့ မရှက်ပါဘူး အတက်ပညာ တစ်ခုသင်ယူတာဘဲ ကြီးကြီးငယ်ငယ် ကိုယ်တကယ်သင်ချင်ရင် တက်ချင်ရင် သင်ယူရမှာဘဲလေနော်။ အခုထိလည်းတက်နေဆဲပါ သမီးလေးကတော့ပြီးသွားပြီ။ အိမ်အလုပ်လုပ် သင်တန်းပြေး နဲ့ တနေ့ နည်းနည်းဆီတော့ ပိတ်စကိုင်ပါတယ်။ အရုပ်လေးတစ်ရုပ်ရယ် ဦးထုပ်၂လုံးရယ် ပြီးပါတယ်။ ကျောင်းတွေပြန်ဖွင့်ရင်တော့ သူလေးကျောင်းသွားချိန်တွေ မယ်ထော်ပိတ်စပြန်ကိုင်ဖို့အချိန်နည်းနည်းပိုထွက်ပါမယ်ရှင်။ နောက်နေ့တွေ ပြီးသွားတဲ့အရုပ်လေး၊ ၊ ဦးထုပ်၂လုံးအတွက် ပို့စ်လေးတွေတင်ပါမယ်နော်။

Cotton တွေအရမ်းလှဘဲ။ ချုပ်ပြီးသားအိတ်တွေလည်းတွေ့ခဲ့တယ်။ ဆက်စောင်လည်းတွေ့ခဲ့တယ် ဓာတ်ပုံရိုက်ဖို့သတိမရတော့ဘဲ အဲ့နားတင် ရပ်...
07/04/2026

Cotton တွေအရမ်းလှဘဲ။ ချုပ်ပြီးသားအိတ်တွေလည်း

တွေ့ခဲ့တယ်။ ဆက်စောင်လည်းတွေ့ခဲ့တယ် ဓာတ်ပုံ

ရိုက်ဖို့သတိမရတော့ဘဲ အဲ့နားတင် ရပ်သီရစ်သီနဲ့ကြည့်

နေတာ သဘောကျလိုက်တာဆိုတာ😍 ကိုယ်လည်း

One day တော့ စိတ်သွားတိုင်းကိုယ်ပါ ကိုယ်လုပ်

ချင်တာလေးကို စိတ်အေးလက်အေးလုပ်နိုင်လိမ့်မယ်

ထင်ပါရဲ့။

31/03/2026

အမှန်တော့လေ ဒီအိတ်လေးကကိုယ့်အတွက်ကိုယ်ချုပ်တာ ခရီးထွက်စရာလေးရှိလို့ order ခဏရပ်ပြီးချုပ်တာ အစကတော့ tote bag ချုပ်မလို့ဘဲ ပြန်စဉ်းစားကြည့်လိုက်တော့ကိုယ့်မှာ အိတ်ကြီးကိုင်ဖို့အချိန်မရှိတော့ဘူးရယ်။ အဲ့ဒါနဲ့အိတ်သေးလေးဘဲချုပ်မယ်ပေါ့ဆိုပြီးချုပ်လိုက်တာ အဓိကဆံ့ဖို့က ဖုန်း😂 ချုပ်ပြီးမှ ဖုန်းမဆံ့မှာစိုးရိမ်နေတာ။ အချိန်မရှိလို့အိတ်သေးလေးချုပ်ပါတယ် ပိတ်စဆက်တာကလွဲရင် ကျန်တာ အကုန်အကုန်လက်ချုပ်ကြီးဘဲ Sue’s purse လေးကနေ လက်ချုပ်ပိုးဝင်သွားတာ ထိုင်ပြီးရင် မထချင်တော့ဘူး လက်နဲ့ဘဲ အကုန် ချုပ်ချင်နေတော့တာ။ လက်နဲ့ချုပ်လို့ခိုင်ပါ့မလား ဆိုတဲ့အတွေးဝင်နေကြတယ်မလား ကိုယ်လည်းအရင်က ** ဟင် လက်နဲ့ချုပ်ဘယ်လိုလုပ်ခိုင်မလဲ** ဆိုတဲ့အတွေး တွေးမိတယ် **နည်းပညာ** သိသွားပြီးနောက်ပိုင်း ဘာလာလာ လက်နဲ့ကိုချုပ်ချင်နေတော့တာ 😂 ကြိုက်လိုက်တာဆိုတာ သေးသေးကျစ်ကျစ်လေးနဲ့ ကိုယ်က အပြင်သွားရင် tote bag ထဲကလေးနဲ့သက်ဆိုင်ရာထည့် မုန့်ထုပ်ထည့်နဲ့ ဖုန်းပါထည့်လိုက်ရင် ဖုန်းလာလို့ကိုင်မယ်ဆိုလိုက်ရှာနေရတာအလုပ်တစ်လုပ်။ အဲ့ဒါနဲ့ဖုန်းနဲ့ပိုက်ဆံထည့်ဖို့အိတ်သေးလေးတစ်လုံးအမြဲလွယ်ဖြစ်တယ် အခုလည်းအဲ့စိတ်ကူးနဲ့ ချုပ်ဖြစ်သွားတာပါ။ ်မှုပညာပိတ်ဆက်အိတ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mal Htaw’s Craft posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share