Legacy Novel Translation

Legacy Novel Translation Novel ကမ္ဘာကြီးမှ ကြိုဆိုပါတယ်ရှင့်

ဝတ္ထုဖတ်ပြီး ကိုယ်သဘောကျရတဲ့ ဇာတ်ကောင်နဲ့ ညားချင်လား။ ဟာ ဒီမင်မင် မဖြစ်နိုင်တာတွေ ပြောပြီ ဆိုရင်လည်း ဟုတ်တာပေါ့ ဘယ်ဖြစ်န...
10/08/2026

ဝတ္ထုဖတ်ပြီး ကိုယ်သဘောကျရတဲ့ ဇာတ်ကောင်နဲ့ ညားချင်လား။

ဟာ ဒီမင်မင် မဖြစ်နိုင်တာတွေ ပြောပြီ ဆိုရင်လည်း ဟုတ်တာပေါ့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒါပေမဲ့ စုလင်းရဲ့ သူဖတ်တဲ့ဝတ္ထုထဲက သူ သဘောကျတဲ့အမျိုးသားနတ်ဘုရားကို အပိုင်ယူမဲ့ဇာတ်လမ်းကိုတော့ ဂလက်စီလေးတို့ ဖတ်လို့ရပါတယ် ဟဲဟဲ။

စုလင်းက သူဖတ်နေတဲ့ ဝတ္ထုထဲက သူနဲ့ နာမည်တူ၊ ရုပ်ရည်တူတဲ့ ဇာတ်ကောင်ဆီ ကူးပြောင်းသွားခဲ့တယ်။ အဲမှာ သူကြိုက်တဲ့ ဇာတ်ကောင် အမျိုးသားနတ်ဘုရားနဲ့ သွားတွေ့တယ်ဆိုပါတော့။

စုလင်းရဲ့ ဖယ်ရိုမုန်းက ပြဿနာရှိပြီး ကြက်ဥပုပ်နံ့ကြီးဖြစ်နေတာ။ အဲဒါကြောင့် သူအဖေနဲ့မိထွေးက စုလင်းကို အသုံးမဝင်ဘူး၊ အိမ်ထောင်မကျရင် တင်ကျွေးထားရမှာကို ကြောက်နေတာ။ စုလင်းကလည်း သူ ၁၈ နှစ်ပဲရှိသေးပြီး အိမ်ထောင်ပြုဖို့ကို System နဲ့ကျပန်းအိမ်ထောင်ဖက်ရွေးတာကြီးကို လုံးဝလက်မခံနိုင်ဘူး။ ပြီးတော့ သူ့ကိုလည်း တက္ကသိုလ်မတက်ခိုင်းတော့ စုလင်း ပိုတောင်မကြိုက်တော့ဘူး။ အိမ်ကလည်း တင်မကျွေးချင်တော့ သူလည်း ကပ်မနေချင်ဘူး။

အဲဒီမှာ စုလင်းရဲ့ အမေချန်ထားခဲ့တဲ့ ဝိညာဉ်အပင်ဆိုင်လေးကို စောင့်ရှောက်ပြီး တက္ကသိုလ်တက်ဖို့ သူကိုယ်တိုင်ကြိုးစားမယ်ပေါ့။

အဲမှာ သူရောက်နေတာက သူဖတ်ခဲ့တဲ့ ဝတ္ထုထဲကိုမှန်း ပိုသေချာသွားတဲ့အချိန် သူ့ အမျိုးသားနတ်ဘုရားကို မြှူဆွယ်ဖို့ကြိုးစားတော့သတဲ့။

စုလင်း သဘောကျတဲ့ အမျိုးသားနတ်ဘုရားက ကုလိဟန်ဆိုတဲ့ စီးပွားရေးလောကက ထိပ်တန်း CEO ကြီး။ ဝတ္ထုထဲမှာတော့ အရံဇာတ်ကောင်လေးပါ။ ဝတ္ထုဇာတ်လိုက်နှစ်ယောက်ရဲ့ ကြားမှာ ရှုပ်တဲ့ အမြောက်စာ Shou နဲ့ လက်ထပ်လိုက်ရတဲ့သူပေါ့။

မချစ်ဘဲ လက်ထပ်လိုက်ရပေမဲ့လည်း ကိုယ့်အိမ်ထောင်ဖက်အပေါ် တာဝန်ယူစိတ်အပြည့်ရှိတဲ့ ကုလိဟန်ကို စုလင်းက ဝတ္ထုဖတ်နေချိန်မှာ အရမ်းသဘောကျတာတဲ့။

အမြောက်စာ Shou က တိုက်တိုက်ဆိုင်ဆိုင် ဝတ္ထုထဲက စုလင်းသေဆုံးမှုမှာ ပတ်သတ်နေပြီး စုလင်းနဲ့လည်း မတည့်ဘူး။ ပြီးတော့ စုလင်းကလည်း ကုလိဟန်ကို အမြောက်စာ Shou နဲ့ လက်မထပ်စေချင်ဘူး။ ဒီတော့ စုလင်းတစ်ယောက် အမြောက်စာ Shou လက်ထဲကနေ ကုလိဟန်ကို ဘယ်လိုဖြတ်လုမလဲ။

ကုလိဟန်က စုလင်းရဲ့ ကြက်ဥပုပ်နံ့ဖယ်ရိုမုန်းကို မနှစ်ခြိုက်တာမျိုး မရှိသလို၊ လှောင်ပြောင်ကဲ့ရဲ့တာမျိုးလည်း မရှိဘူး။ အရမ်း Gentleman ဆန်သောနော်။

စုလင်းက သူ့အမေချန်ထားခဲ့တဲ့ ဝိညာဉ်အပင်ဆိုင်လေးကြောင့်နဲ့ ကုလိဟန်နဲ့ နီးစပ်ဖို့ဖြစ်လာတယ်။

ကုလိဟန်က ဝိညာဉ်အပင်လေးတွေရဲ့ ကုန်ကြမ်းကို ဝယ်ချင်ပြီး စုလင်းက ဝိညာဉ်အပင်တွေရဲ့ သခင်ဖြစ်နေတာကြောင့် အိမ်ပေါ်ထိတက်နေဖို့ ဖြစ်လာ။

စုလင်းကလေ ကုလိဟန်ကို လက်ထပ်ရဖို့ မြှူဆွယ်တာတွေထုတ်သုံး။ သူလည်း အူကြောင်ကြောင်မဟုတ်ပေမဲ့၊ အူကြောင်ကြောင်လေးလိုပါပဲ။ Alpha ကို လိုက်မဲ့ Omega ပေါ့ကွယ်။

အသေးစိတ်ကိုတော့ ကိုယ့်ဘာသာ ဖတ်ကြတော့။

Free gp link - https://t.me/lgfreegp

စဆုံးကိုတော့ မှာလာဝယ်လို့ရပြီ။

ကျောင်းသားဘဝက လတ်ဆတ်နုပျိုတဲ့ အချစ်ဇာတ်လမ်းလေးတွေ ဖတ်ရတာ ကြိုက်ရင် ဒါလေး Review ပေးမယ်။ကျောင်းသူသစ်နဲ့ အတော်ဆုံးကျောင်းသ...
09/08/2026

ကျောင်းသားဘဝက လတ်ဆတ်နုပျိုတဲ့ အချစ်ဇာတ်လမ်းလေးတွေ ဖတ်ရတာ ကြိုက်ရင် ဒါလေး Review ပေးမယ်။

ကျောင်းသူသစ်နဲ့ အတော်ဆုံးကျောင်းသား လေးတို့ရဲ့ ဇာတ်လမ်းလေး။ ဖတ်ရင်းနဲ့ ဖတ်တဲ့သူပါ Crush တစ်ယောက် ကောက်ရသွားသလိုဖြစ်ချင်ရင် ဖတ်သာဖတ်။

ကျောင်းသားဘဝကို ပြည့်ပြည့်ဝဝ ခံစားရမှာဖြစ်ပြီး ကျောင်းသားဘဝက သစ်လွင်တဲ့ ရင်ခုန်သံတွေ၊ နူးညံ့တဲ့ ချစ်ခြင်းတွေပါဝင်တာမို့ လက်မလွှတ်လိုက်ပါနဲ့နော်။

တက္ကသိုလ်လက်အောက်ခံ အဆင့်မြင့် အထက်တန်းကျောင်းဆီ ပြောင်းလာတဲ့ ကျောင်းသူသစ်လေး၊ အရှက်အကြောက်ကြီးပြီး ယုန်ဖြူလေးနဲ့တူတဲ့ ရှန့်ရှား။

ရှန့်ရှားက ကျောင်းသူသစ်ဖြစ်တာမို့ အားလုံးကို ရှိန်ကြောက်ကြောက်နေချိန် ကျန့်ရှူးနဲ့ ဟော်ကျွင်းချီဆိုတဲ့ ကျောင်းသားနှစ်ယောက်နဲ့ ပက်ပင်းတိုးတယ်။ သူရဲ့ကြောက်တတ်လွန်းလို့ တုန်ခိုက်ပြီး ထစ်ထစ်ငေါ့ငေါ့နဲ့မို့ တစ်ဖက်လူရဲ့ အာရုံထဲ ရောက်သွားပုံပဲပေါ့နော်။

အစ်မဖြစ်သူက သူ့ကိုချည်း ဦးစားပေးနေတာကြောင့် ကိုယ့်ဘာသာ ရပ်တည်မယ်ဆိုပြီး အစ်မဖြစ်သူကို ကောင်းစေချင်တဲ့စေတနာနဲ့ ထွက်လာခဲ့တဲ့ ကျန့်ရှူး။ ကျန့်ရှူးက ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်လို နေပေမဲ့ ကျောင်းရဲ့ ထိပ်ဆုံးကျောင်းသားတစ်ဦး၊ အတော်ဆုံး ကျောင်းသား။ ဉာဏ်ကောင်းပြီး အေးစက်စက်နေတတ်တယ်။

သူတို့နှစ်ယောက်က ဘာနဲ့တူလဲဆိုရင် သားရဲကြီးနဲ့ ယုန်ဖြူလေးလိုပဲ။

ကျန့်ရှူးက ဘာကိုမှဂရုမစိုက်တတ်ဘဲ သူ့ဘာသာနေပြီး ကျောင်းထဲက အထင်ပေါ်ဆုံးကျောင်းသားတစ်ယောက်။ ပြောရရင် ရှိန်ချင်စရာကျောင်းသားပေါ့။

ရှန့်ရှားကတော့ အရှက်အကြောက်ကြီးတဲ့ကျောင်းသူ၊ အားလုံးကို ရှိန်နေတဲ့လူ။ တစ်ယောက်ယောက်က မတ်တပ်လာရပ်နေရင်တောင်၊ သူ့ကိုတစ်ခုခုမေးလိုက်ရင်တောင် လန့်ပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ ဘယ်လိုတုံ့ပြန်ရမလဲတောင် မသိတဲ့လူ။

ဒီလိုဆန့်ကျင်ဘက်နှစ်ယောက်က ဘယ်လိုချစ်မိသွားမလဲ။

ပေါ့ပါးလွတ်လပ်တဲ့ ကျောင်းသားဘဝကို ဖြတ်သန်းရပြီး ကိုယ်တိုင် တစ်ယောက်ယောက်ကို Crush မိသွားစေမဲ့ Novel လေး။ နာမည်အတိုင်း နွေးနွေးလေးမို့ ဖတ်ကြည့်ဖို့ ပြောချင်ပါတယ်။

ရင်ခုန်တတ်စ ကျောင်းသားဘဝမှာ စတင်ဖူးပွင့်တတ်တဲ့ အချစ်ပန်းလေး ဘယ်အထိပွင့်လန်းမလဲဆိုတာ ဖတ်လိုက်တော့နော်။

မှာ စဆုံး တစ်ထိုင်တည်းဖတ်ဖို့ လာဝယ်လို့ရပါပြီ။

Free gp link - https://t.me/lgfreenovel

ဇာ့ဂ်အမလေးကနေ ကောအာအဖြစ်ပြောင်းလာတဲ့ ပိုင်ရှု။ သူက ဇာ့ဂ်ကမ္ဘာမှာ ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး အင်အားကြီးပြီး သန်မာတဲ့လ...
08/08/2026

ဇာ့ဂ်အမလေးကနေ ကောအာအဖြစ်ပြောင်းလာတဲ့ ပိုင်ရှု။ သူက ဇာ့ဂ်ကမ္ဘာမှာ ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး အင်အားကြီးပြီး သန်မာတဲ့လူတစ်ယောက်ပေါ့။

ဒါပေမဲ့ ဇာ့င်ကမ္ဘာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကောအာတွေရှိတဲ့ ကမ္ဘာမှာတော့ သူဟာ တစ်မူထူးလာပါတော့တယ်။

ကောအာတွေဟာ နူးညံ့သိမ်မွေ့ပြီး ရိုကျိုးနာခံတတ်ရမယ်ဆိုတဲ့ စည်းမျည်းနဲ့ အိမ်ထောင်ပြုဖို့ စောင့်စားကြရတဲ့ကမ္ဘာမှာ ပိုင်ရှုဟာ သူ့အားသူကိုးလို့ ယောက်ျားရဖို့ ပိုးပန်းပါသတဲ့လေ။

သူ ကြိုက်သွားတဲ့ ယောက်ျားကလည်း မြို့စားရဲ့သား ကျောက်စိမ်းလိုသခင်လေးကိုမှတဲ့။

ပိုင်ထန်ရွာလေးမှာရှိတဲ့ မူလပိုင်ရှုဟာ သူ့ပိုင်ဆိုင်မှုတွေကို ဦးလေးမိသားစုက မတော်မတရားသိမ်းပိုက်တာ ခံထားရတဲ့အပြင် နှိပ်စက်ညှင်းပန်းတာလည်း ခံရသေးတယ်။ သူ သေဆုံးချိန်မှာ ဇာ့ဂ်အမစစ်ဗိုလ်ချုပ်က သူ့ကိုယ်ထဲဝင်လာပြီး နှိပ်စက်တွေလူတွေ ပြန်ကြောက်လန့်ကုန်ရတယ်တဲ့။

လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲ ပိုင်ရှုဖြစ်လာပြီးနောက်မှာ ရွာထဲလည်း ဟိုးလေးတကျော်ကျော်နဲ့ သူ့ယူမဲ့ယောက်ျားတွေလည်း မကျန်တော့ဘူး။

ဒါပေမဲ့ ပိုင်ရှုဟာ ကောအာတို့ရဲ့ သဘောသဘာဝကို နားမလည်ဘူး။ သူ့မှာအင်အားရှိရင်၊ ငွေရှိရင် ဒါတွေက အလွယ်လေးလို့ သတ်မှတ်ထားတာ။

တစ်နေ့ကျ ပိုင်ထန်ရွာကို မြို့စားမင်းရဲ့သား ရောက်လာခဲ့တယ်။ ရှဲ့ဟွိုင်ယွိဟာ မိထွေးဖြစ်သူနဲ့ သူနိုင်ကိုယ်နိုင် နေရာရရေး ကစားနေသူဖြစ်တယ်။ အခုက ရွာလေးမှာ ခဏလာခိုပြီး ဗျူဟာခင်းနေတာတဲ့။

ရှဲ့ဟွိုင်ယွိက Master type နော်။ အားလုံးကိုကစားနိုင်စွမ်း၊ ခြယ်လှယ်နိုင်စွမ်းအပြည့်နဲ့။

ရှဲ့ဟွိုင်ယွိရဲ့ ချောမောမှုမှာ ပိုင်ရှု တဖြုတ်ဖြုတ်ကြွေရော။

အဲဒါနဲ့ သူက ကောအာလေးတန်မဲ့ ရှဲ့ဟွိုင်ယွိကို လိုက်ပိုးပါတော့တယ်။

လက်ဆောင်တွေပေး၊ မြောင်းတွေဖောက်၊ ရေတွေစီးနဲ့ပေါ့လေ။

ရှဲ့ဟွိုင်ယွိကလည်း တခြားသူတွေထက် တစ်မူကွဲပြားနေတဲ့ ပိုင်ရှုအပေါ် စိတ်ဝင်စားလာခဲ့တယ်။ သူက ပိုင်ရှုကို ဘယ်လောက်ထိလုပ်နိုင်စွမ်းရှိလဲဆိုတာ ကြည့်ချင်တယ်။

ဒါကြောင့် ပိုင်ရှု ဘယ်လောက်ထိ စီးပွားရှာနိုင်မလဲဆိုပြီး စောင့်ကြည့်ပြီး ပိုင်ရှုကလည်း စီးပွားရှာတယ်။ ကောအာဆိုပြီး ရွာထဲကလူတွေရဲ့ အထင်သေးမှုကြားမှာ ငွေတွေရှာပြလာနိုင်တဲ့အခါ...။

ကောအာဆိုပြီး အနှိမ်ခံ၊ အနှိပ်စက်ခံရတဲ့ ကောအာလေးတွေကြားမှာ ပိုင်ရှုတစ်ယောက် ဘယ်လိုရှေ့ဆောင်လမ်းပြလုပ်မလဲဆိုတာ ပြုံးပြုံးဖြီးဖြီးနဲ့ ‌ဖတ်ရမှာနော်။

ပိုင်ရှုရဲ့ ကောအာကမ္ဘာမှာ အူကြောင်ကြောင် အတွေးလေးတွေနဲ့ ပိုးနည်းပန်းနည်းတွေရယ်။ ကောအာဖြစ်ပြီး abs ထွက်ချင်သေးတာ။ သူက 😂

သူ့ဟာလေး လုပ်သမျှ သဘောကျပြီး အကုန်လက်ခံပေးတဲ့ သခင်လေး ရှဲ့ဟွိုင်ယွိရယ်။

နှစ်‌ယောက်သားကတော့ လိုက်ဖက်ပါပေ့။

သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းမှာ ဘယ်လိုအနှောင့်အယှက်တွေရှိဦးမလဲဆိုတာတော့ ကိုယ့်ဘာသာ အသေးစိတ်ဖတ်လိုက်ကြတော့။

စဆုံး ဝယ်ဖို့ -

Free gp link - https://t.me/lgfreegp

ချင်ကျုံးယွဲ့က အဖေ ပေးစားတဲ့ ရှဲ့ကျုံရှင်းဆိုတဲ့ အမျိုးသားကို လက်ထပ်လိုက်ရပြီး မိန်းမကြောက်နေရသတဲ့။ဘာလို့ဆို ရှဲ့ကျုံရှင...
31/07/2026

ချင်ကျုံးယွဲ့က အဖေ ပေးစားတဲ့ ရှဲ့ကျုံရှင်းဆိုတဲ့ အမျိုးသားကို လက်ထပ်လိုက်ရပြီး မိန်းမကြောက်နေရသတဲ့။

ဘာလို့ဆို ရှဲ့ကျုံရှင်းက ချင်ကျုံးယွဲ့အပေါ် အရမ်းချုပ်ချယ်သလို စည်းကမ်းလည်းတင်းကြပ်လို့တဲ့။ ချင်ကျုံးယွဲ့ ပိုင်သမျှ ငွေကြေးမှန်သမျှကို ရှဲ့ကျုံရှင်းက လက်ဝါးကြီးအုပ်ထားတာမို့ ချင်ကျုံးယွဲ့ သူ့လောင်ဖောကို မကျေနပ်ဘူး။

မကျေနပ်ပေမဲ့လည်း ကြောက်ရတော့ သူ မနိုင်ဘူးပေါ့။

တစ်နေ့ သူအဲဒါကို အရက်မူးမူးနဲ့ သူငယ်ချင်းဆီမှာ ပေါက်ကွဲပစ်တယ်။

သူ နောက်တစ်ခါများ အခွင့်အရေးရခဲ့ရင် ရှဲ့ကျုံရှင်းကို လုံးဝလက်မထပ်ဘူးဆိုပြီး ကြွေးကြော်သတဲ့။

ဒါကလည်း ရှဲ့ကျုံရှင်း အလုပ်ခရီးထွက်နေလို့ သူ အရက်လာသောက်ရဲတာတဲ့ 😆

အဲမှာ အမူးလွန်မှောက်သွားပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်ရောက်သွားတော့တယ်။

အဲမှာ ချင်ကျုံးယွဲ့ အပျော်လွန်သွားတယ်။ သူ နောက်တစ်ခါ အခွင့်အရေးရပြီ။ ရှဲ့ကျုံရှင်းကို လုံးဝလက်မထပ်တော့ဘူးကွ ဆိုပြီး အားခဲနေတုန်းမှာပဲ သူ့လောင်ဖောကို သူ လွမ်းနေရှာပြီတဲ့ 🥲

အဲမှာ ၁၈ နှစ်အရွယ် ကျောင်းသားလေး ရှဲ့ကျုံရှင်း အနိုင်ကျင့်ခံရတာကို တွေ့တော့ သူရဲကောင်းကြီး ဝင်လုပ်။ ဖုန်းနံပါတ်တွေအတင်းပေး။ ဖုန်းဆက်လာမှာကို စောင့်သတဲ့။ ဟိုကဖုန်းမဆက်လာတော့ ဝှီးဆို ရှဲ့ကျုံရှင်း တက်တဲ့ ကျောင်းကို ပြောင်းချသွားတယ်တဲ့။

သူ အခွင့်အရေးရရင် လက်မထပ်ဘူးတဲ့နော် ယုံလိုက်ကြ။

အဲမှာ သူက ရှဲ့ကျုံရှင်းကို ကာကွယ်ပေး၊ ဂရုစိုက်ပေးပြီး အရင်ဘဝက ရှဲ့ကျုံရှင်းရှေ့ ကွဲခဲ့သမျှ အရှက်တွေကို ပြန်ဖာထေးမယ်ဆိုပြီး စာတွေကြိုးစားပြ၊ ပိုက်ဆံတွေသုံးပြနဲ့ တကယ့်ကြောင်တောင်တောင်လေး။ ချစ်ဖို့လည်းကောင်းတယ်။

ရှဲ့ကျုံရှင်းက မိဘတွေကတောင် သူ့ကို အရေးမပေးလို့ ကျောင်းတက်ဖို့တောင် ကိုယ့်ဘာသာ Scholarship လျှောက်ပြီး သူ အမြဲတမ်း အဆင့်တစ်ရတာကိုတောင် ဖုံးကွယ်ထားရတယ်တဲ့။ သူက ကိုယ့်ဘာသာနေပြီး မာနကြီးသလို မိသားစုနဲ့လည်းစိမ်းတာပေါ့။

ချင်ကျုံးယွဲ့အပေါ် ဘာကြောင့်တင်းကြပ်ရသလဲဆိုရင် သူ့ဘဝအတွေ့အကြုံတွေကြောင့်လို့ပဲ ပြောရမှာပဲ။ အသက်အရွယ်နဲ့မလိုက် ရင့်ကျက်ရရှာတာမို့လို့လေ။

ချင်ကျုံးယွဲ့ နောက်တစ်ခါပြန်လည်မွေးဖွားလာတာက ရှဲ့ကျုံရှင်းအပေါ် အထင်မှားနေခဲ့တာတွေ ပြန်နားလည်လာမဲ့ အခွင့်အရေးများလား။

ချင်ကျုံးယွဲ့ရဲ့ ကြောင်တောင်တောင် အတွေးလေးတွေကို ခွီရင်း သူ့လောင်ဖောကို ဘယ်လိုတွေ ဟီးရိုးလုပ်ပြီး ကာကွယ်ပေးမလဲဆိုတာ ဖတ်ကြည့်လိုက်တော့နော်။

School Life ပေါ့ပေါ့ပါးပါးလေးမို့ ရယ်ရယ်မောမော ချိုချိုမြိန်မြိန်လေး။

Free gp link - https://t.me/lgfreegp

စဆုံး တစ်ထိုင်တည်းဖတ်မဲ့လူတွေက ကိုလာခဲ့တော့။

မျက်နှာဖြတ်ရိုက်တာ၊ ပါးရိုက်တာတွေ ကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ နိုဗယ်လေးလာပြီ။မိုးကြိုးပစ်ခံရပြီး ထျန်းယွင်တိုက်ကြီ...
29/07/2026

မျက်နှာဖြတ်ရိုက်တာ၊ ပါးရိုက်တာတွေ ကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ နိုဗယ်လေးလာပြီ။

မိုးကြိုးပစ်ခံရပြီး ထျန်းယွင်တိုက်ကြီးကနေ ဟိန်ဝူတိုက်ကြီးဆီ ကူးပြောင်းလာခဲ့တဲ့ လီထျန်ယန်။ သူနဲ့ နာမည်တူသလို ရုပ်ရည်ချင်းလည်းအတော်လေးတူတဲ့ လီအိမ်တော်က တရားမဝင်သား တတိယသခင်လေးဆီ ရောက်လာခဲ့သတဲ့။

မူလကိုယ်ဟာ ဝိညာဉ်မြစ်ငါးပါးတောင် ရှိပြီး ထျန်ဖန်းဂိုဏ်းကြီးရဲ့ တပည့်အဖြစ်ခေါ်ယူမှုမှာ ကျရှုံးပြီး အသုံးမကျသူတစ်ယောက်ဖြစ်နေချိန် ရောက်လာတဲ့ လီထျန်ယန်။ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ မူလကိုယ်ဆိုတဲ့ သတင်းနောက်ကွယ်မှာ ဖုံးကွယ်နေတာတွေ ရှိနေသေးတဲ့အခါ...။

လီထျန်ယန်ဟာ အရင်ထျန်းယွင်တိုက်ကြီးမှာတော့ လူပျိုကြီးပေါ့ရယ်။ ဒီကိုလည်း ရောက်လာရော ကောအာဇနီးလေးတစ်ယောက်က သူနဲ့လက်ထပ်ပြီးသားဖြစ်နေပြီ။ သူ့ဇနီး ကောအာလေးက ချန်မိသားစုက စွန့်ပစ်နှိပ်စက်ထားတဲ့ ရုပ်ဆိုးတဲ့ကောအာလေးတဲ့။

မူလကိုယ်က သူ သဘောကျတဲ့ ချန်အိမ်တော်က သခင်မလေးအစား ဒီရုပ်ဆိုးဆိုးကောအာလေးတစ်ယောက်ကို လက်ထပ်လိုက်ရတဲ့အခါ ချန်ချီကို နှိပ်စက်တယ်။ ဒါကို လီထျန်ယန်သိတော့ သက်ပြင်းမချဘဲ မနေနိုင်ဘူး။

သူတို့နှစ်ယောက်လုံးကို နှိမ်ချနှိပ်စက်ပြီး ဖိနှိပ်ဖို့ ကြိုးစားကြတဲ့ တရားဝင်မိသားစုကို လီထျန်ယန် ဘယ်လို လက်တုံ့ပြန်မလဲ။

ချန်ချီကိုလည်း ဘယ်လိုဂရုစိုက်မလဲ။

မိဘအိမ်မှာကတည်းက နှိပ်စက်ခံခဲ့ရတဲ့ ချန်ချီဟာ မရိုးရှင်းဘဲ ယင်ယွမ်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်နေတာကို လီထျန်ယန် သိသွားတဲ့အခါ ဘာတွေသင်ပြပေးမလဲ။

သူတို့နှစ်ယောက် တဖြည်းဖြည်း ဘယ်လိုရင်းနှီးလာကြမလဲကိုကြည့်ရင်း သူတို့ကို အထင်သေးအမြင်သေး နှိမ်ချင်နေကြသူတွေကို ဘယ်လို မျက်နှာတွေဖြတ်ရိုက်ပစ်မလဲဆိုတာ ဖတ်လိုက်ကြတော့နော်။

အရင်ကလို အသုံးမကျတဲ့ သခင်လေးမဟုတ်ဘဲ အစွမ်းထက်တဲ့ လီထျန်ယန် ကူးပြောင်းလာပြီးတဲ့နောက် ကျားကုတ်ကျားခဲ ကြိုးစားကျင့်ကြံပြီးနောက် ဘယ်အဆင့်တွေထိ ရောက်ရှိမလဲ။

ချန်ချီက လီထျန်ယန်ကို အရမ်းကိုးစားယုံကြည်နော်။ ထိပ်ထားစံလေး။

အမှန်တော့ ချန်ချီက ရုပ်ဆိုးတာမဟုတ်ဘဲ သူ့ယင်ယွမ်ခန္ဓာကိုယ်နဲ့ သက်ဆိုင်တဲ့တစ်ခုခုကြောင့် ဒီလိုဖြစ်နေရတာတဲ့။ ဘာဖြစ်မလဲကတော့ ကိုယ့်ဘာသာဖတ်ကြတော့လေ။

Free gp link - https://t.me/lgfreegp

စဆုံးတစ်ထိုင်တည်းဖတ်တော့မယ်ဆိုရင် ကိုလာ... COMPLETED နေပြီ။

လုယွီဟာ တက္ကသိုလ်တက်ရင်း လိုင်းပေါ်မှာ စာရေးတဲ့ နာမည်ကြီး အွန်လိုင်းစာရေးသူတစ်ယောက်။ သူက အနုပညာမေဂျာက စီနီယာဖြစ်တဲ့ မင်ယ...
27/07/2026

လုယွီဟာ တက္ကသိုလ်တက်ရင်း လိုင်းပေါ်မှာ စာရေးတဲ့ နာမည်ကြီး အွန်လိုင်းစာရေးသူတစ်ယောက်။

သူက အနုပညာမေဂျာက စီနီယာဖြစ်တဲ့ မင်ယန်ကို ကြိတ် crush နေတဲ့ gay လေးလည်းဖြစ်တယ်တဲ့။

သူ ရေးထားတဲ့ ဝတ္ထုထဲက ဇာတ်ကောင် art လေးကို မင်ယန်ဆီ အပ်ထားခဲ့ရာကနေ ပုံလေးထွက်လာတဲ့ရက်မှာပဲ သူ အပျော်လွန်ခုန်ပေါက်ပြီး ခုတင်ပေါ်က ချော်ကျပြီး အနာဂတ် ၁၀ နှစ်ကို ရောက်ချသွားတော့တယ်။

အနာဂတ်မှာ သူက နည်းပညာကုမ္ပဏီထောင်ထားတယ်၊ မင်ယန်နဲ့လည်း လက်ထပ်ထားတယ်၊ သူ့ဝတ္ထုထဲက ဇာတ်ကောင်လေးတွေကိုလည်း AI နဲ့ အသက်သွင်းထားတယ်၊ ပိုက်ဆံရှိတယ်။ ဘဝရဲ့အထွတ်အထိပ်လို့ ထင်လိုက်ရင်တော့ မှားပြီ။

တကယ့်တကယ်မှာတော့ သူ့ကုမ္ပဏီဟာ အများပိုင်ကုမ္ပဏီအဖြစ် လျှောက်ရာမှာ မအောင်မြင်ဘူး၊ အကြွေးပတ်လည်ဝိုင်းပြီး အကျပ်အတည်းကာလနဲ့ ကြုံပြီး ၂၈ နှစ်အရွယ် လုယွီ က စိတ်ဓာတ်ကျဆင်းနေချိန်ဖြစ်နေတယ်။

တစ်ချိန်တည်းမှာပဲ မင်ယန်ကလည်း ကွာရှင်းကြရအောင် ဆိုပြီး ပြောလာသတဲ့။

ဒီလိုအခြေအနေတွေကြားမှာ ၁၈ နှစ် လုယွီက ဘယ်လိုရင်ဆိုင်ရမလဲ။

သူ့ရဲ့ခရက်ရှ် မင်ယန်ကို လက်ထပ်ထားတာဟာ စီးပွားရေးအရ စာချုပ်နဲ့လက်ထပ်ထားတာဖြစ်ပြီး နှစ်ယောက်လုံးက နေ့တိုင်းအခန်းခွဲအိပ်ကြတယ်ဆိုတော့ လုယွီတစ်ယောက် ၂၈ နှစ်အရွယ်လုယွီကို ကောင်းကောင်းကြီး မေတ္တာပို့တော့တာပေါ့။

စိတ်ဓာတ်ကျပြီး အကျပ်တည်းကြားရောက်နေတဲ့ ၂၈ နှစ်အရွယ် လုယွီနေရာမှာ လူငယ်ဆန်ပြီး တက်ကြွတောက်ပတဲ့ ၁၈ နှစ်အရွယ် လုယွီက အစားထိုးဝင်ရောက်လာခဲ့တယ်။

ပျက်စီးလုဖြစ်နေတဲ့ စီးပွားရေးအခြေအနေနဲ့ အိမ်ထောင်ရေးအခြေအနေကို ဘယ်လိုကယ်တင်ဖို့ နည်းလမ်းရှာမလဲ။

သူ ချစ်ရတဲ့ စီနီယာကို လက်ထဲရောက်ပြီးမှ လွတ်ကျသွားတာမျိုးတော့ သူ လက်မခံနိုင်ဘူးလေ။

ကဲ လုယွီရဲ့ ချွဲနည်းပေါင်းစုံနဲ့ မင်ယန်ကို ကပ်ချွဲပြီး အိမ်ထောင်ရေးကို စာချုပ်အဆင့်ကနေ အတည်တကျအဆင့်ကို ဘယ်လိုတက်ကြမလဲ။

ကုမ္ပဏီရဲ့အကျပ်အတည်းကိုရော အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်မလား

ဖတ်လိုက်ကြရအောင်

Free gp link - https://t.me/lgfreegp

စဆုံး တစ်ထိုင်တည်းဖတ်မယ်ဆိုရင်တော့ ကိုသာ တန်းလာခဲ့လိုက်။

ကောအာ ဖူးလန်လေးတွေမှ ဖတ်ချင်တာ ဆိုတဲ့လူတွေ လာလိုက်တော့။ ဒီကိုလာ ရီဗျူးပြောပြမယ်။ အန်းယွင်က တက္ကသိုလ်တက်ရတော့မဲ့ ကျောင်းသ...
25/07/2026

ကောအာ ဖူးလန်လေးတွေမှ ဖတ်ချင်တာ ဆိုတဲ့လူတွေ လာလိုက်တော့။ ဒီကိုလာ ရီဗျူးပြောပြမယ်။

အန်းယွင်က တက္ကသိုလ်တက်ရတော့မဲ့ ကျောင်းသားလေးပေမဲ့ ကျောင်းစတက်ရမဲ့နေ့မှာ ကလေးတစ်ယောက်ကို ကယ်ရင်း အက်ဆီးဒန့်ဖြစ်ပြီး ရှေးခေတ်ကို ကူးပြောင်းသွားခဲ့တယ်။

အဲဒီမှာ ကောအာဆိုတဲ့ တတိယလိင်အမျိုးအစားရှိပြီး အန်းယွင်က ကောအာလေးဖြစ်သွားတာ။ ပြီးကျ သူရောက်သွားချိန်မှာ သူက လူကုန်ကူးခံရပြီး ဆောင်ကြာမြိုင်မှာ ရောင်းစားခံလိုက်ရရော။

အန်းယွင်က ထွက်ပြေးရတော့တာပေါ့။ ဒါပေမဲ့ အန်းယွင် ဆေးမိထားတာကြောင့်ရော အားနည်းနေတာရောမို့ ဝေးဝေးမပြေးနိုင်ဘဲ မိခါနီးမှာ လူကြီးတစ်ယောက်က ကယ်သွားတယ်။ အဲမှာ အန်းယွင်က ခရိုင်စား ကျန့်အိမ်တော်ကိုပါသွားပြီး ကျန့်လူကြီးမင်းက အန်းယွင်ကို သူ့သားအတွက်ဆိုပြီး လက်ဆောင်ပေးလိုက်တော့တယ်။

ကျန့်ယာက အစကသဘောအတွေ့ပေမဲ့လည်း အန်းယွင်ရဲ့ ချောမောတဲ့ ရုပ်ရည်နဲ့ သိမ်မွေ့တဲ့အသွင်လေးကြောင့် နည်းနည်းစိတ်ပါသွားတယ်ပေါ့။ အဲလိုနဲ့ သူ ကျွေးမွေးစောင့်ရှောက်ထားမယ်။ အိမ်မွေးတိရစ္ဆာန်လေးလိုတဲ့။ ကျန့်ယာက တိချစ်သူဆိုတော့ အန်းယွင်ကိုလည်း အဲလိုလေး စောင့်ရှောက်ထားတယ်ပေါ့နော်။

အန်းယွင်က ခေတ်သစ်က လူလည်းဖြစ်သလို သေဖူးခဲ့ပြီမို့ အသက်ရှင်ရဖို့ကို မက်မောတယ်။ ဒါနဲ့ အန်းယွင်က ကျန့်သခင်လေး ကျန့်ယာကို ကပ်ဖို့၊ ကျန့်ယာ သဘောကျဖို့ မျက်နှာချိုသွေး၊ ပြုစုတာပေါ့။

အန်းယွင်တစ်ယောက် ဒါပဲစီစဉ်ထားတာမဟုတ်ပါဘူး။ သူ့ရဲ့ရှင်သန်ရေးအစီအစဉ်မှာ အသက်ရှင်ပြီး ငွေစု စီးပွားရေးလုပ်ပြီး လွတ်လွတ်လပ်လပ် ထွက်သွားချင်တာပါတဲ့။

ဒီတော့ အန်းယွင်တစ်ယောက် ကျန့်အိမ်တော်မှာ ဘယ်လိုဖြတ်သန်းရမလဲ။ ကံကောင်းတာလား၊ ကံဆိုးတာလား။

ကူးပြောင်းလာခဲ့ပေမဲ့ အန်းယွင် စကတည်းက လူကုန်ကူးခံရ၊ အိမ်မွေးတိလေးဖြစ်ရ၊ အသက်ရှင်ဖို့ အခြားလူတစ်ယောက်အပေါ် မှီခိုနေရနဲ့ပေါ့။

လောလောဆယ် အန်းယွင်အသက်ရှင်ရဖို့ကတော့ ကျန့်ယာအပေါ်မူတည်တာမို့ ကျန့်ယာအကြိုက်လိုက်ဖို့ ဆုံးဖြတ်ထားတယ်တဲ့။

ကျန့်ယာကရော အန်းယွင်အပေါ် ဘယ်လိုချစ်လာမလဲ။

အန်းယွင်က စီးပွားရေးလုပ်ဖို့ အလှကုန်တွေ လုပ်တယ်။ ရောင်းဖို့ကိုတော့ ကျန့်ယာက ခွင့်ပြုမှရမို့ ကျန့်ယာရဲ့ ခွင့်ပြုချက်ကို ရအောင် ဘယ်လိုယူမလဲ။

အဲနောက်မှာ သူတို့နှစ်ယောက် ဘယ်လိုခရီးဆက်မလဲ၊ ချစ်သွားကြမလဲဆိုတာကို ကိုယ့်ဘာသာပဲ ဖတ်ကြတော့။

ဒါတွေကို အသေးစိတ်ဖတ်ဖို့ဆို အစအဆုံး ရနေပြီ။ ကိုလာ။

Free gp link - https://t.me/lgfreegp

နာမည်တောင်မပေးရသေးတဲ့ မင်းသမီးလေးဆီ ကူးပြောင်းသွားခဲ့ရတဲ့ သူ(မ)။သူ(မ)ဟာ ဒီဝတ္ထုထဲက မွေးစကလေးအရွယ် မင်းသမီးလေးဆီ ရောက်လာပ...
23/07/2026

နာမည်တောင်မပေးရသေးတဲ့ မင်းသမီးလေးဆီ ကူးပြောင်းသွားခဲ့ရတဲ့ သူ(မ)။

သူ(မ)ဟာ ဒီဝတ္ထုထဲက မွေးစကလေးအရွယ် မင်းသမီးလေးဆီ ရောက်လာပြီး နာမည်က လီယောင့်ယင်တဲ့။ သူ ကြီးလာတော့ အလှသွေးကြွယ်တဲ့ မင်းသမီးလေးမို့ အမျိုးသားထုကြီးရဲ့ ချစ်ခင်မှုကို ရရှိသတဲ့လေ။

လီယောင့်ယင်က ဒီဝတ္ထုထဲ ကူးပြောင်းလာသူဖြစ်တော့ ဝတ္ထုဇာတ်ကြောင်းကို သိတယ်။ သူ့ကို အရမ်းချစ်တဲ့ အမေနဲ့အစ်ကိုနဲ့ကို ဇာတ်လိုက်ဆီက အသတ်မခံရအောင် တစ်ရက်ပဲဖြစ်ဖြစ် အသက်ကို ဆွဲဆန့်ပေးထားချင်တယ်။

လီယောင့်ယင်က မင်းကြီး လီတဲ့ရဲ့ သမီးတော်ဖြစ်ပြီး သူ့အမေကတော့ လီတဲ့ရဲ့ နောက်ခံအင်အားရဖို့ ယူခဲ့တဲ့ ရှဲ့သခင်မ။

လီတဲ့က ရှေ့မှာစစ်တိုက်ထွက်နေတုန်း သူ့ချစ်ဇနီး မယားကြီးနဲ့သားကြီးတို့ သေသွားပြီဆိုတဲ့ သတင်းကြောင့် စိတ်ထိခိုက်ရတယ်။ ဒါပေမဲ့ သူဟာ မင်းအဖြစ်မြှောက်စားခံရဖို့ နောက်ခံအင်အားလိုတာကြောင့် ရှဲ့အိမ်က သခင်မကို လက်ထပ်လိုက်တယ်။

အဲနောက်မှာ သူ့မယားကြီးနဲ့သားကြီးကလည်း မသေဘဲ သူ့ဆီရောက်လာကြတော့ မယားနှစ်ယောက် ပေါင်းရတာပေါ့။ ဒါပေမဲ့လည်း မယားကြီးက အင်အားရှိတဲ့ ရှဲ့သခင်မကို အနိုင်မရဘဲ နောက်ဆုံး စိတ်ထိခိုက်လို့ သေရရှာတယ်။ အဲမှာ သားကြီးဖြစ်တဲ့ လီရွှမ်းကျန့်က ယောင့်ယင်တို့ သားအမိသုံးယောက်ကို အငြိုးဖွဲ့ပါတော့တယ်။

ပြီးတော့ ယောင့်ယင်ရဲ့ အစ်ကို လီကျုံးချင်နဲ့ကလည်း ထီးပြိုင်နန်းလျာဖြစ်နေတော့ လီရွှမ်းကျန့်က သူရသင့်တဲ့နေရာကိုလည်း ပြန်ယူတယ်တဲ့။ သူက ဇာတ်လိုက်ပဲကို။

ယောင့်ယင်က ဒီကာလတစ်လျှောက်မှာ လီရွှမ်းကျန့်က သူ့အစ်ကိုကို အကွက်မချနိုင်အောင် သူသိထားတဲ့ ဇာတ်ကွက်တွေကို အမီပြုပြီး ကြားကနေ မသိမသာ ပြောင်းလဲပစ်နေခဲ့တယ်။

တစ်နေ့မှာတော့ အစ်ကိုဖြစ်သူ လီကျုံးချင် အသက်အန္တရာယ်နဲ့ကြုံလာရတဲ့အခါမှာ ယောင့်ယင် လီရွှမ်းကျန့်ကို ကယ်ပေးဖို့ တောင်းဆိုပါသတဲ့။ ဒါပေမဲ့ လီရွှမ်းကျန့်က လွယ်လင့်တကူလက်မခံဘူး။

ဒါနဲ့ပဲ ယောင့်ယင်က လီရွှမ်းကျန့်ရဲ့ချစ်ရသူက တိုင်းတစ်ပါးကို လက်ထပ်ဖို့သွားရမဲ့နေရာမှ သူ အစားထိုးမယ်လို့ပြောလိုက်ပြီး သူ့အစ်ကိုအသက်ကို လဲလှယ်လိုက်တယ်။

ယောင့်ယင်က တကယ်တော့ အိမ်ထောင်ပြုချင်သူမဟုတ်ပေမဲ့ အစ်ကိုဖြစ်သူကိုကယ်ဖို့ ဒီအလဲအလှယ်ကိုလုပ်ခဲ့တယ်။ သူ မျိုးနွယ်စုဆီ လက်ထပ်ဖို့သွားတော့လည်း မျိုးနွယ်စုမှာ အာဏာလုမှုဖြစ်ပြီး သူလည်း အလုခံရပြန်ရော။ အသေးစိတ်ကတော့ ကိုယ့်ဘာသာဖတ်လေနော်။

အဲဒီလူကို ယောင့်ယင်က လက်မထပ်ချင်တာကြောင့် ထွက်ပြေးတယ်။ သူပြေးရင်နဲ့ အဲဒီလူကြောက်ရတဲ့ တုမိုရိုဂါဆိုတဲ့ ဘုရင်ရှိကြောင်း သိလိုက်ရတော့ တုမိုရိုဂါဆီ သွားခိုတာ သူ့အတွက် အလုံခြုံဆုံးဆိုပြီး သွားတယ်။

တုမိုရိုဂါဟာ ဘာသာတရားလိုက်စားပြီး ရဟန်းတစ်ပါးနီးနီးရှိတဲ့ ဘုရင်တစ်ပါး။ သူက ပြောရရင် တရားတော်မှာပျော်မွေ့‌နေသူပေါ့။

ဒီလိုလူမျိုးရဲ့ အသည်းနှလုံးကို ယောင့်ယင်က ဘယ်လိုကိုင်လှုပ်မိမလဲ။

တုမိုရိုဂါကရော ယောင့်ယင်အပေါ် ဘယ်လိုခံစားချက်တွေဖြစ်တည်လာမလဲ။

နန်းတွင်းနိုဗယ်မို့ ပြည်ထောင်အချင်းချင်းရဲ့ ပဋိပက္ခတွေကြားက သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဘယ်ပုံဖြစ်မလဲဆိုတာ ဖတ်ကြည့်လိုက်ကြတော့နော်။

မောင်နှမသံယောဇဉ်ကို ထိတွေ့ခံစားမိရမဲ့ နိုဗယ်လေးဆိုလည်း မမှားဘူး။

ယောင့်ယင်က အစ်ကိုတွေရဲ့ အချစ်ခံလေး။ လီရွှမ်းကျန့်ကလည်း ယောင့်ယင်ကို ချစ်ရှာတယ်။ လီကျုံးချင်ကတော့ ပြောမနေနဲ့တော့။ သူ့ညီမလေးကို အရမ်းချစ်တာ။

အစ်ကိုနှစ်ယောက်ရဲ့ အချစ်နဲ့ တုမိုရိုဂါရဲ့ အချစ် အားပြိုင်ကြတာမျိုးလေးပေါ့။

Free မှာလည်း တစ်ပတ်နှစ်ပိုင်း တင်ပေးနေတာမို့ ‌စောင့်ဖတ်နိုင်ပါတယ်။ မစောင့်နိုင်တော့ဘူး၊ စဆုံးဖတ်မယ်ဆိုလည်း တစ်ထိုင်တည်း ဖတ်လို့ရပြီမို့ ဘာမှရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့။ ကိုသာ လာလိုက်တော့။

Free gp link - https://t.me/lgfreegp

Hello, Jie Fen လာပါပြီ Mpreg ဖြစ်ပါတယ်ချီဝမ်က အခြေခံလူတန်းစားဖြစ်တာမို့ ကျောင်းတက်ချိန်မှာ ခြိုးခြံချွေတာပြီး အလုပ်ကြိုး...
21/07/2026

Hello, Jie Fen လာပါပြီ Mpreg ဖြစ်ပါတယ်

ချီဝမ်က အခြေခံလူတန်းစားဖြစ်တာမို့ ကျောင်းတက်ချိန်မှာ ခြိုးခြံချွေတာပြီး အလုပ်ကြိုးစားသူ။ သူက အလုပ်သုံးခုကို တစ်ယောက်တည်းလုပ်တဲ့အပြင် ကျောင်းမှာလည် ထိပ်တန်းကျောင်းသားတစ်ယောက်ပဲ။

ရုပ်ချောတယ်၊ ကြိုးစားတယ်၊ စိတ်ထားကောင်းတယ်၊ တစ်ခုပဲ သူက ဆင်းရဲတယ်ပေါ့။ ဒါပေမဲ့ သူအလုပ်လုပ်တာကြောင့် အရမ်းချို့တဲ့တာမဟုတ်ဘူး။ ခြိုးခြံချွေတာပြီးသုံးစွဲတတ်ပြီး သန့်သန့်ရှင်းရှင်းလည်းနေတယ်။

ရှဲ့စစ်ဟန်ကတော့ လူချမ်းသာမိသားစုက ဆင်းသက်လာသူ။ ကျောင်းမှာလည်း ရုပ်ရည်ရော၊ ပညာရေးပါ ထိပ်တန်း။ ကျောင်းမြက်တစ်ယောက်အဖြစ် အားလုံးလက်ခံကြသူပေါ့။

အခြေအနေအရမ်းကွာခြားတဲ့သူတို့နှစ်ယောက်က တစ်ရက်မှာတော့...။

ချီဝမ်က ဂီတာသမားအဖြစ် ဘားတစ်ခုမှ အလုပ်လုပ်တယ်။ အဲမှာ ရှဲ့စစ်ဟန်နဲ့ တွေ့ပြီး မူးနေတဲ့ရှဲ့စစ်ဟန်ကို ချီဝမ်က ဟိုတယ်တစ်ခုကို လိုက်ပြန်ပို့ပေးရတယ်။ ဒီလိုနဲ့ နောက်ကို ဖြည့်တွေးတော့။

ချီဝမ် ကိုယ်ဝန်ရသွားတယ်ကွာ...။

ကလေးအဖေက ရှဲ့စစ်ဟန်။

ချီဝမ်က ကိုယ်ဝန်ရတော့ ဖျက်ချဖို့ ပိုက်ဆံကို ရှဲ့စစ်ဟန်ဆီ သွားတောင်းတော့ ရှဲ့စစ်ဟန် ဘာလုပ်မလဲ။

သူက တာဝန်ယူဖို့ပဲ တွေးတာနော် ခိခိ

ဆိုတော့ Paid မှာ ဒီနေ့ အပိုင်း ၃၀ ထိတင်ပြီး တစ်ရက်ကို ၅ ပိုင်း Up ပေးသွားမှာပါ။

Price ကတော့ ငွေလွှဲ ၃၀၀၀၊ bill ၄၀၀၀ ဖြစ်သွားပါပြီ။

ဝင်မယ်ဆို Come to

Free စောင့်ဖတ်ချင်သူတွေကတော့ free gp မှာ တစ်ပတ် နှစ်ပိုင်း တင်ပေးမှာဖြစ်ပါတယ်။

Free gp link - https://t.me/lgfreegp

ချန်ဟွဆယ့်လေးနှစ်မြောက်ကို အလည်သွားကြမယ်။ ယုံလဲ့မင်းဆက်ရဲ့အရှုပ်တော်ပုံတွေကြားက အချစ်ဇာတ်လမ်းလေးပေါ့ကွယ်။ မင်မင်းဆက်ကာလက...
21/07/2026

ချန်ဟွဆယ့်လေးနှစ်မြောက်ကို အလည်သွားကြမယ်။ ယုံလဲ့မင်းဆက်ရဲ့အရှုပ်တော်ပုံတွေကြားက အချစ်ဇာတ်လမ်းလေးပေါ့ကွယ်။ မင်မင်းဆက်ကာလကို အခြေခံထားတာ။

ထန်ဖန်းရန့်ချင်းဆိုတဲ့ အဆင့် ၆ ရှိတဲ့အမတ်တစ်ယောက်က အမှုစစ်ရာမှာ အလွန်တော်သတဲ့။ သူက အမှုကို သူမတူတဲ့ရှုထောင့်မျိုးတွေနဲ့ကြည့်နိုင်ပြီး သေးငယ်တဲ့ အရေးကြီးအချက်တွေကို ထိုးထွင်းမြင်နိုင်တဲ့ ဉာဏ်ထက်မြက်သူပေါ့။

နန်းတွင်းကအမှုတော်ထမ်းရတဲ့နေရာမှာ တိုင်းပြည်ထဲက အမှုတွေကို ခရိုင်ရုံးတွေက အဆင့်ဆင့်ကိုင်ကြရတဲ့အထဲ အမှုကြီးတွေကို တာဝန်ယူဖြေရှင်းရတဲ့ ရုံးတော်တွေရှိတယ်။ အရှေ့ပိုင်းတပ်၊ အနောက်ပိုင်းတပ်နဲ့ ပိုးသားဝတ်ရုံအစောင့်တပ်တို့က အင်အားပြိုင်နေကြတယ်။

ဒီတော့ ဖြစ်လာတဲ့အမှုတွေကို ဖြေရှင်းနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားရင်းက အမတ်တွေရဲ့ အပေါ်မခံနိုင်တဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖုံးရင်း အမှုလိုက်ပြီး တစ်ဖက်နဲ့တစ်ဖက် ယှဉ်ပြိုင်ပုတ်ချကြတာမျိုးလေး။

ထန်ဖန်းကတော့ အမှုလိုက်ရာမှာ အရမ်းတော်လို့ ကျော်ကြားတော့ အမှုတွေလိုက်ရင်းနဲ့ ဒီရုံးတော်တွေကြား ပါဝင်ပတ်သတ်မိတော့တာပဲ။

ဖုံးသူကဖုံး ဖော်သူကဖော်နဲ့ နောက်ဆုံးမှာ ဘယ်ဘက်က အားသာမလဲ။

ပိုးသားဝတ်ရုံအစောင့်တပ်ရဲ့ ခေါင်းဆောင် ဆွေ့ကွမ်ချွမ်း ခေါ် ဆွေ့ကျိုးကလည်း အမှုတစ်ခုကိုလိုက်ရင်း ထန်ဖန်းနဲ့ဆုံပြီး နှစ်ယောက်သား ပူးပေါင်းမိသွားကြတယ်။ ထို့နည်းတူပဲ ဝမ်ကျီဆိုတဲ့ မိန်းမစိုးတစ်ယောက်ကလည်း တစ်ဖက်ရုံးတော်ကို စုံစမ်းရင်းနဲ့ ထန်ဖန်းရဲ့အစွမ်းအစကို မြင်သွားတော့တယ်။

သုံးယောက်သားက မတူညီတဲ့စရိုက်တွေရှိပြီး ဖြေရှင်းပုံတွေလည်း မတူကြဘူး။

ဒီလို အမှုတွေဖြေရှင်းရင်း တိုင်းတစ်ပါးသားတွေနဲ့ ပူးပေါင်းနေသူတွေ၊ ငွေတုထုတ်နေတာတွေကိုပါ ဖော်ထုတ်မိကုန်ပြီး နောက်ကွယ်က လူတွေကို ဖော်ထုတ်နိုင်မလား။ ဒါမှမဟုတ် အပိတ်ခံလိုက်ရမလား။

ထန်ဖန်းရဲ့အရည်အချင်းဟာ ဧကရာဇ် မျက်စိကျရတဲ့အထိဖြစ်ပြီး အိမ်ရှေ့စံမင်းသားရဲ့ ဆရာအဖြစ်ခန့်အပ်ခြင်း ခံခဲ့ရသလို နန်းတွင်းက ရှုပ်ထွေးလှတဲ့ ဆက်ဆံရေးတွေနဲ့ မိဖုရားတွေရဲ့ ဇာတ်ရှုပ်တွေကိုပါ အရသာရှိရှိ ဖတ်ရဲ့မဲ့ ဝတ္ထုမျိုးပါပဲ။

Slow burn ဖြစ်ပြီး ဆွေ့ကျိုးက ထန်ဖန်းကို အရမ်းဂရုစိုက်တာမို့ တငြိမ့်ငြိမ့်နဲ့ ကလိတာလေးတွေလည်း ပါတယ်။

အမှုလိုက်နေချိန် သည်းထိတ်ရင်ဖိုစရာလည်းပါတယ်။

အန္တရာယ်တွေလည်း ကြုံတယ်။

နန်းတွင်းက မင်းမျိုးမင်းနွယ်တွေ၊ မှူးကြီးမတ်ရာတွေရဲ့ လှည့်ကွက်တွေ၊ အာဏာတွေနဲ့ အပြိုင်အဆိုင်တွေ အများကြီးအများကြီးပါတယ်။

အမှုလိုက်ဆိုတော့ ပျင်းစရာကြီးလို့ ထင်ပြီး မဖတ်ဘဲနေလို့ကတော့ အရသာရှိတဲ့ကြက်သားတုံးကြီး ပြုတ်ကျသွားတာမျိုး ဖြစ်မှာနော်။

Mystery, အမှုလိုက်၊ နန်းတွင်း။

ဆွေ့ကျိုးရဲ့ တည်ကြည်ပြီး ဂရုစိုက်တတ်တဲ့ပုံစံနဲ့ ထန်ဖန်းကို ဘယ်လိုတွေ အရိပ်တကြည့်ကြည့် နေမလဲဆိုတာ ကလိကလိဖြစ်ချင်သူတွေ။

Slow burn အရသာကိုမှ ရင်တထိတ်ထိတ်ခံစားချင်သူတွေ။

Strong Couple ကြိုက်သူတွေ။

စာတွေတစ်ဝကြီးဖတ်ချင်သူတွေ။

ရွေးကိုရွေးသင့်တဲ့နိုဗယ်။

ဆွေ့ကျိုးက ထန်ဖန်းကို အိမ်ငှားတယ်ဆိုပြီး အိမ်ပေါ်ခေါ်တင်၊ စားချင်တာတွေ ချက်ကျွေး။ အလိုမလိုက်ဘူးလိုလိုနဲ့ အလိုလိုက်သေးတာ။

ပြောလိုက်ဦးမယ် ထမင်းဟင်း ကောင်းကောင်းချက်တတ်တဲ့ ယောက်ျားတွေ အရမ်းချစ်တတ်တာနော်။

ကဲ စဆုံးဖတ်မယ်ဆိုရင် ကို လာ။

Free gp link - https://t.me/lgfreegp

မဖတ်ရသေးရင် ဖတ်လိုက်တော့။ သူတို့ထဲက အမှုတွေကို သိချင်စိတ်နဲ့တင် ဆွဲခေါ်သွားမဲ့ဇာတ်လမ်းမို့ ပျင်းဖို့တောင်မေ့သွားဦးမယ်။

နန်းတွင်းထဲက အရှုပ်တော်ပုံတွေဖတ်ပြီး သံဝေဂတွေဘာတွေ ရသွားရင် အမြတ်ပေါ့ 😁

Address

Yangon

Telephone

+959695746715

Website

Alerts

Be the first to know and let us send you an email when Legacy Novel Translation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share