20/05/2026
အိမ်ဧည့်ခန်းထဲမှာပဲ ထားထား၊ ကိုယ်ပိုင် Showroom တွေမှာပဲ ပြသထားထား မြင်ရသူတိုင်း ငေးလောက်မယ့် အနုပညာလက်ရာ ပုဂံသူ ကျွန်းပန်းပုရုပ်လေးပါ။
ကျွန်းသားရဲ့ သဘာဝသစ်သားအကြောအမျှင်တွေပေါ်မှာ ပုဂံသူရဲ့ ကနုတ်အလှ၊ ခါးဆစ်အချိုးအစားတွေကို လက်ရာမြောက်လှပစွာ အသေးစိတ် ထုလုပ်ထားတာ ဖြစ်ပါတယ်။
သစ်သားပန်းပုဆိုတာ အချိန်ကြာလေလေ၊ သက်တမ်းရင့်လေလေ ပိုပြီးတန်ဖိုးတက်လာတတ်တဲ့ အနုပညာစုဆောင်းမှုတစ်ခုပါ။
မိမိတို့အိမ်ဂေဟာမှာ ကျက်သရေရှိရှိ အလှပြထားဖို့ဖြစ်ဖြစ်၊ တန်ဖိုးထားရတဲ့သူတွေကို အမှတ်တရလက်ဆောင်ပေးဖို့ဖြစ်ဖြစ် အလွန်တင့်တယ်ပါတယ်။
အမြင့် : ၂၄ လက်မ
အမျိုးအစား: ကျွန်းသားစစ်စစ်
ဈေးနှုန်း : ၁,၅၀၀,၀၀၀ ကျပ်
ရန်ကုန်မြို့တွင်းဆိုရင် အိမ်အရောက် Delivery စီစဉ်ပေးသလို၊ နယ်ကဆိုရင်လည်း စိတ်ချရတဲ့ ကားဂိတ်ကနေ သေချာထုပ်ပိုးပြီး ပို့ဆောင်ပေးပါတယ်ရှင်။