Terra Lab - Nature Decoration

Terra Lab - Nature Decoration We bring the Nature beside you, creating stunning, self-sustaining ecosystems."

"Elevate your space with the timeless beauty of nature! 🌿💚 At Terra Lab, we specialize in Big Vivarium Decoration, Plant Wall, Indoor/ Outdoor Nature Waterfall Decoration.

24/03/2026

🍃 သဘာဝတရားချစ်သူတိုင်းစိတ်အပန်းဖြေရာ 🌊🐠
📍ထိုင်းနိုင်ငံ၊က Sea Life Ocean World ရဲ့ Video အဟောင်းလေးတွေ့လို့ ပြန်တင်လိုက်ပါတယ်နော် 😍🍃

============
🍃 သဘာဝနဲ့ ချိတ်ဆက်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။🍃

ချစ်ရပါသော
Terra-Lab Team

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

☎️ 09767083393 ☎️
☎️ 09774774252 ☎️
အမှတ် ၂၅၇၊ ရေကူးလမ်း၊ ၂၀ ရပ်ကွက်၊ တောင်ဒဂုံ

#ငါးကန်

✨မြင်လိုက်တာနဲ့ ရင်ကိုအေးစေမယ့် Nature Waterfall ( #သဘာဝရေတံခွန်တစ်ခု) ပြီးစီခဲ့ပြန်ပါပြီခင်ဗျာ။🏞️🍃ကျောက်တုံးတွေနဲ့ပဲ တည...
23/10/2025

✨မြင်လိုက်တာနဲ့ ရင်ကိုအေးစေမယ့် Nature Waterfall ( #သဘာဝရေတံခွန်တစ်ခု) ပြီးစီခဲ့ပြန်ပါပြီခင်ဗျာ။🏞️

🍃ကျောက်တုံးတွေနဲ့ပဲ တည်ဆောက်ထားတဲ့ ရေတံခွန်အစား ရှင်သန်နေတဲ့ အပင်လေးတွေနဲ့ပါ အလှဆင်ထားတဲ့အတွက် ရေတံခွန်အနားကနေ ပြန်မခွါနိုင်အောင် ဖြစ်ခဲ့ရတယ်။ 🍃

တောအုပ်တစ်ခုထဲက တကယ့် ရေတံခွန်ကို ရောက်သွားသလို ရေကျသံလေးကအစ အမြင်အာရုံရော အကြားအာရုံရောကိုပါ ဖမ်းစားနိုင်တဲ့ ရေတံခွန်ပါပဲခင်ဗျာ။💦

အတိုင်းအတာလေးကတော့ အလျား ၁၉ပေ အနံ ၉ပေ အမြင့် ၆ ပေပါခင်ဗျာ။ ✨

👉🏻လူကြီးမင်းတို့ရဲ့ အိမ်ခြံဝန်းထဲမှာ နေရာလွတ်ရှိနေပြီး အလှဆင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ အခုလို သဘာဝနဲ့ ချိတ်ဆက်ထားတဲ့ Nature Waterfall လေးတွေကို သတိရလိုက်ပါခင်ဗျ။

အခုလို သဘာဝနဲ့ ထပ်တူကျပြီး လှပတဲ့ရေတံခွန်လေးတွေကို တည်ဆောက်ချင်တယ်ဆိုရင်တော့ Terra Lab Team ကို အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ📲

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

🌱သဘာဝနဲ့ ချိတ်ဆက်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။🍃

ချစ်ရပါသော
Terra-Lab Team

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

☎️ 09767083393 ☎️
☎️ 09774774252 ☎️

အမှတ် ၂၅၇၊ ရေကူးလမ်း၊ ၂၀ ရပ်ကွက်၊ တောင်ဒဂုံ

🧐 မြန်မာပြည်မှာ လူသိပ်မသိသေးတဲ့ Biophilic Architecture ✨လူကြီးမင်းရော... သဘာဝကို တမ်းတနေမိပြီလား?🏞️😥မြို့ပြဘဝရဲ့ ဖိအားတွ...
28/09/2025

🧐 မြန်မာပြည်မှာ လူသိပ်မသိသေးတဲ့ Biophilic Architecture ✨

လူကြီးမင်းရော... သဘာဝကို တမ်းတနေမိပြီလား?🏞️

😥မြို့ပြဘဝရဲ့ ဖိအားတွေကြားထဲမှာ တစ်ခါတလေ စိတ်ဖိစီးမှုတွေ ခံစားရပြီး သစ်ပင်၊ ရေတံခွန်တွေနဲ့ ဝေးကွာနေရလို့ အားမရှိသလို ဖြစ်နေဖူးလားရှင်? ဒါဆိုရင် လူကြီးမင်းစိတ်ဝိဉာဉ်က သဘာဝကို တောင့်တနေပြီ ဆိုတာ ပြောပြနေတာပါ။

🍃ဒီလို သဘာဝကို တောင့်တတဲ့ လူသားတွေရဲ့ မူလဗီဇ ကို သိပ္ပံနည်းကျ အခြေခံပြီး တည်ဆောက်ထားတဲ့ ဗိသုကာပညာရပ်တစ်ခု ရှိနေတယ်ဆိုတာ လူကြီးမင်းသိပါသလား? ဒါဟာ မြန်မာနိုင်ငံမှာ လူသိနည်းနေသေးပေမယ့် လူကြီးမင်းဘဝကို အကြီးအကျယ် ပြောင်းလဲပေးနိုင်တဲ့ "Biophilic Architecture" လို့ ခေါ်တဲ့ အယူအဆပဲ ဖြစ်ပါတယ်ရှင်။✨

🌱Biophilia ဆိုတာ "သဘာဝအပေါ် ချစ်ခင်စွဲလမ်းမှု" လို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်မတို့ လူသားတွေဟာ သန်းနဲ့ချီတဲ့ နှစ်ပေါင်းများစွာ သဘာဝပတ်ဝန်းကျင်နဲ့ ရင်းနှီးစွာ နေထိုင်လာကြတဲ့အတွက်၊ အခုလို ခေတ်မီတဲ့ အဆောက်အအုံတွေထဲ ရောက်နေရင်တောင်မှ သဘာဝရဲ့ အလှတရားနဲ့ အငွေ့အသက် ကို လိုလားနေတတ်ကြပါတယ်တဲ့။

🪴ဒီလို လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးဖို့ ပေါ်ပေါက်လာတာကတော့ Biophilic Architecture ပါပဲ။ အလွယ်ဆုံး ပြောရရင်၊ အဆောက်အအုံတွေရဲ့ အတွင်းပိုင်းကို သဘာဝအတိုင်း အသက်ဝင်နေသလို ဖန်တီးပေးတာမျိုးပါ။

👉🏻ဘာတွေများ ထူးခြားသွားမှာလဲ?
ရိုးရိုး အလှဆင်တာနဲ့ မတူပါဘူးနော်။ Biophilic Design ရဲ့ ရည်ရွယ်ချက်က လူကြီးမင်းရဲ့ နေထိုင်မှု၊ အလုပ်လုပ်ကိုင်မှုကို တိုက်ရိုက် အကျိုးသက်ရောက်စေဖို့ပါ။

✨ စိတ်ဖိစီးမှုတွေ ၄၀% လောက်အထိ လျော့ကျသွားပြီး စိတ်ကြည်လင် လန်းဆန်း လာမယ်။
🌱 အလုပ်လုပ်တဲ့ နေရာဆိုရင် အာရုံစူးစိုက်မှု နဲ့ ဖန်တီးနိုင်စွမ်း ပိုကောင်းလာမယ်။
✨ လူနာတွေဆိုရင်တောင် ပိုမြန်မြန် သက်သာ လာနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

ဒီလို စိတ်ဖိစီးမှုကင်းတဲ့ Biophilic architecture နဲ့ အိမ် မျိုးကို လူကြီးမင်းရော ပိုင်ဆိုင်ချင်ပြီလားရှင်? Biophilic Design နဲ့ ပတ်သက်ပြီး ဘာသိချင်လဲ comment မှာ မေးသွားပါဦးနော်။ ✨

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

🌱သဘာဝနဲ့ ချိတ်ဆက်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။🍃

ချစ်ရပါသော
Terra-Lab Team

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

☎️ 09767083393 ☎️
☎️ 09774774252 ☎️

အမှတ် ၂၅၇၊ ရေကူးလမ်း၊ ၂၀ ရပ်ကွက်၊ တောင်ဒဂုံ

ကိုယ့်ရဲ့ ရုံးခန်း (ဒါမှမဟုတ်) အိမ်က တကယ်ပဲ အနားယူရာ နေရာတစ်ခု ဖြစ်ရဲ့လား? 🤔😥တစ်နေကုန် စီးပွားရေးပွဲတွေ၊ အစည်းအဝေးတွေ၊ စ...
18/09/2025

ကိုယ့်ရဲ့ ရုံးခန်း (ဒါမှမဟုတ်) အိမ်က တကယ်ပဲ အနားယူရာ နေရာတစ်ခု ဖြစ်ရဲ့လား? 🤔

😥တစ်နေကုန် စီးပွားရေးပွဲတွေ၊ အစည်းအဝေးတွေ၊ စာရင်းဇယားတွေနဲ့ ခေါင်းမဖော်နိုင်အောင် ရှုပ်ထွေးနေတဲ့ သင့်ရဲ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လှန်မေးကြည့်ဖူးလား?

👉🏻"ငါ ဒီလောက် ပင်ပန်းနေတာ... တကယ်ကို အနားယူဖို့ နေရာတစ်ခု ပိုင်ဆိုင်ရဲ့လား?" ဆိုတာပါပဲ။

🏡အလုပ်တွေပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ အေးစက်နေတဲ့ အခန်းကျယ်ကြီးက သင့်ရဲ့ပင်ပန်းမှုတွေကို ဖြေရှင်းပေးနိုင်လား? ဒါမှမဟုတ် အပန်းဖြေဖို့အတွက် အပြင်ကို ထွက်ရတာက ပိုပြီး စိတ်ဖိစီးမှုတွေ ထပ်တိုးစေသလား?

စိုးရိမ်စရာမလိုတော့ပါဘူးဗျာ! ကျွန်တော်တို့က သင့်ရဲ့ ဒီပြဿနာကို ဖြေရှင်းပေးဖို့ အနုပညာလက်ရာတစ်ခုကို ဖန်တီးနေပါတယ်။ အခုဆိုရင် အဲ့ဒီ့လက်ရာက မကြာခင်မှာ ပြီးဆုံးတော့မှာပါ။ ✨

🏞️ဒါက ရိုးရိုးရေတံခွန်တစ်ခု မဟုတ်ပါဘူး။ Terra Lab ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ ဒီ Living Art ဟာ ရေတွေ တသွင်သွင်စီးဆင်းနေပြီး သဘာဝရဲ့ အငွေ့အသက်ကို သင့်ရဲ့ ပတ်ဝန်းကျင်ထဲကို အမှန်တကယ်ပဲ ယူဆောင်လာပေးမှာပါ။

ဒီရေတံခွန်လေး ပြီးသွားတဲ့အခါ...
• အစည်းအဝေးတစ်ခုပြီးတိုင်း ရေကျသံတိုးတိုးလေးကို နားထောင်ပြီး စိတ်ကို ပြန်လည်တည်ငြိမ်စေနိုင်ပါတယ်။💦
• ရုံးပိတ်ရက်မှာ အပြင်ထွက်စရာမလိုဘဲ အိမ်မှာတင် သဘာဝရဲ့အလှနဲ့အတူ ဇိမ်ကျကျ အပန်းဖြေနိုင်မှာပါ။🌱
• ဒါဟာ သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး အလုပ်အပေါ် ပိုပြီး အာရုံစိုက်နိုင်အောင် ကူညီပေးပါလိမ့်မယ်။💯

ဒါကြောင့် သင့်ရဲ့ စိတ်ပင်ပန်းမှုတွေကို ဖြေရှင်းပေးမယ့် ဒီအနုပညာလက်ရာလေး ပြီးဆုံးတော့မယ့်အကြောင်းကို ကြိုတင်မျှော်လင့်ထားလိုက်ပါနော်။ ပြီးတာနဲ့ ကျွန်တော်တို့ အသေးစိတ် ထပ်ပြီး မျှဝေပေးပါ့မယ်ခင်ဗျာ။❗️

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

🌱သဘာဝနဲ့ ချိတ်ဆက်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။🍃

ချစ်ရပါသော
Terra-Lab Team

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

☎️09767083393, 09260634059☎️
☎️ 09774774252 ☎️

Italy မြေ ၊ Florence မြို့ရဲ့ Iconic အဖြစ်ဆုံး Locale Ferenze Bar မှာ ဖန်တီးထားတဲ့ Next Level Nature Decoration ဆိုတာ ဘယ...
15/09/2025

Italy မြေ ၊ Florence မြို့ရဲ့ Iconic အဖြစ်ဆုံး Locale Ferenze Bar မှာ ဖန်တီးထားတဲ့ Next Level Nature Decoration ဆိုတာ ဘယ်လိုမျိုးလဲ 🌿🇮🇹

🇮🇹 ရောမအင်ပါယာကနေစလို့ ကမ္ဘာကြီးကိုသိမ်းပိုက်ခဲ့တဲ့ Italians တွေဆိုတာ ခေသူတွေမဟုတ်ဘူးဆိုတာကို သက်သေပြခဲ့ပြီးဖြစ်ပါတယ် ။ ဒီနေ့မှာတော့ Italy နိုင်ငံ ၊ Tuscany ပြည်နယ်က Florence မြို့ ( Italy နာမည်အရဆို Firenze ) ရဲ့အကောင်းဆုံး Cocktail Bar တစ်ခုဆီကိုခေါ်သွားပါရစေ 🍸

🎖️ ဒီ Bar လေးရဲ့နာမည်ကတော့ Locale Firenze Bar ဖြစ်ပြီး 2024 THE WORLD’S BEST 50 BARS ရဲ့ အဆင့်သတ်မှတ်ချက်မှာတင် ကမ္ဘာ့အဆင့် 36 အထိရရှိထားတဲ့ တကယ့် Gem လေးဖြစ်ပါတယ် ။ သာမန် Bar တွေနဲ့မတူပဲ ထူးခြားနေတဲ့အချက်ကတော့ ဒီလိုကမ္ဘာ့အဆင့် Bar လေးဟာ စျေးကြီးလွန်းတဲ့ Luxury ပစ္စည်းတွေအစား ရိုးရှင်းပြီး စိတ်အေးချမ်းစရာကောင်းတဲ့ Nature Decoration တွေကို အသုံးပြုပြီးဖန်တီးထားတာပါ

🕰️ ဒါ့အပြင် ဒီ Firenze Bar လေးဟာ Time Machine တစ်ခုလိုပဲ ၊ 1200s ခုနှစ်တွေက Concini First Date မျိုးကနေ 1500s ခုနှစ်တွေရဲ့ အငွေ့အသက်တွေကိုခပ်ထွေထွေလေးရောထွေးကာ Hanging ဖြစ်နေတဲ့ သစ်ပင်လေးတွေနဲ့အတူ ဖန်လုံအိမ်ထဲက ပန်းဥယျာဉ်တစ်ခုထဲကိုရောက်သွားစေတဲ့ Vibe မျိုးနဲ့ဖန်တီးထားတာပါ 🍹

🌳 တနည်းအားဖြင့် Green Walls လို့ခေါ်ကြတဲ့ Vertical Gardens မျိုးဖြစ်ပြီး ထူးခြားနေတဲ့အချက်ကတော့ မျက်နှာကျက်က Glass ကြောင့် နေရောင်ခြည်ကို လုံလုံလောက်လောက်ရရှိစေတဲ့အပြင် Greenery ဖြစ်ဖြစ်နဲ့ကို သပ်ရပ်နေတာပဲဖြစ်ပါတယ် ။ ညဘက်မှာဆိုလဲ Calm ဖြစ်တဲ့ မီးလုံးလေးတွေနဲ့အတူ Luxury ဆန်လွန်းတဲ့ Modern Botanical Style ကိုပါခံစားရရှိစေမှာပါ 🌱

🍷 ကမ္ဘာ့အဆင့်မှီ Cocktail တစ်ခွက်နဲ့အတူ နေရာအနှံ့က Lush Plants လေးတွေကိုကြည့်ရင်း Italy နိုင်ငံရဲ့အတိတ်တစ်နေရာကိုပြန်လည်တမ်းတလို့ရနိုင်တဲ့ အရသာ တွေကြောင့် ဒီလို Standard မှာရပ်တည်နိုင်တာဆိုရင်လဲမမှားပါဘူး

🫶🏻 ဒီ Bar လေးကိုကြည့်ချင်းအားဖြင့် တခါတလေမှာ ကျွန်တော်တို့အနေနဲ့ Luxury အရမ်းဆန်နေစရာမလိုပဲ Customer တွေရဲ့စိတ်ကိုအေးချမ်းစေတဲ့ Nature Decoration တွေဟာ ဘယ်လို Architecture တွေနဲ့မဆို အကောင်းဆုံး Build Up လုပ်ပြီး ဆွဲဆောင်နိုင်တာကိုတွေ့ရတာပဲဖြစ်ပါတယ်

ဒါ့ကြောင့် လူကြီးမင်းတို့ရဲ့ အိမ်မှာပဲဖြစ်ဖြစ် ၊ ရုံးမှာပဲဖြစ်ဖြစ် Decoration တစ်ခုကိုဖန်တီးမယ်ဆိုရင် အခုလို Versatile အရမ်းဖြစ်တဲ့ Nature Decoration တွေကို ဦးစားပေးစဉ်းစားပေးဖို့မမေ့ပါနဲ့နော် ☘️✨

04/09/2025
02/09/2025
28/08/2025

💰ငွေကြေးဖိအားတွေကြောင့် စိတ်အပန်းဖြေမှုကို ပိတ်လှောင်မထားပါနဲ့!✨🌳

👉🏻ကျွန်တော်တို့ လူတိုင်းရဲ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လှန်မေးကြည့်ဖူးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ "ငါ့ရဲ့ စိတ်အပန်းဖြေမှုနဲ့ ပျော်ရွှင်မှုက ဘယ်လောက်တန်လဲ⁉️” ဆိုတာပါပဲ။

အထူးသဖြင့် အခုလို ခေတ်ကြီးမှာ စိတ်ဖိစီးမှုတွေ များနေတဲ့အခါ ကိုယ်ပိုင်ငြိမ်းချမ်းရာ တစ်ခုကို ဖန်တီးဖို့ စိတ်ကူးရှိပေမဲ့ ငွေကြေးဆိုတဲ့ နံရံကြီးက အတားအဆီးဖြစ်နေတယ်လို့ ခံစားရဖူးလား?😥

✨အဲ့ဒီခံစားချက်ကို ကျွန်တော်တို့ Terra Lab က နားလည်ပါတယ်။ ဒါကြောင့် ပိုက်ဆံကြောင့် လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ပိတ်လှောင်မထားစေချင်ပါဘူး။ ပျော်ရွှင်မှုဆိုတာကို ဝယ်ယူလို့မရပေမဲ့ ပျော်ရွှင်မှုအတွက် အရင်းခံဖြစ်တဲ့ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကိုတော့ ဖန်တီးလို့ရပါတယ်။😊

👉🏻သိန်း ၅၀ အထက် ရေတံခွန်တွေ၊ Vivarium Project တွေနဲ့ တခြား Nature Decoration တွေကို အိပ်မက်မက်ပြီး မေ့ထားလိုက်တဲ့သူတွေအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ 🎉

💯Terra Lab ကနေ Nature Decoration အတွက် ပထမဆုံးသော (အရစ်ကျပေးချေစနစ်) ကို စတင်လိုက်ပါပြီ။ ဒီစနစ်က လူကြီးမင်းတို့ရဲ့ ပိုက်ဆံအိတ်လေးကို ပေါ့ပါးစေမှာဖြစ်ပြီး စိတ်ဖိစီးမှုတွေကို အဝေးကို တွန်းလှန်ပေးမယ့် သဘာဝအလှတရားတွေကို အခုပဲ ပိုင်ဆိုင်နိုင်စေဖို့ ဖန်တီးထားတာပါ။🌳

✨ဒီ Plan ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်ဗျ။ လူတိုင်းကို ကိုယ့်အိမ်မှာ ကိုယ်ပိုင်အပန်းဖြေစရာ တစ်ခုရှိစေချင်တာပါ။ ဒါဟာ စိတ်ကျန်းမာရေးအတွက် တကယ်ကို ပါပဲ။ လူကြီးမင်းတို့ရဲ့ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုအတွက် ပထမဆုံးခြေလှမ်းကို ဘာအတားအဆီးမှမရှိဘဲ လှမ်းနိုင်အောင် ကျွန်တော်တို့က ကူညီပေးမှာပါ။

🌱ဒါကြောင့်မို့လို့ ငွေကြေးကြောင့် ရပ်တန့်ထားရတဲ့ လူကြီးမင်းရဲ့ အိပ်မက်တွေ၊ လူကြီးမင်းရဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်စတင်လိုက်ပါ။ ပျော်ရွှင်တဲ့ ဘဝကို ပုံဖော်ဖို့အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံလိုက်ပါ။

🤙🏻ဒီ Plan နဲ့ ပတ်သက်ပြီး အသေးစိတ်ကို ကျွန်တော်တို့ကို ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်ဗျာ။ လူကြီးမင်းရဲ့စိတ်ကူးအိပ်မက်တွေကို Terra Lab နဲ့အတူ လက်တွေ့ဖြစ်အောင် အတူတူ ပုံဖော်ကြရအောင်။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

🌱သဘာဝနဲ့ ချိတ်ဆက်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။🍃

ချစ်ရပါသော
Terra-Lab Team

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

☎️09767083393☎️
☎️ 09774774252☎️

🏡No. 1098, Sein Lae Tharyar St., 32 Ward, North Dagon, Yangon🏡

  တွေဟာ ကိုယ့်စီးပွါးရေး Partners တွေ ၊ Customer တွေရဲ့စိတ်ကို တကယ်ကောသက်ရောက်မှုရှိနိုင်ပါ့မလား 🤔✨🤨 အပေါ်ကမေးခွန်းရဲ့အဖ...
20/08/2025

တွေဟာ ကိုယ့်စီးပွါးရေး Partners တွေ ၊ Customer တွေရဲ့စိတ်ကို တကယ်ကောသက်ရောက်မှုရှိနိုင်ပါ့မလား 🤔✨

🤨 အပေါ်ကမေးခွန်းရဲ့အဖြေဟာ “ မဖြစ်နိုင်တာ သာမန်အပင်လေးတွေက စိတ်ကို ဘယ်လိုလုပ်ဒီလိုသက်ရောက်မှုရှိနိုင်ပါ့မလဲ “ ဆိုပြီး မိတ်ဆွေက ထင်နေပြီဆိုရင်တော့ ဒီစာလေးကိုအဆုံးထိဖတ်လိုက်တော့နော်

🤷🏻‍♂️ ဒါဆို Nature Decoration က ဘယ်လို Impact ရှိနေတာလဲ ❓

✨ ပထမဆုံး တွေ ၊ တွေကနေစပြီး တွေအထိ ဒီလို Nature Decoration အမျိုးမျိုးဟာ ကျွန်တော်တို့ရဲ့ ကိုဖြစ်ပေါ်စေတဲ့ အဓိကဟော်မုန်း ( Cortisol ) ကို သိသိသာသာ လျှော့ချပေးပါတယ်

☘️ ဒီလို လျှော့ချပေးတာရဲ့အကျိုးဆက်အနေနဲ့ ကျွန်တော်တို့ရဲ့စိတ်တွေဟာ Fresh ဖြစ်ဖြစ်နဲ့ ကြည်လင်လာမယ် ။ စကားပြောလို့ ၊ ဆွေးနွေးလို့ ပိုကောင်းလာစေမယ့်အပြင် ကျွန်တော်တို့ရဲ့ဖန်တီးနိုင်စွမ်း ( Creativity ) ကိုလဲ ပိုပြီးတိုးစေပါသေးတယ်

👀 ဒါတွေတင်မကသေးပါဘူး ။ လို့ခေါ်တဲ့ အောင်မြင်မှုအပေါ်ယုံကြည်ချက်ရှိမှုဟာလဲ သိသိသာသာတိုးတက်စေပြီး Smooth ဖြစ်တဲ့ တွေ ၊ နားလည်မှုရှိတဲ့ တွေကို သေသေချာချာ လုပ်နိုင်သွားမှာပါ။

🧘🏻‍♀️ ဒါတွေဟာ သဘာဝတရားရဲ့လက်ဆောင်ဖြစ်တဲ့ Chi Energy မျိုး စီးဆင်းနေတာဖြစ်ပြီး တကယ့်ကို အကျိုးရှိတဲ့ Impact မျိုးနဲ့အတူ Positive Thoughts တွေကိုပါတွေးမိစေပါတယ် ။ Dopamine နဲ့ Serotonin တို့လို စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေထိ Impact ရှိနေတာဖြစ်လို့ Scientifically အရဖြစ်စေ ၊ စိတ်ခံစားမှုအရဖြစ်စေ တကယ့်ကို ထိရောက်မှုရှိပါတယ်ခင်ဗျာ

✌🏻 ကဲ ဒါဆို အိမ်တွေ ၊ ရုံးခန်းတွေ နဲ့ နေရာတော်တော်များများမှာဘာလို့ တွေ့မြင်နေရသလဲ ဆိုတဲ့ အဖြေကိုပါ သိပြိီးထင်ပါတယ်နော် 🏢

🌿 ဒီလို Nature Decoration တွေကစလို့ Terrariums တွေ ၊ Aquariums တွေအတွက် လူကြီးမင်းတို့စိတ်တိုင်းကျ အသေးစိတ်တိုင်ပင်ဖန်တီးပေးနေတဲ့ ကျွန်တော်တို့ Terra Lab ကိုသာ အမြန်ဆုံးဆက်သွယ်ပြီး အေးချမ်းသာယာတဲ့ သဘာဝ နဲ့ထိတွေ့လိုက်တော့ဗျို့ 📞🌱

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

🌱သဘာဝနဲ့ ချိတ်ဆက်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။🍃

ချစ်ရပါသော
Terra-Lab Team

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

☎️09767083393☎️
☎️ 09774774252☎️

🏡No. 1098, Sein Lae Tharyar St., 32 Ward, North Dagon, Yangon🏡

 #ရေတံခွန် ကနေတသွင်သွင်စီးကျနေတဲ့ရေသံလေးတွေနဲ့ ကျွန်တော်တို့   နဲ့ကြားက   တစ်ခု 🧠🌊💐 မန္တလာမြေအထက်ဘက်က ပန်းမြို့တော်ပြင်ဦ...
19/08/2025

#ရေတံခွန် ကနေတသွင်သွင်စီးကျနေတဲ့ရေသံလေးတွေနဲ့ ကျွန်တော်တို့ နဲ့ကြားက တစ်ခု 🧠🌊

💐 မန္တလာမြေအထက်ဘက်က ပန်းမြို့တော်ပြင်ဦးလွင်ရဲ့ပွဲကောက်ရေတံခွန်ဆိုတာ ကျွန်တော်လွန်ခဲ့တဲ့နှစ်များစွာက လည်ပတ်ခဲ့ဖူးတဲ့နေရာတစ်ခုပါ 🏙️

🌊 ရေတံခွန်တစ်ခုထက်ပိုတဲ့မြင်ကွင်း ၊ သဘာဝနဲ့အနီးစပ်ဆုံးရှိနေတဲ့ အဲ့ဒီအခိုက်အတန့်ဟာ ကျွန်တော့်အတွက် တစ်သက်မမေ့နိုင်စရာအချိန်တွေထဲက တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ် ။ တခြားရှုခင်းတွေလိုပဲ ဒီလို ရေတံခွန်ကနေ ကျလာတဲ့ ရေကျသံမျိုးဟာ ပင်လယ်ကမ်းစပ်ကရိုက်ခတ်လာတဲ့လှိုင်းပုတ်သံတွေနည်းတူ အဓိပ္ပာယ်ကိုယ်စီနဲ့ပြည့်နှက်နေတာပဲဖြစ်ပါတယ် ✨

တကယ်တော့ ဒီလိုရေကျသံလေးတွေအောက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ တစ်ခုရှိနေပါတယ် 💁🏻‍♂️

🤯 လို့ခေါ်တဲ့ မှာ လေ့လာတွေ့ရှိချက်အရ ဒီလိုရေကျသံမျိုးတွေဟာ soft ဆိုတဲ့စိတ်ပိုင်းဆိုင်ရာခွန်အားတစ်ခုကိုရရှိစေပြီး ဒီခွန်အားဟာ ကျွန်တော်တို့ရဲ့ ပိုင်းကိုအများကြီးအထောက်အကူပြုသလို အရလဲ သာမန်ထက် ပို Comfort ဖြစ်စေပါတယ် ( EEG Test ဆိုတာ ကျွန်တော်တို့ ဦးနှောက်ရဲ့ ကြိမ်နှုန်းတွေ ၊ Activity တွေကို Scan ဖတ်တဲ့ လုပ်ငန်းစဉ်တစ်ခုပါ 🧠 )

အရကြည့်မယ်ဆိုရင်တော့ ဒီလိုဖြစ်စဉ်ဟာ ကျွန်တော်တို့ဦးနှောက်ထဲက Alpha Waves တွေကိုတိုးတက်စေတဲ့အပြင် တွေကိုလဲ အထောက်အကူပြုစေပါတယ်နော် ☝🏻

စာတွေချည်းပြောနေလို့ ပျင်းနေပြီလား 🤓

🌿 နားလည်လွယ်အောင်ပြောရရင်တော့ ဒီလို Psychology ဆိုတာ ကျွန်တော်တို့ရဲ့ Mental Health ကို Healing လုပ်ပေးတဲ့ အကောင်းဆုံး Process တစ်ခုပါပဲ

👀 သာမန်ရေကျသံကကော healing မဖြစ်ဘူးလားမေးလာရင်တော့ ကွဲထွက်နေတဲ့ အချက်တွေရှိပါတယ် ။ ဥပမာ - သဘာဝနဲ့အနီးကပ်ဆုံးရှိနေတဲ့အချက် ၊ သာမန်ရေသံမှာမရှိနိုင်တဲ့ Random Sequence ၊ စတဲ့အချက်တွေကအစ တကယ့်ကိုသိသိသာသာကွာခြားစေပါတယ်

🌳 အခုအချိန်မှာတော့ Paludarium တွေမှာကအစ ရေတံခွန်အသေးလေးတွေကိုထည့်လာနိုင်ပြီဖြစ်သလို သဘာဝအတိုင်းဖန်တီးထားတဲ့ ရေတံခွန်များကိုလဲ စနစ်တကျဖန်တီးပြုလုပ်နိုင်ပြီဖြစ်လို့ ဒီ Psychology Healing ဟာလဲ လူသိများတွင်ကျယ်လာခဲ့ပါပြီ 🌱

💦 ဒါဆို ဒီလိုသဘာဝရေကျသံလေးတွေကိုကြားချင်ပြီဆိုရင်တော့ လူကြီးမင်းတို့နဲ့အတူ စိတ်တိုင်းကျအသေးစိတ်
တိုင်ပင်လို့ရမယ့်အပြင် ပေါင်းများစွာဖန်တီးခဲ့ပြီးပြီဖြစ်တဲ့ ကျွန်တော်တို့ Terra Lab Nature Decor ကိုသာ လှမ်းလာလိုက်တော့ဗျာ 📞🤙🏻

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

🌱သဘာဝနဲ့ ချိတ်ဆက်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။🍃

ချစ်ရပါသော
Terra-Lab Team

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

☎️09767083393☎️
☎️ 09774774252☎️

🏡No. 1098, Sein Lae Tharyar St., 32 Ward, North Dagon, Yangon🏡

လူတိုင်းနီးပါး ကိုယ်ပိုင်အပန်းဖြေစရာနေရာလေး၊ စိမ်းလန်းစိုပြေတဲ့ သဘာဝအငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ အိမ်လေးတစ်လုံးကို စိတ်ကူး...
05/08/2025

လူတိုင်းနီးပါး ကိုယ်ပိုင်အပန်းဖြေစရာနေရာလေး၊ စိမ်းလန်းစိုပြေတဲ့ သဘာဝအငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ အိမ်လေးတစ်လုံးကို စိတ်ကူးယဉ်ဖူးကြမှာပါ။ ကျွန်မလည်း ငယ်ငယ်ကတည်းက သဘာဝအလှတရားတွေကို အရမ်းမြတ်နိုးခဲ့သူတစ်ယောက်ပါ။ မြစ်ချောင်းအင်းအိုင်တွေ၊ တောင်တန်းကြီးတွေ၊ အပင်ပန်းပေါင်းစုံတွေရဲ့ အလှက ကျွန်မကို စွဲဆောင်ခဲ့ပါတယ်။ 🏞️⛰️

ဒါပေမယ့် မြို့ပြတွေရဲ့ အသက်ရှုမြန်နေတဲ့ အရှိန်အောက်မှာ သဘာဝနဲ့ ထိတွေ့ခွင့်က တဖြည်းဖြည်း ဝေးကွာလာတယ်... အိမ်တိုင်း၊ ရုံးတိုင်း ခေတ်မီလှပနေပေမယ့်လည်း တစ်ခုခု လစ်ဟာနေသလို၊ လေဟာနယ်လိုလို ခံစားလာရတာမျိုး မကြုံဖူးကြဘူးလားရှင့်? 😔

အဲဒီအချိန်မှာ ကျွန်မတွေးမိတာက "ဒီလိုလှပတဲ့ သဘာဝအလှတရားတွေကို လူတွေရဲ့ နေ့စဉ်ဘဝ၊ သူတို့ရဲ့ အိမ်တွေဆီ ဘယ်လိုခေါ်ဆောင်လာနိုင်မလဲ?" ဆိုတာပါပဲ။ 🤔 အဲ့ဒီကနေပဲ "Terra Lab - Nature Decoration" ဆိုတဲ့ စိတ်ကူးလေး စတင်မွေးဖွားလာခဲ့ပါတယ်။ 🌳✨

Terra Lab ရဲ့ ရည်မှန်းချက်က ရိုးရှင်းပါတယ်။ မြန်မာနိုင်ငံက အိမ်တိုင်း၊ ရုံးခန်းတိုင်းကို သဘာဝရဲ့ အငွေ့အသက်တွေနဲ့ ပြန်လည် အသက်ဝင်လှပအောင် ဖန်တီးပေးဖို့ပါပဲ။🍃ဒီနေ့ခေတ်မှာ လူတွေဟာ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် သဘာဝနဲ့ ပိုမိုနီးစပ်ချင်လာကြတာကိုလည်း ကျွန်မတို့ သတိထားမိပါတယ်။ ဒါကြောင့် ဒီလိုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် အကောင်းဆုံး Solution တစ်ခုဖြစ်ဖို့ Terra Lab က မွေးဖွားလာခဲ့တာပါရှင့်။ 🌿💖

Terra Lab က ဘာတွေ ဖန်တီးပေးမလဲ?
ကျွန်မတို့ဟာ လူကြီးမင်းရဲ့ နေရာအကျယ်အဝန်း၊ ဒီဇိုင်းပုံစံနဲ့ နှစ်သက်မှုပေါ်မူတည်ပြီး မြန်မာနိုင်ငံက Customer တွေအတွက် သေသေချာချာ စိတ်ကူးပုံဖော်ကာ အကောင်းဆုံး ဖန်တီးပေးသွားမှာပါ။

🏞️ Nature Waterfall (သဘာဝ ရေတံခွန်လေးများ):
လူကြီးမင်းရဲ့ အိမ်ထဲမှာပဲဖြစ်ဖြစ်၊ ခြံထဲမှာပဲဖြစ်ဖြစ် တကယ့်သဘာဝရေတံခွန်ငယ်လေးတစ်ခုလို အသေးစိတ် ဂရုစိုက် ဖန်တီးပေးသွားမှာပါ။ ကျောက်တုံးတွေရဲ့ ရွေးချယ်မှု၊ ရေစီးဆင်းမှုပုံစံ၊ အလင်းရောင် အသေးစိတ်ကအစ သေချာ ဒီဇိုင်းဆွဲပေးမှာမို့ ရေကျသံ တစိမ့်စိမ့်က လူကြီးမင်းရဲ့ စိတ်ကို အနားပေးပြီး အေးချမ်းမှုကို ယူဆောင်လာပေးမှာ အမှန်ပါပဲ။ 🧘‍♀️💧

🐢 Big Vivarium Decoration (ကြီးမားတဲ့ Vivarium အလှဆင်ခြင်း):
လူကြီးမင်းရဲ့ အိမ်ထဲကို သေးငယ်တဲ့ ဂေဟစနစ်လေးတစ်ခု ဖန်တီးပေးတာပါပဲ။ သစ်ပင်လေးတွေ၊ ရေကန်လေးတွေ၊ ကျောက်တုံးလေးတွေနဲ့အတူ သက်ရှိသတ္တဝါလေးတွေ (ရေနေ၊ ကုန်းနေ) နေထိုင်နိုင်မယ့် သဘာဝပတ်ဝန်းကျင်အသေးစားလေး ဖန်တီးပေးမှာပါ။ ဒါဟာ အိမ်ရဲ့ အလှကို နှစ်ဆတိုးစေမယ့် ထူးခြားတဲ့ အနုပညာလက်ရာတစ်ခု ဖြစ်လာစေမှာပါ။ 🖼️🌿

🌱 Vertical Plant Wall (ဒေါင်လိုက် အပင်နံရံများ):
မြို့ပြမှာ နေရာကျဉ်းပေမယ့် စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကို လိုချင်သူတွေအတွက် အကောင်းဆုံးပါပဲ။ နံရံတစ်ခုလုံးကို အပင်တွေနဲ့ ဖုံးအုပ်ပြီး စိမ်းလန်းစိုပြေတဲ့ အလှတရားကို ဖန်တီးပေးမှာပါ။ ဒါဟာ အမြင်အာရုံကို လန်းဆန်းစေရုံသာမက လေထုကိုလည်း သန့်စင်ပေးပြီး အိမ်တွင်းအပူချိန်ကိုပါ လျှော့ချပေးနိုင်တဲ့ အေးမြလှပတဲ့ အနုပညာတစ်ခုပါပဲနော်။ ✨🏡

ကျွန်မတို့ Terra Lab အဖွဲ့သားတွေဟာ လူကြီးမင်းရဲ့ စိတ်ကူးအိပ်မက်တွေကို နားထောင်ဖို့၊ အကောင်းဆုံး အကြံဉာဏ်တွေပေးဖို့နဲ့ လူကြီးမင်းအိမ်လေးကို သဘာဝအလှတရားတွေနဲ့ အသက်ဝင်လှပအောင် ဖန်တီးပေးဖို့ စိတ်အားထက်သန်စွာ စောင့်ကြိုနေပါတယ်ရှင့်။ 💚

ဒီအချက်လေးကို မှတ်ထားပေးပါ... လူကြီးမင်းရဲ့ အိမ်လေးဟာ သဘာဝနဲ့အတူ ပိုမိုလှပပြီး အသက်ဝင်လာနိုင်ပါတယ်! 💫

ဒီလို Nature Decoration တွေထဲက ဘယ်အရာက လူကြီးမင်း အိမ်အတွက် အသင့်တော်ဆုံးလို့ ထင်လဲနော်? ဒါမှမဟုတ် အိမ်နဲ့ပတ်သက်တဲ့ ဘယ်လိုစိတ်ကူးလှလှလေးတွေ ရှိနေလဲဆိုတာ comment မှာ ပြောပြပေးခဲ့ပါဦးနော်! 👇 အားလုံးရဲ့ comment တွေကို စိတ်ဝင်တစား ဖတ်ရှုပြီး ပြန်လည်ဖြေကြားပေးပါ့မယ်ရှင့်။ 😊

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

🌱Connect With Nature at Home and Beyond!🍃

☎️09767083393☎️
☎️ 09774774252☎️

🏡No. 1098, Sein Lae Tharyar St., 32 Ward, North Dagon, Yangon🏡

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Terra Lab - Nature Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category