Sunn Life

Sunn Life Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sunn Life, Kitchen/Cooking, Yangon.

22/05/2025

ဒီဝက်သားပေါင်းရင်လေ ဆုံးသွားတဲ့အမေ့ကိုပိုသတိရတယ်
ဘာလို့ဆို မေမေရဲ့လုံးချက်ပေါင်းနည်းကိုတထပ်တည်းချက်ထားတာမလို့လေ
မေမေက စီးပွါးရှာရတဲ့အိမ်ရှင်မဆိုတော့ ဟင်းကိုချက်ရတာအချိန်ကြာကြာမပေးချင်ဘူး အဲ့တော့တခုခုဆိုလွယ်ကူမြန်ဆန်တဲ့ချက်နည်းတွေပဲစဉ်းစားလေ့ရှိတယ်တဲ့
ဒီဝက်သားပေါင်းဆိုရေလေးထည့်ပြီးအချိန်မှတ်ပြီးတခုခုလုပ်နေလို့ရတယ်လေတဲ့
ပြီးအချိန်မပေးရသလောက် အရမ်းအရသာရှိတယ်လေတဲ့
အဲ့တည်းက ယူထားတဲ့နည်းလေးပဲ မှန်လိုက်လေခြင်းအချိန်အလေလွင့်နည်းပြီးအရသာရှိတဲ့ဝက်သားပေါင်းလေး
ပြီးသုံးထပ်သားကိုအအီပြေအောင်သံပုရာသီးလေးနဲ့ပြန်ထိန်းထားတာလေးကအသက် အမွှေးနံ့အနေနဲ့ဂျင်းရည်လေးပဲထည့်ထားပေမယ့် အိုးချခါနီးလေမထင်မှတ်ထားလောက်အောင်ကိုမွှေးလေပဲရှင်

ချိုချဉ်အရသာလေးနဲ့အအီပြေပြီးစားပြီးရင်မရပ်ချင်သောသုံးထပ်သားသံပုရာပေါင်းနည်းလေးပါရှင် ☺️

21/05/2025

အချိန်မရှိတဲ့ရက်တွေ ဒါမှမဟုတ် သားကြီး၊ငါးကြီးမစားချင်တဲ့ရက်တွေမှာ ပုဇွန်ခြောက်လေးရှိရုံနဲ့အမြန်ချက်လို့ရတဲ့အရံဟင်းလေးတစ်ခွက်ပါရှင်
ထမင်းလေးနဲ့နယ်ပြီး ကြက်ဥကြော်လေးနဲ့စားလိုက်ရုံနဲ့
တင်ဗိုက်ဝပြီးစိတ်ကျေနပ်စေတဲ့ငံပြာရည်ချက်လေးတစ်ခွက်ပါ 👩‍🍳

21/04/2025

သွားတဲ့နေရာတိုင်း ကိုယ်တိုင်ထိုးထားတဲ့အရုပ်လေးပါနေတာချစ်လို့ 🐭💞🦁

18/04/2025

ကြက်အူဆီပြန်ဟင်းတစ်ခွက်






12/04/2025

ပုဇွန်မဆလာချက် 🦐
video တွေရိုက်ထားပြီးစိတ်အဆင်မပြေတော့မတင်ဖြစ်ဘူး 🥹
ခုတော့အဟောင်းလေးတွေနှမြောလို့တင်ထားလိုက်မယ်ရှင်

23/03/2025

ထမင်းကြော်အရမ်းကြိုက်တဲ့သူတွေရှိလား
အိမ်မှာတော့ အဖေကထမင်းကြော်အရမ်းကိုမှကြိုက်ပါတယ်
အဲ့တော့မကြာမကြာထမင်းကြော်ပေးရတယ်
အသီးအရွက်ကြိုက်တဲ့သူလဲဖြစ်တော့ အသီးအရွက်တွေ
လှည့်ပတ်ပြီးမရိုးအောင်ထည့်ကြော်ပေးဖြစ်တယ်
အဲ့အထဲမှာမှ ငရုတ်ပွနဲ့ကြော်ပေးတာကိုအဖေကပိုပြီးသဘောကျသွားတယ် အဲ့တာလေးကိုငရုတ်ပွကြိုက်တတ်တဲ့သူ၊အကြိုက်တူသူတွေရှိရင်အသုံးဝင်အောင်တင်ပေးလိုက်ပါတယ်ရှင် 🫑💚

P.S အရွက်တွေရှုပ်နေလို့မျက်စိမနောက်ကျနဲ့နော် ယောင်းမရဲ့ nails ဆိုင်ကအလှဆင်တဲ့အပင်ကြိုက်လို့ မ လာပြီးရှုပ်
ပစ်ထားတာ 😂🌿

20/03/2025

ဒီရက်တွေစိတ်ပင်ပန်းနေတယ် နေရတာမပျော်ဘူး
ဟင်းတွေလဲချက်ချင်တဲ့စိတ်ပျောက်နေတယ် စကားတွေလဲစီကာပတ်ကုံးပြောရတာမောလာသလိုပဲ ဒါပေမယ့် video အဟောင်းလေးရိုက်ထားတာရှိလို့တင်ပါအုံးမယ် 😌

#အိမ်မှာချက်ဖြစ်တာလေးတွေတင်မယ် #အချိုမှုန့်မသုံးပဲဟင်းချက်ရအောင်

16/03/2025

နွေရာသီပူပူမှာ ဖရဲသီးခနခနစားဖြစ်ကြမှာပေါ့နော်
တခါတလေ အခွံထူထူပါလာခဲ့ရင်မလွှင့်ပစ်ပဲချည်ရည်ဟင်းလေးချက်သောက်ကြည့်လို့ရအောင်ကေချက်ပြထားပါတယ်ရှင် ☺️ ဖရဲသီးလဲစျေးကြီးလာပြီဆိုတော့ ဖရဲသီးချိုချိုအေးအေးလေးလဲစားပြီးအခွံလေးလဲဟင်းတစ်ခွက်ရတော့ သုံးလိုက်ရတဲ့ပိုက်ဆံကတန်တာပေါ့နော် သူ့ရဲ့အရသာကထုတ်ထုတ်လေးရှိပြီးကျောက်ဖရုံသီးနဲ့ခပ်ဆင်ဆင်ရှိပါတယ်
အချည်ရည်ဟင်းနဲ့လိုက်ဖက်တဲ့အကြော်အလှော်ကတော့ထုံးစံအတိုင်း ငံပြာရည်ကြော်၊ငါးကြော်အစပ်နှပ်တို့ပေါ့နော် ချက်စားကြည့်ကြပါနော် ကေကလေ ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူနဲ့ကေတတ်တဲ့အိမ်ချက်စာလေးတွေကိုဝါသနာအရဝေမျှပေးချင်တဲ့သူပါရှင့် အကယ်၍အသုံးဝင်တယ် ချက်စားဖြစ်တယ်ဆိုရင်အရမ်းပျော်မှာပါရှင် ☺️💛

#အိမ်မှာချက်ဖြစ်တာလေးတွေတင်မယ် #အချိုမှုန့်မသုံးပဲဟင်းချက်ရအောင်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sunn Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share