22/08/2024
Toilet/ Bathroom ထဲတွင် Wallcovering သုံးလို့ရပါလား? ဘယ်လို အမျိုးအစား သင့်တော်ပြီး ဘယ်လိုမျိုးအသုံးပြုသင့်ပါလဲ?
အသုံးပြုနိုင်ပါတယ်။
ပထမဦးစွာ အောက်ခံနံရံကို sealer ခံသုံးသင့်ပါတယ်။ နံရံ အပ်ကွဲကြောင်းများ၊ ရေအစိုဓာတ်များ၊ မှိုတက်စေခြင်းများကို ကာကွယ်ရန် နှင့် နောက်ဆုံးအသုံးပြုမည့် ပစ္စည်းအား တာရှည်ခံစေရန် အသုံးပြုသင့်ပါသည်။
Vinyl အမျိုးအစား wallcovering များသည် ရေနှင့်စိုထိုင်းမှု့ကို အသင့်အတင့် ခံနိုင်ရည်ရှိခြင်း၊ အောက်ခံနံရံ အတွက် အသက်ရှုန်ိင်သော အသားဖြစ်သောကြောင့် မှိုပေါက်ဖွားခြင်းကို သက်သာစေခြင်း၊ သန့်ရှင်းရေးပြုလုပ်နိုင်ခြင်း၊ ရွေးချယ်ရန် ဒီဇိုင်းပေါင်းများစွာရှိခြင်း၊ အသစ်လဲလှယ်ရန် ကြွေပြား/ ကျောက်ပြားများထပ် လွယ်ကူခြင်းကြောင့် Bathroom/ Toilet များတွင် အသုံးပြုနိုင်ပါသည်။
Wallcoveringအား အသုံးပြုရာတွင် ကြမ်းခင်းမှ ၆လက်မ၊ ၁ပေ (သို့) ဘေစင်/ ဘိုထိုင် မှ ၁ပေ ခွာ၍ကပ်ပါက ရေအထိအတွေ့နည်းခြင်း၊ သန့်ရှင်းရေးပြုလုပ်သော ဆေးနှင့် ကရိယာများကြောင့် ပျက်စီးခြင်းကို လျှော့ချနိုင်ပါသည်။
ရေချိုးသည့် Shower အကန့် (သို) ရေစိမ်ကန် Bathtub နေရာတွင် ရေနွေးငွေ့၊ ရေနှင့် ဆပ်ပြာ အထိအတွေ့များသောကြောင့် ကပ်ဖို့ မသင့်တော်ပါ။
ရေချိုးရန်မပါသော powder room များ တွင် ပိတ်စအသား wallcovering များ၊ တန်ဖိုးကြီးပိုး ပိတ်သား wallcovering များပါ budgetပေါ်မှုတည်၍ အသုံးပြုနိုင်ပါသည်။
စက္ကူဖြင့်ပြုလုပ်ထားသော wallpaper များသည် ရေစိုမခံသောကြောင့် မသုံးသင့်ပါ။ Print လုပ်ထားသော wallsticker များသည် ဆေးသား ပျယ်ခြင်း၊ ရေငွေ့ကြောင့် sticker ကော် မမြဲခြင်း၊ အောက်ခံနံရံ အသက်မရှုနိုင်သော့ကြောင့် နံရံသားအတွင်း မှိုပေါက်ဖွားခြင်း၊ လေအိတ်များဖြစ်နိုင်သောကြောင့် အသုံးပြုရန် မသင့်တော်ပါ။
မိမိတို့ အသုံးပြုပုံ၊ အခန်းအနေအထား ပေါ်မူတည်ပြီး wallcovering များသည် ၅နှစ် အထက် အသုံးခံနိုင်ပါသည်။ ပုံမှန် သန့်ရှင်းရေးနှင့် မတော်တဆဖြစ်လျှင် ချက်ချင်း သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့် ရေရှည် အသုံးပြုနိုင်ပါသည်။
ဖြစ်တတ်သော အရာများမှာ အခြားသော သုတ်ဆေး၊ Laminate များကဲ့သို့ လက်အထိများသောနေရာများတွင် မဲလာခြင်း၊ ရေယိုစိမ့်သော နံရံများ၊ အစိုဓာတ်မမျှခြင်းများ ကြောင့်ဖားဥစွဲခြင်း၊ မှိုပေါက်ဖွားခြင်း များဖြစ်န်ုင်ခြင်း၊ နေပူတိုက်ရိုက် ထိုးသောနေရာများတွင် အရောင်လွင့်ခြင်း၊ ပုံမှန် သန့်ရှင်းရေးနှင့် မတော်တဆမှု့များကို ချက်ချင်း သန့်ရှင်းရေးမပြုလုပ်ပါက တာရှည် အသုံးပြုမခံပါ။