Cheri Co. Crochet

Cheri Co. Crochet Too adorable to unravel

Chinese New Year တုန်းက ထိုးထားပြီး မတင်ရသေးတဲ့ ပုံတွေ လာတင်တာပါ။နောက်တစ်နှစ်တောင် ကူးတော့မယ် ဟီး 😂😂😂p.s. Background enh...
18/05/2026

Chinese New Year တုန်းက ထိုးထားပြီး မတင်ရသေးတဲ့ ပုံတွေ လာတင်တာပါ။

နောက်တစ်နှစ်တောင် ကူးတော့မယ် ဟီး 😂😂😂

p.s. Background enhancement ကိုပဲ Gemini နဲ့ လုပ်ထားတာပါနော်။ လက်ရာ၊ ကာလာရွေးချယ်မှုနဲ့ ထုတ်ပိုးမှုဒီဇိုင်းတွေက အပြင် quality အတိုင်း အတိအကျပါ။

"ဒီနေ့က စပြီး Cheri Co. Crochet ကို ပြန်ပြီး active ဖြစ်အောင် လုပ်ပါတော့မယ်။ မတင်ရသေးတဲ့ပုံတွေလည်း အများကြီး ရှိသေးတယ်။ ...
16/05/2026

"ဒီနေ့က စပြီး Cheri Co. Crochet ကို ပြန်ပြီး active ဖြစ်အောင် လုပ်ပါတော့မယ်။ မတင်ရသေးတဲ့ပုံတွေလည်း အများကြီး ရှိသေးတယ်။ မင်မင်တစ်ယောက်က အလုပ်တွေ ရှုပ်ပြီး၊ နောက်မင်မင်တစ်ယောက်ကတော့ ကျန်းမာရေးမကောင်း ဖြစ်သွားလို့ပါ။"

Photo credit: Gemini

၂၀၂၆ မြင်းနှစ်မှာ "အောင်မြင်မှုတွေ အရှိန်အဟုန်နဲ့ ရောက်လာဖို့..." 🐎✨🧧မြင်းနှစ်မှာ မိတ်ဆွေ၊ သူငယ်ချင်းနဲ့ လူကြီးသူမတွေကို...
09/02/2026

၂၀၂၆ မြင်းနှစ်မှာ "အောင်မြင်မှုတွေ အရှိန်အဟုန်နဲ့ ရောက်လာဖို့..." 🐎✨🧧

မြင်းနှစ်မှာ မိတ်ဆွေ၊ သူငယ်ချင်းနဲ့ လူကြီးသူမတွေကို ကံကောင်းခြင်းတွေ လက်ဆောင်ပေးချင်ပါသလား? 🏮🍊

Cheri Co. ရဲ့ CNY 2026 Collection မှာ stitch တစ်ချက်ချင်းကို စိတ်ရှည်လက်ရှည် ထိုးထားတဲ့ ၁၀၀% handmade crochet ပစ္စည်းလေးတွေကို အထူးစီစဉ်ပေးထားပါတယ်။

မိမိအိမ်မှာ အလှဆင်မယ်ဆိုရင်လည်း ကြည့်လိုက်တိုင်း လှလွန်းလို့ ပြုံးနေမိမယ့် ပစ္စည်းလေးတွေပါ။ လူကြီးသူမ၊ မိတ်ဆွေသူငယ်ချင်းတွေကို လက်ဆောင် ပေးမယ်ဆိုရင်လည်း Packaging သေသပ်မှုအထိ Quality ကို အဓိကထားထားတာမို့ လက်ဆောင်ပေးတဲ့သူရော၊ ရရှိတဲ့သူပါ မျက်နှာပွင့်စေမှာ အသေအချာပါပဲ။

🍊 "Wealth & Prosperity Orange Bowl"
ဒီ Bowl လေးမှာတော့ အစစ်နဲ့ ခွဲမရလောက်အောင်တူတဲ့ လိမ္မော်သီးလေး (၅) လုံးကို ခြင်းလှလှလေးနဲ့ ထည့်ပေးထားပါတယ်။
ဖုန်းရွှင်နည်းအရ မိမိရဲ့ နေအိမ် သို့ အခန်းရဲ့ အရှေ့တောင်ထောင့်အရပ်ကို "Wealth Corner" လို့ ခေါ်ပါတယ်။ အဲ့ဒီ့ Wealth Corner မှာ Orange bowl ထားခြင်းက ကျက်သရေပြည့်စုံခြင်း၊ လာဘ်လာဘတိုးပွားခြင်းတို့ကို ဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် လိမ္မော်သီးလေး (၅) လုံးက 'ငါးပါးသီလ' နဲ့ ပြည့်စုံပြီး ကံကောင်းခြင်းတွေ အမြဲရှိနေပါစေ" ဆိုတဲ့ အဓိပ္ပာယ်နဲ့ ထိုးထားတာ ဖြစ်ပါတယ်။

🏮 "The Auspicious Trio" (သို့မဟုတ်) "ကံကောင်းခြင်း သုံးဖြာ Set"
ဒီ Set လေးမှာတော့လို့ မီးပုံးလေး (၃) ခုကတော့ မိမိအိမ်ရဲ့ ဘယ်နေရာမှာပဲချိတ်ချိတ် ကံကောင်းခြင်းတွေကို ဆောင်ကြဉ်းပေးမယ့် မီးပုံလေး (၃) ခု ပါဝင်ပါတယ်။ ဒီ set ထဲမှာ တရုတ်လူမျိုးတို့ရဲ့ လာဘ်လာဘကြွယ်ဝခြင်းကို ဖော်ညွှန်းတဲ့ ရွှေတုံးလေးနဲ့ အန်ပေါင်းအိတ်လေးကိုပါ ထည့်သွင်းပုံဖော်ထားပါတယ်။

🐴 "CNY Galloping Success Set"
မြင်းနှစ်မှာ အစစအရာရာ အရှိန်အဟုန်နဲ့ အောင်မြင်တိုးတက်စေဖို့... Cheri Co. ရဲ့ Galloping မြင်းရုပ်လေးတွေကိုတော့ မိမိကိုယ်တိုင်အတွက် အဆောင်အယောင်အဖြစ်ပဲဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် နှစ်သက်ရာ အရောင်၊ ဆိုဒ်တို့ကို customized မှာယူနိုင်အောင် စီစဉ်ထားပါတယ်ရှင်။

🌸 "Cheri Co. 2026 CNY Exclusive Gift Set"
ဒီ set လေးထဲမှာတော့ ကြွယ်ဝခြင်းရဲ့ သင်္ကေတ Gold ingot ရွှေတုံးလေး (၂) တုံးရယ်၊ ချစ်စရာ လိမ္မော်သီးလေး (၃) လုံးရယ်၊ 2026 CNY မြင်းနှစ်ရဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ Horse gallop လေးရယ်၊ မီးပုံးလေး တစ်ခုရယ် ပါဝင်မှာဖြစ်ပါတယ်။ 2026 မြင်းနှစ်မှာ အလုပ်အကိုင်၊ ကျန်းမာရေးနဲ့ လူမှုရေး အကုန်လုံး အရှိန်အဟုန်နဲ့ တိုးတက်စေဖို့ ဆိုတဲ့ အဓိပ္ပာယ်နဲ့ Auspicious items လေးတွေ စုံအောင် ထည့်ထားပါတယ်။

💵ဈေးနှုန်းလေးတွေကိုတော့ ပုံတစ်ပုံချင်းစီအောက်မှာ ဖော်ပြထားပါတယ်ရှင်။

✨ ဘာကြောင့် Cheri Co. ကို ရွေးချယ်သင့်သလဲ?

✅ Custom Made: ကိုယ်နှစ်သက်တဲ့ အရောင်၊ Size ကို မှာယူနိုင်ခြင်း။
✅ Premium Packaging: လက်ဆောင်ပေးဖို့အတွက် သေသပ်လှပတဲ့ ထုပ်ပိုးမှု။
✅ Artisan Quality: ၁၀၀% Handmade စစ်စစ်ဖြစ်လို့ တစ်ခုချင်းစီမှာ စေတနာတွေ အပြည့်ပါဝင်ခြင်း။
📌 Order မှာယူရန်:
Messenger ကို ဆက်သွယ်နိုင်ပါပြီရှင်။

"မြင်းနှစ်မှာ အားလုံးပဲ အောင်မြင်မှုတွေ အရှိန်အဟုန်နဲ့ ရရှိကြပါစေကြောင်း Cheri Co. မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။" 🐎🧧💰✨

07/02/2026
"သင့်အိမ်ရဲ့ ဘယ်နေရာမဆို Aesthetic ဖြစ်သွားစေမယ့် Cheri Co. ရဲ့ Cushion လေးများ"(Disclaimer: ပုံတွေကို Gemini ရဲ့ အကူအညီ...
02/02/2026

"သင့်အိမ်ရဲ့ ဘယ်နေရာမဆို Aesthetic ဖြစ်သွားစေမယ့် Cheri Co. ရဲ့ Cushion လေးများ"

(Disclaimer: ပုံတွေကို Gemini ရဲ့ အကူအညီနဲ့ Background edit လုပ်ထားသော်လည်း cushion များ​၏ outside quality နှင့် မင်မင်​၏ outside quality (အဲ ဟုတ်ပါဘူး....နုပျိုလှပနေမှု) တို့က ပုံပါအတိုင်း အတိအကျပါပဲရှင်!)

ချည်ထိုးတဲ့အခါ ပေါင်ပေါ် တင်ထားဖို့၊ Deskstop သုံးရင်း ဖက်ထားဖို့၊ အလုပ်လုပ်တဲ့ထိုင်ခုံမှာ ကျော်မီဖို့၊ အလုပ်စားပွဲမှာ မှောက်အိပ်ဖို့😂😂၊ အိပ်ရာလေးကို ပိုအသက်ဝင်စေဖို့၊ ဧည့်ခန်းက ဆိုဖာပေါ်မှာ luxury look ရနေဖို့......အလှဆင်ဖို့ (Aesthetic or Decoration), အသုံးပြုဖို့ (Functional) နှစ်မျိုးလုံးအတွက် အသုံးဝင်တဲ့ နူးညံ့အိစက်တဲ့ Handmade cushion လေးတွေပါ✨

Cheri Co. ရဲ့ Cushion တိုင်းက တစ်ခုချင်းစီကို Waffle Stitch pattern လေးတွေနဲ့ အနုစိတ်ထိုးထားတာမို့ မြင်လိုက်တာနဲ့ ထူးခြားတဲ့ Aesthetic Vibes ကို အပြည့်အဝ ခံစားရမှာပါ။

နူးညံ့တဲ့ ထိတွေ့မှုနဲ့အတူ သင့်ရဲ့ Living Area လေးကို ပိုပြီး နွေးထွေးသွားစေဖို့ ကျမတို့ရဲ့ အရောင်စုံ Cushion လေးတွေကို ရွေးချယ်လိုက်ပါ 🧶💖

လက်ဆောင်ပေးရင်လည်း မျက်နှာပန်းလှပြီး V day အတွက် couple လေးတွေလည်း preorder အပ်လို့ရပါတယ်ရှင်။ (V day အမီ လိုချင်ရင်တော့ အခုကတည်းက လာအပ်ထားမှ ရမယ်နော်)

အော်.....ပြိတ်သတ်ကြီးတို့ရော ဘယ်အရောင်လေးကို အနှစ်သက်ဆုံးလဲဆိုတာလည်း ပြောပြပေးခဲ့ပါဦးလား😊

မင်မင်လို မဟာဝေဒဗ္ဗမန္တန်တော် ရွတ်နေတဲ့သူတွေ ရှိရင် ဒီနေ့နဲ့ မနက်ဖြန်အတွက် ရွတ်လို့ရအောင်ပါ 💜
31/01/2026

မင်မင်လို မဟာဝေဒဗ္ဗမန္တန်တော် ရွတ်နေတဲ့သူတွေ ရှိရင် ဒီနေ့နဲ့ မနက်ဖြန်အတွက် ရွတ်လို့ရအောင်ပါ 💜

✨ How to Style My Waffle Stitch Cushion ✨(Disclaimer : Styling photo တွေကို AI နဲ့ ဖန်တီးထားခြင်း ဖြစ်သော်လည်း cushion ရ...
31/01/2026

✨ How to Style My Waffle Stitch Cushion ✨
(Disclaimer : Styling photo တွေကို AI နဲ့ ဖန်တီးထားခြင်း ဖြစ်သော်လည်း cushion ရဲ့ outside quality သည် ပုံပါအတိုင်း ဖြစ်ကြောင်း အာမခံပါသည်)

သင့်ရဲ့ နေအိမ် ဒါမှမဟုတ် လုပ်ငန်းခွင်ကို ပိုပြီး နွေးထွေး၊ သပ်ရပ်သွားစေဖို့ Cheri Co. Crochet ရဲ့ Waffle Stitch Cushion လေးတွေကို ဘယ်လိုအလှဆင်မလဲ? 🧶🛋️

1) Living Room Vibes (ဧည့်ခန်းအတွက်)

ဆိုဖာအနားမှာ စာဖတ်ရင်းပဲဖြစ်ဖြစ်၊ အနားယူရင်းပဲဖြစ်ဖြစ် သင့်ရဲ့ ခါး ဒါမှမဟုတ် ကျောကို အကောင်းဆုံး Support ပေးနိုင်မှာကတော့ ကျွန်မတို့ရဲ့ Cushion လေးတွေပါပဲ။ အရောင်ရင့်ရင့် ဆိုဖာတွေပေါ်မှာ နီညိုရောင် ဒါမှမဟုတ် အစိမ်းရင့်ရောင်လေးတွေ တင်ထားလိုက်ရင် အခန်းရဲ့ Mood ကို ချက်ချင်း ပေါ်လွင်သွားစေမှာပါ။

2) Bedroom Cozy Corner (အိပ်ခန်းအတွက်)

အိပ်ရာထက်မှာ အဖြူရောင် ခေါင်းအုံးလေးတွေနဲ့အတူ ကျွန်မတို့ရဲ့ Pastel အရောင် (ပန်းရောင်၊ အပြာနုရောင်) Cushion လေးတွေကို တွဲဖက်လိုက်ပါ။ Waffle Stitch ရဲ့ ဖောင်းကြွနေတဲ့ Texture က သင့်အိပ်ခန်းကို ပိုပြီး နူးညံ့တဲ့ ခံစားမှု နဲ့ Cozy Feeling ကို ပေးစွမ်းနိုင်ပါတယ်။

3) Cafe & Studio Styling (ဆိုင်ပိုင်ရှင်များအတွက်)

Cafe ဆိုင်လေးတွေရဲ့ သစ်သားထိုင်ခုံတွေပေါ်မှာ ဒီ Cushion လေးတွေကို ကျောမှီ (Backrest) အဖြစ် အသုံးပြုနိုင်ပါတယ်။ ဆိုင်လာတဲ့ ဧည့်သည်တွေအတွက် သက်သောင့်သက်သာရှိစေရုံတင်မကဘဲ ဓာတ်ပုံရိုက်ရင်လည်း အရမ်းလှတဲ့ (Instagrammable) နေရာလေး ဖြစ်သွားစေမှာပါ။

📢 To Interior Designers & Cafe Owners:

သင့်ရဲ့ Project တွေ ဒါမှမဟုတ် သင့်ဆိုင်ရဲ့ Interior မှာ Handmade Luxury ခံစားမှုကို ထည့်သွင်းချင်ပါသလား?
ကျွန်မတို့ရဲ့ Waffle Stitch Cushion လေးတွေက Custom-made အရောင်များလည်း မှာယူနိုင်သလို၊ Bulk Order များအတွက်လည်း သီးသန့် ဈေးနှုန်းများ ရှိပါတယ်။
အရည်အသွေးမြင့် ချည်သားကို အသုံးပြုထားလို့ ရေရှည်တည်တံ့ပြီး သန့်ရှင်းရလွယ်ကူတာကြောင့် လုပ်ငန်းသုံးအတွက် အထူးသင့်လျော်ပါတယ်။

📩 Order မှာယူရန်: Messenger မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်ရှင်။

Sold Out! 💛 ရမည်းသင်းမြို့က တစ်ဦးတည်းသော ပိုင်ရှင်လေးဆီကို ရောက်ရှိသွားပြီဖြစ်တဲ့ ကျွန်မတို့ရဲ့ Sunshine Yellow Waffle S...
31/01/2026

Sold Out! 💛

ရမည်းသင်းမြို့က တစ်ဦးတည်းသော ပိုင်ရှင်လေးဆီကို ရောက်ရှိသွားပြီဖြစ်တဲ့ ကျွန်မတို့ရဲ့ Sunshine Yellow Waffle Stitch Cushion လေး။

ခုလို Cushion လေး အားပေးတာကို ပစ္စည်းတစ်ခု ဝယ်ယူအားပေးမှုအပြင် စလုပ်ခါစ စီးပွားရေးလေးကို မေတ္တာထားပြီး support ပေးတယ်လို့လည်း ခံယူပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ ကိုယ်ရောစိတ်ပါ ကျန်းမာပျော်ရွှင်ရတဲ့ နှစ်သစ်လေး ဖြစ်ပါစေနော်။

✨ ကိုယ်တိုင် လက်နဲ့ stitch တစ်ခုချင်း စိတ်ရှည်လက်ရှည် ထိုးထားတဲ့ Cushion လေးတွေက ပိုင်ရှင်တစ်ယောက်စီမှာ ဒီဇိုင်းတစ်မျိုးပဲ ရှိမှာဖြစ်လို့ လက်ရှိ instock designs တွေအပြင် ကိုယ် ကြိုက်တဲ့အရောင်၊ ဒီဇိုင်း စိတ်ကြိုက် customized မှာယူပြီး သင့်အခန်းလေးကို အလှဆင်ကြည့်လိုက်ပါနော်။ 🧶✨

Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when Cheri Co. Crochet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share