Joy The Pa Chyl

Joy The Pa Chyl Good Food means Good Mood🌿
🤝Brand Collab
09953187768(Viber)

13/10/2026

🌿ငါးသလောက်ပေါက်ဆိုရင် အခုလိုခပ်စိပ်စိပ်လေးမွှန်းပြီးကြော်စားကြည့်နော်..

🌿အစုံသုပ်အချဉ်ရည်ဖျော်နည်းအစုံသုပ်မှာ အဓိကမိန်းဖြစ်တဲ့ပျစ်ပျစ်နှစ်နှစ်အချဉ်ရည်ဖျော်နည်းကတော့..အရင်ဆုံး မကျည်းသီးမှည့် ၊ ...
13/10/2026

🌿အစုံသုပ်အချဉ်ရည်ဖျော်နည်း

အစုံသုပ်မှာ အဓိကမိန်းဖြစ်တဲ့
ပျစ်ပျစ်နှစ်နှစ်အချဉ်ရည်ဖျော်နည်းကတော့..

အရင်ဆုံး မကျည်းသီးမှည့် ၊
ထန်းလျက်ခဲ ၂ခဲကိုထည့်
ရေပါထည့်ပီး ကျိုပေးရပါမယ်။

မကျည်းသီးမှည့်များ အနှစ်ကျလာရင်
ဇကာနဲ့စစ်ပြီး အနှစ်ကိုယူပါမယ်။
အဲ့အနှစ်ထဲကိုငြုပ်ဆော့စ်ကိုထည့်ပြီး
ပျစ်နှစ်သွားတဲ့အထိကျိုပေးရပါမယ်။
အရသာအတွက် ဆား၊ အချိုမှုန့်ထည့်ပါမယ်။

မီးအေးအေးလေးနဲ့ ပျစ်နှစ်တဲ့အထိ
ကျိုပြီးရင် အသုပ်ပဲသုပ်စားစား
ငြုပ်သီးအစိမ်းထောင်းထည့်ပြီး
တုပ်ထိုးနဲ့ပဲစားစား
အရမ်းစားလို့ကောင်းတဲ့
ဘက်စုံသုံး အချဉ်ရည်လေးရပါပြီ..

🌿ချဉ်ပေါင်ငပိချက်နေတွေပူပြီး ထမင်းစားပျက်နေရင်အခုလိုလေးချက်စားကြည့်နော်အချဉ်အစပ် အရသာလေးနဲ့ထမင်းကို တော်တော်လေးမြိန်စေပါ...
13/10/2026

🌿ချဉ်ပေါင်ငပိချက်

နေတွေပူပြီး ထမင်းစားပျက်နေရင်
အခုလိုလေးချက်စားကြည့်နော်
အချဉ်အစပ် အရသာလေးနဲ့
ထမင်းကို တော်တော်လေးမြိန်စေပါတယ်။

အရင်ဆုံး ချဉ်ပေါင်ကို ချေထားပေးပါ။
ငါးကိုလည်းပြုတ်ပြီး
အရိုးထုတ်ထားပီး မွထားပေးပါ။

ကြက်သွန်နီ၊ဖြူ ၊အရောင်တင်မှုန့်ကို
မွှေးလာအောင်ဆီသတ်ပေးပါ။
ငါးပြုတ်များထည့်ပီး မွှေပေးပါ။
ပီးရင် ချဉ်ပေါင်ချေထားတာနဲ့
ငြုပ်သီးစိမ်းတွေထည့်ပြီး
နှံ့စက်အောင်မွှေပေးပြီး
ငပိရည်ကျိုထည့်ပေးပါ။
အရသာအတွက် ဆား၊အချိုမှုန့်ထည့်ပေးပါ။

ခဏဖုံးအုပ်ပီး ဆူပွက်အောင်
ချက်ပြီးရင် အိုးချခါနီးမှာ
ပင်စိမ်းလေးအုပ်လိုက်ရင်
ချဉ်ချဉ်စပ်စပ်လေးနဲ့စားကောင်းတဲ့
ချဉ်ပေါင်ငပိချက်လေးရပါပြီ...

12/10/2026

🌿ဈေးဖိုး ၅၀၀၀ နဲ့ချက်တဲ့ ထမင်းစားမြိန်တဲ့ဟင်းအတွဲအစပ်

Ta He Sa Chicken Seasoning Powder - တဟဲဆ ကြက်သားမှုန့်

#တဟဲဆကြက်သားမှုန့်နဲ့ဈေးဖိုးသက်သာပြီးစားလို့မြိန်တဲ့တစ်နှပ်စာဟင်းလျာဖန်တီးကြမယ်

🌿ဘဲဥကလယ်ချက်ဘဲဉကိုဘယ်လိုချက်ချက်ကြိုက်သူများအတွက်အနှစ်နဲ့ နှယ်စားရင်တောင်မွှေးမွှေးစပ်စပ်လေးနဲ့အရမ်းစားကောင်းဘဲဥကလယ်ချက်...
12/10/2026

🌿ဘဲဥကလယ်ချက်

ဘဲဉကိုဘယ်လိုချက်ချက်ကြိုက်သူများအတွက်
အနှစ်နဲ့ နှယ်စားရင်တောင်
မွှေးမွှေးစပ်စပ်လေးနဲ့အရမ်းစားကောင်း
ဘဲဥကလယ်ချက် ချက်နည်းလေးကတော့

ဘဲဥကိုပြုတ်ပြီး အနှစ်မထွက်အောင်
အပ်ချည်ကြိုးလေးနဲ့ ခြမ်းပေးပါ။
ပြီးရင်ဆီပူပူထဲမှာ ကြော်ပေးပါ။

ကြက်သွန်နီ၊ဖြူ၊ခရမ်းချဉ်သီး
ကြိတ်ထားတာကို အရောင်တင်မှုန့်ထည့်ပီး
ဆီသတ်ပေးရပါမယ်။

ပြီးရင် လေးကျော် ကလယ်ချက်အနှစ်
တထုပ်ထည့်ပီးဆီသတ်ပေးရပါမယ်။
အရသာအတွက်ပြင်ဆင်ပီးရင်
ရေအနည်းအငယ်ထည့်ပါမယ်။
ပြီးရင် ဘဲဥများကိုထည့်ပီး
ဆီပြန်လာသည်အထိ‌ချက်ပေးလိုက်ရင်
ရပါပြီ။ ချက်စားကြည့်ကြပါဦးနော်...

🌿ငြုပ်သီးထောင်းထမင်းကြော်နဲ့ပဲစားစားအရည်သောက်လေးချက်ပီးတော့ပဲစားစားအရမ်းလိုက်ဖက်တဲ့ ငြုပ်သီးထောင်းလေးပါ။အရင်ဆုံး ငြုပ်သီ...
12/10/2026

🌿ငြုပ်သီးထောင်း

ထမင်းကြော်နဲ့ပဲစားစား
အရည်သောက်လေးချက်ပီးတော့ပဲစားစား
အရမ်းလိုက်ဖက်တဲ့ ငြုပ်သီးထောင်းလေးပါ။

အရင်ဆုံး ငြုပ်သီးနဲ့ကြက်သွန်ဖြူကို
ဗိုက်မနာဖို့အတွက်ခပ်နာနာလေး
လှော်ပေးထားရပါမယ်။

ဆုံထဲထည့်ပြီး
ဆား၊အချိုမှုန့်၊ပုစွန်ခြောက်မှုန့်၊ငံပြာရည်
ထည့်ပီးထောင်းပေးပါ။

ပိုမွှေးအောင် ရှမ်းနံနံနဲ့ သံပုရာရည်ပါ
ထပ်ထည့်ပီးထပ်ထောင်းပေးရပါမယ်။

အားလုံးညက်သွားရင်
အပေါ်ကနေ ဆီပူပူလေး
လောင်းချပေးလိုက်ရင်ရပါပြီ...

11/10/2026

🌿ဒီနေ့တော့ အိမ်သားတွေကို ထမင်းသုပ်+ငါးဖယ်ကြော်လေးချက်ကျွေးဖြစ်တယ်...

🌿ငါးသလောက်ပေါက်ကြွပ်ကြော်တကယ်ဆို ဒီလိုအချိန်က အရှေ့မြောက်လေလေးတဖြူးဖြူးနဲ့ဆောင်းဝင်ရမယ့်အချိန်ပေါ့..ဆောင်းနံ့လေးရတာနဲ့ ပ...
11/10/2026

🌿ငါးသလောက်ပေါက်ကြွပ်ကြော်

တကယ်ဆို ဒီလိုအချိန်က
အရှေ့မြောက်လေလေးတဖြူးဖြူးနဲ့
ဆောင်းဝင်ရမယ့်အချိန်ပေါ့..

ဆောင်းနံ့လေးရတာနဲ့
ပေါပေါသီသီရတဲ့
ငါးသလောက်ပေါက်‌တွေလဲရှားနေတာမို့
ဈေးထဲမှာတွေ့တုန်းလေး
ငယ်ငယ်က အမေကြော်ကျွေးနေကျအတိုင်းလေး
ကြော်စားဖြစ်တယ်။

အခုကြော်နည်းလေးက
အရိုးကိုဖယ်ရလွယ်တာမို့
အရိုးကြောက်ပြီး
ငါးသလောက်ကြိုက်တဲ့သူတွေအတွက်တော့
တော်တော်လေးကို အဆင်ပြေတဲ့
ကြော်နည်းလေးပါ။

ငါးကို သေချာဆေးပြီး
အမွှန်းခပ်စိပ်စိပ်လေးမွှန်းပေးပါ။
ဆား၊နနွင်း၊အချိုမှုန့်နယ်ပီး နှပ်ထားပေးပါ။
ပြီးရင် ဆီပူပူထဲမှာထည့်ကြော်လိုက်ရင်
ရပါပြီ...

#ငါးသလောက် #ဟင်းချက်နည်းများ

10/10/2026

🌿ဈေးဖိုးလည်းသက်သာပြီး ထမင်းလည်းမြိန်စေမယ့် သက်သတ်လွတ်ဟင်းအတွဲအစပ်

EFF Gas - Eco Friendly Fuel

🌿ငါးဖယ်အိတုံကြော်ငါးဖယ်ကြော်တိုင်း အိအိတုံတုံလေးမဖြစ်ပဲမာသွားရင် အခုလိုလေးကြော်ကြည့်နော်..အရင်ဆုံးငါးဖယ်ထဲကိုဆား၊အချိုမှ...
10/10/2026

🌿ငါးဖယ်အိတုံကြော်

ငါးဖယ်ကြော်တိုင်း အိအိတုံတုံလေးမဖြစ်ပဲ
မာသွားရင် အခုလိုလေးကြော်ကြည့်နော်..

အရင်ဆုံးငါးဖယ်ထဲကို
ဆား၊အချိုမှုန့် ၊ ကြက်သွန်ဖြူအရည်၊အဖတ်
ထည့်ပြီးထောင်းပေးပေါက်ပေးပါ။

ကြော်မယ့်အိုးထဲကိုဆီထည့်ပေးပါ။
ပုံသွင်းပီးသား ငါးဖယ်ထဲများကို
ထည့်ပေးပါ။ပီးရင် ရေထည့်ပေးပါ။
ဂျင်းအပြားများထည့်ပြီး
မီးအေးအေးနဲ့ကြော်ပေးရပါမယ်။
မီးပြင်းလို့လုံးဝမရပါ။

ရေခမ်းပီး ဆီများပြန်လာရင်
ငါးဖယ်တွေကို အပေါ်ကြောလေးတင်းအောင်
အနည်းအငယ်ကြော်ပေးလိုက်ရင်ရပါပီ...

အခုကြော်နည်းလေးကို
ငါးဖယ်သားကို မမာသွားပဲ
အိအိတုံတုံလေးနဲ့ တော်တော်လေး
စားကောင်းပါတယ်ရှင်...

#ငါးဖယ်ကြော် #ဟင်းချက်နည်းများ

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Joy The Pa Chyl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Joy The Pa Chyl:

Shortcuts

Share