10/10/2026
🧑🍳ကြွပ်ကြွပ်ရွရွ ပဲကပ်ကြော်ကြော်နည်းလေး🧑🍳❤️
Pollen အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်း အကြံပေးချင်တယ်ရှင်။အနီးအနားမှာ ဝယ်စားလို့ရရင် ဝယ်သာစားကြပါလို့❤️။လုပ်ရတာလွယ်ကူပေမယ့် အင်မတန်ကို စိတ်ရှည်ရပါသကောရှင်။ ကြော်တဲ့အချိန်မှာ စိတ်ရှည်ရှည်နဲ့ ဟိုဘက်ဒီဘက်လှန်လှန်ပေးရတာ။Pollenရဲ့ ပဲချပ်လေးတွေက နည်းနည်းထူသွားတာလည်းပါမယ်ထင်ပါတယ်။နောက်တစ်ခုက အချိန်အရမ်းအကြာကြီးပေးပြီး ကြော်ရတော့ အညှော်မိတတ်ပါတယ်။အဲ့တော့ နောက် စားချင်စိတ်ပေါက်ရင် ဝယ်ဘဲစားတော့ပါမယ်ရှင်😅😅
ခုကတော့ ကြော်ဖြစ်ခဲ့တဲ့အတွက် တစ်လက်စတည်း စိတ်ရှည်ပြီး ကြော်စားချင်တဲ့သူလေးတွေအတွက် နည်းလမ်းလေးမျှဝေပေးလိုက်ပါတယ်ရှင်🍀🍀🥰
#ပဲကပ်ကြော်ကြော်နည်း