Yummy Boop မိမိအိမ်မှာတင် ဆိုင်မှာစားရသလို အရသာရှိတဲ့ ဟင်းလျာတွေကို အလွယ်တကူချက်ပြုတ်နိုင် ဖို့ ဝေမျှပေးပါရစေ။

10/08/2026

IG မှာ အရမ်းViral ဖြစ်နေတဲ့ Ice Tea လေးကို အိမ်မှာ အလွယ်တကူဖျော်သောက်ကြမယ်။

ဝါတွင်းကာလ ဥပုသ်သီလစောင့်ကြတဲ့ လူကြီးမိဘတွေကို ဖျော်တိုက်စရာ အအေးတစ်ခုရပါပြီ။ 🍋‍🟩🍋

တစ်ခွက်ဆို တစ်ခွက် သောက်လိုက်တာနဲ့ xoxo freshပဲမို့ tryကြည့်သင့်တယ်နော်။

07/08/2026

ကိုယ်တိုင်ပဲစားစား၊ ပြန်ပဲရောင်းရောင်း တစ်ခါစားရင် စွဲသွားစေမယ့် 'Thai Style ကွေ့တီယိုအသုပ်' သုပ်နည်း လေးပါရှင်။

အချဉ်၊ အစပ်၊ အငန် အချိုးအစား မလွဲစေရဘဲ မြင်တာနဲ့တင် သွားရည်ယိုစေမယ့် Tasteမျိုးမလို့ အသား၊ အူ၊ အသည်း၊ ပဲပင်ပေါက် စုံစုံလင်လင်နဲ့ အိမ်မှာ လုပ်စားရင်လည်း ဆိုင်ထက်တောင် သန့်ရှင်းပြီး ပိုစားလို့ကောင်းမှာအမှန်ပဲနော်။

ဆော့စ်စပ်နည်းလေးကို ကို ဗီဒီယိုထဲမှာ အသေးစိတ်ကြည့်နိုင်ပါတယ်။
Page လေးကို like & Follow လုပ်ခဲ့ဖို့မမေ့နဲ့ဦးနော

#ကွေ့တီယိုအသုပ်

05/08/2026

Gym ကစားနေသူတွေနဲ့ Diet လုပ်နေသူတွေအတွက် Low Calorie, High Protein Chicken Wrap လေးလုပ်စားရင်း တင်ပေးလိုက်ပါတယ်ရှင့်။

Diet လုပ်နေလို့ အရသာမရှိတာတွေပဲ စားနေရတာ ရိုးလာပြီဆိုရင် Calorie နည်းနည်းနဲ့ ဗိုက်ပြည့်စေမယ့် ဒီ Chicken Wrap က အကောင်းဆုံး အဖြေပါပဲ!

Diet လုပ်နေရင်တော့ မဖြစ်မနေ စမ်းကြည့်ရမယ့် Low Calorie, High Protein Wrap ကို လုပ်စားဖို့ Save ထားပြီး အိမ်မှာ လိုက်လုပ်စားကြည့်နော်!

29/07/2026

Gym ဆော့ပြီးပြန်လာရင် စားဖို့ အသင့်တော်ဆုံးနဲ့ အာဟာရပြည့်ဝတဲ့ ကိုရီးယားရေညှိဟင်းချိုနဲ့ အသားကင် 🍲🥩

ဝိတ်ချနေတယ်ဆိုပြီး အငတ်ခံစရာမလိုဘူးနော်! 🙅🏻‍♀️ Diet လုပ်နေတဲ့သူတွေအတွက် အရသာလည်းရှိ၊ ဗိုက်လည်းပြည့်စေမယ့် Perfect Match! ကိုရီးယားရေညှိဟင်းချို (Miyeok-Guk) လေးနဲ့ ကျန်းမာစွာ ဝိတ်ချကြမယ် 😋✨"

ရေညှိမှာက Vitamin A, C, E နဲ့ K တို့အပြင် သံဓာတ်၊ ကယ်လ်စီယမ်နဲ့ အိုင်အိုဒင်း (Iodine) တွေ အများကြီးပါဝင်လို့ အသားအရေလှပစေပြီး ကိုယ်ခံစွမ်းအားကို တက်စေပါတယ်။

ကင်မ်ချီ: Probiotics နဲ့ အမျှင်ဓာတ်တွေပါဝင်လို့ အစာခြေစနစ်ကို အထူးကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကနေလဲကာကွယ်ပေးတယ်။

ဒါ့ကြောင့် Diet လုပ်နေသူတွေအတွက် အကောင်းဆုံးနဲ့ အရသာအရှိဆုံး Post-Workout Meal လေးကို ကိုရီးယားဆန်ဆန် ပူပူနွေးနွေးလေး ချက်စားကြရအောင် 🍲🥢"

27/07/2026

ဒီနေ့တော့ မြန်မာ့ရိုးရာ ငါးဖယ်အစိမ်း ချဉ်စပ်ချက်လေးနဲ့ ထမင်းပူပူလေး နဲ့ တွဲစားရင် စားဖူးသူတိုင်း စွဲသွားစေရမယ့် အရသာနော်😉
ငါးဖယ်ကို ပုံမှန်တိုင်း ကြော်ပြီးခရမ်းချဉ်သီးနဲ့ပဲ ချက်စားရတာ ပျင်းလာပြီဆိုရင် ဒါလေးချက်စားကြည့်နော်။😍🐟
အစပ်ကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ငါးဖယ်အစိမ်း ချဉ်စပ်ချက် နဲ့ အရန်ဟင်းအရည်သောက်လေးပါချက်ပြထားတာမို့ video လေးကို အဆုံးထိကြည့်ပေးပါဦးနော်။

like& follow လုပ်ဖို့ မမေ့နဲ့ဦး🫣🤭

#ငါးဖယ်အစိမ်းချဉ်စပ်ချက် #မြန်မာ့ရိုးရာဟင်း

25/07/2026

အချို၊ အချဉ်၊ အရသာ ၂ခုကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ဝက်သားလုံးချိုချဉ်ကြော်လေးပါ။🍅

နောက်ပြီး ဆီးချိုသမားတွေကော / ဝိတ်ချတဲ့သူတွေပါ စားလို့ရအောင် ဘယ်လိုတွေချက်ပြထားလဲဆိုတာ Video လေးကို အဆုံးထိကြည့်ပေးပါဦး😜
(အသားလုံးကို air fryer နဲ့လည်းကြော်လို့ရတယ်နော်)comment မှာ linkလေးချပေးပါ့မယ်။

ကလေးရော လူကြီးပါ ခံတွင်းတွေ့စေမယ့်ဒီ ဝက်သားလုံးချိုချဉ်ကြော် လေးကို ဆိုင်ကထက် ပိုမိုက်အောင် ချက်ပြထားတယ်နော်😇
page လေးကို like& follow လုပ်ပေးခဲ့ပါဦးနော်။

#ဝက်သားလုံးချိုချဉ်ကြော်

19/07/2026

အိမ်မှာကိုယ်တိုင်လုပ်ထားတဲ့ Homemade Kimchi လေးမလို့ သန့်ရှင်းလတ်ဆတ်မှုနဲ့ အရသာကတော့ ရှယ်ပဲရှင်။🥬🥕

ကိုရီးယားစတိုင်အတိုင်း အိမ်မှာကိုယ်တိုင်လုပ်ထားတာမို့ တစ်ခါမြည်းကြည့်ရုံနဲ့တင် စပ်စပ်ချဉ်ချဉ် အရသာလေးမို့ အိမ်မှာ ဆောင်ထားသင့်တဲ့အရာလေးပါပဲနော်။

16/07/2026

နန်းကြီး vs နန်းပြား။ သင်ဆိုရင် ဘယ်ဟာရွေးမလဲ? ကိုယ်ကတော့ နန်းပြားပဲရှင်။

ဒါမှ ပြီးပြည့်စုံတဲ့ မြန်မာ့မနက်စာ။ 🥢
မနက်စာကို အနှစ်ရဲရဲ၊ ငါးဖယ်တုံးကြီးကြီး၊ ဘဲဥအနှစ်လေးနဲ့မှ အားရပါးရ စားချင်သူများအတွက်🔥"
အနှစ်က တကယ့်ကို အသက်ဖြစ်လို့ ဘယ်လိုချက်မလဲ တူတူ ကြည့်
ရအောင်နော်။🥰
#နန်းပြားသုပ် #နန်းကြီးသုပ် #မန္တလေးမနက်စာ #ကြက်သားအနှစ်

14/07/2026

ချဉ်စပ် ရှူးရှဲ ကြိုက်တတ်သူများအတွက် 💯 မှတ်ပေးချင်စရာ ဟင်းတစ်ခွက် ပဲနော

ချဉ်ပေါင်ရွက်ရဲ့ အချဉ်၊ ငရုတ်သီးစိမ်းရဲ့ အစပ်၊ ငါးဖယ်ရဲ့ အိဆိမ့်တုံတုံ အရသာ... ဒါက တကယ့်အမိုက်စား Combination ပဲမို့ 🤤🤤
ရာသီဥတု အေးအေးလေးမှာ ထမင်းပူပူလေးကို ချဉ်စပ်ငါးဖယ်ချဉ်ပေါင်ဟင်းနဲ့ တွဲဖက်ပြီး ပူပူစပ်စပ်လေး စားရတဲ့ အရသာက လူကို ချက်ချင်း လန်းဆန်းသွားစေမှာနော်။

#ငါးဖယ်ချဉ်ပေါင်ချဉ်စပ် #ရှူးရှဲငါးဖယ်ချဉ်ပေါင်

11/07/2026

ရှမ်းပြည်တောင်ပိုင်းရဲ့ အငွေ့အသက်အပြည့်နဲ့ ရိုးရာဟင်းထုပ် ပူပူနွေးနွေးလေးကို ခံစားပေးပါဦး😚

A taste of Southern Shan right at home! 🏔️✨

ရှမ်းရိုးရာ ဟင်းထုပ်အစစ်ကို အိမ်မှာတင် အငွေ့တထောင်းထောင်းနဲ့ ငရုတ်သီးဆီချက်အမိုက်စားရယ်၊ ဂျူးမြစ်လေးရယ်နဲ့ တွဲကိုက်လိုက်ရင်... အဝေးကြီး သွားစရာမလိုဘဲ ရှမ်းပြည်ဘက်ကို တန်းရောက်သွားစေရမယ်! စားချင်ပြီမလား? 🤤
လိုက်လုပ်စားကြည့်တော့နော်။

#မြန်မာ့အစားအစာ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yummy Boopผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์