07/04/2025
ဖာလူဒါ | ရွှေရင်အေး_ပြုလုပ်နည်း
🍵🍵🍵🍵🍵🍵🍵🍵🍵
ဒီလိုအချိန် နွေရာသီ နေပူပူလေးမှာ အအေးလေးတစ်ခွက်🍧🍧🍧🍧🍧
နဲ အမောတွေပြေ Homemade လေးလုပ်စားလိုက်ရအောင်......
ရင်ထဲကို အေးမြသွားမယ် ရေခဲ ရေ
အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး
ဖာလူဒါအတွက် ကြိုတင်ပြုလုပ်ထားရမည့် ပစ္စည်းများမှာ
၁။ ပူတင်းပေါင်းထားရမည်။
၂။ သာကူစေ့ ပြုတ်ထားရမည်။
၃။ မျှော့ချောင်း ပြုတ်ထားရမည်။
၁။ ရေခဲမုန့် ၁လုံး
၂။ ပူတင်း ၁ဇွန်း(ထမင်းစားဇွန်း)
၃။ နို့ဆီ ၁ဇွန်း(ထမင်းစားဇွန်း)
၄။ သကြားရည် ၃ဇွန်း(ထမင်းစားဇွန်း)
၅။ နွားနို့ ၃ဇွန်း(ထမင်းစားဇွန်း)
၆။ သာကူစေ့ပြုတ် ၂ဇွန်း(ထမင်းစားဇွန်း)
၇။ မျှော့ချောင်းပြုတ် ၂ဇွန်း(ထမင်းစားဇွန်း)
၈။ ကျောက်ဖရုံယိုအတုံးလေးများ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၉။ သင်္ဘောယို ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၀။ စပျစ်ခြောက် ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၁။ ဇီးဖျော်ရည်အဆီ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၂။ ရေသန့်ရေခဲ ၃တုံး
၁၃။ ကျောက်ကျော အနည်းငယ်
ပြုလုပ်ပုံ
- ပါ၀င်ပစ္စည်းများကို ဖန်ခွက်အတွင်းသို့ အဆင်ပြေသလိုထည့်ပါရှင်။ ပုံမှာပါတဲ့အတိုင်းလေး ပေါ့နော်။
C. R. D
ဒီနေ့ နေတအားပူလို့
ရွှေရင်အေး လုပ်စားကြရအောင်နော် 😋
ရွှေရင်အေး(၁၀)ပြဲစာ အတွက်
ဖြစ်ပါတယ်။ပွဲနည်းရင်နည်းသလိူ မျှတအောင်ထည့်ပေးပါ
ပါ၀င်ပစ္စည်းများကတော့
1. မုန့်လက်ဆောင်းဖတ် ၁၀၀၀ မီလီလီတာ
2. သာကူ ၂၅ ကျပ်သား ကျို ထားပါ
3. ကောက်ညှင်းပေါင်း ဆန်ချိန်ခွက် ၃ ခွက်ပေါင်းထားပါ
4. ပေါင်မုန့် ၁၀ ချပ်
5. အုန်းနို့ကျောက်ကျော ၂၅ ဂရမ် တထုတ် ကျိုထားပါ။
6. အုန်းနို့ရည် ၁ ဗူး ခြဲ ( ၆၀၀ မီလီလီတာ)
7. သကြား ၂၅၀ ဂရမ် ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။
8. ရေခဲ လိုသလောက်
9. ဆား သင့်ရုံ
ပြုလုပ်နည်း
ပထမဦးစြာ ရွှေရင်အေး လုပ်နည်းထဲမှာ လက်အဝင်ဆုံးဖြစ်တဲ့ မုန့်လက်ဆောင်းဖတ်လုပ်နည်းကို ပြောပြပေးမှာပါ။ဆန်မုန့် ထမင်းစားဇွန်း ၈ဇွန်း၊ကော်မုန့် ထမင်းစားဇွန်း ၂ဇွန်း၊ဆား၊ဆွမ်းမွှေးရည် အနည်းငယ်တို့ လိုအပ်ပါမည်။ရေနွေးပူထဲတွင် ဆွမ်းမွှေးရည်မှအပ ပါဝင်ပစ္စည်းများ ထည့်ပါ။ပျစ်လာတဲ့အထိ မီးအားအနည်းငယ်ဖြင့် ကြိုပေးပါ။ပူလာလျှင် ဆွမ်းမွှေးရည်ကို အရောင်လိုသလို ချိန်ပြီး ထည့်ပေးပါ။ရလာလျှင် ရေခဲရေထဲသို့ ဆန်ခါခံပြီး နည်းနည်းချင်း လောင်းထည့်ပေးပါ။ဒါဆိုရင်တော့ သန့်ရှင်းတဲ့ မုန့်လက်ဆောင်းဖတ် ရပါပြီ။ဆိုင်မှာလည်း မုန့်လက်ဆောင်းဖတ် လုပ်ပြီးသားကို ဝယ်လို့ ရပါတယ်။
အုန်းနို့ကျောက်ကျော အတြက္ကေတာ့ အရင်ဆုံး သကြား ၃၀၀ဂရန္ကို အုန်းနို့ တဗူး ရေ(၁ဒသမ၅လီတာ) ကျောက်ကျောမုန့် ၅၀ဂရနျုတို့ဖွငျ့ ရေမှာ ပျော်ဝင်သွားအောင် ကျိုပါ။ကျိုနေရင်း အနည်းငယ် ပျစ်လာပြီဆိုရင်တော့ ဗန်းထဲထည့်ပြီး အအေးခံပါ။ဗန်းမှာ ၂လက်မအနက်ရှိလျှင် သင့်တော်ပါသည်။
ကောက်ညှင်းပေါင်း/ချက်ဘို့အတွက် ကောက်ညှင်းဆန်ကို ရေကြည်လင်လာတဲ့အထိဆေးပီး အနည်းဆုံး ၆ နာရီ ရေစိမ်ထားပါ၊ ဇကာနဲ့ရေကုန်အောင်စစ်ပါ၊
ချက်တော့မည် ဆိုတဲ့အခါ rice cooker အိုးနဲ့တွဲပီးပါလာတဲ့ပေါင်းဆကာပေါ် ပိတ်စိမ်းပါး ရေဆွတ်ပီးခင်းပါ၊ အဲဒီအပေါ်မှာ ဆန္ကို ဖြန့်ခင်း၊ အိုးထဲ ရေထည့်ပီးနပ်တဲ့အထိပေါင်းပါ၊ အထက်အောက်လှန်ပေးဘို့လည်းလိုအပ်ပါတယ်။ အိုးသေးပီး ဆန်များရင် ၂ ခါ ခွဲပေါင်းနိုင်ပါတယ်။
အုန်းနို့ရည် ၁ ဗူး ခြဲ ( ၆၀၀ မီလီလီတာ) ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ဖျော်ထားပါ။
သကြား ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။
ပန်းကန်လုံးထဲမှာ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ရေခဲတို့ထည့်ပီး သကြားရည်၊ အုန်းနို့ရည်လေး ဆမ်းပြီး ရေခဲ၁တုံး ၂တုံး လောက်ထည့်လိုက်မယ်ဆိုရင် တစ္မိသားစုလုံး အရသာရွိစြာ စားနိုင်တဲ့ ရွှေရင်အေး အေးအေးလေး ရပါပြီ။
Credit to original uploader
ကျန်းမာရေး နဲ့ညီညွတ်ပြီးအရသာရှိလှတဲ့မုန့်မျိုးစုံ
လုပ်နည်းနဲ့ဟင်းချက်နည်းမျိုးစုံကိုတင်ပေးဉီးမှာဖြစ်လို့PageကိုLike & Follow လုပ်ခဲ့ဖို့မမေ့နဲ့နော်😉😍