10/05/2025
နေခဲ့မယ်
----------
ချစ်မိတဲ့သူ အတွက်တော့
ချစ်ခြင်းက ချိုမြိန်တာပေါ့
အချစ်ရယ်....
ချစ်ပေးတော့လည်း သူမပျော်ဘူး
မင်းမချစ်တော့လည်း
ကိုယ်မငြိုငြင်ပါဘူး အချစ်ရယ်...
ဒီအသည်းမှာနစ်တဲ့ ဒဏ်ရာထက်
မင်းမျက်ဝန်းလေး ညှိုးငယ်မှာက
ပိုနာကျင်ရပါတယ် အချစ်ရယ်....
ဒီကောင်အလိုက်သိတော့လဲ
ဝေးပြီပေါ့ အချစ်ရယ်...
Gentry
-----------