MAY'S Kitchen Cooking 🥘
Eating 😋
Rolling 😎
စိတ်ကူးပေါက်သလို ဟင်းတွေချက်မယ်
(3)

ထိုင်းကသူတွေအတွက် မုန့် Review 😁Makro က ဒီ မုန့်ကြိုးလိမ် တအားကောင်းလို့ ကြုံရင် ဝယ်စားကြည့်စေချင်တယ်😋{ထိုင်းလို โดนัทน้...
18/05/2026

ထိုင်းကသူတွေအတွက် မုန့် Review 😁
Makro က ဒီ မုန့်ကြိုးလိမ် တအားကောင်းလို့ ကြုံရင် ဝယ်စားကြည့်စေချင်တယ်😋
{ထိုင်းလို โดนัทน้ำตาล (donut namtaan) လို့ခေါ်တယ်တဲ့။E လိုဆို Sugar Donuts Ballပေါ့}

📍 Big C မှာလဲ ရတယ်၊ ဒါမဲ့ နှစ်ခု ယှဉ်စားကြည့်ပြီးပြီ။
မက်ခရိုက မုန့်က ဂျုံသားပိုကောင်း၊ပိုအိပြီး အရသာပိုကောင်းတယ်...
(ဘစ်စီမှာက နှစ်ခုတွဲလေးတွေရောင်းတယ်၊ဘတ်ဂျက်သိပ်သုံးစရာမလို၊မက်ခရိုမှာကျ ဒီလိုအထုပ်လိုက်ပဲရောင်းတယ်ပေါ့နော် အဲတော့ ဈေးလည်းကွာပေါ့)

"အစားကောင်းစားရင် ချစ်တဲ့သူတွေကို သတိရတယ်ဆိုတဲ့အတိုင်း" စားကြည့်စေချင်လို့ Just Sharing ပါ💕


18/05/2026

Big C က ဝယ်လာတာ ခုတစ်ခေါက် အလုံးပိုလှတယ်🥭💛

#သရက်သီး

🅖🅞🅞🅓 🅜🅞🅡🅝🅘🅝🅖 ☕ မနက်က ရန်ကုန်ငလျင်ပြင်းတယ်တွေ့တော့ အသိတွေမေး၊အိမ်ကိုလည်းလှမ်းမေး၊သတင်းတွေလည်းဖတ်ရင်း Morning Post ခုမှ တင...
18/05/2026

🅖🅞🅞🅓 🅜🅞🅡🅝🅘🅝🅖 ☕
မနက်က ရန်ကုန်ငလျင်ပြင်းတယ်တွေ့တော့ အသိတွေမေး၊အိမ်ကိုလည်းလှမ်းမေး၊သတင်းတွေလည်းဖတ်ရင်း Morning Post ခုမှ တင်ဖြစ်တော့တယ်😅

မန်းငလျင်လိုမျိုး ဘယ်နေရာမှာမှ ထပ်မဖြစ်စေချင်ဘူး၊မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။
Be safe everyone 🙏❤️

📸 ပုံလေးက ရန်ကုန်၊ရန်ကင်းက ☕ What's Up Cafe Yangon မှာ ထိုင်ဖြစ်တုန်းကပါ။
ကော်ဖီလည်းကောင်း၊ဓာတ်ဖမ်းလည်းကောင်းတဲ့ နေရာလေးပေါ့ 📍


YGN ကို လွမ်းတဲ့ အစားအသောက်ထဲမှာ သူက ထိပ်ဆုံးက😒Missing my favorite food so much🍜🤤ထိုင်းကဆိုင် တစ်ခေါက်သွားစားကြည့်ပြီးပြ...
17/05/2026

YGN ကို လွမ်းတဲ့ အစားအသောက်ထဲမှာ သူက ထိပ်ဆုံးက😒
Missing my favorite food so much🍜🤤

ထိုင်းကဆိုင် တစ်ခေါက်သွားစားကြည့်ပြီးပြီ...ရန်ကုန်ဆိုင်ကလိုမျိုး Taste မဟုတ်ခဲ့လို့ ငိုချင်🥹

#မာလာရှမ်းကော

17/05/2026

ထိုင်းကရောင်းတဲ့ ငှက်ပျောသီးကြော်က ကိုယ်တွေဆီကနဲ့မတူဘူး...
သူတို့ကကျ ပါးပါးလေးတွေ လှီးပြီး တစ်ခုချင်းစီကို မုန့်နှစ်နဲ့ကပ်ကြော်တာ💛

📍 အရမ်းအချိုသုံးမထားဘူး၊စားလို့ကောင်းတယ်။ ဘတ်နှစ်ဆယ်ဖိုးကို ဆယ်ခုလောက်ရတယ်😋

#ငှက်ပျောကြော်

ʜᴀᴘᴘʏ ꜱᴜɴᴅᴀʏ ᴇᴠᴇʀʏᴏɴᴇ 💕
17/05/2026

ʜᴀᴘᴘʏ ꜱᴜɴᴅᴀʏ ᴇᴠᴇʀʏᴏɴᴇ 💕


16/05/2026

ဂျပန်စာလေးတွေကို စားလို့လည်းကောင်းရမယ်၊အရမ်းလည်းဈေးမကြီးတာထဲက စားချင်ရင်
📍𝙆𝙊𝙁𝙐𝙆𝙐 ဆိုတဲ့ ဒီဆိုင်လေးကို Recommend ပေးပါတယ်နော်😻

"မေ"တို့ စားခဲ့တဲ့ Set လေးတွေက အဲရက်မှာ ပရိုမိုရှင်းလည်းရှိ‌နေတော့ တစ်ရာကိုးဆယ့်ကိုးဘတ် ဝန်းကျင်လောက်ပဲ ကျခဲ့ပါတယ်...


ဒီနေ့တော့ အပြင်သွားရင်း ဂျပန်စာလေး တစ်ဖြတ် 🍽️😋 ညကျရင် Review လေးပေးရင်း Video လေး တင်ပေးမယ်နော်🤗ခုတော့ Edit မလုပ်ရသေးလို...
16/05/2026

ဒီနေ့တော့ အပြင်သွားရင်း ဂျပန်စာလေး တစ်ဖြတ် 🍽️😋

ညကျရင် Review လေးပေးရင်း Video လေး တင်ပေးမယ်နော်🤗ခုတော့ Edit မလုပ်ရသေးလို့😁


15/05/2026

Japanese 🍠ကန်စွန်းဥမီးဖုတ်တဲ့

ဒီဆိုင်လေးက တွေ့နေတာတော့ကြာပြီ...
ခုတစ်ခေါက်တော့ ဝယ်စားဖြစ်လိုက်တယ်ပေါ့...

Japanese Sweet Potato 🍠 က အရင်ထဲက‌ ဈေးကြီးလို့လားတော့ မသိဘူးပေါ့နော်...

📍 ဘာနေနေ နှစ်ဥလောက်ပါမယ်ထင်တာ၊တစ်ဥပဲပါတာကို ၉၉ဘတ်ဆိုတော့ စားနေရင်းသွေးတက် နှမြောပြီး😆🤭
(တစ်ခေါက်စားဖူးပြီးပြီဆိုတော့ တော်ပါပြီ နောက်လဲမလာတော့ဘူး၊လာလဲမနောက်တော့ဘူး😁)

ချိုတာတော့ ရက်ရက်စက်စက်ပါပဲ😋

🏠 တကယ်လို့ ထိုင်းကသူတွေ မြည်းစမ်းကြည့်ချင်ရင် MRT Sukhumvit နဲ့ A Soke BTS ဘက် ကူးတဲ့ စက်လှေကားနားမှာ အဲဆိုင်လေး ရှိပါတယ်နော်...(Terminal 21ဘက် တက်တဲ့ စက်လှေကားအနားလေးမှာပါ)

#ကန်စွန်းဥ

15/05/2026

ဈေးထဲက ဂေါ်ရခါးညွန့်လတ်လတ်ဆတ်ဆတ်လေးတွေ ရခဲ့လို့🧑‍🍳

🧅 ကြက်သွန်အဖြူ၊အနီလေးဆီသတ်ပြီး ပုစွန်ခြောက်မှုန့် အဆင်သင့်မရှိတော့ ပုစွန်ထုပ်လေးတွေကိုပဲ ညှပ်ထည့်ပြီး ဂေါ်ရခါးညွန့်လေးတွေနဲ့ကြော်စားဖြစ်ပါတယ်။

🥣 ချခါနီး ငရုတ်ခြောက်နှစ်တောင့်လောက်ကိုပါ ညှပ်ထည့်လိုက်ပါတယ်။တရုတ်ဆိုင်တွေမှာစားရင် ပါတတ်လို့😁

#အိမ်ချက်လက်ရာ #ဂေါ်ရခါးညွန့်ကြော်

ဂေါ်ရခါးညွန့်ကြော် ပူပူလေး ကြိုက်လားရှင်💚 #ဂေါ်ရခါးညွန့်ကြော်  #အိမ်ချက်လက်ရာ
15/05/2026

ဂေါ်ရခါးညွန့်ကြော် ပူပူလေး ကြိုက်လားရှင်💚

#ဂေါ်ရခါးညွန့်ကြော် #အိမ်ချက်လက်ရာ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MAY'S Kitchenผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์