Lynn - The Candle Therapy

Lynn - The Candle Therapy Whether you need a moment of peace, a boost of clarity, or a comforting atmosphere, Lynn’s candles are crafted to support your inner well-being.

"Lynn" The Candle Therapy

We offer therapeutic scented candles to heal our souls and as gifts for loved ones to express the affection. We hope that individuals would improve mentally and spiritually in order to lynn this cruel world together.

24/08/2026

✨ ကိုယ့်အတွက် ခဏလေး ရပ်နားပေးဖို့ မမေ့နဲ့နော် …

တစ်နေ့တာလုံး အလုပ်တွေ၊ စိတ်ရှုပ်စရာတွေ၊ အတွေးတွေကြားမှာ ကိုယ့်အတွက်ဆိုပြီး အချိန်လေးတစ်ခုပေးဖို့ မလွယ်ဘူးနော်။ 🥹🤍

Lynn – The Candle Therapy နဲ့
✨ အခန်းလေးက ပိုနွေးထွေးလာမယ်
🌿 အနံ့လေးက စိတ်ကို ပိုသက်သာစေမယ်

Light a candle. Slow down. Come back to yourself. 🕯️🤍

ကိုယ့်အတွက်ဖြစ်ဖြစ်၊ ချစ်ရတဲ့သူတစ်ယောက်အတွက်ဖြစ်ဖြစ် Lynn - The Candle Therapy လေးနဲ့ နွေးထွေးတဲ့အချိန်လေးတစ်ခု ဖန်တီးလိုက်ပါ။ ✨

အိမ်လေးကို အနံ့လေးတွေနဲ့ ပိုပြီးသက်တောင့်သက်သာရှိအောင် ဖန်တီးဖို့ "Scent Mapping" အကြောင်းလေး ပြောပြပေးချင်ပါတယ်။အိမ်ဆို...
17/08/2026

အိမ်လေးကို အနံ့လေးတွေနဲ့ ပိုပြီးသက်တောင့်သက်သာရှိအောင် ဖန်တီးဖို့ "Scent Mapping" အကြောင်းလေး ပြောပြပေးချင်ပါတယ်။

အိမ်ဆိုတာ ကိုယ့်အတွက် အနားယူရာ နေရာလေးဖြစ်ရမယ်လေ။ အခန်းတစ်ခုချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး Scent Mapping လေး လုပ်ကြည့်ရအောင်။ 🏠✨

🛌 အိပ်ခန်း: တစ်နေကုန် ပင်ပန်းသမျှကို ဖြေဖျောက်ဖို့ Lavender အနံ့လေးက အကောင်းဆုံးပဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။

🛋️ ဧည့်ခန်း: မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ပျော်ပျော်ပါးပါး စကားပြောဖို့ လန်းဆန်းတဲ့ အနံ့လေးတွေ ရွေးချယ်သင့်တယ်။

💻 အလုပ်လုပ်တဲ့နေရာ: အလုပ်ကို ပိုပြီးအာရုံစိုက်နိုင်ဖို့ Luminata ဒါမှမဟုတ် Sweet Orange လို အနံ့လေးတွေက စွမ်းအင်သစ်တွေကို ပေးစွမ်းနိုင်ပါတယ်။

အပြင်မှာ စိတ်ညစ်စရာတွေ ဘယ်လောက်များများ အိမ်ပြန်ရောက်ရင်တော့ စိတ်လက်ပေါ့ပါးသွားဖို့ Lynn - The Candle Therapy က ရှိနေပါတယ်။ Scent Mapping ဆိုတာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို အနံ့လေးတွေနဲ့ ထိန်းညှိပေးတာပါ။

✨ နံနက်ခင်းမှာ: လန်းဆန်းတက်ကြွစေမယ့် Scent လေးနဲ့ နေ့သစ်ကို စတင်ပါ။
✨ ညဘက်မှာ: အိပ်စက်ခြင်းကို အထောက်အကူပြုမယ့် Lavender လို အနံ့လေးနဲ့ Relax လုပ်ပါ။

အခန်းတိုင်းမှာ သူ့အနံ့နဲ့သူ ရှိနေရင် အိမ်ထဲမှာနေရတာ ပိုပြီး အဓိပ္ပာယ်ရှိလာမှာပါ။ ကိုယ့်အတွက် အသင့်တော်ဆုံး အနံ့လေးတွေကို Lynn - The Candle Therapy မှာ လာရောက်ရွေးချယ်လိုက်ပါ။

14/08/2026

Lynn – The Candle Therapy မှာ နောက်ထပ် scent အသစ်တွေ ဖန်တီးဖို့ Essential Oil တွေကို စမ်းသပ်ရွေးချယ်ပြီး အနံ့တစ်မျိုးချင်းစီကို သေချာခံစားနေပါတယ်နော်။ 🌿🤍

ဘယ်အနံ့တွေက Lynn ရဲ့ နောက်ထပ် candle အသစ်တွေ ဖြစ်လာမလဲနော်? 👀
Your next favourite scent might be one of these. 🕯️✨

ဘယ် scent မျိုးလေးတွေကို ပိုသဘောကျလဲဆိုတာလည်း comment မှာ ပြောပြပေးပါနော်။ 💭

Lynn - The Candle Therapy ရဲ့ Aromatherapy Candle လေးတွေကို သုံးစွဲရာမှာ ဘေးကင်းပြီး ထိရောက်မှုရှိစေဖို့ လိုက်နာရမယ့် အခ...
10/08/2026

Lynn - The Candle Therapy ရဲ့ Aromatherapy Candle လေးတွေကို သုံးစွဲရာမှာ ဘေးကင်းပြီး ထိရောက်မှုရှိစေဖို့ လိုက်နာရမယ့် အချက်များနဲ့ ရှောင်ကြဉ်ရမယ့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

🚨 ပထမဆုံးအကြိမ် အသစ်ထွန်းညှိမယ်ဆိုရင် အပေါ်ယံ ဖယောင်းလွှာတစ်ခုလုံး အရည်ပျော်သွားတဲ့အထိ အနည်းဆုံး ၂ နာရီခန့် ထွန်းပေးပါ။ ဒါမှ နောက်ပိုင်းထွန်းတဲ့အခါ ဖယောင်းအလယ်သားချည်းသက်သက် ချိုင့်ဝင်သွားတာမျိုး မဖြစ်မှာပါနော်။

🚨 အပူခံနိုင်တဲ့ မျက်နှာပြင်ပေါ်မှာ ထွန်းညှိတာ ဒါမှမဟုတ် အပူခံပြား သုံးစွဲပေးပါနော်။

🚨 မီးကို မှုတ်ငြှိမ်းမယ်ဆိုရင် မီးခိုးနံ့တွေ ထွက်လာနိုင်တာမို့ ဘူးအဖုံးလေး အသာအယာအုပ်ပေးပြီး မီးငြှိမ်းပေးပါနော်။

🚨 ပန်ကာ၊ လေအေးပေးစက် သို့မဟုတ် ပြတင်းပေါက် တံခါးအနီးက လေ တိုက်ရိုက်တိုးတဲ့နေရာတွေမှာ တိုက်ရိုက်ထွန်းရင် မီးတောက်မညီမညာဖြစ်ပြီး မီးခိုးထွက်စေနိုင်ပါတယ်။

🚨 ဖယောင်းဘူး မီးထွန်းထားချိန်တွေတိုင်းမှာ ကလေးများ၊ အိမ်မွေးတိရစ္ဆာန်များနဲ့ မီးလောင်နိုင်သောပစ္စည်းများကိုတော့ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

🚨 မီးထွန်းထားလျှက် ဖယောင်းဗူးကို နေရာမရွှေ့ပါနဲ့။ ဖယောင်းရည်ဖိတ်စင်တာ၊ အပူလောင်တာ ဖြစ်တတ်ပါတယ်။

✨ Guess What’s Coming? 🤔🤫ထူးခြားတဲ့ လျှို့ဝှက်ချက်လေးတစ်ခုကို ကျွန်တော်တို့ တိတ်တဆိတ် ပြင်ဆင်နေခဲ့ပါတယ်! 🎁✨Lynn - The Ca...
08/08/2026

✨ Guess What’s Coming? 🤔🤫

ထူးခြားတဲ့ လျှို့ဝှက်ချက်လေးတစ်ခုကို ကျွန်တော်တို့ တိတ်တဆိတ် ပြင်ဆင်နေခဲ့ပါတယ်! 🎁✨

Lynn - The Candle Therapy နဲ Golden Land Solidarity Collective တို့ ပူးပေါင်းပြီး အရမ်းကို အဓိပ္ပာယ်ရှိတဲ့ အထူး Collaboration လေးတစ်ခုကို မကြာမီ ယူဆောင်လာတော့မှာပါ! 🤝💖

🌿 Therapeutic
🌱 Vegan
🐰 Cruelty-Free
♻️ Biodegradable

ဘာတွေဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦးနော်! ⏳✨

Give Your Jar a Second Life ♻️🕯️ဖယောင်းဘူးတစ်ဘူးရဲ့ အလင်းရောင်နဲ့ ရနံ့က ကုန်ဆုံးသွားနိုင်ပေမယ့် သူ့ရဲ့တန်ဖိုးကတော့ အဲ့ဒီ...
05/08/2026

Give Your Jar a Second Life ♻️🕯️

ဖယောင်းဘူးတစ်ဘူးရဲ့ အလင်းရောင်နဲ့ ရနံ့က ကုန်ဆုံးသွားနိုင်ပေမယ့် သူ့ရဲ့တန်ဖိုးကတော့ အဲ့ဒီမှာပဲ မရပ်တန့်သေးပါဘူး။ ✨Lynn – The Candle Therapy ရဲ့ ဖယောင်းဘူးတွေကို အသုံးပြုပြီးသွားတဲ့အခါ Glass Jar လေးကို မပစ်ဘဲ နောက်တစ်ကြိမ် အသုံးဝင်အောင် ပြန်လည်အသုံးချနိုင်ပါတယ်။

🖊️ Pen Holder အဖြစ်
💄 Makeup Brush သို့မဟုတ် Skincare Tools Holder
🧂 Cotton Pads၊ Cotton Buds သို့မဟုတ် အိမ်သုံးပစ္စည်းလေးတွေ သိမ်းဆည်းဖို့
🌸 Decor Piece အဖြစ် အမျိုးမျိုး ပြောင်းလဲ အသုံးပြုနိုင်ပါသေးတယ်နော်။ ♻️
ဖယောင်း ကုန်သွားပြီဆိုရင် Glass Jar ကို ရေနွေးပူနဲ့ အပူပေးတဲ့ နည်းလမ်း ဒါမှမဟုတ် ရေခဲသေတ္တာထဲ အအေးခံတဲ့ နည်းလမ်း တွေကို အသုံးပြုကာ သန့်ရှင်းရေးလုပ်ပြီး တခြားနေရာများမှာ စတင် ပြန်လည်အသုံးပြုနိုင်ပါပြီ။

ကုန်သွားပေမယ့် Glass Jar အခွံကို အလွယ်တကူ မလွှတ်ပစ်ဘဲ ပုံစံအသစ်ခုအဖြစ် ပြန်လည်သုံးစွဲပေးခြင်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးရုံသာမက ပိုမိုတန်ဖိုးရှိတဲ့ နေထိုင်မှုပုံစံတစ်ခုကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

Lynn – The Candle Therapy က ယုံကြည်တာကတော့ ဖယောင်းဘူးရဲ့ မီးအလင်းနဲ့ ရနံ့ဟာ သုံးစွဲပြီး ကုန်ဆုံးသွားနိုင်ပေမယ့် သူ့ရဲ့တန်ဖိုးနဲ့ အမှတ်တရတွေကတော့ ဆက်လက်ရှင်သန်နေသင့်ပါတယ်။ 🌿

ဖယောင်းထည့်ထားတဲ့ Glass Jar လေးတွေကို သန့်ရှင်းတဲ့နည်းလမ်းလေးတွေကိုလည်း နောက်တစ်ခေါက်မှာ ထပ်ပြီး ပြောပြပေးသွားပါဦးမယ်နော်။ 🤍

Give Your Jar a Second Life. Because every little choice makes a brighter tomorrow. 🌿

🕯️ Super August Deals × Lynn The Candle Therapyတစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အနားပေးပြီး နွေးထွေးတဲ့ အငွေ့အသက်လေး...
02/08/2026

🕯️ Super August Deals × Lynn The Candle Therapy

တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အနားပေးပြီး နွေးထွေးတဲ့ အငွေ့အသက်လေး ဖန်တီးချင်ပါသလား? ✨

Lynn The Candle Therapy ရဲ့ Aromatherapy Scented Candle Collection ကို SpringZey Super August Deals မှာ 20% OFF နဲ့ အထူးဈေးနှုန်းဖြင့် ဝယ်ယူနိုင်ပါပြီ။

🕯️ Featured Scents
✨ Quiet Respite
🌼 Golden Reverie
🤍 The Inner Sanctum
🌿 Ground and Glow
💛 Luminata

အိမ်မှာ အနားယူချိန်၊ စာဖတ်ချိန်၊ အလုပ်လုပ်ချိန် ဒါမှမဟုတ် ကိုယ်ပိုင်အေးချမ်းတဲ့ Moment လေးတွေကို ပိုပြီး ပြည့်စုံစေဖို့ Lynn The Candle Therapy နဲ့အတူ အနံ့အသက်ကောင်းကောင်းလေးကို ရွေးချယ်လိုက်ပါ။

🔥 20% OFF
📅 Promotion Period: 1 – 10 August 2026

🛒 ထိုင်းနိုင်ငံရှိ မိတ်ဆွေများအတွက် SpringZey မှာ အခုပဲ ဝယ်ယူနိုင်ပါပြီ။
Shop now at https://www.springzey.com/search?_cmi=3a5c7f83-c58c-f111-b337-6045bd205e89
Telegram -

Now Stocked at Everything Halal CNX ! 🕯✨Lynn - The Candle Therapy ရဲ့ Aromatherapy Candle လေးတွေကို အခုဆိုရင် Everything...
28/07/2026

Now Stocked at Everything Halal CNX ! 🕯✨

Lynn - The Candle Therapy ရဲ့ Aromatherapy Candle လေးတွေကို အခုဆိုရင် Everything Halal CNX ဆိုင်မှာလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ။ 🤍

စိတ်ပင်ပန်းနေတဲ့နေ့တွေမှာ အနံ့မွှေးမွှေးလေးနဲ့ စိတ်အပန်းဖြေချင်တာပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်လေးကို နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ အငွေ့အသက်လေး ဖန်တီးချင်တာပဲဖြစ်ဖြစ် Lynn - The Candle Therapy ရဲ့ Aromatherapy Candle လေးတွေက သင့်အတွက် အဖော်ကောင်းလေး ဖြစ်လာမှာပါ။ 🌿🕯

အခုကစပြီး Everything Halal CNX မှာ ကိုယ်ကြိုက်တဲ့ရနံ့လေးတွေကို ကိုယ်တိုင်ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

📞 065 464 8876
📍 Location: 73/5 Charoen Prathet Road, Chang Moi Sub district, Mueang Chiang Mai District
🗺 Google maps: https://bit.ly/4gp9JLp

🌙 The Bedtime Routine Bundleအိပ်ရာဝင်ချိန်တိုင်းကို ကိုယ့်အတွက် Healing Time လေးအဖြစ် ပြောင်းလဲလိုက်ပါ။တစ်နေ့တာရဲ့ အလုပ်...
22/07/2026

🌙 The Bedtime Routine Bundle

အိပ်ရာဝင်ချိန်တိုင်းကို ကိုယ့်အတွက် Healing Time လေးအဖြစ် ပြောင်းလဲလိုက်ပါ။
တစ်နေ့တာရဲ့ အလုပ်တွေ၊ စာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတဲ့အချိန်တွေပြီးရင် သင့်ခန္ဓာကိုယ်နဲ့ စိတ်နှလုံးကလည်း အနားယူဖို့ အချိန် လိုအပ်ပါတယ်။

The Bedtime Routine Bundle ကတော့ ညအိပ်ခါနီး Routine ကို အေးချမ်းသက်သောင့်သက်သာ ဖြစ်စေဖို့ Lynn - The Candle Therapy က စိတ်ရှည်လက်ရှည် ဖန်တီးထားတဲ့ Aromatherapy Candle Collection လေးပါ။ ✨

🕯️ Quiet Respite
Lavender, Cedarwood နဲ့ Sweet Orange တို့ရဲ့ နူးညံ့တဲ့ရနံ့က စိတ်ဖိစီးမှုတွေကို ဖြည်းဖြည်းချင်း လျော့ပါးစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။

🕯️ Ground & Glow
Lavender, Cedarwood နဲ့ Sandalwood ပေါင်းစပ်ထားတဲ့ ရနံ့က စိတ်ကို Grounding ဖြစ်စေပြီး Meditation လုပ်တဲ့အချိန်၊ စာဖတ်တဲ့အချိန် ဒါမှမဟုတ် ညအိပ်ခါနီး စိတ်ကို အေးချမ်းစေဖို့ သင့်တော်ပါတယ်။

🕯️ The Inner Sanctum
Ylang Ylang, Sweet Orange နဲ့ Sandalwood တို့ရဲ့ နူးညံ့နွေးထွေးတဲ့ ရနံ့က ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့၊ စိတ်ချမ်းသာဖို့နဲ့ နွေးထွေးတဲ့ Comfort Feeling ကို ပေးစွမ်းပါတယ်။

ဒီ Bundle လေးက ညတိုင်းကို အိပ်ချိန်တစ်ခုတည်း မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပြန်လည်အားဖြည့်ပေးတဲ့ Ritual လေးတစ်ခု အဖြစ် ဖန်တီးပေးမှာပါ။

🤎 Therapeutic Hand-Poured
🌱 Vegan & Eco-Friendly
🐰 Cruelty-Free
Crafted for Your Moment. ✨

စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနွမ်းနယ်ခဲ့တဲ့ နေ့တစ်နေ့ကို ဖြတ်သန်းပြီးနောက် အိမ်ပြန်ရောက်တဲ့အခါ Scented Candle လေး ထွန်းညှိပ...
15/07/2026

စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနွမ်းနယ်ခဲ့တဲ့ နေ့တစ်နေ့ကို ဖြတ်သန်းပြီးနောက် အိမ်ပြန်ရောက်တဲ့အခါ Scented Candle လေး ထွန်းညှိပြီး စိတ်ကို အနားပေးရတာလောက် ဇိမ်ရှိတာ မရှိပါဘူးနော်။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ အိမ်မွေးခွေးလေး၊ ကြောင်လေးတွေဟာ လူတွေထက် အနံ့ခံအာရုံ ပိုမိုထက်မြက်ပြီး အချို့သော ဓာတုပစ္စည်းတွေ၊ ပြင်းထန်တဲ့ Essential Oils တွေနဲ့ မတည့်တတ်တာကို သတိထားမိကြမှာပါ။ ဒါကြောင့်ပဲ စိတ်လည်းအပန်းပြေစေချင်တယ်၊ မိမိတို့ရဲ့ အချစ်တော်လေးတွေကိုလည်း မထိခိုက်စေချင်ဘူးဆိုတဲ့ မေတ္တာတရားနဲ့ Lynn - The Candle Therapy ကို ဖန်တီးလိုက်ရခြင်း ဖြစ်ပါတယ်။

"Kind to Your Mind, Gentle on All Paws 🌿🐾"

Scented Candle တွေ သုံးတဲ့အခါ ကိုယ့်စိတ်ကလေး ကြည်လင်ဖို့တင်မကဘဲ အိမ်ထဲမှာရှိတဲ့ တိကလေးတွေအတွက်ပါ ရာနှုန်းပြည့် စိတ်ချရဖို့ ကျနော်တို့က အမြဲဦးစားပေးပါတယ်။

ကိုယ်တိုင်ရော၊ အချစ်တော်လေးတွေပါ တူတူအနားယူကြမယ်နော်။

Stay-tuned ! COMING SOON ….

ที่อยู่

Tak
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lynn - The Candle Therapyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์