04/02/2025
တတပ်တအားပါဝင်ကူညီထားပါတယ် April 12ve မှာတွေ့ပါမယ်နော်
"ရောင်နီ Maryland " ပွဲလေးက ၁၂ရက်နေ့မှ ဖြစ်ပေမယ့်
ပွဲလက်မှတ်တွေ ရောင်းချရထားတဲ့ ငွေတွေထဲက
ကနဦးအဖြစ် မြန်မာကျပ် သိန်း ၁၂၀၀ကျော်ကို
မြန်မာပြည်တွင်းက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့ စတင်ပို့ဆောင်နေပြီဖြစ်ပါတယ်။
ပွဲမကျင်းပမီမှာပဲ ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့်
ပွဲလက်မှတ်တွေ ဝယ်ယူအားပေးထားကြတဲ့
တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့
အလှူဖြစ်သလို
အခြေအနေအကြောင်းအမျိုးမျိုးကြောင့်
ပြည်ပမှာအဝေးရောက်နေကြပေမယ့်
ပြည်တွင်းထဲက ဒုက္ခများစွာကို ရင်စည်းခံနေကြရတဲ့
တို့ပြည်သူတွေနဲ့ထပ်တူ အမြဲရှိနေကြမယ်ဆိုတာ
ရောင်နီအဖွဲ့သားတွေက အမြဲကတိပေးပါတယ်။
#ရောင်နီ