IMOK - အိုင်အမ်အိုကေ

  • Home
  • IMOK - အိုင်အမ်အိုကေ

IMOK - အိုင်အမ်အိုကေ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IMOK - အိုင်အမ်အိုကေ, Arts & Crafts Store, .

Weekend မှာ ဘာလုပ်ရမလဲ ပျင်းနေပြီလား? 🎨✨အပြင်တွေသွားရတာလည်း ရိုးနေပြီဆိုရင်... အိမ်မှာတင် ချစ်ရတဲ့သူ သူငယ်ချင်း ဒါမှမဟုတ...
08/06/2026

Weekend မှာ ဘာလုပ်ရမလဲ ပျင်းနေပြီလား? 🎨✨

အပြင်တွေသွားရတာလည်း ရိုးနေပြီဆိုရင်... အိမ်မှာတင် ချစ်ရတဲ့သူ သူငယ်ချင်း ဒါမှမဟုတ် Partner နဲ့ တူတူ အမှတ်တရလုပ်လို့ရမယ့် Activity လေးတစ်ခု ရှိတယ်နော်။
🏺 Paint My day 🏺Set လေးမှာ မြေအိုးက ၂ လုံးတောင် ပါတာမို့လို့ တစ်ယောက်တစ်လုံး စိန်ခေါ်ပြီး ဘယ်သူပိုလှအောင် ခြယ်နိုင်မလဲ ပြိုင်ကြမလား? တစ်ယောက်နဲ့တစ်ယောက် အိုးလေးတွေ အပြန်အလှန် ခြယ်ပေးပြီး လက်ဆောင်ပေးရင်လည်း အရမ်း ရိုမန်တစ် ဆန်ပါတယ်နော်။ 🥰

တူတူရယ်မောရင်း၊ ဆေးရောင်စုံတွေနဲ့ ကစားရင်း ကုန်ဆုံးရတဲ့ အချိန်လေးက ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အမှတ်တရ ဖြစ်သွားမှာပါ။

📦 တစ်ဆက်စာမှာ အိုး ၂ လုံး၊ ဆေး ၅ ရောင်၊ colour platte တချပ်နဲ့ စုတ်တံ ၂ ချောင်း အပြည့်အစုံ ပါဝင်လို့ ဘာမှထပ်ဝယ်စရာမလိုဘဲ ဘူးဖွင့်တာနဲ့ တန်းခြယ်ရုံပါပဲရှင်။ 🥰
One Set - (2****) kyat 💸

တSetလုံးကိုမှ အရမ်းတန်တဲ့စျေးနဲ့ရမှာမို့..မှာယူလိုပါက CB နော်
#အိုင်အမ်အိုကေ

မနက်ဖြန် Valentine Day မှာ အမှတ်တရလက်ရာတွေအတူတူဖန်တီးဖို့အတွက်The Lantern House မှာ ရှိနေပါမယ်နော်။
13/02/2026

မနက်ဖြန် Valentine Day မှာ
အမှတ်တရလက်ရာတွေအတူတူဖန်တီးဖို့အတွက်
The Lantern House မှာ ရှိနေပါမယ်နော်။

💗ချစ်သူများနေ့မှာ အချစ်နဲ့အတူတူ အမှတ်တရသစ်တွေ ဖန်တီးကြမယ် 💗မကြာခင်ရောက်ရှိလာတော့မယ့် Valentine’s Day မှာ ချစ်ရသူနဲ့အတူ စ...
12/02/2026

💗ချစ်သူများနေ့မှာ အချစ်နဲ့အတူတူ အမှတ်တရသစ်တွေ ဖန်တီးကြမယ် 💗

မကြာခင်ရောက်ရှိလာတော့မယ့် Valentine’s Day မှာ ချစ်ရသူနဲ့အတူ စိတ်အေးချမ်းမှုရှိပြီး ထူးခြားတဲ့ အစီအစဉ်လေးတစ်ခုကို ဆင်နွှဲဖို့ IMOK မှ ဖိတ်ခေါ်လိုက်ပါတယ်။

🏺IMOK - အိုင်အမ်အိုကေ🏺 ဆိုတာ မြန်မာ့ရိုးရာမြေအိုးလက်မှုပညာရပ်ကို ရေရှည်တည်တံ့စေဖို့နဲ့ ဒေသခံအိုးလုပ်ငန်းရှင်တွေကို ပံ့ပိုးကူညီပေးနေတဲ့ လူထုအခြေပြု လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အခု Valentine’s Day မှာတော့ IMOK ကနေ မိရိုးဖလာလက်မှုပညာနဲ့ ခေတ်သစ်အနုပညာကို ပေါင်းစပ်ပြီး အထူးအစီအစဉ်တွေ ပြင်ဆင်ထားပါတယ် ။

🎨 Free Pot Painting Experience
အနုပညာရဲ့ နူးညံ့မှုနဲ့ မေတ္တာတရားရဲ့ နွေးထွေးမှုကို ခံစားရင်း ကိုယ်တိုင် 'အိုးဆေးခြယ်ခြင်း' အစီအစဉ်ကို အခမဲ့ ပါဝင်ဆင်နွှဲနိုင်မှာပါ။

🎁 Valentine Day Gift Set
ချစ်ရသူအတွက် အဓိပ္ပာယ်ရှိပြီး ထူးခြားတဲ့ မြေထည်လက်မှုပစ္စည်းလေးတွေကို Gift Set အနေနဲ့ ရွေးချယ်နိုင်ပါတယ်။

✨ Surprise အစီအစဉ်များ
ပွဲလာရောက်သူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် Surprise အစီအစဉ်လေးတွေလည်း ထည့်သွင်းပေးထားပါတယ်။

📅 Date: February 14, 2026
⏰ အချိန် - မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ
📍Location: The Lantern House ဝန်ကြီးများရုံး

ချစ်ရသူတွေနဲ့အတူ အေးချမ်းတဲ့ အချိန်လေးတစ်ခုကိုလည်း အတူတူ ပိုင်ဆိုင်နိုင်ဖို့ လာမယ့် February 14 ရက်နေ့ Valentine’s Day မှာ ဝန်ကြီးများရုံးမှာရှိတဲ့ The Lantern house ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။🏺❤️

#အိုင်အမ်အိုကေ

IMOK ရဲ့ Product တွေဝယ်ယူကြည့်ရှုလို့ရမယ့်အပြင် 🫟Painting Corner လေးလည်းရှိမှာမို့ 🎨🖌️ဆေးခြယ်ရင်း 🎁 ဆုလက်ဆောင်တွေရယူဖို့...
12/11/2025

IMOK ရဲ့ Product တွေဝယ်ယူကြည့်ရှုလို့ရမယ့်အပြင်
🫟Painting Corner လေးလည်းရှိမှာမို့
🎨🖌️ဆေးခြယ်ရင်း 🎁 ဆုလက်ဆောင်တွေရယူဖို့အတွက်ဖိတ်ခေါ်ပါတယ်နော်။

Turquoise Mountain မှာကျင်းပမယ့်The Responsible Market မှာ တာဝန်သိဆိုင်ခန်းလေး IMOK လည်းရှိနေပါ့မယ်နော်။📣📣📣ပွဲအစီအစဉ်🏺နိ...
28/10/2025

Turquoise Mountain မှာကျင်းပမယ့်
The Responsible Market မှာ
တာဝန်သိဆိုင်ခန်းလေး IMOK လည်းရှိနေပါ့မယ်နော်။

📣📣📣ပွဲအစီအစဉ်

🏺နိုဝင်ဘာ ၁ရက် (စနေနေ့)
မနက် ၁၀နာရီ မှ ညနေ ၅နာရီထိ

🏺နိုဝင်ဘာ ၂ရက် (တနင်္ဂနွေနေ့)
မနက် ၁၀နာရီ မှ ည၇နာရီထိ

📍Location
Turquoise Mountain Myanmar
https://maps.app.goo.gl/HAj7bWvt5Xa3rr9x7




IMOK ၏ပွဲဦးထွက်အနေဖြင့်ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၁) ရက် Gothe Institute မှာကျင်းပခဲ့တဲ့ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ...
25/10/2025

IMOK ၏ပွဲဦးထွက်အနေဖြင့်ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၁) ရက် Gothe Institute မှာကျင်းပခဲ့တဲ့
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် လုပ်ဆောင်တဲ့ ‘Stronger Together:
Collective Recovery and Creative Care in Crisis’ အစီအစဉ်မှာ ပူးပေါင်းပါဝင်ခဲ့တဲ့ပုံရိပ်များဖြစ်ပါတယ်။

Grassroots community မှသင်တန်းသားများရေးခြယ်ထားသော မြေအိုးပန်းချီအနုပညာလက်ရာများကိုလည်း‌ခင်းကျင်းပြသရောင်းချပေးနိုင်ခဲ့သည့်အပြင် လာရောက်လေ့လာသူများကို ကျေးဇူးတုန့်ပြန်သောအားဖြင့်လက်ဆောင်ပစ္စည်းများလည်းပြန်လည်ပေးအပ်သည့်အစီအစဥ်များလည်းပါဝင်နိုင်ခဲ့ပါတယ်။

စိတ်ပါဝင်စားစွာဖြင့် လာ‌ရောက်ကြည့်ရှုသူ၊ ဝယ်ယူအားပေးသူ
တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဖိတ်ခေါ်ပေးသော ဒို့အိမ် ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။

အသစ်ထပ်မံထွက်ရှိလာမည့် Product များ၊ Campaignအစီအစဉ်များ၊ Program အကြောင်းအရာများကိုလည်း IMOK page မှာ ဆက်လက်စောင့်‌မျှော်ကြည့်ရှုနိုင်ပါတယ်။







Address


Website

Alerts

Be the first to know and let us send you an email when IMOK - အိုင်အမ်အိုကေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Interior Service?

Share