PMS Family from Dubai

PMS Family from Dubai Housewife(Generation Shaper). Mother. Home Cook. 🏠✨ Turning daily recipes into family memories 👩‍🍳 Housewife.

Home Cook. �� Turning daily recipes into family memories. �

12/06/2026

မနက်မိုးလင်းလို့ အိပ်ရာကနိုးတဲ့အခါ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိနေရသလို၊ ကိုယ်အကြိုက်ဆုံး မုန့်ဟင်းခါး ပူပူနွေးနွေးလေးကို အရသာရှိရှိ စားခွင့်ရတဲ့အတွက် တကယ်ပဲ ဘုရားကို ကျေးဇူးတင်မိပါတယ်….
တချို့ ပျော်ရွှင်မှုဆိုတာ အဝေးကြီးမှာ မဟုတ်ဘဲ ဒီလိုရိုးရှင်းတဲ့ မနက်ခင်း အခိုက်အတန့်လေးတွေထဲမှာတင် ပြည့်စုံနေတာမျိုးပါ…မုန့်ဟင်းခါးလေးကပေးတဲ့ မနက်ခင်း ပျော်ရွှင်မှုလေးနဲ့အတူ အားလုံးပဲ မင်္ဂလာရှိတဲ့ မနက်ခင်းလေး ဖြစ်ပါစေရှင်

#မုန့်ဟင်းခါး

11/06/2026

အပြင်ခွံလေးက ရွှေအိုရောင်သန်းပြီး ကြွပ်ရွနေပေမဲ့ အတွင်းသားကတော့ အရမ်းကို နူးညံ့ပြီး Juicy ဖြစ်နေရောပဲ….
သုံးထားတဲ့ ဆေးဖက်ဝင်အပင် (Herbs) နံ့သင်းသင်းလေးနဲ့မို့ အနောက်တိုင်းစတိုင် စားသောက်ဆိုင်ကြီးတွေမှာ စားရသလိုမျိုး အရသာပါရှင် …

Weekend မှာ မိသားစုအတွက် အထူးတလည် ချက်ကျွေးချင်တယ်ဆိုရင်တော့ ဒီကြက်တစ်
ကောင်လုံးကင်လေးက အသင့်တော်ဆုံးပါပဲနော်

ဒီမေမေ လက်ရာ စားဖူးသူတိုင်း တကူးတက ချီးကျူးကြတဲ့ အရသာမျိုးမို့ပါရှင် လိုက်လုပ်စားကြည့်ကြပါနော်

11/06/2026

အနောက်တိုင်းစတိုင် "ကြက်တစ်ကောင်လုံးကင်" ပူပူနွေးနွေးလေး... 🤤 အပြင်ခွံကြွပ်ကြွပ်လေးနဲ့ အတွင်းသား Juicy ဖြစ်ဖြစ်လေးပါရှင့်

Full Video အပြည့်အစုံကိုလည်း မကြာခင် တင်ပေးတော့မှာမို့ စောင့်မျှော်ပေးကြပါဦးရှင်

10/06/2026

ပုဇွန်လေးနဲ့ ချဉ်ပေါင်ရွက်လေးကို ငါးပိချက်လေးချက်ပြီး စားဖြစ်ပါတယ်ရှင် 🦐🌿❤️
ကလေးလေးပါ စားလို့ရအောင် အစပ်လျှော့ပြီး အိမ်ချက်အရသာလေးနဲ့ ချက်ထားတာမို့ Video လေးကို အဆုံးထိ ကြည့်ပေးကြပါဦးနော် 🥰

#ချဉ်ပေါင်ငါးပိချက် #ပုဇွန်ဟင်း

ဒီပုံလေးကို ပြန်ကြည့်တိုင်း ရင်ထဲမှာ နွေးထွေးမှုတွေ လှိုင်းထသွားရတယ်.. သားရဲ့ လက်ဖောင်းကလေး သေးသေးလေးနဲ့ ဖေဖေနဲ့မေမေ့ကို...
10/06/2026

ဒီပုံလေးကို ပြန်ကြည့်တိုင်း ရင်ထဲမှာ နွေးထွေးမှုတွေ လှိုင်းထသွားရတယ်.. သားရဲ့ လက်ဖောင်းကလေး သေးသေးလေးနဲ့ ဖေဖေနဲ့မေမေ့ကို ကျစ်ကျစ်လေး ဆုပ်ကိုင်ထားတာ... တကယ့်ကို ရင်ထဲကို ထိနေရောပဲကွယ်….❤️🥺
မိဘတစ်ယောက်အနေနဲ့... "ဘယ်ချိန်အထိ ဒီသားလေးက ကိုယ့်လက်ကို ခုလိုမျိုး ကျစ်ကျစ်လေး ဆုပ်ကိုင်ထားပေးမလဲ" လို့ တွေးမိရင်း၊ အချိန်တွေအကြာကြီး မကုန်လွန်သွားစေချင်ဘဲ ဒီအခိုက်အတန့်လေးကိုပဲ အဖိုးတန်ဆုံးအဖြစ် ရပ်တန့်ထားချင်မိတယ်…..
လောကကြီးမှာ ဘာနဲ့မှလဲလို့မရတဲ့ မေတ္တာစစ်နဲ့ အားကိုးမှုတွေ ပြည့်နှက်နေတဲ့ မင်းရဲ့ လက်ဖောင်းလေး... မေမေတို့ အမြဲတမ်း အမြတ်တနိုး သိမ်းဆည်းထားမယ့် ပျော်ရွှင်မှုလေးပါပဲ 👨‍👩‍👦
(pls ပုံလေးက ဝါးနေပေမယ့် အမှတ်တရလေး ရှိစေချင်လို့ တင်လိုက်ပါတယ် )

08/06/2026

အားလုံးပဲ စားကောင်းကြပါစေရှင့် ..

#ဝက်ခေါက်ကြော်

08/06/2026

ကတုံး မတုံးရခင်လေး ခြေနေ အမြန်သိလိုက်ရလို့
မဟုတ်ရင် ကတုံးနဲ့ အလုပ်သွားရတော့မလို့ ဒီနေ့ 🤣
သားသားခေါင်းဖြီးပေးမယ်ဆိုပြီး ဘီးနဲ့ ဆံပင်တွေကို လိမ်တာ လိမ်တာ တော်သေး အမြန်သိလိုက်လို့ပဲ 😮‍💨

07/06/2026

ဒီနေ့ညနေက အားပေးကြတဲ့ အော်ဒါလေးတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်… 🥰✨
ပုံမှန်ကတော့ ဝက်ခေါက်ကြော် (Crispy Pork Belly) လေးကို နေ့တိုင်း မှာယူလို့ရပါတယ်နော်.. အမြဲလတ်လတ်ဆတ်ဆတ်နဲ့ အကြွပ်ဆုံး အနေအထားရအောင် ကြော်ပေးတာမို့လို့ (၁) ရက်တော့ ကြိုတင်မှာယူပေးပါရှင့်…❤️
ဒီညနေ အော်ဒါလေးတွေ အားလုံး အိမ်ကို အဆင်ပြေပြေ ရောက်ရှိသွားကြပြီမို့ အားလုံးပဲ အရသာရှိရှိ သုံးဆောင်နိုင်ကြပါစေရှင့်…🍽️

#ဝက်ခေါက်ကြော်

07/06/2026

ဒူဘိုင်းက ဝက်ခေါက်ကင် (Crispy Pork Belly) ကြိုက်သူများအတွက် သတင်းကောင်းပါရှင်…🥓✨

အရေခွံလေးက ကြွပ်ရွပြီး အသားလေးက နူးအိနေတဲ့ ဝက်ခေါက်ကင် ကို အမြဲတမ်း ပုံမှန်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်နော်
လတ်ဆတ်တဲ့ ရာသီပေါ် ဆလပ်ရွက်လေးတွေရယ်၊ နောရဲ့ ကိုယ်ပိုင်လက်ရာ Special Sauce လေးရယ်ကိုလည်း မပါမဖြစ် ထည့်ပေးသွားမှာမို့ အခုပဲ Hello လုပ်ပြီး မှာယူလို့ရပါပြီ
💰 ဈေးနှုန်းနှင့် အရွယ်အစားများ:
• Size S — AED 20
• Size M — AED 30
• Size L — AED 50

⏳ Order Reminder:
အသားကို အသစ်အတိုင်း အကောင်းဆုံးအရသာရအောင် ပြင်ဆင်ပေးချင်တာကြောင့် အော်ဒါလေးတွေကို (၁) ရက်ကြိုတင် မှာပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။ 🙏🏻

Freshly roasted Crispy Pork Belly is now available! Enjoy perfectly crispy skin and tender meat, served with fresh seasonal lettuce and my Special Sauce.
💰 Price list
S: AED 20 | M: AED 30 | L: AED 50
⏳ Order: Please message 1 day in advance to order!

#ဝက်ခေါက်ကင် PMS Family from Dubai

06/06/2026

ဘာရယ် မဟုတ်ဘူး ကျမသုပ်တဲ့ ဂျင်းသုပ်ကြိုက်တဲ့ ညီမတစ်ယောက်ကို သတိရလို့ ထပ်ပြီး ဂျင်းသုပ် သုပ်စားဖြစ်တယ် …

#ဂျင်းသုပ်

Address

Al Raffa 16A
Dubai

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Alerts

Be the first to know and let us send you an email when PMS Family from Dubai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PMS Family from Dubai:

Share