Daily Cooked by Moh

Daily Cooked by Moh Food diary of a happy eater! ☺️ Let‘s enjoy meals together.

ဒီရက်တွေထဲ စားစရာ ……🌿🌷🌹😋
08/06/2026

ဒီရက်တွေထဲ စားစရာ ……🌿🌷🌹😋

မောင်ကြီးကို ထည့်ပေးဖြစ်တဲ့ မနက်စာ၊ညလယ်စာနဲ့ နေ့လယ်စာ Boxတွေ တချို့ပေါ့နော် 🌿  #မေတ္တာစာ #ကျေးဇူးတင်စွာ
29/05/2026

မောင်ကြီးကို ထည့်ပေးဖြစ်တဲ့ မနက်စာ၊ညလယ်စာနဲ့ နေ့လယ်စာ Boxတွေ တချို့ပေါ့နော် 🌿

#မေတ္တာစာ
#ကျေးဇူးတင်စွာ

သားသားကို ကျွေးဖြစ်တာတွေထဲက တချို့ပါ 🧸💕  #ကျွန်မနှလုံးသား
29/05/2026

သားသားကို ကျွေးဖြစ်တာတွေထဲက တချို့ပါ 🧸💕

#ကျွန်မနှလုံးသား

အိမ်မှာ Latte Macchiato လက်ဖျော် ဖျော်တတ်သွားတဲ့ မောင်ကြီးက ပုံတင်ပါဆိုလို့ 🌝 ကျွန်မကတော့ မုန့်ဖတ်ကို ရခိုင်သုပ် စပ်စပ်လ...
22/05/2026

အိမ်မှာ Latte Macchiato လက်ဖျော် ဖျော်တတ်သွားတဲ့ မောင်ကြီးက ပုံတင်ပါဆိုလို့ 🌝
ကျွန်မကတော့ မုန့်ဖတ်ကို ရခိုင်သုပ် စပ်စပ်လေး ထိထိမိမိ စားချင်လို့ ငါးပြုတ် အသားနွှင်ပြီး ငါးငပိချက်မွှေးမွှေးစပ်စပ်လေး ချက်ဖြစ်ပါတယ် 🌿 ချက်ရင်း အနံ့က မနေနိုင်လို့ တပွဲလောက်ဆွဲ လိုက်ပါတယ်😋

#အိမ်လွမ်းစာများ
#ရခိုင်မုန့်တီသုပ်
#ချဉ်ငံစပ်

မုန့်ဟင်းခါးစား ဒူးရင်းသီး အချိုတည်း နတ်ပြည်တက် 🤭😋🌿🌤️ အမတယောက်က မှာလို့ ဒူးရင်းသီးဝယ်ပေးရင်း အိမ်အတွက်ပါ တလုံးဝယ်ခဲ့တယ် ...
19/05/2026

မုန့်ဟင်းခါးစား ဒူးရင်းသီး အချိုတည်း နတ်ပြည်တက် 🤭😋🌿🌤️
အမတယောက်က မှာလို့ ဒူးရင်းသီးဝယ်ပေးရင်း အိမ်အတွက်ပါ တလုံးဝယ်ခဲ့တယ် မောင်ကြီးကပြောတော့ …..ဟယ် ဘာလို့ ဝယ်တာလဲပေါ့ စျေးကြီးတယ်ဘာညာနဲ့ ညူစူပေါ့ နော်🌚 နေ့လည်ကျ အနံ့က မွှေးလာတာနဲ့ မရတော့ဘူး ခွဲမှပဲ ဆိုပြီး ရှယ်အမွှာကြီးတွေ ချိုအီစိမ့် နေမှ ၊ကျေးဇူးတင်ကြောင်း ပြောရမယ် ဖြစ်သွားတယ် 🤭 ဒီတခေါက် အလုံးက တော်တော်ကြီးတော့ ပန်းကန်ပြား အကြီးနဲ့တောင်မဆံ့လို့ ပန်ကန်ပြားအလတ်တခုနဲ့ပါ ထပ်ထည့်ရတယ် 🌤️🌿

#အိမ်လွမ်းစာများ
#ဒူးရင်းသီး
#မုန့်ဟင်းခါး

မနေ့က Father’s Dayဆိုတော့ အဖေလေးကို အဖေကြီးက indoor playground လိုက်ပို့🤭 (အပြင်မှာရာသီဥတုက မကောင်းတော့လည်း) ကိုယ်ကတော့ ...
15/05/2026

မနေ့က Father’s Dayဆိုတော့ အဖေလေးကို အဖေကြီးက indoor playground လိုက်ပို့🤭 (အပြင်မှာရာသီဥတုက မကောင်းတော့လည်း)
ကိုယ်ကတော့ ကိုယ်တွေဆီက အခေါ် လမ်းသရဲမုန့် လေးလုပ်စား😋
ပြီးတော့ ငါးဖယ်ကြော်ကိုလေ အိစက်ပြီး တထုပ်ထုပ်နဲ့ စားကောင်းချင်ရင်လေ ရေလေးနည်းနည်းထည့်ပြီး ပေါက်ကြော်တာ ပိုကောင်းတာလေး တွေ့လို့ပါ🌿ဒီက ရေခဲရိုက် ငါးဖယ်တွေက အနံ့လည်းပြင်းသလို ဖွယ်တဲ့ အထုပ်တွေလည်းရှိတတ်တော့လေ🌼ကြက်သွန်ဖြူ၊ဂျင်းကို သေချာထောင်းပြီး ရေနည်းနည်းထည့်ပြီး သေချာလေးပေါက်ပြီးကြော်ပါတယ်🌿ခုတလော ငါးဖယ်တံဆိပ်ကောင်းတာလေးတွေ့လို့ စိတ်ချမ်းသာရပါတယ်🌿


#လမ်းသရဲမုန့်၊ရေမုန့်
#ငါးဖယ်ကြော်

ပိတ်ရက်လည်း ပိတ်ရက်ဆိုသလောက် တောင်းဆိုမှုတွေကများပေါ့ …..🌿🌳🌼🪻🌸  #အိမ်လွမ်းစာများ
12/05/2026

ပိတ်ရက်လည်း ပိတ်ရက်ဆိုသလောက် တောင်းဆိုမှုတွေကများပေါ့ …..🌿🌳🌼🪻🌸

#အိမ်လွမ်းစာများ

သားရဲ့ မေလကျောင်းပိတ်ရက်ရှည်က ဒီနေ့က စတာဆိုတော့ ကလေးထိန်းရင်းကျွေးမွေးရင်း ပဲ စားချင်တာလေးတွေလည်း ချက်စားဖြစ်ပါတယ်🌿 ကျွန...
09/05/2026

သားရဲ့ မေလကျောင်းပိတ်ရက်ရှည်က ဒီနေ့က စတာဆိုတော့ ကလေးထိန်းရင်းကျွေးမွေးရင်း ပဲ စားချင်တာလေးတွေလည်း ချက်စားဖြစ်ပါတယ်🌿
ကျွန်မရဲ့ Favorite၊ကျွန်မချက်ကျွေးလို့ ချစ်ခင်ရတဲ့သူတွေလည်း အရမ်းကြိုက်သွားကြတဲ့ မျှစ်စပ်ဟင်းရယ်🌿
ယောက္ခမအမေ ရဲ့ နွေရာသီဟင်း ရယ် 🌿 ယောက္ခမအမေကလေ တခါတလေငါးဟင်းကို အသီးအရွက်လေးရောပြီး အချဉ်ဆီပြန်လေးတွေ ချက်ကျွေးဖူးတာ သတိရသွားပြီး အဲ့လိုလေးစားချင်လို့ လိုက်ချက်ကြည့်တာပါ ✨ရာသီဥတုပူတဲ့အခါ ခံတွင်းပျက်တဲ့ အခါတွေမှာ ချက်စားကြည့်ပါရှင် 🌷တကယ်ထမင်းမြိန်မှာပါ 🌿အိမ်သားကတော့ တော်တော်ကောင်းတယ် ဆိုပဲ 😋
မျှစ်စပ်ဟင်းက အိမ်မှာဆို အမေကအမြဲ လယ်ငါးခူလေးနဲ့ ချက်တာပါ ၊ဒီမှာတော့ အဆင်ပြေရာငါး ပေါ့နော် ✨နွေရာသီဟင်းကတော့ ယောက္ခမအမေက ကန်စွန်းရိုးနီလေးတွေနဲ့ချက်တာ ကျွန်မကတော့ ရှိတဲ့ရိုးရိုးကန်စွန်ရွက်ပဲထည့်ပါတယ် ၊ချဉ်ပေါင်ရယ် မုန့်လာဥဖြူနဲ့ ကန်စွန်းရွက်ကို ငါးနဲ့ အချဉ်ဆီပြန်ရေကျန် လေးချက်တာပါ🌿🌤️🌳


#အိမ်လွမ်းစာများ

ခုနောက်ပိုင်း တခါတလေမှ Asia Markt သွားဖြစ်ပါတယ် ။များသောအားဖြင့်တော့ online ကနေပဲစျေးဝယ်တာ 🤭(အိမ်က ဗိုက်ပူလေးက ဆိုင်ထဲရေ...
09/05/2026

ခုနောက်ပိုင်း တခါတလေမှ Asia Markt သွားဖြစ်ပါတယ် ။များသောအားဖြင့်တော့ online ကနေပဲစျေးဝယ်တာ 🤭(အိမ်က ဗိုက်ပူလေးက ဆိုင်ထဲရောက်ရင် face time ခေါ် လိုက်ပြပြီး လိုချင်တာတွေ ခြင်းထဲထည့်တဲ့နည်းနဲ့ ဝယ်တာပါ😁🦥)
မနေ့က သူအလုပ်ပြန် ကိုယ်စျေးမှာထားတာတွေဝင်ဝယ်ပေးတော့ ဒူးရင်းသီးအလုံးလိုက်တွေ့၊1kg 8€တဲ့ ကိုယ်တွေက စားပဲစားတတ်တာ မရွေးတတ်ကြ 🤭ဒါနဲ့ တလုံးတော့စမ်းယူခဲ့လိုက်မယ်တဲ့ 14€နဲ့တလုံးရ 😁 ခါတိုင်းဝယ်စားတဲ့မွန်ထောင် ဗူးတွေက ၁၉€တဗူးကို အသား၂မြှောင်ပါတယ် အချိုပေါ့ အနည်ငယ်မာပေါ့ 🌿အခုကျ blind box ဖောက်ရသလိုပဲ တကယ့် ကိုယ်တွေဆီက အတိုင်း မွှေးချိုစိမ့်အိပြီး တအားကောင်းတာရတော့မှ ပျော်သွား😁🤭
ကိုယ်တွေ ဆီက အလွမ်းစာ ✨


#စျေးနေ့
#ဒူးရင်းသီး

ချက်တာတော့ ချက်နေတာပဲ ပုံလေးတွေသာ မတင်ဖြစ်တော့တာ ……..ဒီနေ့ ညီမလေးတယောက်ရဲ့ အောင်မြင်မှုတွေ ပြောကြရင်း ဟင်းချက်တဲ့အကြောင်...
08/05/2026

ချက်တာတော့ ချက်နေတာပဲ ပုံလေးတွေသာ မတင်ဖြစ်တော့တာ ……..ဒီနေ့ ညီမလေးတယောက်ရဲ့ အောင်မြင်မှုတွေ ပြောကြရင်း ဟင်းချက်တဲ့အကြောင်းလေး တွေလည်းပါတော့ သတိရသွားလို့ပါ 🌿🌷🌹✨


#ကျွန်မဝါသနာ

Adresse

Hamburg

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Daily Cooked by Moh erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Teilen

Kategorie