28/05/2026
Mwee’s Kitchen ရဲ့ မိတ်ဟောင်း မိတ်သစ် customers များရှင်,
မင်မင် နောက်လထဲ ခရီးသွားဖို့ရှိသလို London ကနေလဲ ပြောင်းတော့မှာမို့ ဟင်းတွေ လက်ခံတာ ရပ်ထားပါရစေရှင် 🙏🙏🙏
(Order လက်ခံထားတဲ့ customer တွေကိုတော့ ပြောထားတဲ့ ရက်အတိုင်း ပို့မှာပါရှင်)
ပြောင်းပြီးရင်လဲ ပြန်ချက်ဖို့တော့ မသေချာသေးပါဘူး
ဟင်းစားတွေ ဝယ်ရခက်သလို delivery ပို့ရင်လဲ ပုံမှန်ထက်တစ်ရက်နောက်ကျတတ်တဲ့နေရာဖြစ်နေတာမို့ပါ
အဆင်ပြေလို့ Order လေးတွေ ပြန်လက်ခံဖြစ်ရင်လဲ page မှာ ကြေငြာပါမယ်နော်
Video လေးတွေတော့ တင်ပေးသွားမှာပါရှင်
Mwee’s Kitchenရဲ့3 နှစ်ကျော် ကာလမှာ မှာယူအားပေးခဲ့ကြတဲ့ customers များအားလုံးကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်ရှင် 🙏🙏🙏🥰🥰🥰