Kyaw Kyaw အိမ်ခြံမြေ အကျိုးဆောင် Bago

  • Home
  • Myanmar
  • Bago
  • Kyaw Kyaw အိမ်ခြံမြေ အကျိုးဆောင် Bago

Kyaw Kyaw အိမ်ခြံမြေ အကျိုးဆောင် Bago အိမ်ခြံ​မြေ ဝယ်ဝယ် ရောင်းရောင်း ဖုန?

ဘိုးဘွားပို်င်မြေ
04/11/2021

ဘိုးဘွားပို်င်မြေ

အားလုံးပဲမဂ်လာပါ  ခင်ဗျ$​ဝယ်မှာလား $ရောင်းမှာလားအိမ်ခြံမြေနဲ့ ပက်သက်ရင် ဝယ်ဝယ် ေရာင်းရောင်းဖုန်းလေးသာဆက်ပေးပါ  ခင်ဗျအစစ ...
25/10/2021

အားလုံးပဲမဂ်လာပါ ခင်ဗျ
$​ဝယ်မှာလား
$ရောင်းမှာလား
အိမ်ခြံမြေနဲ့ ပက်သက်ရင် ဝယ်ဝယ် ေရာင်းရောင်း
ဖုန်းလေးသာဆက်ပေးပါ ခင်ဗျ
အစစ အရာရာ အဆင်ပြေ အောင် ဆောင်ရွက်ပေးပါမယ် ခင်ဗျ

19/10/2021

#ပါမစ်မြေကွက်ဝယ်ယူပြီး #ဂရန်ဘယ်လိုလျှောက်ရမလဲ။

ပါမစ်(Permit) ဖြင့် ချထားပေးသော မြေကွက်ကိုဝယ်ရာတွင်သတိပြုသင့်သောကိစ္စရပ်များ
===================================

၁။ မြို့သစ်များတွင် သက်ဆိုင်ရာက ကနဦးအနေဖြင့် ပါမစ်ဖြင့် မြေကွက်ချထားခြင်းဖြစ်ပါသည်။ မြေဂရန်ကို နောင်မှ ဆက်လက်ထုတ်ပေးခြင်း ပြုပါသည်။ မြေကွက်တွင် နေထိုင်ခွင့်ပါမစ် ရရှိသူတို့က မနေထိုင်လို၍ ငှားရမ်းခြင်း လွှဲပြောင်းရောင်းချခြင်းပြုလုပ်ကြသည်
လည်းရှိပါသည်။

၂။ ပါမစ်မြေကွက်ပေါ် နှစ်ချုပ်ဖြင့် ငှားရမ်းနေထိုင်ခြင်းမှာ ပြဿနာမရှိနိုင်ပါ။

၃။ ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် ပါမစ်တွင်လွှဲပြောင်းရောင်းချခွင့်ပြု မပြုကို စီစစ်ပြီးမှ ဝယ်ယူသင့်ပါသည်။ ပါမစ်တွင် မြေကွက်ကို လွှဲပြောင်း ရောင်းချခွင့်ရှိသည်ဟု ပါရှိပါက ပြင်ပလူတစ်ဦးအနေဖြင့် ဝယ်ယူနိုင်ပါသည်။

၎။ ပါမစ်တွင် လွှဲပြောင်းရောင်းချခွင့်မပြုဟု ဖော်ပြပါရှိပါက ပြင်ပပုဂ္ဂိုလ်အနေဖြင့် ဝယ်ယူရန်မသင့်ပါ။အကြောင်းမှာ ဂရန်လျှောက်ထားသည့်အခါသက်ဆိုင်ရာက ဝယ်ယူနေထိုင်သူ ပြင်ပပုဂ္ဂိုလ်အား ဂရန်ထုတ် မပေးပါက ယင်းမြေကွက်အပေါ် ပိုင်ဆိုင်မှု ရရှိမည်မဟုတ်ပါ။

၅။ ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် မှတ်ပုံတင်စာချုပ်ပြုလုပ်နိုင်ခွင့်မရှိသဖြင့် နေထိုင်ခွင့်သက်သက်ဖြင့် ဝယ်ယူပါက ပြဿနာရှိနိုင်မည် မဟုတ်သော်လည်း နောင်တစ်ချိန်တွင် ပြန်လည်ရောင်းချပါက မှတ်ပုံ
တင်စာချုပ်မရှိသဖြင့် အရပျစာခြုပျဖွငျ့သာ ရောင်းချနိုင်မည်ဖြစ်၍ တန်ရာတန်ဖိုးရရှိနိုင်မည်မဟုတ်ပါ။ ပါမစ်မြေကွက်ရောင်းချသူက ဂရန်လျှောက်ထားပေးပါက ယင်းဂရန်ရရှိသည့်အခါ ပါမစ်အမည်ပေါက်သူနှင့် ဝယ်သူတို့အနေဖြင့် မှတ်ပုံတင်ချုပ်စာတမ်းချုပ်ဆိုနိုင်
မည်ဖြစ်ပါသည်။ မြေကွက်များအနေဖြင့် တစ်နှစ်ထက်တစ်နှစ် ကာလတန်ကြေးဖြင့်တက်သဖြင့် ဝယ်ယူသည့်အချိန်က ပေါက်ဈေးနှင့်မှတ်ပုံတင်သည့်အခါ ဖြစ်ပေါ်နေသော ပေါက်ဈေးတို့ ကွာဟချက်ရှိနေသဖြင့် ပါမစ်အမည်ပေါက်သူက ထပ်မံ၍ ငွေတိုးတောင်းလာမည်ကိစ္စ
ရပ် ပေါ်ပေါက်နိုင်ကြောင်း ဝယ်သူအနေဖြင့် သတိချပ်သင့်ပါသည်။
သို့ဖြစ်ရကား ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် ရောင်းချသူထံမှ ယင်းမြေကွက်နှင့်စပ်လျဉ်းသော အထူးကိုယ်စားလှယ်လွှဲစာ(Special Power) ကို ရယူထားပါက ဝယ်ယူသူက ဂရန်လျှောက်ထားခြင်း စာချုပ်စာတမ်းပြုလုပ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

၆။ ပါမစ်မြေကွက်ဝယ်ယူရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူနှင့် သန်းခေါင်းစာရင်းမိတ္တူတို့ကိုပါ ရယူထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂရန်လျှောက်ထားသည့်အခါ သက်ဆိုင်ရာက ပါမစ်မြေကွက်ရှိသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား
မိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူတို့ကို တောင်းပါက အသင့်တင်ပြနိုင်ရန် ဖြစ်ပါသည်။

( အညွှန်း - ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့်
အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်း ချ ခြင်း၊ ဝယ်ယူခြင်း
ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ၂၂)

: DVB Law page

$Kyaw Kyaw အိမ်ခြံ​မြေ အကျိုးဆောင်0978032971809682135339ဝယ်ဝယ် ရောင်းရောင်းဖုန်းလေးသာ ဆက်ပေးပါ ခင်ဗျအိမ်ခြံ​မြေ ၀ယ်ယူ​တေ...
30/09/2021

$Kyaw Kyaw အိမ်ခြံ​မြေ အကျိုးဆောင်
09780329718
09682135339
ဝယ်ဝယ် ရောင်းရောင်းဖုန်းလေးသာ ဆက်ပေးပါ ခင်ဗျ

အိမ်ခြံ​မြေ ၀ယ်ယူ​တော့မည် ဆိုလျှင်-----/

အိမ်ခြံ​မြေ​တွေကို ၀ယ်ယူကြရာမှာ လူ ၂ မျိုးဘဲရှိပါတယ်။
(1) ​မြေ​စျေးတက်ရင် ပြန်​ရောင်းဖို့ နဲ့
(2) မိမိ​နေထိုင်ရန် အိုးပိုင်အိမ်ပိုင် အဖြစ် ၀ယ်ယူခြင်းပါဘဲ။

🍓 တကယ်​တော့ ဒီ ၂ မျိုးလည်း အ​ရေးကြီးတယ်။ မိမိပိုက်ဆံ​တွေကို ပုံ​အောရင်းနှီးထားတာမျိုးဖြစ်လို့ အမှားလုံး၀ဖြစ်သွားလို့ မရတဲ့ အရာမျိုးမို့ သတိကို ပိုတယ်ရယ်လို့ မရှိ​အောင် ထား​စေချင်တယ်။
🍓 ဒီ​တော့ တစ်ချို့ကလည်း .." မိတ်​ဆွေ အိမ်နီးချင်း ၊ ဓါတ်သိ​တွေပါဘဲ ။ မလိုပါဘူး ​ရှေ့​နေ​ရှေ့ရပ်၊ စာချုပ်စာတမ်း​တွေ " ဆိုပြီး ​ပေါ့​ပေါ့​လေး ​ပြောတတ်ကြတယ်။
🍓 အစားမ​တော်တစ်လုပ်၊ အသွားမ​တော် တစ်လှမ်း ဆိုသလိုပဲ။ တကယ်လည်း ပြဿနာ ဖြစ်ကြ​ရော မျက်စိပျက် မျက်နှာပျက် ၊ မ​ခေါ်မ​ပြောနိုင်​တွေ ဖြစ်ကြကုန်​တော့တာဘဲ။

🍓ဒီ​တော့ အိမ်ခြံ​မြေ ၀ယ်ယူ​တော့မယ် ဆိုရင် ​သေချာကြည့်ရမယ့် အချက်​တွေကို ​ပြောပြပါ့မယ်။
______________
🍓
( ၁ ) - ပါမစ် ၊ ဂရန် မူရင်း​တွေ စစ်ပါ။ မူရင်း မရှိလို့ မိတ္တူဆိုလည်း ရပါတယ်။
( ၂ ) - စာချုပ် အဆက်စပ် ကို ကြည့်ပါ။ ကြားမှာ စာချုပ်တစ်ဆက် လွတ်​နေရင်လည်း အန္တရာယ် ရှိပါတယ်။
( ၃ ) - အမည်​ပေါက် မဟုတ်ခဲ့ရင် GP/SPလိုပါတယ်။

🍓 အထက်က​ပြောခဲ့တာက အဓိကပါ။ ဒီ​နေရာမှာ ​မေးစရာရှိမှာ​ပေါ့။ ဒါဆို ဘာလို့များ ​​ရှေ့​နေ လိုလဲဆိုပြီး။ တကယ်က ​ရှေ့​နေမှာမှ ၀ါရင့်ရှေ့​နေဆို ပါမစ်/ဂရန် အတုလုပ်ထားတာက အစ အ​တွေ့အကြုံအရ သိကြပါတယ်။ experiences ဆိုတာ လွယ်လွယ်ရခဲ့တာမှမဟုတ်ဘဲ။ အမည်​ပေါက် မှန်မမှန်​တွေ ​သေချာသိရဖို့လည်း ​ရှေ့​နေလိုအပ်တာပါဘဲ။ ဂရန်အမည်​​ပေါက် ​သေလျှင် ပါ၀ါလည်း​သေ တာမို့ ကျန်ရစ်သူ ဇနီး / ခင်ပွန်း တို့က အ​မွေဆက်ခံ ပိုင်ဆိုင်​ကြောင်း စာချုပ်လုပ်ရပါမယ်။ ဒီလိုအခြ​အ​နေမျိုး​တွေဆို ​ရှေ့​နေ လိုအပ်လာပါပြီ။

ဒါ့​ကြောင့် နိဂုံးချုပ်အ​နေနဲ့​ပြောရရင် မိမိမကျွမ်းကျင်ပါက ​ရှေ့​နေ /အိမ်ခြံ​မြေကျွမ်းကျင်သူ
နဲ့​ဆောင်ရွက်ခြင်းက အ​ကောင်းဆုံးပါဘဲ။

Credit #

Address

Bago

Telephone

+959780329718

Website

Alerts

Be the first to know and let us send you an email when Kyaw Kyaw အိမ်ခြံမြေ အကျိုးဆောင် Bago posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Kyaw အိမ်ခြံမြေ အကျိုးဆောင် Bago:

Share