Gemini Cloud

Gemini Cloud fic

ကြယ်စင်တန်းတို့ထွန်းလင်းချိန် ဇာတ်သိမ်းပိုင်း"တာရာ"ခေါ်သံရာနောက်ကိုကြည့်လိုက်တဲ့အခါ ဂုဏ်ရှိန့်ကိုတွေ့လိုက်ရသဖြင့် ရွှန်း...
18/11/2025

ကြယ်စင်တန်းတို့ထွန်းလင်းချိန် ဇာတ်သိမ်းပိုင်း

"တာရာ"

ခေါ်သံရာနောက်ကိုကြည့်လိုက်တဲ့အခါ ဂုဏ်ရှိန့်ကိုတွေ့လိုက်ရသဖြင့် ရွှန်းစက်မျက်လုံးအဝိုင်းသားဖြစ်သွားသည်။

"ဘာလဲ နင်ငါ့ကိုရင်းရင်းနှီးနှီးခေါ်စရာအကြောင်းမရှိဘူး"

"နင့်ထမိန်နောက်မှာ ပေ....."

အပျိုဖော်ဝင်ခါစအရွယ်ဖြစ်၍ ပထမဆုံးသွေးဆင်းခြင်းကိုကြုံရလေသည်။ ရွှန်းစက်ရဲ့သူငယ်ချင်းတွေကလည်း မျက်လုံးအပြူးသားဖြစ်ကုန်ကြ၏။

"ငါ.... ငါ"

"ခဏစောင့်နော် တာရာ ကိုအဆင်ပြေအောင်လုပ်ပေးမယ်"

ဂုဏ်ရှိန်ကသူ့အပေါ်ထပ်ကိုချွတ်ပြီး တာရာ့ခါးကိုစည်းပေးခဲ့ပြီးနောက် ချက်ချင်းပင် ဈေးဆိုင်သို့ပြေးကာ လစဉ်သုံးဝယ်ပေးခဲ့သည်။

"တာရာ! သုံးနည်းကတော့အိတ်မှာပါတယ်တဲ့ "

ရွှန်းစက်သည်ရှက်လွန်း၍မျက်နှာပင်နီရဲတက်လာလေသည်။

ထိုနေ့မှစ ၃လကြာသည်အထိရွှန်းစက်ဟာ ဂုဏ်ရှိန့်ကိုမျက်နှာချင်းမဆိုင်ရဲတော့ပေ။ သို့ပေမယ့် ဂုဏ်ရှိန်ကတော့တာရာကို နောက်ကွယ်ကပင်ဂရုစိုက်ပေးခဲ့သည်။
.....

အချိန်တရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက် ဂုဏ်ရှိန်၉တန်းကျောင်းသားဘဝသို့ရောက်လာလေပြီ။
လူချောဖြစ်တာမို့ ဂုဏ်ရှိန့်ကိုစိတ်ဝင်စားသဘောကျတဲ့ ကျောင်းသူတွေကမနည်းမနောပင်။

တနေ့မှာရွှန်းစက်တာရာနဲ့ဂုဏ်ရှိန်ထည်ဝါဟာ ချစိသူတွေဖြစ်ကြတယ်ဆိုတဲ့သတင်းဟာ တစ်ကျောင်းလုံးကိုပြန့်သွားလေသည်။

ကျောင်းသူတွေကလည်း ရွှန်းစက်ကိုတွေ့တိုင်းကွက်ကြည့်ကွက်ကြည့်နဲ့ အတင်းပြောကြသည်။

ဒါကိုဂုဏ်ရှိန်မသိလေသလား။ သူသိမှာပါ။ ရွှန်းစက်ကို အပြောခံစေချင်လို့မသိသလိုနေလေသလား။

စာသင်ခန်းထဲ၌မှောက်လျက်နေကာငိုချမိလိုက်သည်။

ထိုအချိန်မှာပဲ ရွှန်းစက်ခေါင်းကိုတစ်စုံတစ်ယောက်ကိုင်လိုက်သလိုခံစားလိုက်ရသောကြောင့် မော့ကြည့်မိတော့ ......

"ဂုဏ်ရှိန်ထည်ဝါ!"

"အင်း တာရာ"

"နင်ကပြဿနာကောင် နင်ရောနင့်အမေရောက ငါ့ဘဝကိုတော်တော်ရှုပ်ကြတာပဲ! မအေက ငါ့ပါးပါးကိုမြူဆွယ်တယ် သားကကြ ငါ့ကိုအပိုင်ကြံဖို့လုပ်တယ် နင်တို့သားအမိအကြံဒါအကုန်ပဲလား"

ရွှန်းစက်အသံဟာကျယ်လွန်း၍ ဘေးအခန်းကကျောင်းသားများပင် ထွက်ကြည့်ကုန်ကြ၏။
ဂုဏ်ရှိန်ဝမ်းနည်းမိသည်။

"ဒီလိုသတင်းတွေဖြန့်တာလဲ နင်ပဲမဟုတ်လား ဂုဏ်ရှိန်ထည်ဝါ! နင်ကပါးပါးရှေ့မှာကြ ငါ့ကိုဂရုစိုက်သလိုနဲ့ နောက်ကွယ်မှာကြ ငါ့ကိုနာမည်ဖျက်နေတာလေ!"

" မင်းထင်ချင်သလိုထင်တော့"

ဂုဏ်ရှိန်ဟာရှက်ရှက်နဲ့အခန်းအပြင်ဘက်ပြေးထွက်သွားလေသည်။
အိမ်ပြန်တော့လည်း ကားဆီကိုဂုဏ်ရှိန်မလာခဲ့ပါ။ အိမ်တွက်လည်းမတွေ့မိပါးပါးကိုလည်းအထူးတလည်မေးမနေတော့ပါ။ ဒါပေမယ့်ညည့်နက်တဲ့အထိမတွေ့တာမို့ ပါးပါးကိုမေးမိတော့

"သားဂုဏ်ရှ်ိန်က မန္တလေးပြန်သွားပြီလေ"

"ဟမ်!"

"သမီးမသိဘူးလား ဒီနေ့လည်ဘာဖြစ်လဲမသိ သူ့အမေဆီလာပြီး သူ့အဒေါ်ဆီပြန်တော့မယ် အဲ့မှာပဲကျောင်းတက်တော့မယ်ဆိုပြီး ပြန်သွားတာသမီးရဲ့"

သူမရှိရင်ကောင်းမယ်လို့တွေးမိပေမယ့် တကယ်မရှိတော့ ရွှန်းစက်စိတ်ထဲမပျော်မိပါ။ ကိုယ့်ကိုယ်ကိုယ်အပြစ်စိတ်ဝင်မိသည်။

နောက်တစ်နေ့ကျောင်းမှာကြားရတာက ဂုဏ်ရှိန်ကသတင်းဖြန့်တဲ့သူကို ကျောင်းအုပ်ဆီတိုင်ခဲ့တာတဲ့။ ဒီ‌အကြောင်းရွှန်းစက်ကိုလာပြောပြတာကို ရွှန်းစက်ကအထင်လွဲခဲ့မိတာတဲ့လေ။
...............

ဒီလိုနဲ့နှစ်များစွာကြာခဲ့ပြီ ရွှန်းစက်ဟာလည်း အခုဆို အသက်၂၅နှစ်အရွယ် မိန်းမပျိုလေးဖြစ်လို့နေပြီ။

ဂုဏ်ရှိန့်သတင်းကတော့ ကနေဒါကိုသွားပြီဆိုတဲ့သတင်းကလွဲဘာမှမသိရ။

ရွှန်းစက်ဟာလည်း ‌ပါးပါးရဲ့အမိန့်အရ သဘောတူထားတဲ့လူနဲ့ယူရတော့မှာပင်။ ဒါပေမယ့်ရွှန်းသက်စိတ်ထဲနေရာယူနေတာက ဂုဏ်ရှိန်ထည်ဝါဆိုတဲ့သူပင်.....

ရွှန်းစက်ဟာ အခုချိန်မှာ " Taryar Florist"ပန်းဆိုင်ပိုင်ရှင်ဖြစ်လို့နေပြီလေ။ ဂုဏ်ရှိန်ပြောဖူးသလိုပေါ့ "တာရာသာပန်းဆိုင်ဖွင့်ရင်အရမ်းအောင်မြင်မှာတဲ့လေ" အခုတော့ရွှန်းစက်ရဲ့ဆိုင်လေးဟာ လူသိလည်းများသလို online orderဆက်တိုက်ရနေပါပြီ။

ဒီအချိန်မှာပဲ ပန်းဆိုင်ထဲကိုဝင်လာတဲ့လူတစ်ယောက်။
အနက်ရောင်လည်သာကုတ်အကျီအရှည်နဲ့ အသားဖြူဖြူတို့ကအလွန်ပင်လိုက်ဖက်၏။

"ဂုဏ်......"

"တာရာ..."

ဂုဏ်ရှိန့်ဟာတာရာ့ကိုတွေ့တွေ့ခြင်းပင်ဖက်လိုက်၏။

"ရွှန်းစက်တောင်းပန်ပါတယ် ရွှန်းစက်အဲ့လိုမပြောခဲ့သင့်ပါဘူး။"

"ရပါတယ်ကွာ။ ကိုယ်လည်းအဲ့အကြောင်း‌ေတွမ‌ေတွး‌ေတာ့ပါဘူး။ကို့တာရာလေးက လှလာလိုက်တာမှတ်တောင်မှတ်မိဘူး။ ချစ်သူတွေရနေပြီလား။"

ရွှန်းစက်မျက်နှာညိုးကျသွားသည်။ မနက်ဖြန်ဆိုဘယ်ကမှန်းမသိတဲ့သူဌေးသားတစ်ယောက်နဲ့လက်ထပ်ရတော့မှာလေ ဘယ်ပျော်နိူင်ပါ့မလဲ။
..........

မဂ်လာခန်းမကြီးထဲ လှပနေတဲ့သတို့သမီးလေး။

ရွှန်းစက်ဟာ မိုးပြာရောင်ဂါဝန်လေးကိုဝတ်ဆင်ထားပြီး နတ်သမီးလေးသဖွယ်လှ‌ပနေသည်။ သိုပေမယ့် သူမစိတ်ကတော့မပျော်နိူင်.....
ပါးပါးရဲ့လက်ကိုချိတ်မဂ်လာခန်းမထဲဝင်ရင်း...

"ပါးပါး သမီးနဲ့လက်ထပ်မယ့်သူက ဘယ်သူလဲဟင် Leoဆိုတဲ့သူကဘယ်သူလဲလို့"

"အချိန်တန်ရင်သိရမှာပေါ့ကွယ်"

တဖြေးဖြေးနီးကပ်လာတဲ့ ထိုလူရဲ့နောက်ကျော.....

ရွှန်းစက်ဆီကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့

"ဂုဏ်...."

" ကိုပါ တာရာ"

ရွှန်းစက်အံ့အားသင့်နေတဲ့အချိန်မှာပဲ
ပိတ်ကားထက်ပေါ်မှာ ဂုဏ်ရှိန်ရဲ့video fileထွက်ပေါ်လာသည်။

"တာရာ ကိုမင်းကိုချစ်တယ် မင်းဘာပြောပြောကိုခံပါ့မယ် ကိုမင်းနဲ့အမြဲအတူရှိချင်တယ်"

"တာရာလည်းကို့ကိုချစ်တယ်"

မဂ်လာခန်းမထဲတွင်ချစ်သူနှစ်ဦးတစ်ဦးကိူတစ်ဦးဖက်ရင်း ဝမ်းသာမျက်ရည်များကျခဲ့ကြသည်။

၊The End

ပထမဆုံးရေးသားခြင်းမို့ ဖတ်ရအဆင်မပြေရင်နားလည်ပေးကြပါနော်။

ချစ်သောသူများပေါင်းဖက်နိူင်ကြပါစေ။

Cloud

ကြယ်စင်တန်းတို့ထွန်းလင်းချိန်⭐Chapter 1 "ပါးပါး သူတို့ကဘယ်သူလဲဟင်" သူမ၏ဖခင်ဖြစ်သူဦးချမ်း‌မြေ့သခင်နှင့်အတူအိမ်ထဲဝင်လာတဲ့ထ...
28/10/2025

ကြယ်စင်တန်းတို့ထွန်းလင်းချိန်⭐
Chapter 1

"ပါးပါး သူတို့ကဘယ်သူလဲဟင်"

သူမ၏ဖခင်ဖြစ်သူဦးချမ်း‌မြေ့သခင်နှင့်အတူအိမ်ထဲဝင်လာတဲ့ထိုသားအမိနှစ်‌ေယာက်ကိုကြည့်ရင်း ရွှန်းစက်အံ့အားသင့်စွာမေးလိုက်သည်။

"သမီးငယ် ဒါသမီးရဲ့မေမေဖြစ်လာမယ့်သူလေ
ဒါသမီးရဲ့ကိုကိုပေါ့ သမီးထက်၁နှစ်ကြီးတယ်
ကိုကို့နာမည်က..."

ရွှန်းစက်ခြေဆောင့်ကာအပေါ်ထပ်အခန်းထဲကိုပြေးတက်သွားလေသည်။

ဟုတ်ပါတယ်လေ။ ရွှန်းစက်မေမေဆုံးတာ၁နှစ်တောင်ပြည့်သေးတာ။ ၈တန်းကျောင်းသူ ၁၃နှစ်အရွယ် ရွှန်းစက်အတွက် မိထွေးနဲ့သူ့သားကိုဘယ်လက်ခံနိူင်ပါ့ဦးမလဲ။ ရွှန်းစက်ကပါးပါးလိုမှမာမီ့ကိုမမေ့နိူင်တာ.......။

"သမီးကအဲ့လိုပဲနုယဉ် အလိုလိုက်ထားတော့ဆိုးနေတာ။"

ပါးပါးရဲ့ဇနီးအသစ်ဖြစ်တဲ့ ဒေါ်လှနုယဉ်ဟာလှတဲ့အပြင် ပါးပါးအတွက်ငယ်ချစ်ဦးတဲ့လေ။ ဒါ့အပြင်ရွှန်းစက်မေမေ ဒေါ်နှင်းစက်လွှာရဲ့သူငယ်ချင်း။ ဒေါ်လှနုယဉ်ဟာ‌ပါးပါးနဲ့တွဲနေစဉ်မှာပဲ ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်ဦးထည်ဝါနဲ့ လက်ဆက်သွားကြတာလို့ အန်တီမိုးစက်ပြောသည်ကို ရွှန်းစက်မှတ်မိပါသေးသည်။

"ရပါတယ်ကိုရယ်။ သားလည်းညီမလေးကိုအလိုလိုက်ရမယ်နော်"

"ဟုတ်"

သူကတော့ဒေါ်လှနုယဉ်ရဲ့သား ဂုဏ်ရှိန်ထည်ဝါပေါ့။ အသားဖြူဖြူ မျက်ခုံးကောင်းကောင်း jawline ထင်းထင်းက ဒေါ်လှနုယဉ်နဲ့ဦးထည်ဝါတို့ဆီက အလှတရားတစ်ခုစီစုဝေးထားသလိုပင် ချောမောလွန်းလှသည်။

ဦးထည်ဝါဟာလွန်ခဲ့တဲ့၁၀နှစ်ကယာဉ်မတော်တဆမှု့နဲ့ဆုံးပါးသွားခဲ့သည်။ ဦးထည်ဝါရဲ့လုပ်ငန်းတွေကိုတော့ ဂုဏ်ရှိန့်အဖေတူအမေကွဲအစ်ကိုဖြစ်သူ ဂုဏ်ရောင်ထည်ဝါကလက်လွှဲယူခဲ့သည်။ ကိုဂုဏ်ရောင်ဟာ ဂုဏ်ရှိန့်ထက်အသက်၁၁နှစ်ခန့်ကြီးသည်။
.........

ဂုဏ်ရှိန်သူ့အတွက်ပြင်ပေးထားတဲ့အခန်းထဲဝင်လိုက်သည်။

ကုတင်ဘေးရှိစာရေးစားပွဲပေါ်ဝယ် ဖေဖေ ကိုကိုနဲ့အတူရိုက်ထားတဲ့ပုံလေးကိုတင်ထားလိုက်သည်။

ထိုအချိန်မှာပဲဒေါ်လှနုယဉ်ဟာအခန်းထဲဝင်လာခဲ့သည်။

"ဂုဏ်ရှိန်‌ထည်ဝါ နင်ငါ့ယောက်ျားကိုကောင်းကောင်းဆက်ဆံ။ နင်ကငါ့သားပါဆိုပြီး ထင်ရာစိုင်းဖို့ မစဉ်းစားနဲ့ နင့်အဖေလိုအထက်စီးဆန်တဲ့အချိုးတွေလာမချိုးနဲ့ နားလည်လား"

အင်း။ ဟုတ်ပါတယ် မေမေကဂုဏ်ရှိန့်ကိုလိုချင်လို့မွေးခဲ့တာမှမဟုတ်ဘဲ ဖေဖေဆုံးရင်အမွေရဖို့ စီးပွားတွက်တွက်ပြီးမွေးခဲ့ရုံလေးသာ.....။

"ကျွန်တော်ဘာလုပ်ရမလဲ ကျွန်တော်သိပြီးသားပါ။"

"အေး သမီးရွှန်းစက်တာရာကိုလည်း လိုက်နှောင့်ယှက်မနေနဲ့။ ကြားလား..."

"ဟုတ်"

မေမေကသူ့သားအရင်းအတွက်မတွေးဘဲ လင်ပါသမီးအတွက်တွေးပေးနေသတဲ့။ မေမေ့ရဲ့သူစိမ်းဆန်မှု့တွေက ဂုဏ်ရှိန်အတွက်နေသားကျနေပါပြီ။
...........

"သား မနက်စာစားပြီးမှ ကျောင်းသွားလေ။ အန်ကယ်လိုက်ပို့ပေးပါ့မယ်။ သမီးလေးနဲ့တစ်ကျောင်းထည်းပဲကို"

"ဟူတ် ရပါတယ်။"

"ဘာရပါတယ်လဲ။ ကိုရယ်ဒီကောင်လေးကအဲ့လိုပဲ အေးတိအေးစက်နဲ့ အခုမှကျောင်းပြောင်းလာတာဆိုတော့ လိုအပ်တာတော့ရှိနေမှာပဲ ကိုပဲဂရုစိုက်ပေးပါနော်။"

ဂုဏ်ရှိန်သိပါသည် မေမေဒီလိုပြောနေတာက မေမေ့ယောက်ျားဆီက အကောင်းမြင်ခံရဖို့အတွက်ပဲလေ......။
...........

ကားပေါ်ရောက်တော့ နောက်ခန်းမှာထိုင်နေတဲ့ရွှန်းစက်ကိုမြင်လိုက်သည်။ သူမရဲ့မျက်လုံးများက အစ်ဖောင်းနေတာမို့ ညကငိုထားသည်မှာ မလွဲဧကန်ပင်။ ဂုဏ်ရှိန်ကတော့ ဦးချမ်းဘေးခုံမှာပင်ထိုင်လိုက်သည်။

"သမီးလေး ပါးပါးကိုစိတ်ဆိုးနေတာလာ:။"

"......."

"ကိုကိုနဲ့လည်းတည့်အောင်နေနော်။ နောက်ဆို‌ေကျာင်းမှာတစ်ခုခုဖြစ်ရင်ကိုကိုကသမီးကိုအမြဲကာကွယ်ပေးမှာ။"

"......."

ဂုဏ်ရှိန်ကားနောက်ခန်းကိုကြည့်လိုက်တဲ့အခါမှာတော့ မျက်ရည်ကျနေတဲ့ကလေးငယ်ကိုတွေ့လိုက်ရသည်။ ရွှန်းစက်ဟာ၁၃နှစ်ဆိုပေမယ့် လူကောင်ညှက်ကာ ၁၀နှစ်သာသာဟုသာထင်ရသည်။ အသားအရေဟာဖြူဝင်းလျက် ပါးဖောင်းဖောင်းလေးဟာ သဘာဝအတိုင်းပန်းနုရောင်သမ်းလျက် အလွန်ပင်ချစ်စရာကောင်းလှသည်။
................

ရွှန်းစက်ဟာကျောင်းသို့ရောက်ရင် အမြန်ပြေးထွက်ကာ အတန်းဆီကို ဒုန်းဆိုင်းပြေးထွက်သွားသည်။ ၉တန်းအခန်းကိုဘယ်လိုသွားရမလဲမသိတဲ့ ဂုဏ်ရှိန်အဖို့တော့ ထိုကလေးမ‌ကိုကြည့်ရင်းသက်ပြင်းချမိသည်။

"ငါတော့ ကိုယ့်အားကိုယ်ကိုးမှရတော့မှာပဲ။ မတတ်နိူင်ဘူးလေ ၁၀တန်းအောင်ရင်ကိုကိုရှိတဲ့ Canada သွားရမှာပဲ။ သည်းခံတာပေါ့။"

တစ်ကျောင်းလုံးမှာရှိတဲ့ကျောင်းသားကျောင်းသူတွေရဲ့အကြည့်က ဂုဏ်ရှိန်ထည်ဝါဆီမှာပင်။
ကြည့်ကြမှာပေါ့လေ ဂုဏ်ရှိန်ကလည်း နတ်သားလေးလိုချောတာပဲကို။

ထိုအချိန်မှာပင်

"ဟဲ့မိတာရာ ဟိုမှာကြည့်စမ်း ငါတို့ကျောင်းကိုနတ်သားလေးရောက်နေတာဟဲ့"

"ဟုတ်တယ် ကေသီပြောတာမှန်တယ်တာရာ အဲ့အစ်ကိုကြီးကချောချက် ငါဖြင့်ရည်းစားတောင်ကောက်တော်ချင်တယ်အေ။"

"တော်စမ်း ကေသီနွယ် လမင်းခင် သူကဘာတွေများချောနေလို့လဲ။ ဘယ်ကကြည့်ကြည့်သာမန်ပဲ ငါဖြင့်ကြည့်လို့ကိုမရဘူး။"

"ဟဲ့ကြည့်မရ‌ရအောင် နင်နဲ့သူကဘာတော်လို့လဲ"

"ငါ့အဖေရဲ့ သွေမတော်သားလေ"

"နင့်မိထွေးဘက်ကပါတဲ့သားပေါ့။ ကောင်မ အစ်ကချောချောလေးရတာကို လျှိုထားတယ်ကျန်း။ ယောင်းမတော်ရမှာစိုးလို့လား။"

"လိုချင်ယူသွားပါလမင်းရယ်။ ငါသူ့ကိူမုန်းတယ်။ မာမီ့နဲ့ငါ့ဆီကနေ ပါးပါးကိုသူတို့သားအမိကလုယူသွားတာ"

"....."
....................

Address

Bago
08011

Website

Alerts

Be the first to know and let us send you an email when Gemini Cloud posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share