Shwe Din Gar Dawei Food ရွှေဒင်္ဂါး ငါးခြောက် / ပုဇွန်ခြောက် ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Dawei
  • Shwe Din Gar Dawei Food ရွှေဒင်္ဂါး ငါးခြောက် / ပုဇွန်ခြောက် ရောင်းဝယ်ရေး

Shwe Din Gar Dawei Food  ရွှေဒင်္ဂါး ငါးခြောက် / ပုဇွန်ခြောက် ရောင်းဝယ်ရေး Premium Grade Dry Shrim and Dry Fish , Dawei local snacks

ခါတိုင်းရောင်းနေကျလိုမဟုတ်ဘဲ လုံးဝလုံးဝ ဆားအပေါ့ အရသာကောင်း ငါးကွန်းရှပ်ခြောက် ရှယ်တွေ နောက် ၄ ရက်ကြာရင်ရပါမယ်ရှငိ။ စောင...
09/09/2026

ခါတိုင်းရောင်းနေကျလိုမဟုတ်ဘဲ

လုံးဝလုံးဝ ဆားအပေါ့ အရသာကောင်း ငါးကွန်းရှပ်ခြောက် ရှယ်တွေ နောက် ၄ ရက်ကြာရင်ရပါမယ်ရှငိ။

စောင့်ပေးရတာနဲ့ တန်တဲ့ ကွာလတီရမှာမို့
ကြိုတင် အကြောင်းကြားထားပါရစေ။

Morning Glory messages !!Customers များရဲ့ Feedback လေးတွေက ကျနော်တို့ရွှေဒင်္ဂါးရဲ့ ရှေ့ဆက်ရမယ့် ခွန်အားပါ။ Feedback လေ...
05/09/2026

Morning Glory messages !!
Customers များရဲ့ Feedback လေးတွေက ကျနော်တို့ရွှေဒင်္ဂါးရဲ့ ရှေ့ဆက်ရမယ့် ခွန်အားပါ။

Feedback လေးတွေအတွက် အများကြီးကျေးဇူးတင်ပါတယ်ရှင်။

 #အာပြဲခြောက် အတုံးဒီလိုမျိုးအာပြဲခြောက်အတုံး အချိုခြောက်လေးတွေ အသင့်ကြော်စားဖို့အတွက် အာပြဲခြောက်ခုတ်တုံးလေးတွေရပါမယ်။ ...
02/09/2026

#အာပြဲခြောက် အတုံး

ဒီလိုမျိုးအာပြဲခြောက်အတုံး အချိုခြောက်လေးတွေ အသင့်ကြော်စားဖို့အတွက် အာပြဲခြောက်ခုတ်တုံးလေးတွေရပါမယ်။

(၂၀)ကျပ်သား- 14000Ks ပါရှင်

 #မရမ်းပြားခြောက်မရမ်းပြားအချိုခြောက်ရပါမယ်ရှင်။ နွေကတည်းက ဆားမပါပဲလှန်းထားတာလေးတွေပါ။ မွန်ဟင်း သောက်ဆမ်းဟင်းတွေမှာ မပါမ...
02/09/2026

#မရမ်းပြားခြောက်

မရမ်းပြားအချိုခြောက်ရပါမယ်ရှင်။ နွေကတည်းက ဆားမပါပဲလှန်းထားတာလေးတွေပါ။

မွန်ဟင်း သောက်ဆမ်းဟင်းတွေမှာ မပါမဖြစ်မရမ်းပြားခြောက်လေးတွေပါ။ အထူးသဖြင့် ငါးဟင်းတွေ ကြက်သားနဲ့ချက်တဲ့ဟင်းတွေဆို မရမ်းပြားခြောက်လေး လေးငါးခြောက်ဖတ်လောက် ထည့်ခတ်လိုက်ရင် အရသာရှယ်ကောင်းသွားရောလား။

(၁၀) ကျပ်သားထုပ်- 4000Ks

 #ကကူရံငါးဘုတ်ခြောက်ငါးဘုတ်ခြောက်ဆို အကောင်းဆုံးဖြစ်တဲ့ ကကူရံငါးဘုတ်ခြောက်ကိုမှ စားချင်သူတွေအတွက် ဆားပေါ့ပြီး အသားကောင်း...
01/09/2026

#ကကူရံငါးဘုတ်ခြောက်

ငါးဘုတ်ခြောက်ဆို အကောင်းဆုံးဖြစ်တဲ့ ကကူရံငါးဘုတ်ခြောက်ကိုမှ စားချင်သူတွေအတွက် ဆားပေါ့ပြီး အသားကောင်းကောင်းခြောက်တဲ့ #ကကူရံငါးဘုတ်ခြောက်စစ်စစ် ဆာအပေါ့ခြောက် ရှားပါးပစ္စည်းလေးတွေ အသစ်ရောက်ထားပါတယ်။

#ပစ္စည်းအသစ်လေးတွေကရောက်ကုန်များတာမို့ Post လေးတွေတင်တုန်း အော်ဒါအမြန်တင်ထားနော်။

အကောင်လိုက်ဆိုရင် အလယ်သားတစ်ပိုင်း အမြီးတစ်ပိုင်းရပါမယ်။ တစ်ကောင်ကို ၅၀ သားဝန်းကျင်ပါ။

အကောင်လိုက် (၁)ပိသာ- 160000Ks ပါ။
အသားသတ်သတ်(၁၀) ကျပ်သား- 20000Ks ပါ။

ကကူရံငါးဘုတ်မီးကင် မြေပဲဆီစိမ် (၁၀)ကျပ်သားဗူး- 24000Ks ပါရှင်။

ထားဝယ်ကနေပို့ပေးပါတယ်။ အိမ်မရောက်ငွေချေရပါတယ်။

 #ငါးအူညှင်းခြောက်မီးကင် (အချိုခြောက်)ထားဝယ်က  #အူကြီးခြောက် လို့ခေါ်တဲ့  #ငါးအူညှင်းခြောက်  #အချိုခြောက်စစ်စစ် တွေ အသစ်...
01/09/2026

#ငါးအူညှင်းခြောက်မီးကင် (အချိုခြောက်)

ထားဝယ်က #အူကြီးခြောက် လို့ခေါ်တဲ့ #ငါးအူညှင်းခြောက် #အချိုခြောက်စစ်စစ် တွေ အသစ်ရောက်တာ မီးကင်တွေရပါမယ်ရှင်။

ဆားတစ်ပွင့်မှ မပါတဲ့ အချိုခြောက်စစ်စစ် ဖြစ်ဖို့ရယ် လုံးဝမခါးဖို့ရယ် အထူးအာမခံပါတယ်နော်။

အူညှင်းခြောက်ခါးရတယ်ဆိုတာ အထဲမှာ အစိုဓါတ်မကုန်လို့ပါရှင်။ ဒါကြောင့် ရွှေဒင်္ဂါးက အူကြီးခြောက်မီးကင်တွေဟာ မီးကင်ပြီးတာနဲ့ အထုပ်ထဲတန်းမထည့်ဘဲ Dehydrator စက်ထဲမှာ ရေငွေ့အကုန်ထုတ် အခြောက်ခံပြီးမှ Packing ထုပ်တာမို့ #လုံးဝမခါးဖို့အာမခံပါတယ်။

(၁၀) ကျပ်သား(၁)ထုပ်- 15000Ks ပါရှင်။

အထုပ်တိုင်းကို လေစုပ်အိတ်နဲ့ ထုပ်ပိုးထားတာမို့ နယ်ဝေး/Oversea စိတ်ကြိုက်သယ်ပါရှင်


မိုးတွင်း ပစ္စည်းကောင်း အရမ်းရှားလို့ ရွာမှာကို လုဝယ်နေရတာမို့ ပါ။

အော်ဒါတင်တာစောသူတွေပဲရပါမယ်။

01/09/2026

#ငါးပိထောင်းမီးကင်

ထားဝယ်ရိုးရာငါးပိထောင်းမီးကင် ထားဝယ်အခေါ် ပိထောဖု။

လက်ထောင်းမျှင်ငါးပိချိုအကောင်းစား ပုဇွန်ခြောက်အများကြီးနဲ့ အဆာပလာကောင်းကောင်း ပါဝင်ပစ္စည်းတစ်ခုချင်းစီ မှိုစစ်ပြီးမှ ထောင်းထားတဲ့ ရွှေဒင်္ဂါးရဲ့ ရှယ်ထားဝယ်ငါးပိထောင်းကိုမှ မီးအေးအေးလေးနဲ့ အတွင်းအပြင် အကျက်ညီအောင်ကင်ထားတာဆိုတော့
လုံးဝ လုံးဝ ရှယ်အရသာပါ။

Video ထဲမှာ အရမ်းမွှေးနေတဲ့အနံ့လေးထည့်မရလို့သာ ။ အပြင်မှာ အနံ့လေးကအရမ်းကိုမွှေးနေရောပဲ။

တစ်လုံး- 2500Ks
(၅) လုံးပါဗူး- 12000Ks




#ငါးပိငါးခြောက်
#ငါးပိထောင်း
#မြန်မာစားစရာ

 #သစ်တိုသီးပုဇွန်ခြောက်ငါးပိကြော်ဒီဟာလေးက စားကောင်းယုံမကဘဲ စားပြီးရင်လုံးဝ စွဲသွားအောင်ကို ကောင်းတာမျိုးလေး။ သစ်တိုသီးဆိ...
31/08/2026

#သစ်တိုသီးပုဇွန်ခြောက်ငါးပိကြော်

ဒီဟာလေးက စားကောင်းယုံမကဘဲ စားပြီးရင်လုံးဝ စွဲသွားအောင်ကို ကောင်းတာမျိုးလေး။

သစ်တိုသီးဆိုတာ Tropical zone အပူပိုင်းမိုးများရပ်ဝန်း အထူးသဖြင့် တနသ်ာရီတိုင်းဘက်မှာပဲ ပေါက်တဲ့ အပင်က အသီးမျိုး။ တခြားဒေသတွေမှာ စားချင်လို့ကိုစားရဖို့မလွယ်တဲ့အသီးမျိုး။ သစ်တိုသီးရဲ့ရတဲ့ ချဉ်ဖြုန်းဖြုန်းအရသာလေးဟာ တခြား မရမ်းသီး တွေ မန်ကျည်းသီးတွေကရတဲ့ အရသာမျိုးနဲ့လုံးဝ မတူဘဲ ကွဲထွက်နေတဲ့ အချဉ်အရသာမျိုးလေး။

အဲ့လို ကောင်းတဲ့ သစ်တိုသီးကိုမှ ဆိုးဆေးမပါ Chemical လုံးဝမပါတဲ့ ထားဝယ်လက်ထောင်းမျှင်ငါးပိစစ်စစ်
ဖောင်ပုဇွန်ခြောက် အကောင်အလတ် အချိုဆိုဒ် နိုင်းချင်းသုံးပြီး ကြက်သွန်ဖြူ ကြက်သွန်နီ အနှစ်နိုင်နိုင်နဲ့ အရသာအကောင်းဆုံးရအောင် ကြော်ထားတာပါ။

ယိုးဒယားပဲပိစပ်ဆီ တစ်မျိုးကိုသာသုံးထားပြီး ပြန်ကြော်ဆီလုံးဝ မသုံးဘူး။ အချိုမှုန့် လုံးဝ သုံးမထားဘူး။ အဆာပလာတွေကို သာအကောင်းစားတွေ ရှယ်သုံးထားပြီးကြော်ထားတာမို့ အချိုမှုန့်ထည့်စရာမလိုဘူး။

ကြော်တဲ့အခါမှာလည်း နာရီနဲ့ချီ လက်မောင်းကျောတွေတင်းနေအောင် မီးအေးအေးနဲ့ အရသာတွေထဲထဲဝင်ဝင်ရှိအောင် ကြော်ထားတာလေးပါနော်။

တစ်ထုပ်မှာ Net weight အသားတင် 240 g ရှိပါတယ်။ Gross Weight - 260g ပါ။

အထဲမှာလေစုပ်အိတ်နဲ့ အိတ်နှစ်ထပ်ထုပ်ထားတာမို့ Oversea စိတ်ကြိုက်သယ်ပါနော်။

တစ်ထုပ်- 12000Ks ပါရှင်။

Singapore မှ အစ်မ May Than Lwin ရဲ့ ကကူရံငါးဘုတ်ခြောက်မီးကင် Feed Back လေးပါရှင်။ ဒီအစ်မရဲ့ ကူညီကြိုးပမ်းမှုကြောင့် ယခင်...
30/08/2026

Singapore မှ အစ်မ May Than Lwin ရဲ့ ကကူရံငါးဘုတ်ခြောက်မီးကင် Feed Back လေးပါရှင်။

ဒီအစ်မရဲ့ ကူညီကြိုးပမ်းမှုကြောင့်

ယခင် Singapore ပို့ခ 8.5 SGD ကို
ယခု
Singapore Order များ Cargo Fee 1Kg- 8 SGD နဲ့ ရပါမယ်နော်။

Pick Up Peninsula Plaza ပါ။

ပုဇွန်ခြောက် Feed Back လေးအတွက်ကျေးဇူးပါညီမလေးရေ
30/08/2026

ပုဇွန်ခြောက် Feed Back လေးအတွက်ကျေးဇူးပါညီမလေးရေ

Address

No(3) , Inner Strand Road, Next To Chinese Temple, Taline Htein Quarter
Dawei
14011

Telephone

+959450009860

Website

Alerts

Be the first to know and let us send you an email when Shwe Din Gar Dawei Food ရွှေဒင်္ဂါး ငါးခြောက် / ပုဇွန်ခြောက် ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share