22/07/2026
မင်္ဂလာပွဲကြီးတစ်ပွဲပြင်ဖို့ ခုလိုပြင်ဆင်မှုတွေအများကြီးလုပ်ရပါတယ်၊ ဒီပွဲလေးမှာပြင်သွားတဲ့ Florist လေးတွေအားလုံးက Kateရဲ့သင်တန်းဆင်းကျောင်းသား/သူဟောင်းလေးတွေမို့ ဂုဏ်ယူစွာနဲ့ပြန်လည်မှတ်တမ်းတင်လိုက်ပါတယ် 🙋🏻♀️..
ပွဲရှင်နဲ့ပွဲရဲ့ကုန်ကျစရိတ်ကို အတည်ပြုပြီးဆိုတာနဲ့ Kate team က အောက်ပါအချက်လေးတွေကို တစ်ဆင့်ချင်းစီလုပ်ဆောင်ပါတယ်..
🌸 ပွဲရဲ့ကုန်ကျစရိတ်ရဲ့ 20%(သို့)30% ပြင်ရမယ့်အနေထားပေါ်မူတည်ပြီး စရန်လက်ခံယူထားပါတယ်
🌸 ပထမဦးဆုံးအဆင့်အနေနဲ့ ပွဲရှင်တွေကြိုတင်မြင်တွေ့လို့ရမယ့် ပြင်ရမယ့်ပွဲတစ်ခုလုံးရဲ့ပုံစံ ဒီဇိုင်းကိုစပြီးပုံဖော်ရေးဆွဲပေးပါတယ် (ဒီပွဲလေးအတွက် အမှတ်တရ မင်မင်ဆွဲခဲ့တုန်းက မင်မင်ရှိတဲ့မြို့လေးမှာ နှင်းတွေတဖွဲဖွဲကျခဲ့တဲ့နေ့လေးပေါ့ 😍)
🌸 ဒီဇိုင်းအကြမ်းကို ပွဲရှင်နဲ့အတူဆွေးနွေးပြီး နောက်ဆုံးအချောဒီဇိုင်းထွက်ပြီးတာနဲ့ ပွဲအတွက်လိုအပ်တဲ့ Structure ဘုတ်ဒိီဇိုင်းအပ်၊ ပန်းအတု၊ Vinyl၊ အခမ်းအနားမှာအသုံးပြုရမယ့် အခြားဆက်စပ်ပစ္စည်းများဝယ်ယူစုထားပါတယ်
🌸 ပွဲပြင်ဖို့ပန်းအစစ်တွေနဲ့၊ သတို့သမီးလက်ကိုင်ပန်းအစစ်အတွက် ၂ ပတ်ကြိုတင်ပြီး ဝယ်နေကြဆိုင်တွေနဲ့ချိတ်ဆက်ပြီး စရန်ချထားပါတယ်
🌸 ပွဲရက်မတိုင်ခင် တစ်ပတ်အလိုမှာ ပြင်ရမယ့်ပွဲအနေအထား၊ ပြင်ရမယ့်အချိန်နဲ့ တွက်ဆပြီး အဓိက Florist (၅) ယောက်၊ Structure ပိုင်းပြင်ဆင်ပေးမယ့်သူ (၃) ယောက် နဲ့ အထွေထွေကူညီပေးမယ့်သူ (၂) စုစုပေါင်း ၁၀ ဦးကိုကြိုတင် စီစဉ်ထားခဲ့ပါတယ်
🌸 စတိတ်စင်အကျယ်အဝန်းအနည်းဆုံးရှိရမယ့်အတိုင်းအတာကို ပွဲရှင်ထံပို့ပေးပါတယ် (တခြားမြို့မှာသွားပြင်ရတာရယ် စတိတ်စင်သမားက ပွဲရှင်တို့ဘက်ကရှာထားတာမို့ပါ) ပုံမှန်ဆို Kate team နဲ့အတူပြင်လေ့ရှိတဲ့ စတိတ်စင်အဖွဲ့ကို ကိုယ်လိုချင်တဲ့အကျယ်အဝန်းအနေအထားကို ကြိုတင်ပြောထားရပါတယ်
🌸 ပွဲမစခင် ၂ ရက်ကြိုတင်ပြီးသွားခဲ့ပါတယ်_ ခရီးဝေးသွားရတာမို့ Kate အဖွဲ့သားများအတွက်ပထမရက်မှာ နေရာအသစ်ကိုစပြီးလေ့လာပြင်ဆင်ထားလို့ရအောင်ရယ်၊ ဒုတိယနေ့ပန်းပြင်ဆင်ရမယ့်နေ့အတွက်စရောက်တဲ့ရက်လေးမှာ လိုအပ်တာတွေကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်
🌸 ပန်းပြင်ဆင်ရမယ့်နေ့ (ပွဲရဲ့အလုပ်အကိုင်နေ့) ပထမရက်မှာကြိုတင်နေရာချထားတဲ့ဘုတ်ပြားတွေ ဖရိန်တွေပေါ်မှာ ပန်းစတင်ပြင်ဆင်ပါတယ်_ ဒီနေရာမှာ အဖွဲ့လေးခွဲပြီး အချိန်သတ်မှတ်ပြီးပြင်ဆင်ကြပါတယ်
- မနက်ပိုင်း စတိတ်စင်တစ်ခုလုံးပန်းပြင်ဆင်၊
တပြိုင်တည်း Photo Collection booth ပြင်ဆင်
- နေ့လည်နေကျချိန် လျှောက်လမ်း၊ အဝင်ခုံးပြင်ဆင်
နေချိန် တပြိုင်တည်း Photobooth ကိုပြင်ဆင်
- ညပိုင်း အသေးစားပြင်ဆင်မှုတွေဖြစ်တဲ့ လက်ဖွဲ့ခုံ
Welcome board၊ Photo Stands မင်္ဂလာအဖွဲ့သား
များအတွက်လိုအပ်တဲ့ floral accessories များ
ပြင်ဆင်
- ညပိုင်းရောက်တဲ့အချိန်မှာ main florists လေးတွေ
က သတို့သမီးလက်ကိုင်ပန်း၊ ရင်ကပ်ပန်းလေးတွေ
ပြင်ဆင်ပါတယ်
ပွဲနေ့မနက်ခင်း
🌸 Structure ပြင်ပေးတဲ့အဖွဲ့သားများအစောဆုံးထပြီး ဘုတ်အနေအထားခိုင်ခံ့မှု၊ လျှောက်လမ်းအခင်းစစ်ဆေးမှု၊ လျှောက်လမ်းမီးတိုင်များစစ်ဆေးမှု၊ Photo Stands များနေရာချပြင်ဆင်မှုများ ပြုလုပ်ရပါတယ်
🌸 Florists တွေကတော့ ပန်းအနေအထားများပြန်လည်စစ်ဆေးပြီး ပွဲထွက်ဖို့ပြင်နေတဲ့ wedding crews များအတွက် ကူညီပေးပါတယ် (ရင်ကပ်ပန်း၊ ပန်းကြဲခြင်းကိုင်ပုံ၊ အရံပန်းများနှင့် သတို့သမီးလက်ကိုင်ပန်း စတဲ့ အရာများကိုအနီးကပ်ကူညီဆောင်ရွက်ပေးပါတယ်)
ဒါကတော့ Kate team ရဲ့ နယ်မြို့လေးက အခမ်းအနားပွဲကြီးတစ်ခုအတွက် ပြင်ဆင်မှုအပိုင်းများကို ဗဟုသုတအနေနဲ့ဖော်ပြထားခြင်းဖြစ်ပါတယ်..
————————
🏡ဆိုင်လိပ်စာ🏡
Kate’s Flower Studio No (6/46), School Road, Pyi Htaung Su, 6 Ward, Hpa-an ဘားအံမြို့ကပါ ။
☎️ 09255923311, 09757404530
Sunday 🙏 တိုင်းဆိုင်ပိတ်ပါတယ်