17/01/2022
အဲယားကွန်း (Automotive Air Conditioning) ပြစ်ချက်ရှာဖွေခြင်း
🗽🗽🗽
❄ ပြစ်ချက်မရှာခင် Air corn system အလုပ်လုပ်ပုံတွေ theory တွေနားလည်ဖို့အရေးကြီးပါတယ်
➽ High pressure gauge နဲ့Low pressure gauge ကိုဖတ်တဲ့အခါမှာ
High 250 Low 50 ဖြစ်နေရင်
Overcharged system ဒါမှမဟုတ် condenser မှာ ပြစ်ချက် ရှိနေပြီ system ကို recharge ပြန်လုပ်မယ်
➽ High pressure gauge နဲ့Low pressure gauge ကိုဖတ်တဲ့အခါ
High 160 Low 10 ဖြစ်နေရင်
Evaporator froste ဖြစ်မယ် low pressure ပိုက်လိုင်းတွေ စစ်ဆေးရမယ် expansion valve တွေ စစ်ဆေးရမယ်
High side နှင့် Low side ကို ယှဉ်ကြည့်လိုက်လို့
High 225 Low 80 ဖြစ်နေရင်
Expansion valve စစ်ဆေးရမယ် heat sensitizing tube တွေစစ်ဆေးရမယ်
➽ High 50 Low 50 ဖြစ်နေရင်
compressor clutch ကပ် ( engage ) မကပ် (disengage) စစ်ဆေးမယ်
Refrigerant pressure sensor မကောင်းရင်လည်း မကပ်ဘူး Gas မရှိရင်လည်း compressor clutch မကပ်ဘူး A/C switch တွေ wiring ပိုင်း ပြစ်ချက်ရှိနေလည်း compressor clutch မကပ်ဘူး
compressor coil မှာလည်းပြစ်ချက်ရှိနေရင် compressor clutch disengage ဖြစ်မယ်
➽ High 150 Low 30 ဖြစ်နေရင်
A/C system ထဲမှာ ရေခိုးရေငွေ့ရှိနေပြီ စစ်ဆေးပြုပြင်ပြီး မိနစ် 30 လောက် ခြောက်သွေ့အောင်ထားပါ ပြီးရင် Gas refill
Low pressure gauge မှာ pressure သည် အောက်ဆုံးထိထိုးကျသွားလိုက် pressure ပြန်တက်သွားလိုက်ဖြစ်နေရင် ရေခဲပြီး Expension valve မှာပိတ်နေတတ်တယ် ရေငွေ့ပါဝင်မှုများနေရင်တော့ ရေခဲပြီး compressor ကိုပျက်စီးစေနိုင်ပါတယ်
➽ High 125 Low 30
refrigerant/oil ပမာဏ ကိုစစ်ဆေးမယ် များနေလား/ အလုံအလောက်ရှိမရှိ
➽ High 200 Low 70 ဆိုရင်
A/C system ထဲမှာ Blockage ဖြစ်နေပြီ blockage ဖြစ်တဲ့နေရာကို ရှာပြီး replace လုပ်
➽ High 150+ Low>10 ဆိုရင်
Expansive valve open သို့မဟုတ် leakage ဖြစ်နေပြီ
valve တွေကိုစစ်ဆေးသင့်ပါတယ်
➽ High 100 Low 100 ဖြစ်ပြီး
Compressor မကပ်ရင် wiring စစ်ဆေးရပါမည်
❄ မှတ်ချက်။ A/C system ရဲ့ideal pressure သည် 150 high နှင့် 30 low အခြေနေမှာ ရှိပါတယ်
❄ high pressure gauge နဲ့ low pressure gauges ကို level ကိုကြည့်ပြီး A/C system ရဲ့ဖြစ်နိုင်တဲ့ inference တွေ ကိုအနည်းငယ်ရှင်းပြပေးပါမယ်
➽ pressure gauge နှစ်ခုလုံး
Low အခြေနေမှာဆိုရင် refrigerant gas ထပ်ထည့်ဖို့လိုပါပြီ pipe line တစ်လျောက် leakage ဖြစ်မဖြစ်စစ်ဆေးပါ
pressure သည် zero နီးပါးလောက်ပြနေရင်တော့ ယိုစိမ့်မှုရှိနေပါပြီ
➽ low pressure gauge မှာ Low အခြေနေပြပြီး
High pressure gauge မှာ High အခြေနေမှာရှိနေရင် Need service
ok ပထမဆုံး expansion valve တွေ blockage ဖြစ် မဖြစ် အရင်စစ်ဆေးမယ် tube တွေ or***ce ဖြစ်နေလား check မယ်
➽ Pressure gauge နှစ်ခုလုံးမှာ
High အခြေနေဖြစ်နေရင် A/C system အတွင်း လေဝင်နေပြီ ကျွန်တော် တို့ A/c repair လုပ်ပြီး ပြန်လည်တပ်ဆင်တဲ့ အခါဘဲဖြစ်ဖြစ် gas မဖြည့်ခင် လေ ကို အကုန်မစုတ်ထုတ်မိတဲ့အခါမှာ ဒီပြသာနာ မျိုးတွေ ကြုံရတက်ပါတယ် overcharge ဖြစ်နေပြီ
➽ pressure gauge တပ်ပြီးပြစ်ချက်ရှာတော့မယ်ဆိုရင်
Engine ကို1500 rpm နဲ ့run ထား
Blower speed ကိုအမြင့်ဆုံးထားပါ
➽ compressor oil သည် compressor တစ်လုံးရဲ့အသက်ပါ Use only this oil လို့ပြောထားရင် သူ့အမျိုးအစားဘဲ အသုံးပြုတာ ပိုကောင်းပါတယ်
Air corn ပိုင်း မှာပြသနာရှိနေရင်တော့
system တစ်ခုလုံးကိုစစ်ဆေးပေးခြင်းဟာ ပိုကောင်းပါတယ်
❄ wiring ပိုင်းမှာဆိုရင်လည်း
Fuse /relay ကောင်းမကောင်စစ်ဆေးပါ
A/C Amplifier မှာ power ရောက်မရောက်စစ်ဆေးပါ
power မရောက်ရင် clutch မကပ်ပါ
Blower fan မလည်ရင် Fan motor, Fan Speed Resister တွေ စစ်ဆေးပါ ECU box တွေစစ်ဆေးပါ
➽ (1) Receiver သို့မဟုတ် Dryer မှာ ဂျီးပိတ်နေလား အညစ်အကြေးတွေရှိနေလား
➽ (2) Expansion valve တွေ အပေါက်ကျယ်နေလား
➽ (3) sensing tube တွေ တပ်ဆင်မှု မှားနေလား
➽ (4) pipe တွေ pipe အဆက်တွေ leakage ဖြစ်နေလား
➽ (5) compressor အတွင်းယိုစိမ့်မှုဖြစ်နေလား
➽ (6 ) Condenser fan လည်မလည် စစ်ဆေးပါ
➽ (7 ) pressur switch , Control module တွေ Blower fan လည်ပတ်မှု ရှိ / မရှိ
➽ (8) Fan တွေမလည်ရင် temperature , pressure တွေ မြင့်မားပြီး gas pipe line မှာတပ်ဆင်ထားတဲ့ pressure sensor ဟာ ECU ကို အပူလွန်ကဲနေကြောင်း သတင်ပို့ပြီး magnetic clutch ကို Disengage ပြုလုပ်လိုက်ပါတယ်
➽ (9) Air Filter ကောင်း / မကောင်းစစ်ဆေးပါ
➽ (10 ) Drive belt ပန်ကာကြိုးတွေ ချောင်နေလား
အခုဖော်ပြချက် ရှင်းပြချက်အားလုံးသည် ပြည့်စုံ မှု မရှိသေးပါ
Thank for Reading
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
Pyae Phyo Kyaw