Sayar Ko Phyo Electrical,Air-con,Smart phone Service and Training Club

  • Home
  • Myanmar
  • Kalemyo
  • Sayar Ko Phyo Electrical,Air-con,Smart phone Service and Training Club

Sayar Ko Phyo Electrical,Air-con,Smart phone Service and Training Club အတ္တာဟိ အတ္တနော နာထော

ငွေကျပ် ၁၈ သိန်းဝန်းကျင်ဖြင့်စျေးနှုန်းအချိုသာဆုံး အရံမီးပေးစနစ်လေးပါ1 kva hybrid inverter 1 လုံး 150 watt solar 2 ချပ်2...
30/05/2023

ငွေကျပ် ၁၈ သိန်းဝန်းကျင်ဖြင့်
စျေးနှုန်းအချိုသာဆုံး အရံမီးပေးစနစ်လေးပါ
1 kva hybrid inverter 1 လုံး
150 watt solar 2 ချပ်
200 ah tubller acid type battery 1 လုံး
AC breaker DC breaker
DC wire cable and AC wire cable

အသုံးပြုနိုင်သော လျှပ်စစ်ပစ္စည်းများ

TV
Refrigerator 1 လုံး
Fan 3 လုံး
18 watt မီးပွင့် ၈ ပွင့်
Laptop and Phone Charger
Air cooler ၂လုံး

နေ့ခင်းပိုင်းဆိုရင် Long time အလှည့်ကျသုံးလို့ရပါမယ်ဗျ။

ဆက်သွယ်ရန်လိပ်စာ-09973583640

ငွေကျပ် သိန်း၃၀ ဝန်းကျင်ဖြင့်လူကြီးမင်းတို့၏ နေအိမ် သို့မဟုတ် ဆိုင်ခန်းများတွင် 3KVA Solar systeam တပ်ဆင်လိုပါက စျေးနှုန...
30/05/2023

ငွေကျပ် သိန်း၃၀ ဝန်းကျင်ဖြင့်
လူကြီးမင်းတို့၏ နေအိမ် သို့မဟုတ် ဆိုင်ခန်းများတွင် 3KVA Solar systeam တပ်ဆင်လိုပါက စျေးနှုန်းချိုသာစွာဖြင့် အမြန်ဆုံးဆက်သွယ်တပ်ဆင်နိုင်ပါသည်။
အသုံးပြုနိုင်သော လျှပ်စစ်ပစ္စည်းများ

ရေမော်တာ 1hp
TV.ရေခဲသေတ္တာ.Water cooler.Air cooler
18W Lighting ၂၅ပွင့်
ထမင်းပေါင်းအိုး
ဒယ်နီအိုး
လက်သမားသုံးရေပေါ်စက္များ
လုပ်ငန်းသုံးပစ္စည်းများ ကို
အလှည့်ကျသုံးစနစ်ဖြင့် အသုံးပြုနိုင်ပါတယ်ဗျ။

တပ်ဆင်ပေးသောပစ္စည်းများ
550W Jinko solar N type
Must 3kva hybrid inverter
AC breaker DC breaker
Solar 6mm cable
7.036 wire
150 acid tubller battery 2 လုံး

ဆက်သွယ်ရန်လိပ်စာ-09973583640

ဖုန်းအားသွင်း Wifi စက်နှင့် ညအချိန်မိမိနေအိမ် မီးလင်းနေစေဖို့ အရန်မီးပေးစနစ်လိုအပ်နေပြီလား မီးစက်မောင်းနေရတာ ဆီစျေးမသက်မ...
14/04/2023

ဖုန်းအားသွင်း Wifi စက်နှင့် ညအချိန်မိမိနေအိမ် မီးလင်းနေစေဖို့ အရန်မီးပေးစနစ်လိုအပ်နေပြီလား မီးစက်မောင်းနေရတာ ဆီစျေးမသက်မသာဖြစ်နေပြီလား
လူကြီးမင်းတို့၏ နေအိမ်တွင် တစ်ခါတပ်ဆင်ပြီးတာနဲ့ ၅နှစ်လောက်လှည့်ကြည့်စရာမလို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့ Solar Energy ကိုတပ်ဆင်လိုပါက အိမ်တိုင်ရာရောက်အမြန်ဆုံးဝန်ဆောင်မှု့ပေးနေပါပြီ။
ငွေကျပ် ၁၆သိန်း ဝန်းကျင်မှစ၍ သုံးစွဲမှုအပေါ်မူတည်၍ အိမ်သုံးလုပ်ငန်းသုံး စိတ်ကြိုက်ရွေးချယ်ဝယ်ယူတပ်ဆင်နိုင်ပါပြီ။

09973583640 သို့ အမြန်ဆုံးဆက်သွယ် စုံစမ်းနိုင်ပါပြီ။

300 watt solar နှစ်ချပ်3kva hybrid inverter150 tubller type Battery နှစ်အိုးရိုးရိုးရှင်းရှင်း ကုန်ကျစရိတ်သက်သာ နေ့ခင်း ...
14/04/2023

300 watt solar နှစ်ချပ်
3kva hybrid inverter
150 tubller type Battery နှစ်အိုး
ရိုးရိုးရှင်းရှင်း ကုန်ကျစရိတ်သက်သာ နေ့ခင်း ရေခဲသေတ္တာ မောင်းဖို့နဲ့ ထမင်းချက်ဖို့ရယ် ရေတင်ဖို့ရယ် အလှည့်ကျသုံးစနစ်လေးပါ။

စုစုပေါင်းကုန်ကျငွေ 28သိန်းနဲ့ အပြီးအစီးတပ်ဆင်ပေးခဲ့ပါတယ်ဗျ။

လူကြီးမင်းတို့၏ နေအိမ်နှင့်ဆိုင်ခန်းများ မီးအလှဆင်လိုလျှင် အသက်သာဆုံးနှုန်းထား အမြန်ဆန်ဆုံးဝန်ဆောင်မှုဖြင့် လူကြီးမင်းတိ...
12/11/2022

လူကြီးမင်းတို့၏ နေအိမ်နှင့်ဆိုင်ခန်းများ မီးအလှဆင်လိုလျှင် အသက်သာဆုံးနှုန်းထား အမြန်ဆန်ဆုံးဝန်ဆောင်မှုဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေပါပြီ။

Sayar KoPhyo(Electrical inspection)

09458877350

လူကြီးမင်းတို့၏ နေအိမ်နှင့်ဆိုင်ခန်းများ မီးအလှဆင်လိုလျှင် အသက်သာဆုံးနှုန်းထား အမြန်ဆန်ဆုံးဝန်ဆောင်မှုဖြင့် လူကြီးမင်းတိ...
11/05/2022

လူကြီးမင်းတို့၏ နေအိမ်နှင့်ဆိုင်ခန်းများ မီးအလှဆင်လိုလျှင် အသက်သာဆုံးနှုန်းထား အမြန်ဆန်ဆုံးဝန်ဆောင်မှုဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေပါပြီ။

Sayar KoPhyo(Electrical inspection)

လူကြီးမင်းတို့၏ နေအိမ်နှင့်ဆိုင်ခန်းများ မီးအလှဆင်လိုလျှင် အသက်သာဆုံးနှုန်းထား အမြန်ဆန်ဆုံးဝန်ဆောင်မှုဖြင့် လူကြီးမင်းတိ...
22/01/2022

လူကြီးမင်းတို့၏ နေအိမ်နှင့်ဆိုင်ခန်းများ မီးအလှဆင်လိုလျှင် အသက်သာဆုံးနှုန်းထား အမြန်ဆန်ဆုံးဝန်ဆောင်မှုဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေပါပြီ။

Sayar KoPhyo(Electrical inspection)

အဲယားကွန်း (Automotive Air Conditioning) ပြစ်ချက်ရှာဖွေခြင်း🗽🗽🗽❄ ပြစ်ချက်မရှာခင် Air corn system အလုပ်လုပ်ပုံတွေ theory ...
17/01/2022

အဲယားကွန်း (Automotive Air Conditioning) ပြစ်ချက်ရှာဖွေခြင်း
🗽🗽🗽

❄ ပြစ်ချက်မရှာခင် Air corn system အလုပ်လုပ်ပုံတွေ theory တွေနားလည်ဖို့အရေးကြီးပါတယ်

➽ High pressure gauge နဲ့Low pressure gauge ကိုဖတ်တဲ့အခါမှာ
High 250 Low 50 ဖြစ်နေရင်
Overcharged system ဒါမှမဟုတ် condenser မှာ ပြစ်ချက် ရှိနေပြီ system ကို recharge ပြန်လုပ်မယ်

➽ High pressure gauge နဲ့Low pressure gauge ကိုဖတ်တဲ့အခါ
High 160 Low 10 ဖြစ်နေရင်
Evaporator froste ဖြစ်မယ် low pressure ပိုက်လိုင်းတွေ စစ်ဆေးရမယ် expansion valve တွေ စစ်ဆေးရမယ်
High side နှင့် Low side ကို ယှဉ်ကြည့်လိုက်လို့
High 225 Low 80 ဖြစ်နေရင်
Expansion valve စစ်ဆေးရမယ် heat sensitizing tube တွေစစ်ဆေးရမယ်

➽ High 50 Low 50 ဖြစ်နေရင်
compressor clutch ကပ် ( engage ) မကပ် (disengage) စစ်ဆေးမယ်
Refrigerant pressure sensor မကောင်းရင်လည်း မကပ်ဘူး Gas မရှိရင်လည်း compressor clutch မကပ်ဘူး A/C switch တွေ wiring ပိုင်း ပြစ်ချက်ရှိနေလည်း compressor clutch မကပ်ဘူး
compressor coil မှာလည်းပြစ်ချက်ရှိနေရင် compressor clutch disengage ဖြစ်မယ်

➽ High 150 Low 30 ဖြစ်နေရင်
A/C system ထဲမှာ ရေခိုးရေငွေ့ရှိနေပြီ စစ်ဆေးပြုပြင်ပြီး မိနစ် 30 လောက် ခြောက်သွေ့အောင်ထားပါ ပြီးရင် Gas refill
Low pressure gauge မှာ pressure သည် အောက်ဆုံးထိထိုးကျသွားလိုက် pressure ပြန်တက်သွားလိုက်ဖြစ်နေရင် ရေခဲပြီး Expension valve မှာပိတ်နေတတ်တယ် ရေငွေ့ပါဝင်မှုများနေရင်တော့ ရေခဲပြီး compressor ကိုပျက်စီးစေနိုင်ပါတယ်

➽ High 125 Low 30
refrigerant/oil ပမာဏ ကိုစစ်ဆေးမယ် များနေလား/ အလုံအလောက်ရှိမရှိ

➽ High 200 Low 70 ဆိုရင်
A/C system ထဲမှာ Blockage ဖြစ်နေပြီ blockage ဖြစ်တဲ့နေရာကို ရှာပြီး replace လုပ်

➽ High 150+ Low>10 ဆိုရင်
Expansive valve open သို့မဟုတ် leakage ဖြစ်နေပြီ
valve တွေကိုစစ်ဆေးသင့်ပါတယ်

➽ High 100 Low 100 ဖြစ်ပြီး
Compressor မကပ်ရင် wiring စစ်ဆေးရပါမည်

❄ မှတ်ချက်။ A/C system ရဲ့ideal pressure သည် 150 high နှင့် 30 low အခြေနေမှာ ရှိပါတယ်

❄ high pressure gauge နဲ့ low pressure gauges ကို level ကိုကြည့်ပြီး A/C system ရဲ့ဖြစ်နိုင်တဲ့ inference တွေ ကိုအနည်းငယ်ရှင်းပြပေးပါမယ်

➽ pressure gauge နှစ်ခုလုံး
Low အခြေနေမှာဆိုရင် refrigerant gas ထပ်ထည့်ဖို့လိုပါပြီ pipe line တစ်လျောက် leakage ဖြစ်မဖြစ်စစ်ဆေးပါ
pressure သည် zero နီးပါးလောက်ပြနေရင်တော့ ယိုစိမ့်မှုရှိနေပါပြီ

➽ low pressure gauge မှာ Low အခြေနေပြပြီး
High pressure gauge မှာ High အခြေနေမှာရှိနေရင် Need service
ok ပထမဆုံး expansion valve တွေ blockage ဖြစ် မဖြစ် အရင်စစ်ဆေးမယ် tube တွေ or***ce ဖြစ်နေလား check မယ်

➽ Pressure gauge နှစ်ခုလုံးမှာ
High အခြေနေဖြစ်နေရင် A/C system အတွင်း လေဝင်နေပြီ ကျွန်တော် တို့ A/c repair လုပ်ပြီး ပြန်လည်တပ်ဆင်တဲ့ အခါဘဲဖြစ်ဖြစ် gas မဖြည့်ခင် လေ ကို အကုန်မစုတ်ထုတ်မိတဲ့အခါမှာ ဒီပြသာနာ မျိုးတွေ ကြုံရတက်ပါတယ် overcharge ဖြစ်နေပြီ

➽ pressure gauge တပ်ပြီးပြစ်ချက်ရှာတော့မယ်ဆိုရင်
Engine ကို1500 rpm နဲ ့run ထား
Blower speed ကိုအမြင့်ဆုံးထားပါ

➽ compressor oil သည် compressor တစ်လုံးရဲ့အသက်ပါ Use only this oil လို့ပြောထားရင် သူ့အမျိုးအစားဘဲ အသုံးပြုတာ ပိုကောင်းပါတယ်

Air corn ပိုင်း မှာပြသနာရှိနေရင်တော့
system တစ်ခုလုံးကိုစစ်ဆေးပေးခြင်းဟာ ပိုကောင်းပါတယ်

❄ wiring ပိုင်းမှာဆိုရင်လည်း

Fuse /relay ကောင်းမကောင်စစ်ဆေးပါ
A/C Amplifier မှာ power ရောက်မရောက်စစ်ဆေးပါ
power မရောက်ရင် clutch မကပ်ပါ
Blower fan မလည်ရင် Fan motor, Fan Speed Resister တွေ စစ်ဆေးပါ ECU box တွေစစ်ဆေးပါ

➽ (1) Receiver သို့မဟုတ် Dryer မှာ ဂျီးပိတ်နေလား အညစ်အကြေးတွေရှိနေလား

➽ (2) Expansion valve တွေ အပေါက်ကျယ်နေလား

➽ (3) sensing tube တွေ တပ်ဆင်မှု မှားနေလား

➽ (4) pipe တွေ pipe အဆက်တွေ leakage ဖြစ်နေလား

➽ (5) compressor အတွင်းယိုစိမ့်မှုဖြစ်နေလား

➽ (6 ) Condenser fan လည်မလည် စစ်ဆေးပါ

➽ (7 ) pressur switch , Control module တွေ Blower fan လည်ပတ်မှု ရှိ / မရှိ

➽ (8) Fan တွေမလည်ရင် temperature , pressure တွေ မြင့်မားပြီး gas pipe line မှာတပ်ဆင်ထားတဲ့ pressure sensor ဟာ ECU ကို အပူလွန်ကဲနေကြောင်း သတင်ပို့ပြီး magnetic clutch ကို Disengage ပြုလုပ်လိုက်ပါတယ်

➽ (9) Air Filter ကောင်း / မကောင်းစစ်ဆေးပါ

➽ (10 ) Drive belt ပန်ကာကြိုးတွေ ချောင်နေလား

အခုဖော်ပြချက် ရှင်းပြချက်အားလုံးသည် ပြည့်စုံ မှု မရှိသေးပါ
Thank for Reading

🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
Pyae Phyo Kyaw

မြန်မာပြည် အတွက် မီးမပျက်တဲ့ solar system  ************************************************* အခုတလော ဆိုလာနဲ့ ပတ်သက်ပြီး...
18/11/2021

မြန်မာပြည် အတွက် မီးမပျက်တဲ့ solar system
*************************************************
အခုတလော ဆိုလာနဲ့ ပတ်သက်ပြီးမေးနေကျလို့ ဗဟုသုတ အနေနဲ့ မြန်မာ နိုင်ငံနဲ့ သင့်တော်တာလေး ရေးပေးလိုက်ပါတယ်။
OFF-GRID HYBRID SOLAR SYSTEM
ဆိုလာတတ်ထားပြီး မီးပျက်ရင် လဲ မပျက်တဲ့ စနစ်ရှိလားဆိုတော့ ရှိပါတယ်။ တကယ်တော့ မြန်မာပြည်နဲ့ အသင့်တော်ဆုံး စနစ်တခုပါ။ On-grid system နဲ့မတူတာကတော့ battery အပိုထည့်ပေးထားရတာပါ။ ဘာကောင်းလဲ ဆို‌တော့ On-grid system မှာက မီးပျက်ရင် ဆိုလာပါ သုံးမရ တော့ပါ။ အခု ကျွန်တော်ပြောမဲ့ system ကတော့ မီးတွေ ဘယ်လိုပျက်ပျက် ဆက်လက်သုံးလို့ရမဲ့ system တခုပေါ့။ Off-Grid Hybrid system လို့ခေါ်ပါတယ်။ နိုင်ငံရပ်ခြားမှာလဲ သုံးကျပါတယ်။ နိုင်ငံ ရပ်ခြားမှာတော့ Hybrid အစစ် အမှန်ကိုသုံးပါတယ်။လျပ်စစ်ချွေတာ ရအောင်ပါ။ မီး ပျက်လို့မဟုတ်ပါဖူး။
EPC မီးနဲ့ သပ်သပ်ခွဲထုတ်လိုက်ပါတယ်။ လိုင်းပေါ် မရောက်တော့ export zero ခံစရာမလိုပါဖူး။ နေရောင်ရသရွှေ့ Inverter က ထုတ်နေမှာဖြစ်ပါတယ်။ Essential load နဲ့ non-essential load တော့ သတ်သတ် ခွဲထုတ်ရပါမယ်။ Inverter ကနေမှားပြီး မပေးအောင်ပါ။
ဘယ်လို အလုပ်လုပ်တာလဲ
• နေရောင်ခြည်က လျပ်စစ် ကို EPC လျပ်စစ်နဲ့ ပေါင်းပြီးပေး Share ပေးနေ တာပါ ။ သုံးစွဲတဲ့ လျပ်စစ် ပါဝါ က ဆိုလာ ပါဝါ ကို ပထမ ဦးစားပေးသုံးပြီး မလောက်တဲ့ အခါ အစိုးရ လျပ်စစ် ကို လို သလောက်ယူသုံးတာပါ။
• အိမ်ကပါဝါက ဆိုလာပါဝါ ကိုပိုနေရင် ပိုနေတဲ့ ပါဝါတွေ ကို battery ထဲ ကို အားသွင်းပေးပါတယ်။
• EPC မီးပျက်သွားပေမဲ့ ဆိုလာပါဝါ ရနေသေးရင် battery နဲ့ပေါင်းပြီး လျပ်စစ်ပါဝါ ဆက်ပေးပါတယ်။
• ညဖက်မီးပျက်လို့ ဆိုလာမရှိသေးလဲ battery ကနေ အားရှိသလောက်ဆက်ပေးနေပါမယ်။
• ဥပမာ အိမ်တအိမ်က load ကို 4 KW သုံးနေရင် ဆိုလာက 3 KW ပေးရင် ကျန်တဲ့ 1 KW ကို အစိုးရဆီ ယူသုံးပါတယ်။ တကယ်လို့မီးပျက်သွားရင် ဆိုလာက 3 KW နဲ့ Battery က 1 KW ကို ပေါင်းသုံးပါတယ်။ တကယ်လို့ ဆိုလာ က 3 KW ပေးနိုင်တဲ့ အချိန် load က 2 KW ပဲ ရှိနေတယ်ဆို ကျန်တာကို battery ထဲ အားဖြည့်နေမှာပါ။ ဒါကဆိုလာရှိနေတဲ့ အချိန်ပါ။ နေလည်ဖက်ဆိုလာရတဲ့ အချိန်မှာ အလုပ်တွေ အကုန်လုပ်ထားသင့်ပါတယ်။ တခုပြီးတော့ တခုပေါ့။ ဒါဆိုရင်မီတာခ တော်တော် သက်သာသွားမှာပါ။
• ညဖက် တကယ်လို့ EPC က မီးပျက်သွားတယ်ဆိုရင် battery ကနေ power ကို ဆက်ပေးနေမှာပါ။ battery တွေ အားမကုန်သရွှေ့ပါ။ အဲတော့ မီးပျက်တယ်ဆိုတဲ့ ခံစားမှု ကို ရတော့မှာ မဟုတ်ပါဖူး။ လုံးဝမီးပျက်တာကို မလိုချင်တဲ့ သူတွေ အတွက် ကတော့ အကောင်းဆုံး system ပါ။
• လိုအပ်တဲ့ solar equipment တွေ ကိုတော့ မှာထားပါတယ်။ အခု အချိန်မှာ အခက်အခဲ အမျိုးမျိုး ကြားကနေ သွင်းရတာပါ။တကယ်လို့ တပ်ဆင်လိုတဲ့ သူတွေ တပ်လို့မရနိုင်ရနိုင် သိချင်ရင်တော့ Survey ဆင်းပေးပါမယ်။ အဲဒီ Engineer ကိုတော့ Service charge ပေးရမှာပါ။
• ဘယ်လောက်ခံမှာလဲ ဆိုရင်တော့ Solar ပြားတွေ က နှစ်ပေါင်း ၂၅ ကျော်ခံပါမယ်။ battery ကတော့ သုံးရင် သုံးသလို ၃ နှစ်ကနေ ၅ နှစ် အထိခံပါတယ်။ နေရောင်ခြည် ရတုန်း ဆိုလာပဲ သုံး မယ်ဆိုရင်တော့ battery က သိပ် capacity ကြီးတာ သုံးစရာမလိုပါဖူး။
ဖတ်ရှုတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

Credit Kyaw Oo (EI Engineering)

Address

ဗိုလ်ချုပ်လမ်း
Kalemyo

Website

Alerts

Be the first to know and let us send you an email when Sayar Ko Phyo Electrical,Air-con,Smart phone Service and Training Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share