Ramen Monster Yangon

Ramen Monster Yangon Most popular Japanese Ramen in Yangon. Noodles and Soup made fresh daily. It was founded in Singapore by Chef KT. We promise you'll love our noodles and soup!
(1077)

Ramen Monster is authentic Japanese Noodle House located in Hledan Center, Yangon, Myanmar. Ramen Monster is known for its flavorful Yangon pork based soup and daily hand made noodles. We are also one of the lowest priced Ramen in town! Our passion is to share delicious food at affordable prices. Catering, Events, Takeaways are welcomed. Do reach out to us for more information.

ဘာလို့နေ့တိုင်းပို့စ်တွေ တင်နေလဲဆိုရင် consisttency ဆိုတဲ့ စဉ်ဆက်မပြတ်ဖြစ်မှုလေးလိုချင်လို့ပါပို့စ်တွေတင်နေ‌တယ်ဆိုတဲ့ me...
23/05/2026

ဘာလို့နေ့တိုင်းပို့စ်တွေ တင်နေလဲဆိုရင် consisttency ဆိုတဲ့ စဉ်ဆက်မပြတ်ဖြစ်မှုလေးလိုချင်လို့ပါ

ပို့စ်တွေတင်နေ‌တယ်ဆိုတဲ့ message က
ကျနော်တို့နေ့တိုင်းဆိုင်ဖွင့်တယ်
ဂျပန်ခေါက်ဆွဲစားချင်ရင် ကျနော်တို့ရှိတယ်
သိချင်တာလေးတွေ မေးမြန်းလို့ရအောင်ပါ🙏

အဲ့တော့
မိုးလည်းအေးတယ် ကျန်းမာရေးလည်းဂရုစိုက်ပါ
ခေါက်ဆွဲ🍜ပူပူလေးစားပြီး ဝမ်းနွေးအောင်နေပါ

နီးနီးနားနားဆို ဖုန်းဆက်ပါ
လာပို့ပေးပါ့မယ်
နည်းနည်းဝေးရင် panda နဲ့ grab ကနေ မှာစားပေးပါ

ဆိုင်မှာလာစားရင်တော့ အကောင်းဆုံးပေါ့😋

20/05/2026


အမှန်အကန်ဖြိုတာနော်
Monster Challenge winner
Break record 4min 34 sec
မယုံစရာကောင်းအောင် အနိုင်ယူပြသွားတာ😲😲😲

24 ရက်နေ့အထိ Grab food ကနေမှာရင် 20% ဈေးလျော့တယ်ကျနော်က မိုးရွာလို့ အပြင်မထွက်နိုင်မှာစိုးလို့ ပရိုမိုးရှင်းပေးတယ်မှာစား...
20/05/2026

24 ရက်နေ့အထိ Grab food ကနေမှာရင် 20% ဈေးလျော့တယ်
ကျနော်က မိုးရွာလို့ အပြင်မထွက်နိုင်မှာစိုးလို့ ပရိုမိုးရှင်းပေးတယ်
မှာစားပေးကြပါဗျာ
ဒီတခါတော့ hledan center ဆိုင်အတွက်ပါ
နောက်အပတ်ကျ နောက်တဆိုင်ပေါ့

20/05/2026

ဆက်ချစ်ချင် ကြက်မျှစ်ချဉ်စားပါ

မိဘတွေပြောနေကြစကားလို
အပြောအဆိုခံရတဲ့ကလေးမို့ ပိုချစ်တယ်ပြောရမလား
ပိုဂရုစိုက်မိတယ်ဆိုရမလား

အချစ်ခံရတဲ့ကလေးတယောက် ကောင်းကောင်းမွန်မွန်အရွယ်ရောက်လာပါပြီလို့
ခါတိုင်းထက် အော်ဒါပိုတက်တယ်
အပြောခံရတာနည်းသွားတယ်

အပြောခံရသလို မဆိုးဘူး
လိမ်မာတယ်ဆိုတာ သက်သေပြရင်း ကြက်မျှစ်ချဉ် အမာခံစားသုံးသူတွေတိုးလာပါပြီ
ပါဆယ်တခါမှာရင် ပွဲ၃၀ဆိုတာလေးတွေရော
ပါဆယ် ၅ပွဲ ဆိုင်စား ၂ပွဲဆိုတဲ့သူတွေရောနဲ့ ကြက်မျှစ်ချဉ်လေး မျက်နှာပန်းပွင့်နေပါပြီ

19/05/2026

ဝယ်ကျွေးချင်တာ

18/05/2026

တခါတလေကျ ကျနော်တို့ဘဝမှာ ဘာနေနေ ကိုယ့်စိတ် ကိုယ့်ဘဝကို အရှိအတိုင်းလက်ခံပေးမဲ့ လူတယောက် သို့မဟုတ် ချစ်သူ သို့မဟုတ် မိတ်ဆွေတယောက်ရှိဖို့လိုအပ်တယ် သိလား

ကျနော်တို့ရဲ့စိတ်တွေဟာ ငွေကြေးကြောင့် သိက္ခာကြောင့် လူမှုရေးကြောင့်ဆိုတဲ့ အကြောင်းအရာတွေအောက်မှာ ပိတ်လှောင်နေကြတယ်

ကိုယ့်ရဲ့ စိတ်အရှိအတိုင်းလို့ပဲပြောပြော ကိုယ့်ရဲ့ dark side လို့ပဲ ပြောပြော ကိုယ့်စိတ်ရင်းကို အရှိအတိုင်းဖွင့်ချပြလို့ရတဲ့ လူတယောက် လိုကိုလိုအပ်တယ်

တခြားသူတွေရဲ့အမြင်မှာ ကိုယ်ဟာ ထိန်းသိမ်းတတ်တယ် စည်းရှိတယ် စကားပြောရတာအဆင်ပြေတယ် သူ့ကိုပြောရင် နှုတ်လုံတယ် သူ့ဆီက အကြံဉာဏ်တွေရနိုင်တယ်လို့ ထင်တလုံးနဲ့ဆက်ဆံတဲ့ လူတွေကြားမှာ ကျနော်တို့ဟာ နေရထိုင်ရကျဉ်းကြပ်လာတဲ့အခါ ထင်စားခံရမှုတွေကို ငြီးငွေ့တဲ့အခါမျိုးတွေ ကျနော်တို့ ခင်ဗျားတို့ ကြုံဖူးကြတယ်မလား

အပွင့်လင်းဆုံးပြောရရင် အတင်းတုပ်ချင်တယ် စိတ်ထဲရှိသမျှကို ဂုဏ်တွေသိက္ခာတွေကို ကြည့်စရာမလိုပဲ ဆဲချင်အော်ဟစ်ချင်တယ်ဆိုလည်း ပြောလို့ရတဲ့ လူတယောက် ကျနော်တို့ဆီမှာ ရှိသင့်တယ်ဗျာ

အဲ့လိုပြောလို့ရတဲ့သူဟာ ခင်ဗျားချစ်သူ ပါတနာ သူငယ်ချင်း ယုတ်စွအဆုံး သူစိမ်းတယောက် အကုန်ဖြစ်နိုင်တာပဲ

အဲ့လိုပြောပြခွင့်ရတဲ့သူကို ကျနော်က တန်ဖိုးထားတယ်
လူတိုင်းနဲ့မပြောဖြစ်တဲ့စကားတွေ
ပြောလိုက်လို့ ငါ့ကို ဘယ်လိုထင်မလဲဆိုတာ ဂရုစိုက်စရာမလိုတဲ့ လူတယောက်
နောက်ထပ်ကိုယ်‌ေပြာတဲ့စကားဟာ ပြောတဲ့နေရာတင်ပြီးတယ်ဆိုတဲ့ နှုတ်လုံတဲ့ လူတယောက်ရှိတာ ခင်ဗျားသိပ်ကံကောင်းတယ်

ခပ်တည်တည်နဲ့ အေးခဲဖက်ထုပ်ရတယ်တင်လိုက်တာအမှာများသွားလို့ ဆိုင်ရောင်းဖို့တောင် အလျင်မမှီဖြစ်သွားတာ 250g , 10000 ဖိုးကို 16...
18/05/2026

ခပ်တည်တည်နဲ့ အေးခဲဖက်ထုပ်ရတယ်တင်လိုက်တာ
အမှာများသွားလို့ ဆိုင်ရောင်းဖို့တောင် အလျင်မမှီဖြစ်သွားတာ
250g , 10000 ဖိုးကို 16ခုလောက်ရတော့ အိမ်မှာလုပ်စားရတာလည်း တန်တယ်လေ အလုပ်လည်းအရမ်းရှုပ်တာမဟုတ်တော့ အဝယ်လိုက်တယ်
အလျင်မှီဖို့တော့ ကြိုးစားပါ့မယ်
ဖြစ်နိုင်ရင် walk in ဝင်ဝယ်တာထက် ဘယ်လောက်လိုချင်တယ် နှစ်နာရီလောက် ကြိုပြောထားရင် ကျနော့်ဖက်က ပြင်ဆင်ချိန်ပိုရတယ်လို့ အသိပေးချင်တာပါ
အေးခဲဖို့အတွက်အချိန်လည်းလိုလို့ပါ
ဘာလေးနေနေ ဝယ်စားပေးကြလို့လည်း ကျေးဇူးပါဗျို့😍

18/05/2026

အသစ်လဲချင်ပြောပါ

Ramen monster အစပြုရာ Singapore Novena square Ground floor , ပထမဆုံးဆိုင်ကို 2009 ခုနှစ်မှ owner, chef KT က စဖွင့်ခဲ့တာအ...
15/05/2026

Ramen monster အစပြုရာ Singapore Novena square
Ground floor , ပထမဆုံးဆိုင်ကို 2009 ခုနှစ်မှ owner, chef KT က စဖွင့်ခဲ့တာ
အဲ့မှာကတည်းက ကျနော်တို့က အလွယ်ပြောရင် Budget Ramen အနေနဲ့ စခဲ့တာ
ဆိုင်စဖွင့်ကတည်းက အဲ့မှာ အလုပ်ဝင်ခဲ့တာ

သူဌေးနားမှာသင်စရာရှိတာ အကုန်သင်
သူဌေးကိုယ်တိုင်ကလည်း ဆရာစားမချန်သင်ပေးခဲ့တာ
သူ့ရဲ့ လူယုံဖြစ်လာပြီး ဆိုင်ကို ဦးစီးရတဲ့အထိ နေရာပေးခံခဲ့ရပါတယ်

စင်ကာပူကဆိုင်ကို တိုးတက်အောင် အတူကြိုးစားရင်း
6နှစ်ကြာတော့ သူဌေးက မင်းတို့ကိုယ်တိုင်လည်း အလုပ်ရှင်ဖြစ်ဖို့ထိုက်တန်ပြီ အလုပ်သမားဆက်မလုပ်နဲ့ဆိုပြီး ရန်ကုန်မှာ ဆိုင်ဖွင့်ဖို့ အရင်းနှီး အတူမတည်ရင်း
2016 နှစ်အစမှာ Ramen monster ကို Hledan center မှာ စဖွင့်ဖြစ်ခဲ့တာ

Singapore based ဖြစ်တဲ့ ကျနော်တို့ခေါက်ဆွဲဆိုင်ဟာ
သူဌေးရဲ့ ကူညီထောက်ပံ့မှု ကျနော်တို့ကိုယ်တိုင်လည်း ရန်ကုန်မှာ ဈေးသင့်တဲ့ ဂျပန်ခေါက်ဆွဲကို လူတန်းစားမရွေး စားစေချင်တဲ့စိတ်နဲ့ ရည်ရွယ်ချက်နဲ့ အခက်အခဲတွေကြားကနေဖွင့်လာတာ ခုဆို 10နှစ် one decade ရှိသွားပါပြီ

Review ကောင်းတာတွေရော ဆိုးတာတွေရော ရင်ဆိုင်ဖြတ်သန်းနေရင်း 10နှစ်ဆိုတဲ့ မှတ်ကျောက်တခုနဲ့ Reputation ကောင်းတွေဆက်ပြီး ရစေဖို့ ကျနော်တို့ ကြိုးစားနေပါတယ်

လူတိုင်းကြိုက်တဲ့ ခေါက်ဆွဲတပွဲဖြစ်ဖို့ အာမခံနိုင်ပေမဲ့ ကြိုက်တဲ့သူတွေအတွက် အကောင်းဆုံးဖြစ်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်

ကျနော်တို့ကိုလည်း ဆက်လက်အားပေးကြမယ်လို့လည်း ယုံကြည်ပါတယ်

*ရှပ်ကွက်နဲ့က ကျနော်တို့သူဌေး owner chef KT ပါ😍

ရိုးရိုးရှင်းရှင်း မားကတ်တင်းလေးလုပ်ချင်တာအိမ်မှာပဲစားစား ဆိုင်မှာပဲ ပြန်ရောင်း‌ရောင်းကြက်သားများများ အချိုမှုန့်မသုံးတဲ...
14/05/2026

ရိုးရိုးရှင်းရှင်း မားကတ်တင်းလေးလုပ်ချင်တာ
အိမ်မှာပဲစားစား ဆိုင်မှာပဲ ပြန်ရောင်း‌ရောင်း
ကြက်သားများများ အချိုမှုန့်မသုံးတဲ့
အေးခဲကြက်သားဖက်ထုပ် 1kg ကို 40000နဲ့ရောင်းတာလေးကို လုပ်ချင်တာ
1kg မဝယ်ချင်ဘူးဆိုရင်လည်း 250g 10000ks ကနေ စပြီးဝယ်လို့ရတာလေးလည်း သိစေချင်တာ
လှည်းတန်းစင်တာမှာပဲ ဝယ်လို့ရတာလေးလည်း ပါချင်တယ်
အဲ့လို ရိုးရိုးရှင်းရှင်း မားကတ်တင်းလေး လုပ်ပေးပါ

13/05/2026

အိမ်မှာပဲ ပြုတ်စား ပေါင်းစား ကြော်စား လုပ်ချင်တယ်ဆိုရင်
အေးခဲဖက်ထုပ်လေးတွေ ရပါတယ်
ကိုယ်စားချင်တဲ့အချိန်မှ လုပ်စားရုံပဲ

Address

Hledan Center Basement 1(5/6), Behind City Mart
Kamayut
11041

Opening Hours

Monday 10:30 - 21:00
Tuesday 10:30 - 21:00
Wednesday 10:30 - 21:00
Thursday 10:30 - 21:00
Friday 10:30 - 21:00
Saturday 10:30 - 21:00
Sunday 10:30 - 21:00

Telephone

959963036400

Alerts

Be the first to know and let us send you an email when Ramen Monster Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share