19/11/2023
လောကကြီးမှာ အိုးနဲ့တူတဲ့ လူသုံးမျိုးရှိပါတယ်
မပြည့်တဲ့ အိုး
"မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" ဆိုသလို နည်းနည်းသိပီး စကားကို ဟောင်ဖွာ ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့ သူမျိုးပါ
အခြေအနေမှန်ကိုလည်း ကောင်းစွာ မသုံးသပ်၊ အရိပ်အကဲကိုလည်း နားမလည်၊ ကိုယ်ပြော ချင်တာကိုပဲဇွတ်အတင်း ပြောတတ်ပါသေးတယ်
ဒီအိုးလို သူမျိုးဟာ ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေတတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့ ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်
ပြည့်နေပြီလို့ ထင်နေတဲ့အိုး
အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင်အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ်နေသူမျိုးပါ
ဘာမဆို သိပီးသား၊ တတ်ပီးသား အချိုးမျိုးနဲ့အခြား တစ်ပါးသူကို နှိမ့်ချ ဆက်ဆံတတ်ပါသေးတယ်
စကားပြော မောက်မာ ခက်ထန်တတ်ပြီး အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင် ပြည့်နေပီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ
ဒီအိုးလို သူမျိုးဟာ ပတ်ဝန်းကျင်ရဲ့ ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး အရေးမပါ အရာမရောက်တော့တဲ့ ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။
ဘာဆို ဘာမှမရှိသေးတဲ့ အိုး
အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်းအပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေတဲ့လူမျိုးပါ
သူများကို အထင်မသေးတတ်သလို ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး
ဒီ အိုးလို သူမျိုးကသာ ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ် ဂုဏ် မငယ်ရဘဲ လူချစ် လူခင်များသထက် များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး လေးစားမြတ်နိုးမှုကိုအထူး ခံစားရပါလိမ့်မယ်
ကဲ
ကိုယ်ကိုတိုင် ဘယ်လို အိုးမျိုးဖြစ်နေလဲ
စမ်းစစ်ကြည့်ကြရအောင်.....။