11/05/2026
Dopamine Addiction ဒါကဘာလဲ.......................................................................
Dopamine ဆိုတာ လူရဲ့ ဦးနှောက်ထဲမှာ
“ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု၊ စိတ်လှုပ်ရှားမှု”
ဖြစ်စေတဲ့ Chemical တစ်မျိုး။
ဒါပေမယ့် —
Game, TikTok, Facebook Scroll, Short
Video, Gambling, P**n, Notification,
Like / React
တွေကို အလွန်အကျွံသုံးလာရင်
ဦးနှောက်က “မြန်မြန်ပျော်ရတာ” ကိုပဲ
စွဲသွားတတ်တယ်။
အဲ့ဒါကို Dopamine Addiction လို့ခေါ်တာ။
လက်တွေ့မှာ ဘယ်လိုဖြစ်လာလဲ
ဥပမာ
Game ဆော့ရင် —
Win = ပျော်
Rank တက် = ပျော်
Reward ရ = ပျော်
TikTok ဆိုရင် —
Video တစ်ခုပြီးတစ်ခု
ဦးနှောက်က Continuous
Entertainment ရနေတယ်
အဲ့လိုနဲ့ ဦးနှောက်က —
“အချိန်ကြာပြီးမှ Result ရတဲ့အလုပ်”
တွေကို မလုပ်ချင်တော့ဘူး။
ဥပမာ —
အလုပ်လုပ်တာ
စာလေ့လာတာ
Measurement စစ်တာ
Planning လုပ်တာ
သန့်ရှင်းရေးလုပ်တာ
တွေကို ငြီးငွေ့လာတတ်တယ်။
Dopamine Addiction
ရှိတဲ့သူတွေမှာ တွေ့ရတတ်တာ
ဖုန်းအမြဲကြည့်ချင်
Concentration မကောင်း
အလုပ်အပေါ် စိတ်မရှည်
ငြီးငွေ့လွယ် ဂိမ်းမဆော့ရရင် မနေနိုင်
Short Video အမြဲကြည့်
Sleep Schedule ပျက်
အလုပ်လုပ်ရင် စိတ်မပါ
Real Life ထက် Phone ထဲကို
ပိုစိတ်ဝင်စား
Skilled Team မှာ ဘာကြောင့် အရေးကြီးလဲ
ဆိုရင်
Dopamine Addiction များတဲ့အခါ
Discipline ကျတယ်
Focus ကျတယ်
Productivity ကျတယ်
Mental Stability ကျတယ်
Patience နည်းလာတယ်
Long-term Thinking မရှိတော့ဘူး
အဲ့ဒါကြောင့် Skilled Team မှာ
Phone Habit, Gaming Habit,
Social Media Habit တွေကိုပါ
Train လုပ် ရမှာဖြစ်တယ် ..
ဆိုတော့ မင်မင်လည်း Team
တည်ဆောက်ဖို့အတွက် ကိုယ်တိုင်
Train နေပါပြီနော် ...