13/10/2026
ပန်းစည်းလေးတစ်စည်းစီတိုင်းရဲ့နောက်ကွယ်မှာ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာတွေ ရှိနေပါတယ်။ 🤍🌿
ပြီးခဲ့တဲ့တစ်ပတ်အတွင်း Love Story ဆီ ယုံကြည်စွာ အပ်နှံပေးခဲ့ကြတဲ့ ပန်းလက်ဆောင်လေးတွေကို အမှတ်တရအဖြစ် စုစည်းမျှဝေပေးလိုက်ပါတယ်။
အမှတ်တရနေ့လေးတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ကျေးဇူးတင်စကားတွေနဲ့ ရင်ထဲက ခံစားချက်လေးတွေကို ပန်းတွေနဲ့ ဖော်ပြဖို့ Love Story ကို ရွေးချယ်ပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအများကြီးတင်ပါတယ်။ 🥰
Love Story မှာ ပန်းတစ်ပွင့်တည်းပါတဲ့ ပန်းစည်းသေးသေးလေးကအစ ပန်းစည်းကြီးတွေအထိ အရွယ်အစားမရွေး၊ တန်ဖိုးမခွဲခြားဘဲ ပန်းတစ်ပွင့်ချင်းစီကို ဂရုတစိုက်နဲ့ သေသေချာချာ ဖန်တီးပေးပါတယ်။
ပန်းလက်ဆောင်လေးနဲ့အတူ ကိုယ်ပြောချင်တဲ့စကားလေးတွေကိုလည်း ပိုပြီးပြည့်စုံစေဖို့ Postcard လေးတွေ လက်ဆောင်ထည့်ပေးသလို၊ ရင်ထဲကစကားလေးတွေကို ဘယ်လိုရေးရမလဲ မသိသေးရင်လည်း Love Story က စာလေးတွေ ကူညီစီစဉ်ရေးသားပေးပါတယ်။ 💌
🌷 Love Story မှာတော့
* Fresh Flower & Artificial Flower Bouquets
* Flower Box & Flower Basket
* Grand Opening Flower Stand
* Custom Floral Designs
စတဲ့ ပန်းလက်ဆောင်အမျိုးမျိုးကို ကိုယ်နှစ်သက်တဲ့အရောင်၊ ပန်းအမျိုးအစား၊ Design နဲ့ Budget အလိုက် စိတ်ကြိုက်တိုင်ပင်မှာယူနိုင်ပါတယ်။
ပန်းလက်ဆောင်လေးတွေကိုပဲ ဖန်တီးပေးနေတာမဟုတ်ဘဲ ပန်းတွေနဲ့အတူ ပေးပို့ချင်တဲ့ ခံစားချက်လေးတွေကိုပါ တန်ဖိုးထားပြီး ဖန်တီးပေးနေတာပါ။ 🤍
Love Story ကို အမြဲယုံကြည်အားပေးကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို ထပ်မံကျေးဇူးတင်ပါတယ်။
Love Story Flower Studio
Every bouquet tells a love story.