Pann Ammonite

Pann Ammonite When you want something cute &unique,pls visit our page💐

We provide beautiful and sweet creations

Let’s enjoy the whole new world
When you want relaxation please shop with
Pann Ammonite
We provide beautiful and sweet creations that will lead you to a new world
Try something new and search adventure and creative things

အမေ့သူငယ်ချင်းရဲ့သား ကြည့်ပီး   Jung couple ကိုအရမ်းသဘောကျနေပီ  ကြီးကအတင်းလုပ်ယူထားတာမဟုတ်ပဲ သဘာဝကျကျနဲ့ အစစ်အမှန်လို့ခံ...
27/08/2024

အမေ့သူငယ်ချင်းရဲ့သား ကြည့်ပီး Jung couple ကိုအရမ်းသဘောကျနေပီ

ကြီးကအတင်းလုပ်ယူထားတာမဟုတ်ပဲ သဘာဝကျကျနဲ့ အစစ်အမှန်လို့ခံစားရလို့
Behind the sense တွေကိုပိုကြည့်ဖြစ်တယ်

ကြည့်တိုင်းလဲ အလိုလိုပြုံးပြံုးကြီးဖြစ်ပီး အပျော်တွေကူးစက်လာရော

ရိုက်ကွင်းတိုင်းကို စလိုက်နောက်လိုက် best friend vibe မျိုးလေးနဲ့
တချို့အချိန်တွေဆို #ကိုစိုးမိုးနိုင်က အကြာကြီး ငေးကြည့်နေတာမျိုးတွေလဲ ရိုက်မိထားပီ

ရေးကူးကန်ထဲကအခန်းမှာဆို နှိပ်တောင်ပေးတာနော်
On screen ကအခန်းနဲ့တင် ဒီက ရင်ခုန်ပီး ညဘက်ကြီးတယောက်ထဲ ထအော်မိနေပါတယ်ဆို

ကိုစိုးမိုးနိုင်ရဲ့ အရင်ကားတွေက behind the sense တွေကိုပြန်ရှာကြည့်ပီး ယှဉ်ကြည့်တော့ ခုသူ့ရဲ့ပုံစံက ပိုပီးလွတ်လပ်နေတာသိသာတယ်

drop မှာတုန်းက လိုက်ဖက်တယ်ဆိုပေမဲ့ highlights လုပ်ထားတဲ့အပိုင်းတွေမဟုတ်ပဲ တကယ်interview အစအဆုံးကိုကြည့်ရင် အဲ့လိုမဟုတ်ပဲ ထိန်းဖြေနေရသလို အလွှာတခုကာထားတယ်

ရိုက်ကွင်းမှာဆိုလဲ တချို့ sense တွေဆို နဲနဲသတိထားပီး အလုပ်ထဲကိုအာရုံစိုက်ပီး ပင်ပန်းနေတဲ့ပုံပေါက်တယ်

ခုကျ အလုပ်လုပ်နေရတာနဲ့ မတူပဲ တကယ်ကြီးရိုက်ကွင်းမှာကိုပျော်နေတာ

ကြိုက်နေတာမဟုတ်ရင်တောင် တဖက်လူနဲ့ သက်တောင့်သက်သာရှိပီး အပေးယူမျှတဲ့ relation မျိုးလေးလို့မြင်လို့ အရမ်းသဘောတူနေပီ

အရင်တုန်းက ဇာတ်ကားတွေဆို real လို့မခံစားရလို့ မ shipခဲ့ဘူး
Snow drop သင်္ဘောကြီးက တကယ်လဲဖြစ်မလာပဲ မြုပ်သွားပီဆိုတော့ ခုဒီတခါတော့ Jung Jung couple ကို တကယ် ship ပီ
လိုက်ခဲ့ကြတော့🧏‍♂️







#ကိုစိုးမိုးနိုင်
#အမေ့သူငယ်ချင်းရဲ့သား
#🫰

ခုတလော  #မျောက်ကျောက်ရောဂါ  ောဂါသတိထားလို့ရအောင်ပါလက္ခဏာအနေဖြင့် ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ...
23/08/2024

ခုတလော #မျောက်ကျောက်ရောဂါ ောဂါ
သတိထားလို့ရအောင်ပါ

လက္ခဏာအနေဖြင့် ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ ထို့နောက် အ‌ရေပြားပေါ်တွင် အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် သို့မဟုတ် အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပါသည်။ ထို့နောက် ၎င်းအရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားပါလိမ့်မည်။ လူနာတစ်ယောက်စီတွင် အဖုအပိန့်များကို အရေအတွက် အနည်းငယ်မှ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပါသည်။ အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ၎င်းတို့ကို ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။

အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ပျောက်ကင်းပါသည်။ သင့်တွင် မျောက်ကျောက်ရောဂါနှင့်တူသော လက္ခဏာများ ခံစားနေရသည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ကိုရယူပါ။ သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့်လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ကျန်းမာရေးဝန်ထမ်းများကို အသိပေးပါ။

လူနာအများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ‌ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးများဖြစ်ပွားပြီး သေဆုံးသည်အထိလည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါသည်။

မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ် ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။ လတ်တလောကာလတွင် ရောဂါဖြစ်ပွားမှုများသော တိုင်းပြည်များ၏ သတင်းပို့လူနာများအနက် (၃-၆) ရာခိုင်နှုန်းအထိ သေဆုံးနေပြီး ရောဂါအခံရှိသူများနှင့် ကလေးငယ်များ သေဆုံးခြင်းကို မကြာခဏတွေ့ရှိရပါသည်။

Source-Google


Source-Google

Happy Mother Day❤️💕💜💜💜💜မေမေ့အတွက် အရင်တုန်းကဆွဲထားတဲ့ပုံလေး 🌸💐နေ့ရက်တိုင်း ပျော်ရွှင်ပါစေ☘️🍀☘️အပြင်မှာတခါတလေ သိသိနဲ့ ဆို...
12/05/2024

Happy Mother Day❤️💕💜💜💜💜

မေမေ့အတွက် အရင်တုန်းကဆွဲထားတဲ့ပုံလေး 🌸💐
နေ့ရက်တိုင်း ပျော်ရွှင်ပါစေ☘️🍀☘️

အပြင်မှာတခါတလေ သိသိနဲ့ ဆိုးမိပေမဲ့
ချစ်တယ် 💜ဆားဒါးငယ်ရော Mommy🫡

အခက်အခဲတွေ့တိုင်း သူငယ်ချင်းတယောက်လိုရော
အမေတယောက်လိုရော တိုင်ပင်လို့ရပီး နွေးထွေးခဲ့လို့
ကျေးဇူးတင်ပါတယ်💜💜

 #နွေရာသီမှာ #လျှပ်စစ်မီးမလို   cooler မလိုပဲ အေးအောင်နေနည်း💦💦💦ကျွန်တော်တော့ ငပျင်းမို့ တချက်မှလိုက်မလုပ်ပေမဲ့မပျင်းတဲ့သ...
08/05/2024

#နွေရာသီမှာ #လျှပ်စစ်မီးမလို cooler မလိုပဲ အေးအောင်နေနည်း💦💦💦

ကျွန်တော်တော့ ငပျင်းမို့ တချက်မှလိုက်မလုပ်ပေမဲ့
မပျင်းတဲ့သူတွေအတွက်နော်😊😊🪴🪴🪴😁

#လက်ကိုင်ပုဝါ ဒါမှမဟုတ် towel အသေးလေးကို ရေအေးစွတ်ပီး လည်ပင်းအနောက်ဘက် ဂုတ်ပေါ်မှာ ပတ်တင်ထားပါ🪭💦💦💧
ရေခြောက်သွားရင် ပြန်စွတ်ပီးပြန်ပတ် ပြန်ခြောက် ပြန်စွတ် ပြန်ကပ်
Note-အကျီတွေတော့စိုနိုင်😁

#လက်ကောက်ဝတ် သွေးကြောရှိတဲ့pulse စမ်းတဲ့နားကို ဘေစင်ရေပန်းအောက်မှာ မကြာမကြာ သွားပီး တမိနစ်ခန့်ရေစိုခံပါ
Note- အရမ်းပူလာရင် သက်သာစေတဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုတခုပါတဲ့💦💦💦💦

ဘူးတခုထဲမှာ ရေသန့်ထည့်ထားပီး မကြာမကြာ ကိုယ့်ဘာသာ မိတ်ကပ် setting spray ဖြန်းသလို ဖြန်းပေးပါ💦💦💦💦

#နေရောင်ခြည်ဝင်နိုင်တဲ့ နေရာတွေကို ကာထားပါ
ချည်စောင်ကိုရေစွတ်ပီး ပြတင်းပေါက်ခန်းစီးနေရာတွေအစား ကာထားပါ🪭🪭🪭💦💦💦

#အိပ်ရာခင်းကို ချည်သားပါတာပဲ သုံးပါ #သင်ဖြူးဖျာရှိရင် ရေစွတ်ထားပါ

#ခုခေတ်စားနေတဲ့ စပန့်fashion trendကိုလိုက်ပါ😝😝😝😝

#ရေများများသောက်ပါ💦💦💦💦

#အရမ်းအရေးကြီးတဲ့အချက် ဖရဲသီးလို ရေဓါတ်ပြည့်တဲ့ အသီးတွေကို စျေးချိုနေတုန်း များများစားပါ🙂‍↔️🙂‍↔️🙂‍↔️




#အရမ်းပူ

cooler
#💦💦💦

  🪴 🪴🪴💦💦💦  Hot  🪴🪴🪴အိမ်ထဲမှာ အပင်စိုက်ပါ🍃ခုနောက်ပိုင်း ပိုပိုဆိုးလာနေတဲ့ အပူဒဏ်နဲ့ လေထုညစ်ညမ်းမှုကိုလဲ ကာကွယ်တယ်☀️🍃အပင်စ...
14/04/2024


🪴 🪴🪴💦💦💦
Hot 🪴🪴🪴
အိမ်ထဲမှာ အပင်စိုက်ပါ🍃
ခုနောက်ပိုင်း ပိုပိုဆိုးလာနေတဲ့ အပူဒဏ်နဲ့ လေထုညစ်ညမ်းမှုကိုလဲ ကာကွယ်တယ်☀️🍃
အပင်စိုက်နေတဲ့အချိန်မှာ ပြင်ပက စိတ်ဖိစီးမှု ကနေခနလောက်တော့ လျော့ကျစေတယ်🙃
#ကိုယ်တိုင်သွားဝယ်ကိုယ်တိုင်စိုက်ကိုယ်တိုင်ရေလောင်းကိုယ်တိုင်ပုံရိုက်မို့ FA indoor plant
year #14.4.2024

strawberry love🍓စတော်ဘယ်ရီသီးလေးတွေကို ''love fruit'' လို့တင်စားလေ့ရှိကြတယ်..။အိပ်မက်ထဲမှာအနီရောင်စတော်ဘယ်ရီသီးတွေကို ရု...
08/04/2024

strawberry love🍓
စတော်ဘယ်ရီသီးလေးတွေကို ''love fruit'' လို့တင်စားလေ့ရှိကြတယ်..။အိပ်မက်ထဲမှာအနီရောင်စတော်ဘယ်ရီသီးတွေကို ရုတ်တရက်မက်ခဲ့ရင်သတိထားပါ..။
မင်းဘဝမှာအချစ်ကိုမကြာခင်တွေ့တော့မယ် လို့ဆိုလိုတာပါတဲ့..။Rightpersonကိုပေါ့..။

အကယ်၍crushကိုဖြစ်ဖြစ် အချစ်ရေးမှာမသိမသာလေးဖွင့်ပြောချင်တဲ့အခါလည်းစတော်ဘယ်ရီအနီရောင်လှလှလေးတစ်လုံးပေးလိုက်ပါ..တဲ့..။

သူ့languageလေးက

''မင်း အချစ်ကိုခံစားမိရဲ့လား🍓''
.
🍓emoji လေးကိုတစ်စုံတစ်ယောက်ကိုcrushတဲ့အခါ
love symbolလေးအနေနဲ့လည်း ပို့နိုင်ပါတယ်တဲ့

ဥပမာ..

''Hi 🍓''

Credit-Larvendarpan-လာဗန်ဒါပန်

အရမ်းပူလာတော့ ရေများများသောက် ယပ်များများခပ်🥵🔥☀️☀️☀️Admin တို့တော့ အိမ်မှာ လုပ်ထားတဲ့ Handmade fan ယပ်တောင်ရှိတယ်လျှပ်စစ...
07/04/2024

အရမ်းပူလာတော့ ရေများများသောက် ယပ်များများခပ်🥵🔥☀️☀️☀️
Admin တို့တော့ အိမ်မှာ လုပ်ထားတဲ့ Handmade fan ယပ်တောင်ရှိတယ်
လျှပ်စစ်မီးလဲမလိုဘူး ကတ်ထူစက္ကူရှိရုံနဲ့ အလွယ်တကူ လိုက်လုပ်လို့ရတယ်နော်

electricity


အောက်ကအပူရှောင်သတိပေးစာကတော့ ကိုယ်တိုင်ရေးထားတာမဟုတ်ပါဘူး
လိုင်းပေါ်က သူများတွေ share နေတဲ့ထဲက သဘောကျတာလေး တခုပါ
Original writer တော့မသိပေမဲ့ credit ပေးပါတယ်🙏🙏

⚠️⚠️အထူးသတိပေးချက်⚠️⚠️

အခုနောက်ပိုင်း
ချွေးမထွက်၊ အသားတွေပူ။
ရေငတ်ပြီး နှလုံးခုန်မြန်။
ရေသောက်လည်း တံတွေးတွေ မထွက်
အာခေါင်ခြောက်ကာ ကိုယ်လက်တွေ ထုံကျင်
ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ

အဖြစ်များလာတယ်လို့ ကြားရတယ်။

အပူရှပ်တာဖြစ်နိုင်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။ ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။ Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေပါတယ်။

ကိုယ်လက်ကိုက်ခဲ နေမကောင်းဘူး ထင်ပြီး ချွေးလေးထွက်အောင် ပါရာစီတမောလေး သောက်မိရင် ရောဂါကို ပိုဆိုးစေပြီး သေတတ်ပါတယ်။

အခုလို ရာသီမှာ အိမ်တိုင်းမှာ ဓာတ်ဆားထုတ်တွေ ဆောင်ထားသင့်ပါတယ်။ ဆီးချို သွေးတိုးရှိသူတွေကတော့ သတိထား သောက်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ Heat Stroke ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားပြသင့်ပါတယ်။

အပူလျှပ်တယ် ဆိုရင်
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

တကယ်တမ်းတော့ အဲ့ဒါဟာ
ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်



#အပူလျှပ်ခြင်း

I scratched the  page   last three year agoNow it is time to create new oneMay be this one will be ok???
02/04/2024

I scratched the page last three year ago
Now it is time to create new one
May be this one will be ok???


  Water PotIn Memory of Mom❤️Mom’d wateredHer Flowers and Plants in her garden 🪴 With this handmade water can💦💦💦   can't...
02/04/2024

Water Pot

In Memory of Mom❤️

Mom’d watered
Her Flowers and Plants in her garden 🪴
With this handmade water can💦💦💦


can't wait to chill in a peaceful garden without any toxic vibes. Just me, the flowers, and good energy.

နွေမိုးဆောင်း သုံးရာသီ ပန်းချီကား #အရွယ်လွန်ရွေ့လျား လို့နာမည်ပေးထားပါတယ်  goes on   order မှာလို့ page ကသီးသန့်ဖန်တီးထာ...
31/03/2024

နွေမိုးဆောင်း သုံးရာသီ ပန်းချီကား
#အရွယ်လွန်ရွေ့လျား လို့နာမည်ပေးထားပါတယ်
goes on

order မှာလို့ page ကသီးသန့်ဖန်တီးထားတာပါ
#1500000 MMK #$500
out
#နောက်ထပ် ပန်းချီကားတွေလဲ ထပ်တင်သွားချင်ပါတယ်🫡🫡

အမြဲကိုယ်က စမှဖြစ်တဲ့ conversation တွေ ဆက်သွယ်မှုတွေကို ဆက်ဆွဲထားစရာမလိုအပ်ပါဘူး🙃လူတွေက သူတို့လိုအပ်လာရင် ဘယ်လိုအကြောင်း...
30/03/2024

အမြဲကိုယ်က စမှဖြစ်တဲ့ conversation တွေ ဆက်သွယ်မှုတွေကို ဆက်ဆွဲထားစရာမလိုအပ်ပါဘူး🙃
လူတွေက သူတို့လိုအပ်လာရင် ဘယ်လိုအကြောင်းပြချက်မျိုးမဆို ရအောင်ရှာပြီး ဆက်သွယ်လာမှာမို့ပဲ🙃
ရက်စက်တတ်တဲ့ လူတွေကို ကြောက်လို့ တိတ်တိတ်လေး ပုန်းနေခဲ့တာ ကြာပါပီ


Page တခုအတွက် Logo လေးဆွဲထားပါတယ်💐
22/03/2024

Page တခုအတွက် Logo လေးဆွဲထားပါတယ်💐


Address

Mandalay

Telephone

+959987275909

Website

Alerts

Be the first to know and let us send you an email when Pann Ammonite posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share