KYI LIN Construction Co.,Ltd.

KYI LIN Construction Co.,Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KYI LIN Construction Co.,Ltd., Mandalay.

🟥23,December ……
23/12/2024

🟥23,December ……

⬛️🟩
21/12/2024

⬛️🟩

21/12/2024
⬛️🟦
19/12/2024

⬛️🟦

🟧⬛️
15/12/2024

🟧⬛️

🟧 ပကတိ (သို့) အရောင်လွင့်ချိန်      အိမ်နားမှာပေါ့ ...မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ထဲက ရပ်ကွက်တစ်ခုရဲ့  လမ်းထိပ်မှာ ...
13/12/2024

🟧 ပကတိ (သို့) အရောင်လွင့်ချိန်

အိမ်နားမှာပေါ့ ...
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ထဲက ရပ်ကွက်တစ်ခုရဲ့ လမ်းထိပ်မှာ စည်ပင်သာယာ အမှိုက်ပုံတစ်ခု ရှိလေရဲ့။

ခေတ်ရဲ့ထုံးစံ အမှိုက်ပုံဆိုတာ အခုတော့ လူတန်းစား တစ်ရပ်ရဲ့ ဝင်ငွေရလမ်း ဖန်တီးပေးရာ နေရာတစ်ခု။ ဒီထဲမှာ စွန့်ပစ်သမျှ ပုလင်းခွံ ဘူးခွံ ပလပ်စတစ်အပါ ပြန်သုံး ပြန်ရောင်းလို့ ရသမျှအကုန်ဟာ ပစ္စည်းဟောင်း ကောက်သူများအတွက် ပဒေသာပင်။

ဒီထဲမှာ တစ်မြို့လုံးကို နေရာမရွေး လိုက်လံ ကောက်သူတွေ ရှိသလို အကွက်ကြိုမြင်သူ နှာတစ်ဖျားသာသူ တစ်ချို့က အမှိုက်ပုံတစ်ခုကို အထိုင်ချလို့ ဘိုင်သေ သိမ်းပိုက် ထားတတ်ကြတယ်။ သူတို့က ဘယ်မှ မသွားတော့ဘဲ မိုးလင်းမိုးချုပ် ဒီနေရာမှာဘဲ စတည်းချလို့ လာပစ်သမျှကို ထိုင်ပြီး မိုက်ထုတ် နေကြတာပေါ့။

အိမ်နားက အမှိုက်ပုံမှာ ဒီိလို အထိုင်ချနေတဲ့ အသက်ကြီးကြီး အဘကြီးတစ်ယောက် ရှိလေရဲ့။ မနက်လင်းရင် ရောက်လာတယ်။ လာပစ်သူရှိရင် သူလိုချင်တာ ရွေးထုတ် အမျိုးအစားအလိုက် အိပ်တွေထဲ ခွဲထည့်။ ပြန်ထိုင်လိုက် ထရွေးလိုက်နဲ့ တစ်နေကုန်။ ညချမ်းပိုင်း အလုပ်သိမ်းချိန်ဆိုရင် အရွယ်ကောင်း လူငယ်လေး ၃ယောက်လောက် ရောက်လာပြီးတော့ ရှိသမျှ အိပ်တွေတန်ဘိုးဖြတ် ငွေချေ ပြီးတော့ထမ်းပိုးပြီး ယူသွားကြ။ ဒါက နေ့တဒူဝ ဖြစ်စဉ်။

ကြာလာတော့ သူ့အလုပ်က ပုံမှန် ရုံးတက်သလိုတောင် ဖြစ်လာတယ်။ ပြည့်စုံလာတာက သူထိုင်ဘို့ ဝါးပက်လက် ကုလားထိုင် အစုတ်ကလေးပါ ရောက်လာတယ်။ အနီးနားက သစ်ပင်လေးအောက်မှာ ထိုင်ရင်း သူက ဆေးလ်ိပ်ကလေးဖွာ အမှိုက် လာပစ်သူရှိရင် ထပြီး ကောက်လိုက်နဲ့ အဆင်ကို ပြေလို့။ သူ့ကြည့်ရတာ အပူအပင် မရှိသလို အေးဆေးဘဲ။ သူ့အလုပ်သူလုပ် သူ့ဆေးလိပ်တိုနဲ့ သူ့အာရုံနဲ့ ဘာအဖော်မှ သူမလို။

ဒီအမှိုက်ပုံနဲ့ မျက်နှာချင်းဆိုင် အိမ်မှာ အငြိမ်းစား အသက် ၇၀ကျော် ၈၀နီးပါး မုဆိုးဖိုဆရာဝန်ကြီးတစ်ဦး ရှိလေရဲ့။ သားသမီးတွေကလည်း အဝေးမှာ။ အလုပ်မရှိ အဖော်မရှိ အချိန်တွေပိုနေတဲ့ ဘာမှ ပူပင်စရာ မလိုတဲ့ ပြည်စုံသော တစ်ကောင်ကြွက် ပညာတတ်ကြီးပေါ့။

သူခမျာလည်း မနက်လင်းလို့ မနက်စာ စားပြီးရင် ဘာမှလုပ်စရာ မရှိတော့တဲ့သူ။ သူ့အလုပ်က အပေါ်ထပ် ဝရံတာမှာ ထိုင်ပြီး လမ်းပေါ်ကို ထိုင်ကြည့်နေတတ်တာ သူ့နေ့စဉ် ပုံမှန်အလုပ်။ ဒီတော့ သူ့မြင်ကွင်းမှာ နေ့တိုင်း မြင်နေရတဲ့သူက အမှိုက်ပုံမင်းသားကြီးပေ့ါ။

အသက်ကလည်း ရွယ်တူနီးပါး။ တစ်ခါတစ်လေ ကြိုးကြားကြိုးကြား အမှိုက်ပုံအဘကြီးက လ္ဘက်ရည် ပါဆယ်ထုပ်ကလေးဆွဲလို့ နေ့လည်ပိုင်းလေးတွေမှာ လ္ဘက်ရည်လေး ဇိမ်ခံ သောက်နေတဲ့ မြင်ကွင်းလေးကလည်း ဆရာဝန်ကြီး အတွက်တော့ လောကစည်းစိမ် မြင်ကွင်းလေးပေါ့။

လူဆိုတာကလည်း အရိယာပုဂ္ဂိုလ်ကြီးတွေကလွဲလို့ တစ်ယောက်ထဲ မနေတတ်တဲ့ အမျိုးဆိုတော့ သူလည်း စကားပြောဖော်လေးတော့ လိုချင်ပြီပေါ့။
သူက ခင်ချင်သူဆိုတော့ သူကဘဲ အောက်ကစ ဝင်ရတာပေါ့။ ဘာလုပ်လဲဆိုတော့ ထမင်းလေး ဟင်းလေးတွေကို ထွက်ထွက်ပေးပြီး မိတ်ဖွဲ့ရတာပေါ့။

ဘယ်လောက်ထိများ သူ့ခမျာ ခင်ချင်သလဲဆို အဘကြီးရဲ့ ထိုင်ခုံလေးကို သူ့အိမ်ဘက် ရွေ့ခိုင်းပြီး ထိုင်စေယုံမက နောက်ဆုံးတော့ သူပါ ခုံလေးတစ်ခုံ ထုတ်ထိုင်ရင်း ရေနွေးအတူသောက် ရှိတာလေး ထုတ်ကျွေး စကားအတူပြောကြနဲ့ တစ်ဦးရဲ့ လိုအပ်ချက် တစ်ဦးဖြည့်ဆည်းရင်းနဲ့ ငယ်ပေါင်းကြီးဖော်အလား သဟဇာတ ဖြစ်နေကြလေရဲ့။ ok သွားကြပြီ။

တွေးကြည့်လိုက်ရင် ဆရာဝန်နဲ့ အမှိုက်ကောက်သူ...
လမ်းပေါ်ကလူနဲ့ ချမ်းသာတဲ့သူ ...
ပညာမတတ်သူနဲ့ ပညာတတ်သူ ...
လောကီပေတံတွေနဲ့ တိုင်းတာရင် မနီးစပ်နိုင် မရင်းနှီးနိုင် မဆုံဆည်းနိုင်သော ဘဝနှစ်ခု လူသားနှစ်ဦး...
ယုံနိုင်စရာ ဆုံနိုင်စရာ အကြောင်းမရှိ။

ဒါပေမဲ့ အခုမှာတော့ မဖြစ်နိုင်တာတွေ ဖြစ်ပြီပေါ့။
တစ်ကယ်တော့ သူတို့ နှစ်ဦးကြားမှာ ခွဲခြား ထားတာ တွေကတော့ လောကီမှာ လူ့အသိုင်းဝိုင်းက သတ်မှတ်ထားတဲ့ ဂုဏ်တွေ ဒြပ်တွေ ပကာသနတွေ ရာထူးတွေ စည်းစိမ်တွေပါဘဲ။

အခု သူတို့နှစ်ဦးမှာ ဒါတွေကို ဖယ်ကြည့်လိုက်တဲ့အခါ ဘဝ နေဝင်ချိန်ကို ရောက်နေကြတဲ့ ဘယ်ဝန်းကျင် ဘယ်အဖွဲ့အစည်းကမှ လက်မခံလိုကြတော့တဲ့ အဖော်ကို ငံ့လင့်နေတဲ့ သက်ကြားအို လူသားနှစ်ဦး။ သူတို့ လိုနေတာက အနည်းငယ်မျှသော စားစရာလေးနဲ့ စကားပြောဖော်။
ခုတော့ ဘာမှမလို။ ပြည့်စုံလို့။

ဒီမြင်ကွင်းလေးက ကျနော်တို့အတွက် သင်ယူရမဲ့ ဓမ္မကပေးတဲ့ ဘဝသင်ခန်းစာပါ။ ဘဝရဲ့စုတ်ချက်များက ချယ်သထားတဲ့ အရောင်များစွာရဲ့ အောက်က ပကတိ အရောင်ကို ကျနော်တို့ လစ်လျူရှူနေ မိကြလေရဲ့။ ဇာတိ ဇရာ မရဏ ဆိုတာကို မေ့နေကြလေရဲ့။ မသိမှုများစွာ ဖုံးအုပ်ခံရင်း မာန်တွေ တက်နေကြသော ကြောက်စရာ လူသားများ ...

ဒီနေရာမှာ ဓမ္မဖခင်ဖြစ်သူ ဆရာကြီးဦးဂိုအင်ကာ ပြောခဲ့သော တန်ဘိုးရှိလှတဲ့ စကားလေးကို ဝေမျှပါရစေ။
ဆရာကြီးက သူ့ယောဂီတွေကို ..

"ကျနော်ဟာ ဘဝမှာ ငှက်တွေလို ၂ကြိမ်၂ခါ မွေးဖွားခဲ့သူပါ "တဲ့ ...

ပထမ သူ့ရဲ့မိဘနှစ်ပါးက မောင်ဂိုအင်ကာဆိုတဲ့ လူသားတစ်ဦးအဖြစ်နဲ့ သူ့ကို မွေးဖွားခဲ့တာပါ။ တဲ့
ဆရာကြီးဦးဘခင်ဆီရောက်ပြီး ဝိပဿနာတရားတွေ ကျင့်ကြံ အားထုတ်ပြီးတဲ့ အခါမှာတော့ သူ့ကိုယ်ပေါ်မှာ ဖုံးအုပ်ထားတဲ့ မသိမှုအဝိဇ္ဇာ လို့ဆိုတဲ့ ဥခွံကြီးကို ခွဲထွက်ပြီး ဓမ္မလူသား ဦးဂိုအင်ကာအဖြစ် ဒုတိယအကြိမ်မြောက် မွေးဖွား လာသူပါလို့ ပြောပြခဲ့ပါတယ်။

သိပ်ကောင်းတဲ့ ဥပမာလေးပါ။
လောကမှာ ဒုတိယအကြိမ်မြောက် မွေးဖွားဘို့ လိုနေကြသူတွေ ကျနော်အပါအဝင် ဒုနဲ့ဒေးပါ။
ဒီမသိမှုကြာင့် ဆင်းရဲဒုက္ခရောက်နေကြသူ ရောက်ခဲ့ကြသူတွေ မနည်းပါ။ ဆင်ခြင်ကြပါစို့။

ကျနော်တို့ အားလုံးလဲ ဆရာကြီးလို ဒုတိယအကြိမ်မြောက် မွေးဖွားကြဘို့အတွက် ဖုံးအုပ်နေတဲ့ မသ်ိမှု အဝိဇ္ဇာဥခွံထဲက ခွဲထွက်ကြဘို့ ဝိပဿနာလို့ခေါ်တဲ့ ကရိယာတန်ဆာကို အသုံးပြုပြီး ကြိုးစား ကြပါစို့လား မိတ်ဆွေ ။

ဘဝတုသဗ္ဗမင်္ဂလံ
( ခပ်သိမ်းသောမင်္ဂလာသည်ဖြစ်ပါစေသတည်း)

———-/-/—

🟩🟧⬛️ပလက်ဖောင်း အရသာ….
09/12/2024

🟩🟧⬛️ပလက်ဖောင်း အရသာ….

🟨
06/12/2024

🟨

🟧🟫
04/12/2024

🟧🟫

Address

Mandalay

Telephone

9592023671

Website

Alerts

Be the first to know and let us send you an email when KYI LIN Construction Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share